Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 25, 2016

ကိုဆွေဝင်း ( Myanmar Now ) နှင့် တွေ့ဆုံခြင်း

| ကိုဆွေဝင်း ( Myanmar Now ) နှင့် တွေ့ဆုံခြင်း |
""""""""""""""""""""""""""""""""""""""""""""""""


မေး- အင်းဝအပ်ချုပ်ဆိုင်အမှုကို အစ်ကို စသိခဲ့တဲ့ ဖြစ်စဉ်လေး စပြောပေးပါ။

ဖြေ- ကျွန်တော်တို့ Myanmar Now သတင်းဌာနက မအိချယ်ရီအောင်က အိမ်အကူတွေရဲ့ မတရားခံစားရတဲ့ ဒုက္ခတွေကို ဆောင်းပါးရေးတယ်ပေါ့။ အဲဒီမှာ ဘာအခက်အခဲတွေ့လည်းဆိုရင် အိမ်အကူမိန်းကလေးတွေနဲ့ တိုက်ရိုက်တွေ့ဖို့ ခက်ပါတယ်။ သူတို့ကပြောလိုက်ရင် အလုပ်ပြုတ်သွားမှာ စိုးရိမ်ကြတယ်ပေါ့။ ဒါနဲ့ ကျွန်တော့် အိမ်မှာရှိတဲ့ အိမ်အကူမိန်းကလေးနဲ့ပဲ အင်တာဗျူးကြတယ်။ အိမ်တအိမ်မှာ ခုနစ်ရက်လုံးလုံးနေရတဲ့ ကာလဟာ ဘယ်လောက်တောင်ခက်ခဲလဲ။ သူ့အတွက် ကိုယ်ပိုင်အချိန်မရှိတော့ဘူးဆိုတာကို သူပြောပြတယ်။ အဲ့ဒီ အကြောင်းနဲ့ တခြားအိမ်အကူတွေရဲ့အကြောင်းတွေကိုစုစည်းပြီး ဆောင်းပါးလေးရေးဖြစ်တယ်။ ဆောင်းပါး ရေးပြီးတော့ သိပ်မကြာခင်မှာပဲ အမျိုးသားတယောက်နဲ့ ကျွန်တော်နဲ့ စကားပြောမိတယ်။ သူကနေပြီးတော့ အင်းဝအပ်ချုပ်ဆိုင်မှာ ကလေးတွေ နှိပ်စက်ခံနေရတယ်။ ရောက်တုန်းက ဖြူဖြူချောချောလေးတွေ။ နှစ်ပေါင်း များစွာ နှိပ်စက်ထားတာ လက်တွေကောက်ကွေးနေပြီ။ ကလေးတယောက်ဆို နှာခေါင်းကို ဓားနဲ့ခုတ်ခံ ထားရတာ တော်တော်အခြေအနေဆိုးနေတယ်။ ခင်ဗျား သွားကယ်ပါဆိုလို့ ကျွန်တော် ချက်ချင်းပဲ နောက်တနေ့မှာ ဆိုင်ကို မအိချယ်ရီအောင်နဲ့သွားတယ်။ ကလေးနှစ်ယောက်လုံးကို ကျွန်တော် တွေ့တယ်၊ ဒဏ်ရာတွေနဲ့။ ဒါတွေကို ကျွန်တော် အကုန်မှတ်ထားတယ်။ တခုခုများ စုံစမ်းစစ်ဆေးရေးလုပ်လိုက်ရင် ကြားထဲ မှာ ကလေးတွေကို ဖျောက်ပစ်လိုက်မှာစိုးပါတယ်။ ကလေးတွေဓာတ်ပုံရဖို့ ကျွန်တော်ရိုက်တယ်။ ကျွန်တော် ဓာတ်ပုံရလိုက်တယ်။ ရပြီဆိုတာနဲ့ တပြိုင်နက် ရဲစခန်းကိုသွားပြီးတော့ အချက်အလက်တွေပေးတယ်။ ဘယ်နေ့ စလုပ်မလဲဆိုတာ စောင့်ရင်းစောင့်ရင်းနဲ့သတင်းက ပျောက်သွားတယ်။ ကျွန်တော် လူ့အခွင့်အရေးကော်မရှင်ကို တိုင်တယ်။ လူ့အခွင့်အရေးကော်မရှင်က ရဲကိုစာပို့တယ်။ ရဲက ကျွန်တော့်ကို ပြန်ခေါ်တယ်။ လွန်ခဲ့တဲ့အပတ် ကြာသပတေးနေ့ကျမှ လူ့အခွင့်အရေးကော်မရှင်ရုံးကို ဆင့်ခေါ်တယ်။ ကလေးတွေကို ရွာပြန်ခေါ်သွားပြီ။ ရဲကနေပြီးတော့ ကလေးတွေကို ကျွန်ပြုမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှုစတဲ့ အစီရင်ခံစာကို ထုတ်တယ်။ နောက်ပိုင်းမီဒီယာတွေမှာ ပါလာမှ ဒီကိစ္စကို လုပ်ကြတယ်။

