စာပေ ကျမ်းဂန်လာ ဆဲပုံ ဆဲနည်း (၁၀) မျိုး
========================== =
အခုတလော ဆဲကြ ဆိုကြတဲ့ အသံတွေ မိုးမွှန်နေအောင်ကြားနေရပေသ ည်။
တကယ့် လူရိုသေ ရှင်ရိုသေ ဆရာတော်ကြီးတွေပါမချန် ရစရာမရှိအောင်
ဆဲနေကြသဖြင့် ခုခေတ်လူတွေ မသိသေးသော စာပေကျမ်းဂံလာ ဆဲပုံ ဆဲနည်းများ
ရေးပြချင်စိတ် ပေါက်လာလေသည်။
စာပေကျမ်းဂန်လာ ဆဲနည်းတို့သည် ရှေး နှစ် ထောင် ပေါင်းများစွာကာလက ဆဲနည်း ဆိုနည်းတွေဆိုတော့ ပေါရဏ= ရှေးအလွန်ကျသောဆဲနည်းမျိုးေ တွဖြစ်သဖြင့်
တချို့သောဆဲနည်းများ ယခုခေတ်လူငယ်များနား လည်နိုင်မည်မဟုတ်ပေ။
ရဟန်းအချို့သာ နားလည်နိုင်လေသည်။ အချို့သော ဆဲနည်းမျိုးများကား
ရဟန်းတော်တွေကိုယ်တိုင်တောင် နားမလည်နိုင်တော့ပေ။ သိပ်ရှေးအလွန်ကျသော ဆဲနည်းမျိုးများကိုကား နိဿယကျမ်းပြုဆရာတော်ကြီးများပင် နားလည်နိုင်ကြဟန်မတူပေ။
အခြေအနေ အချိန်အခါအရ နက်နဲ ခက်ခဲလွန်း တိမ်မြုတ်ပျောက်ကွယ်နေသော ဆဲနည်းများကို ဖေါ်ထုတ်ချင်လိုစိတ်ပေါက်လာေ ပသည်။ အဆဲသင်ပေးဖို့ မဟုတ် ဗဟုသုတအကျိုးငှါ ရေးသားတင်ပြလိုခြင်းသာဖြစ်ေ ပသည်၊
ဒီလို ဆဲပုံဆဲနည်းမျိုး ဘယ်ဆရာတော်ကမှ ရေးသားတင်ပြပေးဖို့
စိတ်ကူးရှိကြမှာ မဟုတ်၊ မိမိသာ ရေးသားတင်ပြခြင်းမပြုပါက သိသင့်
သိထိုက်သည့်အခွင့်အရေးများလဲ ဆုံးရှုံးသွားစေနိုင်ပါသည်၊ နောက်ပြီး သတိ သံဝေဂ ရသဖြင့် လိုက်နာ ကျင့်သုံး ရှောင်ကြဉ်ပါက အကျိုးများစွာလဲ ရရှိကြမည်ဖြစ်ပေသည်။
ဆဲနည်းသည် အကျဉ်းအားဖြင့် ဆယ်မျိုးဖြစ်သော်လည်း အကျယ်ကတော့ ရာကျော် ထောင်ကျော်ဖြစ်ကောင်းဖြစ်ပေ လိမ့်မည်။
ခုခေတ်လူတို့ ဆဲနေကြသည့် ဆဲနည်းမျိုးများသည် ဆဲနည်း ဆယ်မျိုးအနက်
အဘယ်ဆဲနည်းထဲပါသည်ကို မိမိတို့ဖာသာ ဆင်ခြင်သုံးသပ်ကြစေလိုပါသည် ။
ဆဲ-ဆိုသောစကားကို ပါဠိလို သြမသတိဟုဆို၏ ထိုသြမသတိကို မြန်မာပြန်ပါက ဆဲရေး၏ ကဲ့ရဲ့၏ လို့ပြန်ရ၏ ထို့ကြောင့် ဆဲရေးခြင်းမှာ ကဲ့ရဲ့ခြင်း အပြစ်တင် ရှုံ့ချခြင်းတို့လည်း ပါဝင်လေသည်။ အလိုမကျလို့ ကဲ့ရဲ့ အပြစ်တင်ခြင်းသည်လည်း ဆဲရေးခြင်း တစ်မျိုးပင်။
