Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

မျှဝေတဲ့ ပျော်ရွှင်ခြင်း

မျှဝေတဲ့ ပျော်ရွှင်ခြင်း

=============

ရေးသားသူ - နိုင်းနိုင်းစနေ

တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားဘယ်နှယောက်ပိုင်ဆိုင်တာလဲ မဟုတ်ဘူး။ တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားအများကို ဆရာကောင်းသမားဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူ၊ လူအများကို ခေါင်းဆောင်ကောင်းဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူဖြစ်တယ်။

လူ့ဘဝတစ်သက်က "လူဘယ်လောက်ကို သင်ကျော်လွန်ခဲ့သလဲ" မဟုတ်ဘူး။
"လူဘယ်နှယောက်ကို ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့ သင်ကူညီလမ်းညွှန်ခဲ့သလဲ"ဆိုတာဖြစ်တယ်။
အောင်မြင်ရေးကျမ်းသစ်က "လူဘယ်နှယောက်ကို သင်အောင်နိုင်ခဲ့သလဲ" မဟုတ်ဘူး။ မျှဝေခြင်းကမှ အောင်မြင်ခြင်းဖြစ်တယ်။

"ရှန်ဟိုင်းကနေ လန်ဒန်ကိုဘယ်လိုသွားရင် ပိုပျော်ဖို့ကောင်းမလဲ"
လို့ ရှန်ဟိုင်းမြို့က လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုက ဆုပေးချီးမြှင့်တဲ့ မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ ပထမဆုက လက်မ၄ဝ ရောင်စုံတီဗွီစက်တစ်လုံးဖြစ်တယ်။ ဒီမေးခွန်းကို ဝင်ဖြေတဲ့လူတွေ ထူးထူးခြားခြားများခဲ့တယ်။ ကုမ္ပဏီကို အနယ်နယ် အရပ်ရပ်ကစာတွေ ပလူပျံလာခဲ့တယ်။ ဝင်ဖြေသူတွေထဲမှာ တက္ကသိုလ်က ဆရာတွေပါသလို၊ တက္ကသိုလ်ကျောင်းသား၊ ဝန်ထမ်း၊ အိမ်ရှင်မတွေပါ ပါခဲ့တယ်။ လက်ခံရရှိတဲ့အဖြေတွေမှာ ပုံစံအမျိုးမျိုးနဲ့ ဆန်းသစ်တွေးတောမှုတွေပါခဲ့တယ်။

နောက်ဆုံး ရွေးချယ်ခံရတဲ့အဖြေက အများမျှော်လင့်မထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြေဖြစ်နေခဲ့တယ်။
ကလေးငယ်က အဖြေကို ရိုးရိုးလေးပဲဖြေထားတယ်။
"သူငယ်ချင်းကောင်းနဲ့အတူသွားရင် ပိုပျော်ဖို့ကောင်းပါတယ်"တဲ့။
တကယ်ပါပဲ... ဒိုင်တွေရဲ့အကဲဖြတ်အဖြေက အားလုံးတညီတည်းဖြစ်တယ်။ "မျှဝေပြီးရလာတဲ့ပျော်ရွှင်ခြင်းက ကိုယ်တစ်ယောက်တည်းဆုပ်ကိုင်ထားတဲ့ ပျော်ရွှင်ခြင်းထက် ပိုပါသတဲ့"

ဆွီဒင်နိုင်ငံမှာ“နိုဘယ်လ်”လို့ခေါ်တဲ့လူတစ်ယောက်ရှိခဲ့တယ်။ ကျောင်းနေတုန်းက နိုဘယ်လ်ရဲ့ အဆင့်ဟာ အမြဲတမ်း ဒုတိယမှာပဲရှိခဲ့တယ်။ ပထမအဆင့်ကို “ပေါ်ခ်ျ”လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့တယ်။ တစ်ခါက ပေါ်ခ်ျဟာနာမကျန်းဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲ ခွင့်ရက်ရှည်ယူခဲ့ရတယ်။ ဒါကို ကျောင်းသားတချို့က နိုဘယ်လ်အတွက်ဝမ်းသာပြီး “ပေါ်ခ်ျဖျားတော့ ပထမအဆင့်က နင့်အတွက်ပေါ့”လို့ ပြောခဲ့ကြတယ်။

ဒီအတွက် နိုဘယ်လ်ဝမ်းမသာခဲ့တဲ့အပြင် ကျောင်းမှာသင်သမျှ သင်ခန်းစာတွေကို စာအုပ်တစ်အုပ်မှာ သပ်သပ်ကူးပြီး ကျောင်းမတက်နိုင်တဲ့ ပေါ်ခ်ျကိုပေးခဲ့တယ်။ စာမေးပွဲဖြေတော့ ထုံးစံအတိုင်း ပေါ်ခ်ျက ပထမ၊ နိုဘယ်လ်က ဒုတိယရခဲ့ပြန်တယ်။

