ဝမ်းချုပ်ခြင်း ပြဿနာ
===================
- နေခြည် (ဆေး-၁)
ဝမ်းချုပ်တာဟာ ဘယ်လောက်စိတ်အနှောင့် အယှက်ဖြစ်ရတယ် ဆိုတာကို ဝမ်းချုပ်တတ် တဲ့သူတွေမှသာ ပိုနားလည်လိမ့်မယ်ထင်ပါတယ်။ ပုံမှန် ဝမ်းသွားနိုင်တဲ့သူတွေအတွက် တော့ ဘာမှမသိသာလှ ပေမယ့် ဝမ်းချုပ်တတ်တဲ့ သူတွေအဖို့ကတော့ အနေအထိုင်ကိုပိုဂရုစိုက်ရပြီး ခရီးသွားရင်ကအစ စိတ်အနှောင့်အယှက်ပိုဖြစ်ရတ တ်တာပါ။
ဒါတင်မကပါဘူး။ နေ့စဉ် ပုံမှန်စားသောက်ထားတဲ့ အစာကြွင်းအစာကျန်တွေဟာ စွန့်ထုတ်ရမယ့် အချိန်မှာမစွန့်ထုတ်ဘဲ အူလမ်းကြောင်း ထဲမှာအကြာကြီး ကျန်နေတာဟာ ရေရှည်မှာ ကြီးကြီးမား မားထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာ ပေးတွေနဲ့ ဗဟုသုတဟာ အရေးကြီးတဲ့အခန်းကဏ္ဍက နေပါဝင်နေတာမို့ ဝမ်းချုပ်တဲ့အကြောင်း ကိုလေ့လာ ကြည့်ကြရအောင်။
အခုဆွေးနွေးသွားမှာကတော့ 'ကိုယ့်ကိုယ်ကိုယ် ဝမ်းချုပ်တတ်တယ်လို့ဘယ်လို သတ်မှတ်လို့ရနိုင်သလဲ။ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ဝမ်းချုပ်တာကိုဘယ်လိုဖြေရှင်းသင့် သလဲ'ဆိုတဲ့ မေးခွန်းတွေပါ။
ဒါပေမဲ့ ဝမ်းချုပ်တာကိုစမပြောခင်မှာ
ပုံမှန် ဝမ်းစွန့်ထုတ်ခြင်း လုပ်ငန်းကို နည်းနည်းဆွေးနွေးရပါမယ်။
ပုံမှန်အားဖြင့်လည်း ဝမ်းစွန့်ထုတ်ခြင်း Defecation ဟာ
ရှုပ်ထွေးတဲ့ပဋိဇီဝလုပ်ငန်းတ စ်ခုဖြစ်ပါတယ်။
စအို ပေါက်နှင့် ကပ်လျက် အပေါ်မှာရှိတဲ့ အစာဟောင်းအိမ်၊ မစင်အိမ်ဟာ
များသောအားဖြင့် ဝမ်းတွေနဲ့ပြည့်နေတာ မဟုတ်ပါဘူး။ Empty ဖြစ်နေတတ်ပါတယ်။
ပါးစပ် ကနေ စတင်စားသောက်လိုက်တဲ့ အစားအသောက်တွေ ဟာ အစာရေမျိုပြွန်၊
အစာအိမ်၊ အူသိမ်ဦးပိုင်း၊ အူသိမ် နှောင်းပိုင်းတို့ကိုအဆင့်ဆ င့်ဖြတ်ကျော်ပြီးမှ အူမကြီး ကိုရောက်ပါတယ်။ အဲဒီလိုရောက်လာတဲ့အစာအကြွင်း
အကျန်တွေ၊ အစာဟောင်းတွေကို အူမကြီးကနေထပ် ညှစ်ချလိုက်ပြီးမှသာ
မစင်အိမ်ထဲကို နောက်ဆုံးရောက် ပါတယ်။ မစင်အိမ်ထဲမှာ မစင်ပမာဏဟာ တဖြည်းဖြည်း
များလာပြီး threshold အနိမ့်ဆုံးစံနှုန်းအားဖြင့် ဝမ်း ပမာဏမီလီလီတာ၁ဝဝ
ခန့်ရောက်လောက်ပြီဆိုမှသာ ဝမ်းစွန့်ချင်စိတ်ဖြစ်ပါတယ် ။
ဝမ်းစွန့်ချင်စိတ်ဟာ မစင်အိမ်တစ်ဝိုက်က ကြွက်သားများညှစ်ခြင်းနဲ့အတူတူ
မစင်ပေါက်နားမှာ ရှိတဲ့ အတွင်းမစင်တံခါးပေါက်ခေါ် Internal Anal Sphincter