ဆဲရေးခြင်း ဆယ်မျိုးကား----
၁။ ဇာတိ
၂။ နာမ
၃။ ဂေါတ္တ
၎။ ကမ္မ
၅။ သိပ္ပ
၆။ အာဗာဓ
၇။ လိင်္ဂ
၈။ ကိလေသ
၉။ အာပတ္တိ
၁၀။ အက္ကောသ=တို့ဖြစ်ပေသည်။
ဆဲရေးခြင်း တစ်မျိုး တစ်မျိုး၌ ယုတ်ယုတ်မာမာဆဲနည်းမျိုးနှင့် မြင့်မြင့်မြတ်မြတ်ဆဲနည်းဟူ ၍ နှစ်မျိုးစီရှိသေး၏။
၁။ ဇာတိ= အမျိုးဇာတ်ဖြင့် ဆဲရေးခြင်း
ဥပမာ= ဒွန်စဏ္ဍားမျိုး = မှိုက်ကြုံး မစင်ချေးကြုံး စသောအလုပ်အကိုင် နိမ့်ကျသူ၊ ခွက်လက်စွဲ၍ တောင်းစားသူ၊ သူတောင်းစား၊ သူဖုန်းစား၊ ဖုန်းတောင်းယာစကာ၊ ဖက်ခွက်စား၊ အမျိုးယုတ်၊ ခွေးသားစားသော ဒွန်စဏ္ဍား၊ သူသေကောင်စွန့်ပစ်သော ဒွန်စဏ္ဍား၊ သုဿာန်စောင့်၊ သုဘရာဇာ။ ဖိနပ်ပြင် ထီးချုပ်စသော အဟောင်း အပျက်ကိုပြုပြင်သော ဒွန်စဏ္ဍား။ သားရေနယ်သမား၊ ပန်းမှိုက်သွန်၊ (လက်ဘရိုစီ)၊ မိမဆုံးမ ဖမဆုံးမသား၊ မိမစစ် ဖမစစ်သား၊ ၀ရမ်းပြေးနှင့် ဖာသယ်မစပ်မွေးသောသား စသည့် ကဲ့ရဲ့ ရှုံ့ချ နှိမ့်ချသော (အယုတ်တမာဆဲနည်းနှင့်)
မိမိအဆင့်အတန်း ဂုဏ်သိက္ခာနှင့်မလျော်ညီသူများကို
သူကများ သူ့ကိုယ်သူ မင်းမျိုး မင်းနွယ်တဲ့ဗျား၊ တော်ဝင် နန်းထိုက်တဲ့ဗျား၊
အကောင်ရဲ့ သားသမီးတဲ့ဗျား။ ဟိုပုဂ္ဂိုလ်ကြီးရဲ့ မြေးတဲ့ဗျား၊
ပုဏ္ဏားမျိုးတဲ့ဗျား။ (အလောင်းစည်သူ) ဆရာဝန်ကြီးတဲ့ဗျာ၊ ဒါ-ရဟန်းတဲ့လား
ဘုန်းကြီးက ဘုန်းကြီးအလုပ် မလုပ်ဖူး စသည် မြှောက်သလိုလိုနှင့် နှိမ်ချသော
(အမြတ်ဖြင့်ဆဲနည်းမျိုး) များ။
(ရှည်မည်စိုး၍ နောက်ဆဲနည်းများကို အယုတ် အမြတ် မခွဲတော့ပါ)
၂။ နာမ=အမည်နာမဖြင့်ဆဲရေးခြင်း
ဥပမာ=နားရွက်ပြတ်သူ၊ မျက်စိတစ်ဖက်ကဏ်းသူ၊ နှာယောင်ကောက်သူ၊ ဥစ္စာမက်သူ။ သွားရေယိုသူ၊ နှာရေယိုသူ။ ကလေးအများကြီးမွေးသူ (ရှင်မွေးလွန်း)ကျွန်၊ ကျေးကျွန်၊ ဘုရားကျွန်၊ ကျွန်သပေါက်၊ ငွေဝယ်ကျွန်၊အိမ်ပေါက်ကျွန် ၊
သုံ့ရကျွန် (ဆင်းရဲသူကို) သူဌေးသား၊၊ ဗိုလ်ကဒေါ်၊ သူဌေးကြီး ဦးကပ်စီး၊ ၊
