Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 25, 2016

မလေးရှားက စားသောက်ဆိုင် တစ်ဆိုင်မှာပါ..။

 Koung Loon

မလေးရှားက စားသောက်ဆိုင် တစ်ဆိုင်မှာပါ..။
ဆိုင်ထဲရောက်လို့ ထိုင်စရာနေရာကြည့်နေတုန်းမှာ Waiter တစ်ယောက်ရောက်လာတယ်..။
“ဒီနားမှာ ထိုင်ရင် အပြင်မြင်ကွင်းတွေကို မြင်ရပါမယ်..။ ဒါပေမယ့် နဲနဲ ပူပါမယ်..။ ဟိုဖက်နားကတော့ လေအေးစက်နဲ့ နီးပြီး အေးအေးဆေးဆေး ထိုင်နိုင်ပါလိမ့်မယ်..။”
လေအေးစက်နဲ့ နီးတဲ့ နေရာကို ရွေးလိုက်ပါတယ်..။
“လူကြီးမင်း.. ဒီဆိုင်ကို ပထမဆုံး အကြိမ်ရောက်တာဆိုရင် ကျွန်တော်တို့ ဆိုင်ရဲ့ စားသောက်ဖွယ်ရာတွေ အကြောင်း ရှင်းပြပါရစေ..”