ဟာလည်း တံခါးဖွင့်ပေးရသလို တင်းတင်း ပိတ်ထားတာကို ဖြေလျှော့ပေးလိုက် ရာကနေ
ဖြစ်ပေါ် လာပါတယ်။ ဒီအခါမှသာ ဝမ်းတွေဟာ မစင်အိမ်အောက်
ပိုင်းကိုဆက်ဆင်းလာမှာဖြစ်ြ ပီး
ဝမ်းသွားချင်စိတ်လည်း ပိုမိုပြင်းထန်လာပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ
မစင်ပေါက် ရဲ့အပြင် Sphincter နဲ့ မစင်အိမ်နား တစ်ဝိုက်မှာရှိတဲ့
ကြွက်သားတွေ ကတော့ ဝမ်းသွားချင်ပေမယ့် ဝမ်းထွက် မကျအောင် ထိန်းပေးထားပါတယ်။
ဝမ်းစွန့်တော့မယ် လို့ပြင်လိုက်တဲ့အခါ အိမ်သာထဲရောက်တဲ့အခါမှသာ
ဝမ်းထိန်းပေးထားတဲ့ကြွက်သား တွေ၊ Sphincter တွေ က အလိုလိုဖြေလျှော့သွားပြီး ဝမ်းစွန့်တဲ့သူရဲ့ ညှစ်အား နဲ့အတူတူ မစင်တွေကိုအပြင်ကိုစွန့်ထုတ်တာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုအဆင့်ဆင့်ရှုပ်ထွေးတဲ့လုပ် ငန်းဆောင်တာတစ်ခုခု၊ တစ်နေရာရာမှာ ဖောက်လွဲ ဖောက်ပြန်ဖြစ်ဖို့ဆိုတာလည်း လွယ်ကူတာမို့
ဝမ်းချုပ် တယ်ဆိုတာဟာ လူထုထဲမှာအဖြစ်များတဲ့ လက္ခဏာ တစ်ခုဖြစ်နေတာ
မဆန်းလှပါဘူး။ ဒါပေမဲ့ အမှန်တစ်ကယ် ဝမ်းချုပ်၊ မချုပ်ဆိုတာကိုသတ်မှတ်တဲ့
Rome III Criteria ကတော့ တစ်ပတ်မှာ ဝမ်းကိုသုံးကြိမ်အောက်ပဲ စွန့်မယ်၊
များသောအားဖြင့် တအားညှစ်နေရမယ်၊ ဝမ်းတုံးမာမာ စမြင်းတုံးတွေသွားမယ်၊
ဝမ်းပါပြီးရင်လည်း အားမရဘဲကျန်နေသလို၊ မစင်အိမ်ထဲမှာတစ်ခုခုပိတ်
နေသေးသလိုခံစားနေရမယ်လို့ သတ်မှတ်ထားပါတယ်။
ဒီသတ်မှတ်ချက်အရဆိုရင်တော့ တစ်နေ့ ဝမ်းနှစ်ခါမသွားလို့ ဝမ်းချုပ်တယ်ထင်နေသူတွေ နည်နည်းစိတ် အေးမယ်ထင်ပါတယ်။
နောက်မေးခွန်းတစ်ခုကတော့ 'ဝမ်းဘာကြောင့် ချုပ်တတ်တာလဲ'ဆိုတာပါ။
လူတစ်ယောက်ဝမ်းချုပ်ပြီဆိုရ င် ဖြစ်နိုင်ခြေ ရှိတာကိုအများကြီး ထည့်သွင်းစဉ်းစားနိုင်ပါတယ် ။
ဝမ်း ချုပ်ရတဲ့အကြောင်းမှာ စာဖတ်သူ တော်တော်များများ သိကြမှာကတော့ အမျှင်
ဓာတ်စားတာ နည်းတာကြောင့် စားတဲ့အစားအသောက်တွေမှာ Fibre ဓာတ်နည်းတာ
ကြောင့်ဆိုတဲ့ အကြောင်းရင်းကိုပါ။ ဒါပေမဲ့ သတိမထား မိလောက်မှာကတော့
လှုပ်ရှားမှုနည်းပါးတဲ့သူတွေမှာ ဝမ်းပိုချုပ်တယ်ဆိုတာပါပဲ။
ဒါကြောင့် Immobility ဟာ ပုံမှန်ဝမ်းသွားနည်းတဲ့သူတွေ၊ ဝမ်းချုပ်တဲ့သူတွေ မှာထည့်စဉ်းစားသင့်တဲ့အချက် ပါ။
လှုပ်ရှားမှုနည်းပါး တဲ့အလုပ်ကို လုပ်နေရသူတွေဆိုရင် ကိုယ်လက်လှုပ်