ငါးစိမ်းသယ်မ၊ ၊ ၊ ဗိုက်ကြီးသယ်မ၊ ဖာသယ်မ။ (မပု၊ ဒေါ်တင်ရွှေ) ။ သူခိုး၊
ဂျဘိုး၊ ပေါက်လွတ်ပဲစား၊ ဂျလေဘီ၊ ကာလနာတိုက်၊ မြွေဆိုးကိုက်၊
မိုးကြိုးပစ်၊ လောင်မီးကျ၊ မသာကောင်၊ မသာလောင်း၊ အမွေခံဆိုး စသည် နှင့်
ပါးစပ်ကဘုရား ဘုရား လက်က ကားယား ကားယား၊ ကြောင်သူတော် ကြွက်သူခိုး၊
အနေအထိုင်ကောင်းသူကို ဘုရားလိုလို တရားလိုလို ရဟန္တာလိုလို၊
မနက်ဖြန်ပွင့်တော့မဲ့ ဘုရားကြီးကျနေတာပဲ၊ ၀ိနည်းဓိုရ်လိုလို
ရွှေကျင်လိုလိုစသည်ဖြင့် မြှောက်သလိုလိုနှင့် ကဲ့ရဲ့သောဆဲနည်းများ။
၃။ ဂေါတ္တ= အမျိုးအနွယ်ဖြင့်ဆဲရေးခြင်း
ဥပမာ= ကောသိယအမျိုး၊ ဘာရဒွါဇမျိုး၊ ၀မ်မျိုး အမိယုတ်မျိုး၊ အဖယုတ်မျိုး၊ မိန်းမယုတ်မျိုး၊ အနူမျိုး၊ ဇတ်ဇတ်ကျဲ အထိမခံ အော်ကြောလန်အမျိုး လက်ရဲ ဇက်ရဲအမျိုး ကော်တရာ ကပ်စီးနဲအမျိုး စသည်နှင့် ဘုရားမျိုးတဲ့ဗျား မောဂ္ဂလ္လာန်အမျိုးတဲ့ဗျား ကစ္စန=အချောမျိုးတဲ့ဗျား၊ မျိုးကောင်း မျိုးသန့်တဲ့ဗျား၊ ဆွေကြီး မျိုးကြီးတဲ့ဗျား လူသာရူးပေမဲ့ ဘုန်းမရူးဘူး အကျင့်သီလနှင့်ဆိုရင် ရွှေကျောင်းနှင့်မတန် မြက်ကျောင်းနှင့်သာတန်သည် စသည် မြှောက်သလိုလိုနှင့် ကဲ့ရဲ့သောဆဲနည်းမျိုးများ။
၎။ ကမ္မ=လုပ်ငန်းဖြင့် ဆဲရေးခြင်း
ဥပမာ= လက်သမား၊ ကျောက်ဆစ်သမား၊ အမှိုက်ကြုံးသမား ဘင်(ချေး)ကြုံးသူ စည်ပင်သာယာ၊ ပုလိပ်၊ ပန်းရံ၊ ဆိုက္ကားသမား၊ တနေ့လုပ် တနေ့စား၊ သံတို သံစရောင်းဝယ်၊ အိမ်သားကျင်းတူး အုန်းပင်တက်၊ ဒါးသွေး ကပ်ကြေးသွေး၊ ဒံအိုး ဒံခွက် မုန့်တောင့်နှင့်လဲ၊ ပလပ်စတစ်ကောက်၊ဇာတ်သမား၊ ကချေသယ်၊ အနှိပ်သယ်၊၊ မုတ်ဆိုး တံငါ၊ လိင်လုပ်သား၊ လယ်သမား၊ ကုန်သည် ပွဲစား မွေးမြူရေး ရေလုပ်သား စသည်။
၅။ သိပ္ပ= အတတ်ပညာဖြင့် ဆဲရေးခြင်း
ဥပမာ= ထရံကာ ဖျာယက်၊ အိုးဖုတ်၊ သစ်ခုတ်၊ ထင်းခွေ၊ ရေခတ်၊ အ၀တ်လျှော်၊ အိမ်သာကျင်းတူး၊ အုန်းပင်တက်၊ ယက္ကန်းခတ်၊ သားရေနယ် ခ၀ါသည်၊ ဆေတ္တာသည်။ ခေါင်းရွက်ဗျက်ထိုးဈေးသယ်၊
ဦးရှင်ကြီးတင်သူ ကွက်စိတ်ဆရာ ဘိတ်သိပ်ဆရာ သိုင်းဆရာ စသည်နှင့် ၊ ဟူးရား