သိပ်ကို မွန်ရည်စွာနဲ့ ဒီနေ့ အတွက် အထူးဟင်းလျာ.. ပုံမှန် နေ့စဉ် ရနေကျ အစားအစာ.. မနက်ပိုင်း နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စားလေ့ရှိကြတဲ့ စားဖွယ်ရာတွေ.. ပြီးတော့ သူတို့ ဆိုင်မှာ ရနိုင်တဲ့ သောက်ဖွယ်ရာတွေဟာ အယ်လ်ကိုဟော မပါဝင်ကြောင်း သေသေချာချာ သွက်သွက်လက်လက် ရှင်းပြပါတယ်..။ မှာသမျှကို လဲ သေသေချာချာ မှတ်သားပြီး ပြန်ရွတ်ပြပါသေးတယ်..။ သေချာပြီ ဆိုတော့မှ မိနစ်နှစ်ဆယ် စောင့်ရပါမယ် ဆိုပြီး .. သူတို့ ဆိုင်ရဲ့ အထူးစီမံထားတဲ့ ဖျော်ရည် တစ်ခွက် လာချပေးပါတယ်..။
ဧည့်သည်ရှေ့မှာ ရှိနေတဲ့ သောက်ရေခွက်ဟာလဲ လုံးဝ ကုန်သွားတဲ့ အထိမစောင့်ပဲ တောက်လျှောက်လာဖြည့်ပေး နေတာပါ..။ နောက်ဆုံး စားပြီးချိန်အထိ ဖြည့်နေတုန်းပါပဲ.။ တော်ပါပြီလို့ မပြောမချင်း ဖြည့်နေတာပါ..။ ဟင်းပွဲထွက်လာတော့လဲ အင်္ကျီ အဖြူကို မတော်တဆ စွန်းသွားရင် ချွတ်ရခက်တယ် ဆိုပြီး အင်္ကျီပေါ်မှာ အပေခံ လည်စီးပုဝါ တစ်ထည် စည်းပေးသေးတယ်..။
အားလုံး ပြီးစီးသွားတော့ ကျသင့်ငွေရှင်းတဲ့ အခါ ၂၅ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ ပိုက်ဆံကို ပေးရပါတယ်..။ အဲဒီပမာဏဟာ များပေမယ့် နောက်တစ်ခါ လာဦးမယ် ဆိုတဲ့ စိတ်ကို ဖြစ်စေပါတယ်..။ ကျေနပ်မှုကို ရစေပါတယ်..။ ဆိုင်ရဲ့ သန့်ရှင်းသပ်ယပ်မှု.. လူဝင်လူထွက်များပေမယ့် ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု ဖေါ်ရွေမှု တွေက နိုင်နိုင်နင်းနင်း ရှိလှပါတယ်..။ တစ်ယောက်ကို တစ်ယောက် တိုးဝှေ့တွန်းတိုက်ပြီး သွားနေတာမဟုတ်ပဲ သွက်သွက်လက်လက် ရွေ့လျားနေကြတာကို တွေ့ရပါတယ်..။ Waiter တစ်ယောက်ကို စားပွဲလေးဝိုင်းအထိ တာဝန်ယူနိုင်တာ ဧည့်သည်ကို ထိန်းနိုင်တာ.. ဧည့်သည်လိုအပ်ချက်ကို မျက်ခြေမပြတ်ကြည့်နေပြီး လွယ်လင့်တကူဖြည့်ဆည်း နိုင်တာတွေဟာ သေသေချာချာ လေ့ကျင့်ထားမှန်း သိသာလှပါတယ်..။ အားလုံးဟာ လူငယ်လေးတွေပါပဲ..။ ဒါပေမယ့် သူတို့ဟာ ကျွမ်းကျင်လွန်း လှပါတယ်..။ သူတို့ အလုပ်ကို သူတို့ အကောင်းဆုံး လုပ်နိုင်ကြပါတယ်..။ ဒါကြောင့်လဲ မလေးရှားဟာ အရှေ့တောင် အာရှ မှာ ကမ္ဘာလှည့် ခရီးသွား အများဆုံး ရတဲ့ နိုင်ငံဖြစ်နေတာပါ..။ အဲဒီ အဆင့်ကို သူတို့ လွယ်လွယ် ရခဲ့တာတော့ မဟုတ်ပါဘူး..။ ကြော်ငြာကောင်းရုံနဲ့လဲ မရ နိုင်ပါဘူး..။
၂၀၁၆ မတ်လ က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ၂၀၁၅ ခုနှစ် ဇန္နဝါရီကနေ ဒီဇင်ဘာအထိ မလေးရှားကို လာလည်တဲ့ ဧည့်သည်ပေါင်း ၂၅.၇သန်း (၂၅,၇၂၁,၂၅၁) ယောက် လာရောက်ကြောင်း သိရပါတယ်..။ အဲဒီက ရတဲ့ ဝင်ငွေဟာ မလေးရှားသုံးငွေ ၆၉.၁ ဘီလီယံ ရင်းဂစ် ရခဲ့ပါတယ်..။ ဒါတောင်မှ မလေးရှားရဲ့ ခရီးသွားနှစ် ဖြစ်တဲ့ ၂၀၁၄ ထက်စာရင် ၆ရာခိုင်နှုန်းလောက် လျော့တယ်လို့ ဆိုပါတယ်..။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့.. ဟိုတယ်လုပ်ငန်း ဖွံ့ဖြိုးဖို့.. စားသောက်ဆိုင်လုပ်ငန်း ဖွံ့ဖြိုးဖို့.. သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဆိုတာတွေဟာ ခွဲခြားလို့ မရတဲ့ ဆက်စပ် ကဏ္ဍတွေ ဖြစ်ပါတယ်..။ အဲဒီလို ဆက်စပ်ဖွံ့ဖြိုးချင်ရင် သင်ယူရပါမယ်.. လေ့ကျင့်ရပါမယ်..စိတ်ဓါတ်တွေ ပြင်ဆင်ရပါမယ်..။ ဝန်ဆောင်မှု လုပ်ငန်းထဲမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားနိုင်ရပါမယ်..။ စိတ်ထား နူးညံ့ သိမ်မွေ့ဖို့လိုပါတယ်..။
ဒါတွေဟာ ဝန်ဆောင်မှု နယ်ပယ်ရဲ့ အခြေခံတွေဖြစ်ပါတယ်..။ ဝန်ဆောင်မှုနယ်ပယ်ထဲကို စမ်းလုပ်ကြည့်ရုံ .. သစ်မရခင် စပ်ကြား ဝါးပေါင်းကွပ်ရုံ လောက်နဲ့ မဝင်သင့်ပါဘူး..။ တကယ်ကို စိတ်ရောကိုယ်ပါ ပြောင်းလဲ နိုင်ဖို့ လိုသလို လိုအပ်တဲ့ ပံ့ပိုးမှု အပိုင်း ကိုလည်း ပံ့ပိုးနိုင်သူ ပံ့ပိုးခွင့်ရှိသူများက ပြည့်ပြည့်ဝဝ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်..။ ဝန်ဆောင်မှုနယ်ပယ်ရဲ့ လေ့ကျင့်ရေးအပိုင်းဟာ သိပ်ကို အရေးပါပါတယ်..။ ပြည့်ပြည့်ဝဝ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားမှသာ အသားကျတဲ့ အရည်အသွေးကို ရမှာပါ..။
ဒါကြောင့် ကိုယ့်တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ချင်တယ် ဆိုရင် ကန့်သတ်ချက်တွေ အမျိုးမျိုးနဲ့ အသာစီး ယူမယ့်အစား ရဲရဲဝံ့ဝံ့ ဖွင့်ပေးပြီး.. လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်စေခြင်း ကသာ ပိုပြီး အဓိပ္ပါယ်ရှိစေမှာ ဖြစ်ပါတယ်..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း ( ၂၃.၉.၂၀၁၆)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။