Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 25, 2016

အာရှ ရဲ့ နောက်ထပ်ကျားကြီး တကောင်

အာရှ ရဲ့ နောက်ထပ်ကျားကြီး တကောင်
==========================

လူဦးရေ သန်း ၉၀ သာရှိတဲ့ နိုင်ငံ။ စစ်ဒဏ်ကို ဖွတိကျော ပြာစု အောင် ပြီးခဲ့တဲံ့ နှစ် ၄၀ လောက်အထိ ခံခဲ့ရတဲ့နိုင်ငံ။ အခု ကမ္ဘာ့ စီးပွားရေး ပညာရှင် တွေက လက်ဖျား ခါလောက်အောင် နိုင်ငံသားတွေကို ဆင်းရဲတွင်း က ဆွဲထုတ်နိုင်ခဲ့ပြီး ကမ္ဘာမှာ လူလတ်တန်းစား နိုင်ငံ စာရင်း ၀င်လာခဲ့တာကတော့ ဗီယက်နမ်ပဲ ဖြစ်ပါတယ်။

တနှစ်ကို လက်ရှိ ၇% စီးပွားရေး တိုးတက်နေမှုကို နောက် ၁၀ နှစ် ဆက်ထိမ်းထားနိုင်မယ် ဆိုရင် တောင်ကိုရီယား နဲ့ တိုင်ဝမ် တို့ လို သက်တမ်းရင့် ကျားကြီးတွေကို အသာလေး ဖြတ်ကျော်သွားမယ်လို့ အခုလို ထင်ကြေးပေးနေကြပြီ ဖြစ်ပါတယ်။

"If it can maintain a 7% pace over the next decade, it will follow the same trajectory as erstwhile Asian tigers such as South Korea and Taiwan."

တရုတ် အိန္ဒိယ တို့ လို နယ်မြေ အကျယ်အ၀န်း လူအင်အား မရှိဖူး။ automation တွေ ကို စက်ရုံ အလုပ်ရုံတွေမှာ တိုးတက် သုံးလာကြလို့ လူ တွေ အလုပ်အကိုင် ပေးနိုင်တော့မှာ မဟုတ်ဖူး လို့ ညည်းညူနေကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေ အားလုံး ဗီယက်နမ်ကို အတုယူ သင့်ကြောင်း စီးပွားရေး ပညာရှင်တွေအားလုံးက တညီတညွတ်တည်း ထောက်ပြ ခဲ့ကြပါတယ်။

ဘာတွေကြောင့် ဒီလို ဖြစ်လာရသလဲ။

ကမ္ဘာစီး ပွားရေး နဲ့ ပေါင်းစပ်နိုင်ဖို့ နိုင်ငံကို ၁၉၉၀ နောက်ပိုင်းမှာ အမှန် အကန် ကို ဖွင့်ပေးခဲ့တာ တွေ့ ရပါတယ်။ ဒီနေရာမှာ နိုင်ငံခြား ရင်းနှီး မြုပ်နှံသူတွေ တကယ်တမ်း ယုံကြည်မှု ရှိလာအောင် ဖန်တီးပေးတာ ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တရုတ်ရဲ့ နောက်ဖေး တံခါးပေါက်မှာ ရှိနေတဲ့ အတွက် တရုတ်ရဲ့ supply Chain ကို ကောင်းကောင်းကြီး အသုံးချလာနိုင် ခဲ့ပါတယ်။ ဒီအတွက် တရုတ်မှာ အလုပ်သမား ခ တွေ ဈေးကြီးလာတော့ ကုမ္ပဏီ အတော်များများက ဗီယက်နမ် ဖက် ရွှေ့ လာကြပါတယ်။

နိုင်ငံတကာ နဲ့ အပြည့်အ၀ ကုန်သွယ်နိုင်ရေး အတွက် စည်းမျဉ်းတွေကို လွယ်ကူအောင် နဲ့ ကြိုးနီ စနစ် တွေ ဖယ်ရှား ပြစ်နိုင်ခဲ့ပါတယ်။ ဒီ အတွက် ရလာဒ်ကတော့ ကုန်သွယ်ရေး ပမာဏ က GDP ရဲ့ ၁၅၀% အထိ ရောက်လာခဲ့ရပါတယ်။

နိုင်ငံ အတော်များများက မိမိနိုငိငံတွင်း လာရောက် ရင်းနှီး မြုပ်နှံတဲ့ ကုမ္ပဏီ တွေကို လိုအပ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာပဲ အတင်းအကျပ် ၀ယ်ယူခိုင်းတဲ့ ဥပဒေတွေ ပြဌာန်းထားပေမယ့် ဗီယက်နမ် ကတော့ ဒီလိုမဟုတိပဲ ကြိုက်တဲ့ နေရာမှာ ၀ယ်ခွင့်ပြုတဲ့ အတွက် အရမ်းကို သဘောကျ စရာ ဖြစ်လာပြီး ကုမ္ပဏီ တွေ အပြိုင် လာဖွင့်ကြပါတယ်။

နောက်တခုက ပြည်တွင်း စီးပွားရေး မူဝါဒ ပိုင်းမှာ ပျော့ပြောင်းတဲ့ မူဝါဒ တွေ ကျင့်သုံးခဲ့ကြပြီး နိုင်ငံတွင်းရှိ ပြည်နယ် ၆၃ ခု ကို စီးပွားရေးကို အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပြု ခဲ့ပါတယ်။ ဒီအတွက် စက်မှုဇုံတွေ နေရာအနှံ ပေါ်ပေါက်လာပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ အလုအယက် ၀င်လာရပါတယ်။ စီးပွားရေး ကို အခုလို နိုင်ငံအနှံ ဖြန့် ကျဲ လုပ်ကိုင် လိုက်တဲ့ အတွက် ၂၀၁၁ က အိမ်ယာဈေးကွက် ဘူးဖေါင်း ပေါက်ကွဲမှုကို ခံနိုင်ရေ ရှိခဲ့တာ ဖြစ်ပါတယ်။