ရှားလေ့ကျင့်ခန်းကို နေ့စဉ်အသားပေး သင့်ပါတယ်။ ကိုယ်ဝန်သည်တွေမှာလည်း
ကိုယ်ဝန်ရင့်လို့ ခန္ဓာကိုယ် ပြောင်းလဲလာတာနဲ့အတူ ဝမ်းချုပ်လာတတ်ပါတယ်။
တခြားဝမ်းချုပ်ရတဲ့အကြောင်း ရင်းတွေမှာ တော့ သိုင်းရွိုက်ဟော်မုန်းဓာတ်န ည်းခြင်း
(Hypothyroidism)၊ ဆီးချိုရောဂါ (Diabetes)နဲ့ ကယ်လ်ဆီ ယမ်ဓာတ်များနေခြင်း
(Hypercalcemia) များဖြစ်တတ် ပါတယ်။ အာရုံကြောထိခိုက်ထားတဲ့သူများ
Spinal Cord ထိခိုက်ထားတဲ့ သူများမှာလည်း ဝမ်းမသွားနိုင်တာ
မျိုးဖြစ်တတ်ပြီး ပါကင်ဆန်ရောဂါ (Parkin Son's disease) ရောဂါလို
ဦးနှောက်ကို ဒိုပမင်းဓာတ်လှုံ့ဆော်ပေးမှုပုံ မှန်မဟုတ်တဲ့ရောဂါမျိုးတွေမှာလည်း ဝမ်းချုပ်တာဟာ တခြား အာရုံကြောလက္ခဏာတွေနဲ့အတူပူး တွဲဖြစ်တတ် ပါတယ်။
ဝမ်းချုပ်တာဟာ၊ ဝမ်းသွားနည်းသွားတာဟာ တစ်ခါတလေကျရင်တော့ သုံးစွဲနေတဲ့ဆေးဝါးများကြော င့် လည်း ဖြစ်တတ်ပါတယ်။
အကိုက်အခဲပျောက်ဆေး အနေနဲ့ ဆေးရုံတွေမှာသုံးလေ့ရှိတဲ့ Opioid အမျိုးအ စားဆေးများ၊ ကယ်လ်ဆီယမ်ဓာတ်ကိုပြောင်းလဲ စေနိုင်သည့်
Calcium-Channel Blocker ဆေးများနှင့် သံဓာတ်ပါသော Iron
များကိုသောက်သုံးနေရသူတွေ မှာလည်း အူတွေရဲ့လှုပ်ရှားမှုကို နှေးကွေးစေတာကနေ
တစ်ဆင့် ဝမ်းချုပ်စေနိုင်ပါတယ်။
တစ်ခါတစ်ရံမှာတော့ အူလမ်းကြောင်းနဲ့ပတ်သက်ပြီး ဝမ်းချုပ်နေတာလည်းဖြစ်နိုင် ပါတယ်။
ဥပမာ အားဖြင့် အူလမ်းကြောင်းပိတ်တာ (Intestinal Obstruction)၊
အူလမ်းကြောင်းပိတ်တာနဲ့ ဆင်ဆင်တူတဲ့ Pseudo-obstruction
အခြေအနေတစ်ခုခုမှာလည်း ဝမ်းသွားတာနည်းတာ၊ ချုပ်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့
အပြင်ဖြစ်တတ်တာတွေကတော့ အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါတွေပါ။
အူမကြီးကနေ မစင်အိမ်အထိ လမ်းကြောင်းတစ်လျှောက် တစ်နေရာ ရာမှာ ကင်ဆာအလုံး၊
အကျိတ်၊ အနာတစ်ခုခုဖြစ်နေ မယ်ဆိုရင်တော့ ဝမ်းချုပ်တာနဲ့ လက္ခဏာပြတတ်သလို
ဝမ်းသွားမှုမမှန်ဖြစ်ပြီး ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် ဖြစ်နေတာ၊
ကိုယ်အလေးချိန်သိသိသာသာကျဆင်းသွား တာနဲ့ ဝမ်းသွားပြီးလျှင် သွေးထွက်တာမျိုးလည်း ဖြစ် တတ်ပါတယ်။ ဒါပေမဲ့လည်း ဒီလက္ခဏာတွေဟာ အ လုံးအကျိတ်ရဲ့နေရာပေါ်မူတည်ြ ပီး ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် ဒီလို ကင်ဆာကျိတ်တွေကြောင့်လည်း အူပိတ် သွားတဲ့အထိဖြစ်တတ်ပါတယ်။