မေး- လူ့အခွင့်အရေးကော်မရှင်နဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစု၊ ကလေးမိဘတွေတွေ့ဆုံပွဲမှာ အစ်ကို တက်ရောက်ခဲ့သလား။

ဖြေ- ကျွန်တော် ပါ,ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဟာ အမှုတခုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာသိတဲ့ လည်လည်ဝယ်ဝယ်လူတွေနဲ့ စာတောင်မဖတ်တတ်တဲ့ ကလေးမိဘတွေကို ထိပ်တိုက်တွေ့ပေးတယ်။ ညှိနှိုင်းတဲ့အချိန်မှာ ကျွန်တော်က ထ,ပြောတယ်။ သိန်းပေါင်း တသောင်းပေးရင်တောင် ကျေအေးလို့ရတဲ့အမှု မဟုတ်ဘူး၊ ဥပဒေလမ်းကြောင်းအတိုင်းလုပ်ပါ၊ ရဲကတင်ပြတဲ့ ဥပဒေလမ်းကြောင်းအတိုင်းလုပ်ပါလို့ ကျွန်တော်က ပြောတယ်၊ ဒါကို ဦးဇော်ဝင်းကနေ ကာယကံရှင်တွေပြောပါစေဆိုပြီး ကျွန်တော့်ကို တားတယ်၊ အဲဒီအချိန်မှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကနေပြီးတော့ ဒီကလေးမိဘတွေကို ခြိမ်းခြောက်တယ်။ အသက်မပြည့်ပဲ ကျွန်တော့်ဆီလာပို့တဲ့အတွက် ခင်ဗျားတို့ကို ဥပဒေကြောင်းအရ အရေးယူလို့ရတယ်၊ နောက် ဘာဆက်ပြောလဲဆိုတော့ ကလေးတွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအားလုံး သူတို့မှာအထောက်အထားနဲ့ အကုန်ရှိတယ်၊ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်က ဘာမှဝင်ရောက်ပြောဆိုတာမရှိဘူး၊ ကလေးမိဘတွေကလည်း ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်နေတယ်၊ အဲသည့်အချိန်မှာ ကျွန်တော် စာလေးတစောင် ရေးလိုက်တယ်၊ အဲသည့်စာကို ကလေးတယောက်ရဲ့မိဘဖြစ်တဲ့ မစန်းကေခိုင်ရဲ့မိခင် ဒေါ်ညိုညိုဝင်းရှေ့မှာ ချပေးလိုက်တယ်၊ ဥပဒေတိုင်းသာ ဖြစ်စေချင်ပါတယ်လို့ ကျွန်တော်ရေးလိုက်တာ၊ သူ့လက်ကိုပုတ်ပြီး စာကို လက်ညှိုးထိုးပြပေမယ့် သူက စာမဖတ်တတ်ဘူး၊ အဲဒီမှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက ဖြစ်ပြီးသားကိစ္စ တွေကို ပြောမနေနဲ့ အဲဒီမှာ ကလေးမိဘတွေက ကျွန်မတို့သမီး လက်ဆယ်ချောင်းလုံး ရိုက်ချိုးခံထားရတယ်၊ မီးရှို့ခံထားရတယ်၊ လက်မောင်းအချိုးခံထားရတယ်။ ရဲအစီရင်ခံစာမှာပါတဲ့ ညှဉ်းပန်းနှိပ်စက်မှုတို့ဆိုတာက ကြားလိုက်တာနဲ့ တုန်လှုပ်သွားပြီ၊ ဒါကြီးကို ဒီလိုမဖြေရှင်းသင့်ဘူးလို့ ကျွန်တော်ချက်ချင်း