တဖြည်းဖြည်းနဲ့ အရွယ်ရောက်ကြီးပြင်းလာခဲ့တဲ့နိုဘယ်လ်ဟာ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ခဲ့တယ်။ ယမ်းကို စတင်တီထွင်ပြီးတဲ့နောက် သူဟာ အဆမတန်ချမ်းသာလာခဲ့တယ်။ သူသေသွားပြီးတဲ့နောက်မှာ ပိုင်ဆိုင်သမျှအားလုံးကိုလှူဒါန်းဖို့ သေတမ်းစာလည်းရေးခဲ့တယ်။ “နိုဘယ်လ်ဆု”အဖြစ်သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ရံပုံငွေထဲက အတိုးရလာတဲ့ငွေတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ၊ စာပေ၊ စီးပွားရေး နဲ့ လူ့ငြိမ်းချမ်းရေး ဆိုင်ရာတွေအတွက် ဘဝစတေးသူတွေကို ဆုချီးမြှင့်စေခဲ့တယ်။

နိုဘယ်လ်ရဲ့ စိတ်သဘောထားကြီးမြတ်မှုနဲ့ ရက်ရောနိုင်မှုတွေကြောင့် လုပ်ငန်းကြီးတစ်ခုကို ထုထောင်နိုင်ခဲ့တဲ့အပြင် သူ့ကို နောင်လာနောက်သားတွေ သတိရနေအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသမိုင်းမှာ လူတိုင်းက ဒုတိယအဆင့်သာရခဲ့တဲ့ နိုဘယ်လ်ကိုသိကြပြီး ပထမအမြဲရခဲ့တဲ့ ပေါ်ခ်ျကိုမသိခဲ့ကြဘူး။

နိုဘယ်လ်ရဲ့ပုံပြင်ထဲကနေ ကျွန်မတို့အတွက် နက်ရှိုင်းတဲ့ခံစားချက်တစ်ခုကို ရစေခဲ့ပါတယ်။ နိုဘယ်လ်အောင်မြင်ခဲ့တာဟာ သူ့ရဲ့ ဥာဏ်စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကြီးမြတ်တဲ့ စိတ်သဘောထား၊ သင့်မြတ်မှုနဲ့ ရက်ရောမျှဝေနိုင်မှုတွေကြောင့်ပဲဖြစ်တယ်။

တာဇံကို ဘာကြောင့် တောဘုရင်လို့တင်စားခဲ့သလဲ၊
တာဇံရဲ့အင်အားဟာ ဆင်တစ်ကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ ကျားသစ်တစ်ကောင်လောက် အပြေးမမြန်ခဲ့ဘူး။ မျောက်တစ်ကောင်လောက် မထက်မြက်ခဲ့ဘူး။ တောဘုရင်လို့ သူ့ကိုတင်စားကြတာက လက်နက်ကြောင့်၊ ခွန်အားကြောင့် မဟုတ်ပါဘူး၊ ဆက်ဆံရေးကြောင့်ပဲ ဖြစ်တယ်။

တာဇံဟာ တိရစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့ခဲ့သလို သူ့တို့အပေါ်လည်း မေတ္တာထားဂရုစိုက်ခဲ့တယ်။ တစ်ဦးမေတ္တာ တစ်ဦးအပေါ်ဆိုသလို တိရစ္ဆာန်လေးတွေကလည်း တာဇံကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ တာဇံ အန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အချိန် ရင်ဘတ်ကိုထုပြီး အော်လိုက်တာနဲ့ တိရစ္ဆာန်တွေကထွက်လာပြီး သူ့ကိုကူညီခဲ့ကြတယ်။

ဒါကြောင့် အောင်မြင်တယ်ဆိုတာ “လူဘယ်နှစ်ယောက်ကို ငါနိုင်ခဲ့သလဲမဟုတ်ဘဲ လူဘယ်နှစ်ယောက်ကို ငါကူညီခဲ့သလဲ”ဆိုတာပဲဖြစ်တယ်။ ကိုယ်ကူညီခဲ့သူ များလေလေ၊ ဆက်ဆံရေး ကျယ်ပြန့်လေလေ၊ ကိုယ်အောင်မြင်လေလေပဲဖြစ်တယ်။
--------
နိုင်းနိုင်းစနေ

#သုတဇုန်

Supported By လှိုင်မင်းလတ် LCCI စာရင်းကိုင် သင်တန်း
Phone; 09- 510 9922

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။