နောက်ထပ်ဖြစ်တတ်တာကတော့ စအိုတစ် ဝိုက်မှာ အနာရှိလို့၊ ကွဲထားတာရှိလို့ အလိုလို ဝမ်းချုပ် တတ်တာမျိုးပါ။ ဥပမာအားဖြင့် စအိုကွဲတယ်လို့ခေါ် တတ်ကြတဲ့ Anal Fissure လိုအခြေအနေမျိုးမှာဆိုရင် လူနာဟာ ဝမ်းသွားတိုင်း နာကျင်မှုရှိတတ်လို့ ဝမ်းသွား ရမှာကို စိုးရွံ့လာလို့ပဲဖြစ်ဖြစ်၊ နာတဲ့အတွက်ကြောင့် စအို ပေါက်က ကြွက်သား Sphincter တွေက အလိုလိုကျုံ့ ပေးထား တာကြောင့်ဖြစ်ဖြစ်လည်း ဝမ်းချုပ်တာ သံသရာလည်နေတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာလည်း
ဝမ်း ပုံမှန်သွားဖို့အတွက် အရေးကြီးပါတယ်။ စိတ်ဓာတ်ကျ ရောဂါ Depression
ရှိနေတဲ့သူတွေမှာလည်း ဝမ်းချုပ် တတ်သလို အစားအသောက်တွေပျက်ပြီး အဆမတန်
ပိန်ချုံးနေစေတတ်တဲ့ Anorexia Nervosa လိုရောဂါ မျိုးတွေမှာလည်း
ဝမ်းချုပ်တာကို လက္ခဏာတစ်ခုအ နေနဲ့ တွေ့ရတတ်ပါတယ်။
နောက်ဆုံးဆွေးနွေးရမှာကတော့ 'ဝမ်းချုပ် တာကို ဘယ်လိုဖြေရှင်းသင့် သလဲ'ဆိုတဲ့ မေးခွန်းပါပဲ။
ဝမ်းချုပ်တာဟာ ကုသရခက်ခဲတဲ့ Condition တစ်ခု လို့ စာများက ဖော်ပြကြပါတယ်။ မှန်လည်းမှန်ကန်ပါ တယ်။
ဝမ်းချုပ်တယ်၊ မချုပ်ဘူးဆိုတာကလည်း တစ် ယောက်နဲ့ တစ်ယောက်သတ်မှတ်ရပုံချင်း မတူညီနိုင်ပါ ဘူး။
စားတဲ့အစားအသောက်အပါအဝင် တခြားအကြောင်း အမျိုးမျိုးကြောင့် ဝမ်းစွန့်တဲ့ပမာဏ၊ အကြိမ်အရေအ တွက်ဆိုတာလည်း မတူညီတတ်ကြပါဘူး။ လူနေမှု Lifestyle ကိုပြောင်းလဲဖြစ်ဖို့ဆိုတာလ ည်း အချိန်ကြာ တာကြောင့် ဝမ်းပုံမှန်ပြန်ဖြစ်ဖို့ဆို တာလည်း စိတ်ရှည် ရှည်နဲ့ ပြုပြင်ပြောင်းလဲကုသရပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲကုကု ကိုယ့်ဘက်ကတော့ အန္တရာယ်မဖြစ် အောင် ကာကွယ်တတ်ဖို့လိုအပ်ပါတယ်။
၁) နေ့စဉ် ရေကိုများများနှင့်ပုံမှန်ေ သာက်တတ်အောင်
လေ့ကျင့်ပါ။ အနည်းဆုံး ရေဓာတ် တစ်နေ့နှစ်လီတာ လောက်တော့ ကြိုးစားပြီး
ဝင်အောင်သောက်သင့်ပါတယ်။ ရေသောက်နည်းလွန်းတာဟာလည်း ဝမ်းချုပ်ရတဲ့အ
ကြောင်းအရင်းတစ်ခုမှာအဓိကပါ ပါတယ်။
အမျှင်များ များပါတဲ့ အသီးအရွက်၊ အသီးအနှံတွေကို ဂရုတစိုက်
ပိုမိုစားသုံးပြီး အသားများစားသုံးတာကို လျှော့ချတာ ဟာလည်း ရေရှည်မှာ