သဘောပေါက် လိုက်တဲ့အချိန်မှာတော့ ကျွန်တော့်ကို ပြောခွင့်မပေးထားပေမယ့် ကျွန်တော် ထ,ပြီးကန့်ကွက်တယ်၊ ရန်ကုန် ဆေးရုံကြီးက ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ ခေါ်ပြီးစစ်ဆေးပါ၊ ကလေးတွေဒဏ်ရာတွေ အားလုံးစစ်ဆေးပါ၊ ဒါပေမဲ့ ကော်မရှင်ကလူတွေက ကျွန်တော်ပြောတာကို ဘာမှအရေးတယူလုပ်တာမရှိဘူး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြက ဘာပြောလဲဆိုတော့ အိမ်အကူနဲ့အိမ်ရှင်ဆိုတာ ဒီလိုပဲဖြစ်တတ်တာပဲ၊ ငါလည်း တခါတလေ ရိုက်ရတယ်ဆိုတော့ သူပြောလိုက်တဲ့စကားကြောင့် ဒါက အမှုလိုမဟုတ်တော့ဘဲ၊ အဲသည်မှာ ငွေကြေးပေး တဲ့လမ်းကြောင်းပဲ အကုန်လုံးက တက်နေတော့ ကလေးမိဘတွေလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ အမှန် တော့ သူတို့ငွေကြေးလိုချင်လို့မဟုတ်ဘူး၊ သူတို့ ပြန်ချင်နေပြီ၊ ဒါတောင် ဈေးအမျိုးမျိုးဆစ်ပြီးတော့ သိန်း ၅၀ ပေးလို့ သူတို့ ယူသွားတာ၊ သူတို့ လူလည်ကျတာ၊ လုပ်ခလစာလည်း နှစ်နှစ်၊ သုံးနှစ် ရစရာရှိတဲ့ လုပ်ခလစာနဲ့ နစ်နာကြေးဆိုတဲ့ စကားလုံးကိုသုံးထားတယ်။ လက်ဆယ်ချောင်းမီးလောင်ဒဏ်ရာနဲ့ လက်မောင်းကျိုးတဲ့သူ အတွက် သိန်း ၄၀၊ ဒဏ်ရာရတဲ့ကလေးအတွက် ၁၀ သိန်း၊ ပိုက်ဆံပေးပြီး ကျေအေးကြောင်း လက်မှတ်ထိုးခိုင်း တယ်။ ဒါနဲ့ပဲ အမှုကို ရုပ်သိမ်းလိုက်ရတယ်ပေါ့၊ ပြီးတော့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက ကျွန်တော့်ရုံးခန်းနဲ့ ကျွန်တော့်နေရပ်လိပ်စာကို အတင်းစုံစမ်းတယ်။ သတင်းလည်း မရေးပါနဲ့၊ facebook ပေါ်လည်း မတင်ပါနဲ့လို့ ကျွန်တော့်ကိုပြောတယ်။
••
မေး- အခုရက်ပိုင်းအတွင်းမှာ အစ်ကို့အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့ ကြားရတယ်၊ အဲဒါဟုတ်လား။

ဖြေ- ကျွန်တော့်ကို တိုက်ရိုက်ပြောတာတော့ မဟုတ်ဘူး၊ အုပ်ချုပ်ရေးမှူးကတဆင့် တကွေ့ကွေ့မှာ တွေ့မယ် ဆိုပြီးပြောတာ။

မေး- အစ်ကို့အသက်အန္တရာယ်လုံခြုံရေးအတွက် ဘယ်လိုကာကွယ်မှုတွေ လုပ်ထားသလဲ။ အစိုးရကရော ဘာတွေစီစဉ်ပေးထားလဲ။

ဖြေ- နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ ပြည်ထဲရေးက ကျွန်တော့်ကို လုံခြုံရေးပေးထားပါတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး။