ဂဏန်းခေါ်သင်္ချာဆရာ၊ စာရေး စာချီ၊ ကျူရှင်၊ နတ်ကဒေါ် ဗေဒင်ဆရာ
လက္ခဏာဟောစားသူစသည်။
၆။ အာဗာဓ= ရောဂါ ဝေဒနာဖြင့် ဆဲရေးခြင်း
ဥပမာ= နာတာရှည်၊ ၀က်ရူးပြန်၊ ခွေးရုးပြန်၊ ရှုနာ ရှိုက်ကုန်း၊ ရောဂါသယ်၊ ပွေး ၀ဲ ညှင်း ဂျွတ် ဒက် ၀က်ခြံ တင်းတိတ်၊ အသဲရောင် အသားဝါ၊ တီဘီအဆုပ်နာ၊ ဂရင်ဂျီ၊ လိပ်ဂေါင်း၊ လက်ဗရိုစီ၊ ကင်ဆာ၊ H I V ၊ A I D S၊ (အနာထပိဏ်သူဌေး) ခရုသင်းစွဲသူ စသည်။
၇။ လိင်္ဂ= လိင်၊ အသွင်အပြင်ဖြင့် ဆဲရေးခြင်း
ဥပမာ= အခြောက်၊ ဂန်ဒူး၊ မိန်းမလျှာ၊ ယေက်ျားလျှာ၊ ပဏ္ဍုက်၊ ဥဘတောဗျဉ်း (လိင်အင်္ဂါ နှစ်ခုပါသူ) လမ္ဗီ၊ မုဒုပိဋ္ဌိက ခါးရှည်သူ အကြောပျော့၍ မိမိအင်္ဂါစပ်စုပ်နိုင်သူ၊ ဘောကျသူ၊ ကိုယ်ဝန်ဆောင်သူ မဲတူမ၊ ငါးကျီးခြောက်မ၊ မိပိန်သေး၊ ၀က်ပုတ်၊ ပြိတ္တာ၊ ဠင်းတ (လဒ) ကုလား၊ ကုလားမ၊ ခွေးကုလား၊ ခွေးလခွန်ဆောင်းသူ၊ အရှည်ကြီး၊ ငပု=တက်ပု၊ ဂွတို၊ ခွေးပု၊ မျက်ပြူး ပေါက်ခေါ၊ စသည်။
၈။ ကိလေသာ= လောဘ ဒေါသ စသည်ဖြင့် ဆဲရေးခြင်း
ဥပမာ= လောဘကြီးသူ=နှမြောသူ၊ တဏှာကြီးသူ၊ နှာဘူး၊ ဒေါသကြီးသူ=လက်ရဲ ဇက်ရဲရှိသူ၊ ဇ-ရှိသူ၊ အာကြမ်း လျှာကြမ်း ၊မိန်းမကြမ်း၊ မောဟကြီးသူ=အယုံလွယ်သူ၊ ထုံ-တုံတုံ အ-တတ၊ နမော် နမဲ့နိုင်သူ၊ အူကြောင်ကျား၊ သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူ၊ မာနကြီးသူ၊ ဂုဏ်မြင့်သူ ဘ၀င်မြင့်သူ ၊ မိစ္ဆာဒိဋ္ဌိ၊ တွေဝေသူ၊ စိတ်ပျံ့လွင့်သူ၊ အရှက် အကြောက်မရှိသူ မနာလို ၀န်တို ဣဿာ မစ္ဆရိယများသူ စသည်။
၉။ အာပတ္တိ= အာပတ်၊ အပြစ်ဖြင့် ဆဲရေးခြင်း
ဥပမာ=အကျင့်ပျက် ရဟန်း၊ သီလကတော့ တာတေလန်နေတာပဲ၊ သံဃာဒိသေသ်အာပတ်သင့်သူ၊ ပါရာဇိကကျသူ။ ပညာနဲ့ယှဉ်လျှင် ရွှေကျောင်းနဲ့တန်တယ် အကျင့်နဲ့ယှဉ်လျှင် မြက်ကျောင်းနဲ့တန်တယ်၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်သူ၊ လာဘ်ပေး လာဘ်ယူသူ၊ ကျွန်ယုံ တစ်ဖက်ကဏ်း သားသမီးယုံ စုံလုံးကဏ်း ကတိမတည်သူ၊ သစ္စာဖေါက်သူစသည့် အပြစ်တင်၍ ဆဲသော ဆဲနည်းများ။
