ချစ်သူ
ဘ၀ရဲ့နေပျော်စရာအခိုက်အတန့် ဆိုတာ
သူနဲ့အတူကုန်ဆုံးခဲ့ရ .....
နံနက်ခင်း နဲ့ ညနေခင်းတိုင်း
ငါ့ဘ၀ကို နင်ကသာ လင်းစေခဲ့တယ် ။
အခက်အခဲဆိုတာကြုံတိုင်း
ချစ်သူလက်ကို မြဲမြဲကိုင်ဆုပ်
ယုံကြည်ချက်တို့ ထွန်းတောက်လာတဲ့အချိန်
( တကယ်တော့ ... ကွယ် )
အနာဂါတ်ဆိုတာ ...
ပူလောင်စရာတွေကင်းတဲ့ ချစ်ခြင်းရဲ့နေ့ရက်တွေပါ ။
ယုံကြည်ပါ ချစ်သူ
ငါ့ရင်ထဲမှာ နင်သာရှိတာမို့
စက္ကန့်တိုင်းရဲ့ စည်းချက်တိုင်းမှာ
မြတ်နိုးစွာ စိုက်ပျိုး ... ဘယ်တော့မှ မရိုးတဲ့ ချစ်ခြင်းတွေပါ ။
အလွမ်းတွေရဲ့ မနက်ခင်းတိုင်းမှာ
ငါတို့ပြန်ဆုံမယ့်ရက်ကို
လက်တွေချိုးရေတွက်
အခက်အခဲတွေ လာစမ်းပါစေ
ချစ်သူရှိရင် ... အရာရာဟာ နှင်းတွေ ပွင့်ဝေ ... ။
မရေရာဘူးဆိုပေမယ့်
သေချာတာတစ်ခုတော့ရှိတယ်
ရေရေရာရာ ၀ိရောဓိတွေနဲ့
ငါ့ဘ၀ရဲ့ဝင်သက်ထွက်သက်တိုင်း ( နင့်ကို )
နှိုင်းဆမရတဲ့ ချစ်ခြင်းတွေနဲ့ ငါ ချစ်တယ် ။
အို..ကွယ် အချစ်ရယ်
ယနေ့မှစ နှစ်တစ်ရာတိုင်
ပျော်ရွှင်ခြင်းတို့ လင်းသက်ဝေ
ကြည်လင်ခြင်းတို့ နှင်းစက်ကြွေ
အောင်မြင်ခြင်းတို့ ၀င်းလက်စေ ။
Thet Tant Cho
29.3.2016
ဘ၀ရဲ့နေပျော်စရာအခိုက်အတန့်
သူနဲ့အတူကုန်ဆုံးခဲ့ရ .....
နံနက်ခင်း နဲ့ ညနေခင်းတိုင်း
ငါ့ဘ၀ကို နင်ကသာ လင်းစေခဲ့တယ် ။
အခက်အခဲဆိုတာကြုံတိုင်း
ချစ်သူလက်ကို မြဲမြဲကိုင်ဆုပ်
ယုံကြည်ချက်တို့ ထွန်းတောက်လာတဲ့အချိန်
( တကယ်တော့ ... ကွယ် )
အနာဂါတ်ဆိုတာ ...
ပူလောင်စရာတွေကင်းတဲ့ ချစ်ခြင်းရဲ့နေ့ရက်တွေပါ ။
ယုံကြည်ပါ ချစ်သူ
ငါ့ရင်ထဲမှာ နင်သာရှိတာမို့
စက္ကန့်တိုင်းရဲ့ စည်းချက်တိုင်းမှာ
မြတ်နိုးစွာ စိုက်ပျိုး ... ဘယ်တော့မှ မရိုးတဲ့ ချစ်ခြင်းတွေပါ ။
အလွမ်းတွေရဲ့ မနက်ခင်းတိုင်းမှာ
ငါတို့ပြန်ဆုံမယ့်ရက်ကို
လက်တွေချိုးရေတွက်
အခက်အခဲတွေ လာစမ်းပါစေ
ချစ်သူရှိရင် ... အရာရာဟာ နှင်းတွေ ပွင့်ဝေ ... ။
မရေရာဘူးဆိုပေမယ့်
သေချာတာတစ်ခုတော့ရှိတယ်
ရေရေရာရာ ၀ိရောဓိတွေနဲ့
ငါ့ဘ၀ရဲ့ဝင်သက်ထွက်သက်တိုင်
နှိုင်းဆမရတဲ့ ချစ်ခြင်းတွေနဲ့ ငါ ချစ်တယ် ။
အို..ကွယ် အချစ်ရယ်
ယနေ့မှစ နှစ်တစ်ရာတိုင်
ပျော်ရွှင်ခြင်းတို့ လင်းသက်ဝေ
ကြည်လင်ခြင်းတို့ နှင်းစက်ကြွေ
အောင်မြင်ခြင်းတို့ ၀င်းလက်စေ ။
Thet Tant Cho
29.3.2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။