ဝမ်းချုပ်တာကို သက်သာလာစေနိုင်မှာပါ။
၂) ဝမ်းသွားချင်မှုကိုလှုံ့ဆော်ေ ပးသော Stimulant Laxatives အုပ်စုဝင်ဖြစ်တဲ့ ဝမ်းချူဘောလုံး Enema သို့မဟုတ် သောက်ဆေးများသုံးစွဲခြင်းဟာ လည်း ယာယီအားဖြင့် ဝမ်းချုပ်တာကိုသက်သာစေပါတယ် ။ ဒီနည်းဟာ ပုံမှန် ဝမ်းမချုပ်တတ်တဲ့ သူတွေအတွက်သာ ပိုသင့် တော်ပါတယ်။ အူအတွင်းနံရံတွေကိုအရမ်းလှုံ့ ဆော် ပေးပြီး မစင်ကိုပါစိုစွတ်စေတာမို့ သုံးသုံးချင်း ဗိုက်ချက် ချင်းနာပြီး ဝမ်းသွားပါတယ်။
ဒါပေမဲ့ ဒီဆေးတွေသုံးလို့ ဝမ်းသွားတယ် ဆိုပြီး မကြာခဏသုံးနေမယ်ဆိုရင်တော့ နောက်ပိုင်း မှာ ဒီဆေးပါမှသာဝမ်းသွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်တာမို့ သတိထားစရာဖြစ်ပါတယ်။
၃) ဝမ်းချုပ်ရာမှာ နောက်ထပ်သောက်လေ့ရှိတဲ့ဆေး အုပ်စုကတော့ Osmotic နဲ့ Hypersomolar Laxatives တွေပါ။ မက်ဂနီဆီယမ်ပါဝင်တဲ့ Milk of Magnesia (M.O.M) နဲ့ လက်ကျူးလို့စ် (Lactulose) စတဲ့ဆေးတွေ ဟာ အူနံရံတွေကနေရေကိုစုပ်ယူပြီး မစင်ကို စွတ်စို စေတာမို့ ဝမ်းသွားရတာကိုလွယ်ကူစေပါတယ်။
ဒါပေမဲ့ ဒီဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဗိုက်လေ ပွခြင်း၊
ဝမ်းဗိုက်မအီမသာဖြစ်တတ်တဲ့ လက္ခဏာသဘာဝ တော့ ရှိတတ်ပါတယ်။ ဒီအတွက်တော့
ရေများများ သောက်ပေးသင့်ပါတယ်။
၎)ဝမ်းချုပ်ရာမှာ နောက်ထပ်သုံးနိုင်တဲ့ဆေးအုပ်စုတစ်
မျိုးကတော့ Emollient Laxatives ခေါ်တဲ့ Stool-softeners
(ဝမ်းပျော့ဆေး)များပါ။ Docusate ခေါ် တဲ့ compound တစ်မျိုးပါဝင်ပြီး
မစင်ကိုစွတ်စိုပြီး အူ လမ်းကြောင်းတစ်လျှောက်ရွေ့လျားမှု
လွယ်ကူချော မွေ့စေပါတယ်။ အရမ်းအားစိုက်မညှစ်ရဘဲ ဝမ်းသွားစေ တာမို့
လိပ်ခေါင်းရှိသူတွေ၊ ကလေးမွေးပြီးခါစ ကိုယ် ဝန်ဆောင်တွေနဲ့
ခွဲစိတ်ကုသမှုခံယူထားသူတွေအတွက် လည်း သင့်တော်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်ကြား ချက်နဲ့သာ အဓိကသုံးစွဲသင့်ပါတယ်။
၅) ကိုယ့်ကိုယ်ကိုယ်ရောဂါကြီြး ကီးမားမား
(Underlying disease) တစ်ခုခုရှိနေလို့ ဝမ်းချုပ်တတ်တယ်ထင်နေ မယ်။
စိတ်ပူနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့မရှေးမနှောင်း သွားရောက်စစ်ဆေးသင့်ပါတယ်။
စစ်လည်းစစ်ဆေးသင့် တယ်လို့ စာရေးသူထင်ပါတယ်။ ဝမ်းချုပ်တာကို ကိုယ့် ဘာသာပဲ