၁၀။ အက္ကောသ= တိရစ္ဆာန်၊ လိင်စသည်ဖြင့် ညစ်ညမ်းသောဆဲနည်းဖြင့် ဆဲရေးခြင်း
ဥပမာ= အလကားကောင်၊ တိရစ္ဆာန်ကောင်၊ ဖွတ်ကျား၊ ဆိပ်၊ သိုး၊ နွား၊ ကုလားအုပ်၊ ခွေး ၊ခွေးသား၊ ခွေးမသား၊ ခွေးမျိုး၊ ခွေးဇာတ်ခင်းနေကြတယ်။ သေရင်ငရဲကျမည့်ကောင်၊ အ၀ီစိကျမည့်ကောင်၊ ငရဲအိုး ဂျိုးကပ်မည့်ကောင်၊ ငရဲအိုးဇောက်ထိုးဆင်းရမည်ကောင်၊အပါယ်ကျမည့်ကောင်၊ ဇိကုတ် နတ်ပြည်တင်လို့မရတဲ့ကောင်၊ မိန်းမယောက်ျား အင်္ဂါဇာတ်များဖြင့် အယုတ်တမာဆဲနည်းအမျိုးမျိုး တို့ဖြစ်သည်။
ဆဲရေးခြင်းရဲ့ ဆိုးကျိုးများ…
ဆဲနည်း အမျိုးမျိုးဖြင့် ဆဲကြသူများသည် ဖြစ်လေရာရာ ဘ၀တို့၌ လူမုန်းများခြင်း၊ ရန်သူများခြင်း လာဘ်တိတ်ခြင်း ဆင်းရဲဒုက္ခအမျိုးမျိုးကြုံရ ခြင်း မိန်းမလျှာ ယောက်ျားလျှာဖြစ်တတ်ခြင်း၊ြ ပိတ္တာဖြစ်ခြင်း၊
ပြည့်တန်ဆာမဖြစ်ခြင်၊ အမျိုးယုတ်ဖြစ်တတ်ခြင်း၊ အရုပ်ဆိုး အကျည်းတန်ခြင်း
နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းထူခြင်း၊ ခံတွင်းအပုပ်နဲ့ထွက်ခြင်း၊
အာပုတ်စော်နံခြင်း၊ သွားခေါခြင်း၊ စကားမပြီ သွားမညီခြင်း၊ ပြောသောစကား
သြဇာမငြောင်းခြင်း၊ မိမိစကားကို သူတစ်ပါးတို့ မယုံကြည်ခြင်း၊ချစ်သူနဲ့
လမ်းခွဲရတတ်ခြင်း၊ အထင်လွဲခံရခြင်း၊ စွပ်စွဲခံရခြင်း၊ ခင်မင်
ရင်းနှီးသူတို့နဲ့ စိတ်ဝမ်းကွဲရတတ်ခြင်း၊၊ ကိုယ်အင်္ဂါမစုံဘဲ မွေးဖွားရခြင်း၊
ကိုယ်ရေ အသား စိုစိုပြည်ပြည်မရှိခြင်း၊ နူနာ ဆွံအ နားမကြားခြင်း
စိတ္တဇဝေဒနာခံစားရတတ်ခြင်း ရူးနှမ်းခြင်းစသည့် မကောင်းကျိုးများ
ခံစားရတတ်ပေသည်။ ထို့ကြောင့် ဆဲဆို ကဲ့ရဲ့ အပြစ်တင်ခြင်းမှ
ရှောင်ကြဉ်သင့်လှပေသည်။ (၀ိ၊၂၊၈၊၀ိ၊ဋ္ဌ၊၂၊၅)
ဦးနန္ဒာစာရ (မုံရွာ)
Credit . . Myint Sandar
Admin. . KS
==========================
အခုတလော ဆဲကြ ဆိုကြတဲ့ အသံတွေ မိုးမွှန်နေအောင်ကြားနေရပေသ
စာပေကျမ်းဂန်လာ ဆဲနည်းတို့သည် ရှေး နှစ် ထောင် ပေါင်းများစွာကာလက ဆဲနည်း ဆိုနည်းတွေဆိုတော့ ပေါရဏ= ရှေးအလွန်ကျသောဆဲနည်းမျိုးေ