သွားမယ့် လမ်းကြောင်း ကို လမ်းကြောင်း လွဲမသွားရအောင် အခြား ပံ့ပိုးမှု တခုကတော့ ပညာရေး မှာ ငွေကို အဆမတန် ပုံအော်သုံးခဲ့ ခြင်းပါပဲ။ GDP ရဲ့ ၆.၃% ကို သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် အသက် ၁၅ နှစ်ခန့် ဗီယက်နမ် ကလေးသူငယ်တွေက သင်္ချာ နဲ့ သိပ္ပံ ဘာသာရပ်တွေမှာ ဂျာမန် ကလေးတွေနဲ့ ကောင်းကောင်း ယှဉ်ပြိုင်လာနိုင်ခဲ့တာ တွေ့ရပါတယ်။

ပညာရေး အသုံးစရိတ်ကို မိမိနဲ့ တန်းတူ ၀င်ငွေ ရှိတဲ့ အခြားနိုင်ငံတွေထက် ၂% ပိုသုံးခဲ့ပါတယ်။ အဓိက အာရုံစိုက် ပြီး ပြု လုပ်ခဲ့တာ ကတော့ ကလေးများ စာသင်ခန်းထဲ မဖြစ်မနေ ရောက်ရေးနဲ့ လိုအပ်တဲ့ အခြေခံ ပညာ ရရှိရေး တို့အပြင် ဆရာများကို လေ့ကျင့်ပေးရေး အပိုင်းတွေမှာ ဖြစ်ပါတယ်။

စက်ရုံတွေ မှာ automation တွေ သုံးလာပေမယ့် ဒီစက်တွေကို မောင်းနှင်ဖို့ ပရိုဂရမ်တွေ သွင်းဖို့ က္ဈမ်းကျင်တဲ့ အလုပ်သမားတွေ အမြဲတမ်း လိုအပ်နေတဲ့ သဘောကို ကောင်းကောင်း နားလည်ထားတဲ့ အတွက် ဒီလုပ်ငန်းတွေမှာ က္ဈမ်းကျင်နိုင်ဘို့ လိုအပ်တဲ့ အရည်အချင်းရှိ အလုပ်သမားတွေကို ရည်ရွယ်ချက်ရှိရှိ မွေးထုတ်နိုင်ခဲ့ပါတယ်။ ဗီယက်နမ် က လူ ဆယ်ဦး မှာ ၇ ဦး က ကျေးလက်မှာ နေကြဆဲ ဖြစ်တာမို့ ဒီလူတွေ မြို့ ပေါ် စက်ရုံ တွေကို ပြောင်းရွှေ့ လုပ်နိုင်ဖို့ စက်ပစ္စည်းတွေရဲ့ manual တွေ ဖတ်နိုင် တဲ့ အဆင့် အထိ လေ့ကျင့် သင်ကြားပေးတာ ဖြစ်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား နဲ့ မလေးရှား တို့ ဗီယက်နမ်လို လိုက်မလုပ်နိုင်ခဲ့ဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

လူလတ်တန်းစား နိုင်ငံဘ၀ ကနေ အထက်တန်းလွာ အသိုက်အ၀န်း ထဲ တိုးဝင်ဖို့ ခြေလှမ်းနေပြီ ဖြစ်ပါတယ်။ ပြည်တွင်း အမျိုးသား စက်မှု လုပ်ငန်းတွေ တိုးချဲ့နိုင်ရေး လုံးပါမ်းလာနေပြီး၊ ဒီနေရာမှာလည်း နိုင်ငံခြား ကုမ္ပဏီ တွေ ကို မောင်းထုတ်သလို ဖြစ်သွားမယ့် အရေး သတိထားပြီး ၅ နှစ် စီမံကိန်းတွေ အသေးစိတ်ရေး ဆွဲ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း ကုမ္ပဏီ များရဲ့ ၃၆% သာ နိုင်ငံခြား ကုန်တင်ပို့နိုင်တဲ့ အဆင့်ပဲ ရှိနေပါသေးတယ်။ ဒါအပြင် အာရှ ဥရောပ နိုင်ငံများနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရရှိနိုင်ခဲ့တဲ့ အပြင် နောက်ထပ် ရရှိအောင် လုံးပါမ်းလာနေပါတယ်။

ဒီအတွက် ဆင်းရဲတဲ့ နိုင်ငံများ အနေနဲ့ ဗီယက်နမ် ကို အတုယူ လေ့လာသင့်တယ်လို့ ပညာရှင်များက ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ကမ္ဘာဘဏ်လို နိုင်ငံတကာ အဖွဲ့ အစည်းတွေ အီးယူ နဲ့ အမေရိကန်တို့က အရင် ဆင်းရဲတဲ့နိုင်ငံ အနေနဲ့ အထူး အခွင့်အရေး ပေးထားတာ တွေကို ပြန်လည် ရုတ်သိမ်းနေပြီလည်း ဖြစ်ပါတော့တယ်။

(သြဂုတ် လ ၆ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းပါ "The other Asian Tiger" နဲ့ "Good afternoon, Vietnam" ဆောင်းပါးများကို ကိုးကားသည်)

HSW

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။