တောက်လျှောက် ရမ်းကုကြည့်နေလို့တော့ အမြဲ မသင့်တော်တတ်ပါဘူး။
အနည်းဆုံးတစ်ခေါက်၊ နှစ်ခေါက်လောက်တော့ Underlying ရောဂါရှိ၊ မရှိ
သွားရောက်စစ်ဆေးသင့်ပါတယ်။
ကုသပေးတဲ့ဆရာဝန်က လိုအပ်လျှင်လိုအပ်သလို သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း၊ မှန်ပြောင်းကြည့်ခြင်းနဲ့ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း တို့ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်စိတ်ချ၊ လက်ချယုံကြည် မှုရယူနိုင်ပါတယ်။ လိုအပ်လျှင်လည်း ကုသမှုကိုဆောလျင်စွာခံယူနိုင်တာမို့ ကာကွယ်ခြင်းသည် ကုသခြင်း ထက်ကောင်း၏ဆိုတဲ့ဆောင်ပုဒ်အ တိုင်းရှိပြီး ရောဂါ ပိုမဆိုးအောင်၊ မဖြစ်သေးတဲ့ရောဂါမဖြစ်ရအောင် ကာ ကွယ်ကြပါလို့တိုက်တွန်းချင် ပါတယ်။
အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ။
Credit
#TheFlowerNews
Yangon Media Group
===================
- နေခြည် (ဆေး-၁)
ဝမ်းချုပ်တာဟာ ဘယ်လောက်စိတ်အနှောင့် အယှက်ဖြစ်ရတယ် ဆိုတာကို ဝမ်းချုပ်တတ် တဲ့သူတွေမှသာ ပိုနားလည်လိမ့်မယ်ထင်ပါတယ်။
ဒါတင်မကပါဘူး။ နေ့စဉ် ပုံမှန်စားသောက်ထားတဲ့ အစာကြွင်းအစာကျန်တွေဟာ စွန့်ထုတ်ရမယ့် အချိန်မှာမစွန့်ထုတ်ဘဲ အူလမ်းကြောင်း ထဲမှာအကြာကြီး ကျန်နေတာဟာ ရေရှည်မှာ ကြီးကြီးမား မားထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာ ပေးတွေနဲ့ ဗဟုသုတဟာ အရေးကြီးတဲ့အခန်းကဏ္ဍက နေပါဝင်နေတာမို့ ဝမ်းချုပ်တဲ့အကြောင်း ကိုလေ့လာ ကြည့်ကြရအောင်။
အခုဆွေးနွေးသွားမှာကတော့ 'ကိုယ့်ကိုယ်ကိုယ် ဝမ်းချုပ်တတ်တယ်လို့ဘယ်လို သတ်မှတ်လို့ရနိုင်သလဲ။ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ဝမ်းချုပ်တာကိုဘယ်လိုဖြေရှင
ဒါပေမဲ့ ဝမ်းချုပ်တာကိုစမပြောခင်မှာ
ဝမ်းစွန့်ချင်စိတ်ဟာ မစင်အိမ်တစ်ဝိုက်က ကြွက်သားများညှစ်ခြင်းနဲ့အတ
ဒါကြောင့် ဒီလိုအဆင့်ဆင့်ရှုပ်ထွေးတဲ့လ
ဒီသတ်မှတ်ချက်အရဆိုရင်တော့ တစ်နေ့ ဝမ်းနှစ်ခါမသွားလို့ ဝမ်းချုပ်တယ်ထင်နေသူတွေ နည်နည်းစိတ် အေးမယ်ထင်ပါတယ်။
နောက်မေးခွန်းတစ်ခုကတော့ 'ဝမ်းဘာကြောင့် ချုပ်တတ်တာလဲ'ဆိုတာပါ။
လူတစ်ယောက်ဝမ်းချုပ်ပြီဆိုရ
ဒါကြောင့် Immobility ဟာ ပုံမှန်ဝမ်းသွားနည်းတဲ့သူတေ
တခြားဝမ်းချုပ်ရတဲ့အကြောင်း