အခြေအနေ အချိန်အခါအရ နက်နဲ ခက်ခဲလွန်း တိမ်မြုတ်ပျောက်ကွယ်နေသော ဆဲနည်းများကို ဖေါ်ထုတ်ချင်လိုစိတ်ပေါက်လာေ
ဆဲနည်းသည် အကျဉ်းအားဖြင့် ဆယ်မျိုးဖြစ်သော်လည်း အကျယ်ကတော့ ရာကျော် ထောင်ကျော်ဖြစ်ကောင်းဖြစ်ပေ
ဆဲ-ဆိုသောစကားကို ပါဠိလို သြမသတိဟုဆို၏ ထိုသြမသတိကို မြန်မာပြန်ပါက ဆဲရေး၏ ကဲ့ရဲ့၏ လို့ပြန်ရ၏ ထို့ကြောင့် ဆဲရေးခြင်းမှာ ကဲ့ရဲ့ခြင်း အပြစ်တင် ရှုံ့ချခြင်းတို့လည်း ပါဝင်လေသည်။ အလိုမကျလို့ ကဲ့ရဲ့ အပြစ်တင်ခြင်းသည်လည်း ဆဲရေးခြင်း တစ်မျိုးပင်။
ဆဲရေးခြင်း ဆယ်မျိုးကား----
၁။ ဇာတိ
၂။ နာမ
၃။ ဂေါတ္တ
၎။ ကမ္မ
၅။ သိပ္ပ
၆။ အာဗာဓ
၇။ လိင်္ဂ
၈။ ကိလေသ
၉။ အာပတ္တိ
၁၀။ အက္ကောသ=တို့ဖြစ်ပေသည်။
ဆဲရေးခြင်း တစ်မျိုး တစ်မျိုး၌ ယုတ်ယုတ်မာမာဆဲနည်းမျိုးနှင
၁။ ဇာတိ= အမျိုးဇာတ်ဖြင့် ဆဲရေးခြင်း
ဥပမာ= ဒွန်စဏ္ဍားမျိုး = မှိုက်ကြုံး မစင်ချေးကြုံး စသောအလုပ်အကိုင် နိမ့်ကျသူ၊ ခွက်လက်စွဲ၍ တောင်းစားသူ၊ သူတောင်းစား၊ သူဖုန်းစား၊ ဖုန်းတောင်းယာစကာ၊ ဖက်ခွက်စား၊ အမျိုးယုတ်၊ ခွေးသားစားသော ဒွန်စဏ္ဍား၊ သူသေကောင်စွန့်ပစ်သော ဒွန်စဏ္ဍား၊ သုဿာန်စောင့်၊ သုဘရာဇာ။ ဖိနပ်ပြင် ထီးချုပ်စသော အဟောင်း အပျက်ကိုပြုပြင်သော ဒွန်စဏ္ဍား။ သားရေနယ်သမား၊ ပန်းမှိုက်သွန်၊ (လက်ဘရိုစီ)၊ မိမဆုံးမ ဖမဆုံးမသား၊ မိမစစ် ဖမစစ်သား၊ ၀ရမ်းပြေးနှင့် ဖာသယ်မစပ်မွေးသောသား စသည့် ကဲ့ရဲ့ ရှုံ့ချ နှိမ့်ချသော (အယုတ်တမာဆဲနည်းနှင့်)
မိမိအဆင့်အတန်း ဂုဏ်သိက္ခာနှင့်မလျော်ညီသူမျ
(ရှည်မည်စိုး၍ နောက်ဆဲနည်းများကို အယုတ် အမြတ် မခွဲတော့ပါ)
၂။ နာမ=အမည်နာမဖြင့်ဆဲရေးခြင်း
ဥပမာ=နားရွက်ပြတ်သူ၊ မျက်စိတစ်ဖက်ကဏ်းသူ၊ နှာယောင်ကောက်သူ၊ ဥစ္စာမက်သူ။ သွားရေယိုသူ၊ နှာရေယိုသူ။ ကလေးအများကြီးမွေးသူ (ရှင်မွေးလွန်း)ကျွန်၊ ကျေးကျွန်၊ ဘုရားကျွန်၊ ကျွန်သပေါက်၊ ငွေဝယ်ကျွန်၊အိမ်ပေါက်ကျွန်
၃။ ဂေါတ္တ= အမျိုးအနွယ်ဖြင့်ဆဲရေးခြင်း