မေး- လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ- လူ့အခွင့်အရေးကော်မရှင်ဟာ ဥပဒေကို မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတယ်လို့မြင်ပါတယ်၊ လူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင်အများစုဟာ အရင်စစ်အစိုးရလက်ထက်တုန်းက တာဝန်အသီးသီးယူခဲ့တဲ့ ပုဂ္ဂိုလ် တွေဖြစ်ပြီး အခုအစိုးရသစ်လက်ထက်မှာ စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို စစ်ဆေးရမယ့်တာဝန်တွေကို ပြန်ရတာကိုတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။
•••
မေး- ပထမ အစ်ကိုအမှုသွားဖွင့်တုန်းက အမှုမဖွင့်ပေးတဲ့ရဲတွေကို စစ်ဆေးနေတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ- ကျွန်တော်တို့ ဒီကိစ္စကို သေချာမသိပါဘူး၊ ဒါပေမဲ့ ဒီကိစ္စမှာ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ ဘယ်လောက်ကြီးတဲ့သူဖြစ်ပါစေ ကျွန်တော်တို့ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်၊ အမှန်တရားအတွက်ပေါ့။

မေး- ရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ရဲတပ်ဖွဲ့ဟာ အတိုင်းအတာတခုထိတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်၊ ကလေးတွေနဲ့ပတ်သက်ပြီးတော့ မိဘတွေကို စုံစမ်းတယ်၊ ညှဉ်းပန်းနှိပ်စက်မှု မြောက်သလား မမြောက်သလား စစ်ဆေးတယ်။ ဘာကို အံ့အား သင့်စရာသွားတွေ့လဲဆိုတော့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကိုယ်တိုင်က ရဲစခန်းမှာ ဒီကလေးတွေကို ခြိမ်းခြောက်တာသွားတွေ့တယ်။ ရဲဌာနက ဒါကို ဘာလို့မတားမြစ်နိုင်ခဲ့ရတာလဲ၊ ဒီတချက်ကိုတော့ ရဲတပ်ဖွဲ့ကို မေးခွန်းထုတ်စရာရှိပါတယ်၊ ခုချိန်မှာတော့ ရဲတပ်ဖွဲ့နဲ့ ကျွန်တော် အတူပူးပေါင်းပြီး လွတ်မြောက်နေတဲ့ တရားခံ တွေ အမြန်ဆုံးဖမ်းဆီးရရှိရေးကို ပူးပေါင်းဆောင်ရွက်နေပါတယ်။
••••
မေး- ဒီအမှုကိစ္စမှာ အဆင့်ဆင့်လာဘ်စားမှုတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာ အစ်ကို ဘယ်လိုတွေ့ရှိခဲ့ရသလဲ။

ဖြေ- လာဘ်စားတယ် မစားဘူးဆိုတာတော့ ကျွန်တော် မသိရပါဘူး၊ တွေ့လည်း မတွေ့ခဲ့ပါဘူး။

မေး- ဖြည့်စွက်ပြောစရာများရှိရင် ပြောပေးဦး။

ဖြေ- ကော်မရှင်က စုံစမ်းစစ်ဆေးရမယ်၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတယ်ဆိုရင်တောင်မှ ကော်မရှင်က ဒီကလေးတွေကို တချက်လောက်တော့ သွားကြည့်သင့်တယ်၊ တချက်မှ သွားမကြည့်ခဲ့ဘူး၊ တွေ့ဖို့လည်း မကြိုးစားခဲ့ဘူး။ စုံစမ်းစစ်ဆေးတယ်ဆိုတဲ့အပိုင်းမှာ ကော်မရှင်က လုံးဝမလုပ်ဆောင်ခဲ့ဘူး၊ လူ့အခွင့်အရေး ကော်မရှင်ကို ကျွန်တော် သံသယရှိတယ်၊ ဒီအမှုကိစ္စမှာ တရားမျှတတဲ့၊ မှန်ကန်တဲ့ဥပဒေလမ်းကြောင်းအတိုင်း အစွမ်းကုန် ကျွန်တော်ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။
•••••
ဖြိုးကိုနိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။