ဝမ်းချုပ်တာဟာ၊ ဝမ်းသွားနည်းသွားတာဟာ တစ်ခါတလေကျရင်တော့ သုံးစွဲနေတဲ့ဆေးဝါးများကြော
အကိုက်အခဲပျောက်ဆေး အနေနဲ့ ဆေးရုံတွေမှာသုံးလေ့ရှိတဲ့ Opioid အမျိုးအ စားဆေးများ၊ ကယ်လ်ဆီယမ်ဓာတ်ကိုပြောင်းလဲ
တစ်ခါတစ်ရံမှာတော့ အူလမ်းကြောင်းနဲ့ပတ်သက်ပြီး
နောက်ထပ်ဖြစ်တတ်တာကတော့ စအိုတစ် ဝိုက်မှာ အနာရှိလို့၊ ကွဲထားတာရှိလို့ အလိုလို ဝမ်းချုပ် တတ်တာမျိုးပါ။ ဥပမာအားဖြင့် စအိုကွဲတယ်လို့ခေါ် တတ်ကြတဲ့ Anal Fissure လိုအခြေအနေမျိုးမှာဆိုရင် လူနာဟာ ဝမ်းသွားတိုင်း နာကျင်မှုရှိတတ်လို့ ဝမ်းသွား ရမှာကို စိုးရွံ့လာလို့ပဲဖြစ်ဖြစ်၊ နာတဲ့အတွက်ကြောင့် စအို ပေါက်က ကြွက်သား Sphincter တွေက အလိုလိုကျုံ့ ပေးထား တာကြောင့်ဖြစ်ဖြစ်လည်း ဝမ်းချုပ်တာ သံသရာလည်နေတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေ
နောက်ဆုံးဆွေးနွေးရမှာကတော့
ဝမ်းချုပ်တာဟာ ကုသရခက်ခဲတဲ့ Condition တစ်ခု လို့ စာများက ဖော်ပြကြပါတယ်။ မှန်လည်းမှန်ကန်ပါ တယ်။
ဝမ်းချုပ်တယ်၊ မချုပ်ဘူးဆိုတာကလည်း တစ် ယောက်နဲ့ တစ်ယောက်သတ်မှတ်ရပုံချင်း မတူညီနိုင်ပါ ဘူး။
စားတဲ့အစားအသောက်အပါအဝင် တခြားအကြောင်း အမျိုးမျိုးကြောင့် ဝမ်းစွန့်တဲ့ပမာဏ၊ အကြိမ်အရေအ တွက်ဆိုတာလည်း မတူညီတတ်ကြပါဘူး။ လူနေမှု Lifestyle ကိုပြောင်းလဲဖြစ်ဖို့ဆိုတာလ
၁) နေ့စဉ် ရေကိုများများနှင့်ပုံမှန်ေ
၂) ဝမ်းသွားချင်မှုကိုလှုံ့ဆော်ေ
ဒါပေမဲ့ ဒီဆေးတွေသုံးလို့ ဝမ်းသွားတယ် ဆိုပြီး မကြာခဏသုံးနေမယ်ဆိုရင်တော့ နောက်ပိုင်း မှာ ဒီဆေးပါမှသာဝမ်းသွားနိုင်တဲ
၃) ဝမ်းချုပ်ရာမှာ နောက်ထပ်သောက်လေ့ရှိတဲ့ဆေး အုပ်စုကတော့ Osmotic နဲ့ Hypersomolar Laxatives တွေပါ။ မက်ဂနီဆီယမ်ပါဝင်တဲ့ Milk of Magnesia (M.O.M) နဲ့ လက်ကျူးလို့စ် (Lactulose) စတဲ့ဆေးတွေ ဟာ အူနံရံတွေကနေရေကိုစုပ်ယူပြီ
၎)ဝမ်းချုပ်ရာမှာ နောက်ထပ်သုံးနိုင်တဲ့ဆေးအုပ
၅) ကိုယ့်ကိုယ်ကိုယ်ရောဂါကြီြး
ကုသပေးတဲ့ဆရာဝန်က လိုအပ်လျှင်လိုအပ်သလို သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း၊ မှန်ပြောင်းကြည့်ခြင်းနဲ့ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်
အားလုံးပဲရွှင်လန်းချမ်းမြေ
Credit
#TheFlowerNews
Yangon Media Group
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။