ဥပမာ= ကောသိယအမျိုး၊ ဘာရဒွါဇမျိုး၊ ၀မ်မျိုး အမိယုတ်မျိုး၊ အဖယုတ်မျိုး၊ မိန်းမယုတ်မျိုး၊ အနူမျိုး၊ ဇတ်ဇတ်ကျဲ အထိမခံ အော်ကြောလန်အမျိုး လက်ရဲ ဇက်ရဲအမျိုး ကော်တရာ ကပ်စီးနဲအမျိုး စသည်နှင့် ဘုရားမျိုးတဲ့ဗျား မောဂ္ဂလ္လာန်အမျိုးတဲ့ဗျား ကစ္စန=အချောမျိုးတဲ့ဗျား၊ မျိုးကောင်း မျိုးသန့်တဲ့ဗျား၊ ဆွေကြီး မျိုးကြီးတဲ့ဗျား လူသာရူးပေမဲ့ ဘုန်းမရူးဘူး အကျင့်သီလနှင့်ဆိုရင် ရွှေကျောင်းနှင့်မတန် မြက်ကျောင်းနှင့်သာတန်သည် စသည် မြှောက်သလိုလိုနှင့် ကဲ့ရဲ့သောဆဲနည်းမျိုးများ။
၎။ ကမ္မ=လုပ်ငန်းဖြင့် ဆဲရေးခြင်း
ဥပမာ= လက်သမား၊ ကျောက်ဆစ်သမား၊ အမှိုက်ကြုံးသမား ဘင်(ချေး)ကြုံးသူ စည်ပင်သာယာ၊ ပုလိပ်၊ ပန်းရံ၊ ဆိုက္ကားသမား၊ တနေ့လုပ် တနေ့စား၊ သံတို သံစရောင်းဝယ်၊ အိမ်သားကျင်းတူး အုန်းပင်တက်၊ ဒါးသွေး ကပ်ကြေးသွေး၊ ဒံအိုး ဒံခွက် မုန့်တောင့်နှင့်လဲ၊ ပလပ်စတစ်ကောက်၊ဇာတ်သမား၊ ကချေသယ်၊ အနှိပ်သယ်၊၊ မုတ်ဆိုး တံငါ၊ လိင်လုပ်သား၊ လယ်သမား၊ ကုန်သည် ပွဲစား မွေးမြူရေး ရေလုပ်သား စသည်။
၅။ သိပ္ပ= အတတ်ပညာဖြင့် ဆဲရေးခြင်း
ဥပမာ= ထရံကာ ဖျာယက်၊ အိုးဖုတ်၊ သစ်ခုတ်၊ ထင်းခွေ၊ ရေခတ်၊ အ၀တ်လျှော်၊ အိမ်သာကျင်းတူး၊ အုန်းပင်တက်၊ ယက္ကန်းခတ်၊ သားရေနယ် ခ၀ါသည်၊ ဆေတ္တာသည်။ ခေါင်းရွက်ဗျက်ထိုးဈေးသယ်၊
၆။ အာဗာဓ= ရောဂါ ဝေဒနာဖြင့် ဆဲရေးခြင်း
ဥပမာ= နာတာရှည်၊ ၀က်ရူးပြန်၊ ခွေးရုးပြန်၊ ရှုနာ ရှိုက်ကုန်း၊ ရောဂါသယ်၊ ပွေး ၀ဲ ညှင်း ဂျွတ် ဒက် ၀က်ခြံ တင်းတိတ်၊ အသဲရောင် အသားဝါ၊ တီဘီအဆုပ်နာ၊ ဂရင်ဂျီ၊ လိပ်ဂေါင်း၊ လက်ဗရိုစီ၊ ကင်ဆာ၊ H I V ၊ A I D S၊ (အနာထပိဏ်သူဌေး) ခရုသင်းစွဲသူ စသည်။
၇။ လိင်္ဂ= လိင်၊ အသွင်အပြင်ဖြင့် ဆဲရေးခြင်း
ဥပမာ= အခြောက်၊ ဂန်ဒူး၊ မိန်းမလျှာ၊ ယေက်ျားလျှာ၊ ပဏ္ဍုက်၊ ဥဘတောဗျဉ်း (လိင်အင်္ဂါ နှစ်ခုပါသူ) လမ္ဗီ၊ မုဒုပိဋ္ဌိက ခါးရှည်သူ အကြောပျော့၍ မိမိအင်္ဂါစပ်စုပ်နိုင်သူ၊ ဘောကျသူ၊ ကိုယ်ဝန်ဆောင်သူ မဲတူမ၊ ငါးကျီးခြောက်မ၊ မိပိန်သေး၊ ၀က်ပုတ်၊ ပြိတ္တာ၊ ဠင်းတ (လဒ) ကုလား၊ ကုလားမ၊ ခွေးကုလား၊ ခွေးလခွန်ဆောင်းသူ၊ အရှည်ကြီး၊ ငပု=တက်ပု၊ ဂွတို၊ ခွေးပု၊ မျက်ပြူး ပေါက်ခေါ၊ စသည်။
၈။ ကိလေသာ= လောဘ ဒေါသ စသည်ဖြင့် ဆဲရေးခြင်း
ဥပမာ= လောဘကြီးသူ=နှမြောသူ၊ တဏှာကြီးသူ၊ နှာဘူး၊ ဒေါသကြီးသူ=လက်ရဲ ဇက်ရဲရှိသူ၊ ဇ-ရှိသူ၊ အာကြမ်း လျှာကြမ်း ၊မိန်းမကြမ်း၊ မောဟကြီးသူ=အယုံလွယ်သူ၊ ထုံ-တုံတုံ အ-တတ၊ နမော် နမဲ့နိုင်သူ၊ အူကြောင်ကျား၊ သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူ၊ မာနကြီးသူ၊ ဂုဏ်မြင့်သူ ဘ၀င်မြင့်သူ ၊ မိစ္ဆာဒိဋ္ဌိ၊ တွေဝေသူ၊ စိတ်ပျံ့လွင့်သူ၊ အရှက် အကြောက်မရှိသူ မနာလို ၀န်တို ဣဿာ မစ္ဆရိယများသူ စသည်။
၉။ အာပတ္တိ= အာပတ်၊ အပြစ်ဖြင့် ဆဲရေးခြင်း
ဥပမာ=အကျင့်ပျက် ရဟန်း၊ သီလကတော့ တာတေလန်နေတာပဲ၊ သံဃာဒိသေသ်အာပတ်သင့်သူ၊ ပါရာဇိကကျသူ။ ပညာနဲ့ယှဉ်လျှင် ရွှေကျောင်းနဲ့တန်တယ် အကျင့်နဲ့ယှဉ်လျှင် မြက်ကျောင်းနဲ့တန်တယ်၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်သူ၊ လာဘ်ပေး လာဘ်ယူသူ၊ ကျွန်ယုံ တစ်ဖက်ကဏ်း သားသမီးယုံ စုံလုံးကဏ်း ကတိမတည်သူ၊ သစ္စာဖေါက်သူစသည့် အပြစ်တင်၍ ဆဲသော ဆဲနည်းများ။
၁၀။ အက္ကောသ= တိရစ္ဆာန်၊ လိင်စသည်ဖြင့် ညစ်ညမ်းသောဆဲနည်းဖြင့် ဆဲရေးခြင်း
ဥပမာ= အလကားကောင်၊ တိရစ္ဆာန်ကောင်၊ ဖွတ်ကျား၊ ဆိပ်၊ သိုး၊ နွား၊ ကုလားအုပ်၊ ခွေး ၊ခွေးသား၊ ခွေးမသား၊ ခွေးမျိုး၊ ခွေးဇာတ်ခင်းနေကြတယ်။ သေရင်ငရဲကျမည့်ကောင်၊ အ၀ီစိကျမည့်ကောင်၊ ငရဲအိုး ဂျိုးကပ်မည့်ကောင်၊ ငရဲအိုးဇောက်ထိုးဆင်းရမည်ကေ
ဆဲရေးခြင်းရဲ့ ဆိုးကျိုးများ…
ဆဲနည်း အမျိုးမျိုးဖြင့် ဆဲကြသူများသည် ဖြစ်လေရာရာ ဘ၀တို့၌ လူမုန်းများခြင်း၊ ရန်သူများခြင်း လာဘ်တိတ်ခြင်း ဆင်းရဲဒုက္ခအမျိုးမျိုးကြုံရ
ဦးနန္ဒာစာရ (မုံရွာ)
Credit . . Myint Sandar
Admin. . KS
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။