ကိုယ်တိုင်လည်း ညှစ်ပေးရပါမည်
|| မောင်ဟစ် ||
မောင်ဟစ်တို့တွင် အတွင်းတန်ဖိုးများ တကယ်ရှိပါသည်။ ခေါင်းဆောင်ကောင်းတွေလည်း ရှိပါသည်။ သို့သော် ကိုယ်တိုင်လည်း ညှစ်ပေးရပါမည်။
** ( ၁ ) **
မောင်ဟစ်တို့ မြန်မာနိုင်ငံကို ဧပြီတစ်ရက်နေ့ကစပြီး ပြည်သူ့အစိုးရ အုပ်ချုပ်တော့ပါမည်။ ဒီအတွက် ၀မ်းသာစရာ ကောင်းပါသည်။ သို့သော် ကျွန်တော်တို့ ကိုယ်တိုင်လည်း အားထုတ်ရပါမည်။ မမင်းမှန်အပျိုကြီးလိုတော့ လုပ်၍မရပါ။ ပုံပြင်ထဲတွင် မမင်းမှန်သည် ယောက်ျားလိုချင်သောကြောင့် ဗေဒင်ဆရာဆီ ယတြာသွားတောင်းသည်။ ဗေဒင်ဆရာက ယတြာကောင်းကောင်း ပေးလိုက်သည်။ အင်ကိုဆောင်ဖို့ အင်းကွက်လေး ပေးလိုက်သည်။
တစ်လကြာသွားသည်။ မမင်းမှန် မစွံပါ။
နှစ်လကြာသွားသည်။ မမင်းမှန် မစွံခဲ့ပါ။
ထို့ကြောင့် ဆရာကြီးဆီ ပြန်သွားသည်။
“ဆရာ့အင်းရော ယတြာရော အစွမ်းမပြဘူးဆရာ”
“ဟေ”
“ဟုတ်တယ်။ ကျွန်မ ကနေ့အထိ မစွံသေးဘူး”
“ကောင်းကွာ။ ငါတော့ နာမည်ပျက်တော့မှာပဲ။ ဒီမှာမှတ်ထား၊ ၀မ်းချုပ်နေရင် ၀မ်းနုတ်ဆေးချည်း အားကိုးလို့ မရဘူး။ ကိုယ်တိုင်လည်း ညှစ်ပေးရတယ်ကွဲ့” တဲ့။
မောင်ဟစ်တို့ဆီ ဆရာကောင်း သမားကောင်းတွေ ရှိပါသည်။
သို့သော် ကိုယ်တိုင်တော့ ညှစ်ပေးရပါမည်။
** ( ၂ ) **
တစ်ရက်တွင် မောင်ဟစ်၏ တူတော်မောင် ကွန်ညက်သည် မောမောနှင့် အိမ်ပြန်လာသည်ကို တွေ့ရသည်။ သူသည် သတင်းထောက်လုပ်ရန် အတော်ရူးသည်။
“သတင်းထောက်တွေ ထောင်ကျနိုင်တယ်”
မောင်ဟစ်ပြောတော့ သူက ရယ်နေဖူးသည်။
“ဘာလို့ ရယ်နေတာလဲ”
“ထောင်ကျရင် အဆင့်တက်တယ်”
“ဘုရား၊ ဘုရား”
“သတင်းထောက်ဆိုတာ အသတ်ခံရနိုင်တယ်”
“ဒါလည်း မဆိုးပါဘူး။ ခုဆိုရင် မော်လမြိုင်၊ ကျိုက်မရောနယ်စပ်က ကိုပါကြီးဆို အားလုံးသိတယ်။ အများ လေးစားကြတယ်”
ကွန်ညက်ကို ပြော၍မရပါ။
သတင်းထောက်ဆိုတာ အခက်အခဲတွေကြားက လုပ်ရသော ခေတ် ရှိခဲ့ပါသည်။
“ကျွန်တော့် မျှော်မှန်းချက်က ကိုယ်တိုင် အယ်ဒီတာတစ်ယောက် ဖြစ်လာဖို့ပဲ”
“အလဲ့၊ တယ်ဟုတ်ပါလား။ သတင်းစာတိုက် ပြည်သူပိုင်သိမ်းတုန်းက အယ်ဒီတာတွေ ပြောတာ သတိရတယ်”
“ဘယ်လို ပြောတာလဲ”
“ည ၁၂ နာရီကျော်ကျော်မှာ တိုက်ကို စစ်သားတွေဝိုင်းတယ်။ ပြီးတော့ အယ်ဒီတာတွေကို ပြောတယ်။ ခင်ဗျားတို့ သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းလိုက်ပြီတဲ့ ။ ဒီတော့ အယ်ဒီတာတွေက ဟုတ်ကဲ့ပေါ့လေ။ လက်ခံတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီတစ်ညတော့ ဒီမှာပဲ အိပ်ပါရစေ။ ညဘက် ပြန်လို့မဖြစ်လို့ပါ”
“အာဏာသိမ်းခေါင်းဆောင်က ပထမ သဘောတူသေးတယ်။ ဒါပေမဲ့ အထက်အမိန့်အရဆိုပြီး တိုက်ထဲမှာ ပေးမအိပ်ဘူး။ ကင်းတဲလေးမှာ တစ်ညလုံး သွားထိုင်နေကြရတယ်တဲ့”
“ဆရာဟစ်က တစ်ခုမှ အကောင်းမပြေဘူး”
“ဒါက မြတ်စွာဘုရား အလိုလေ”
“ဟိုက်ရှလတတ်၊ ဆရာဟစ် ဒါက ဘုရားရှင်ရဲ့ အလို ဘယ်လိုဖြစ်သွားတာလဲ”
“ဗုဒ္ဓက အမြဲဆုံးမတယ်။ လူဟာ သေမျိုးပဲ။ သင် မကြာခင်သေတော့မည်။ အချိန်ပိုင်းသာ လိုတော့သည်”
“မဦးမချွတ်”
“ဒါ အမှန်ပဲလေ၊ သတင်းထောက်လုပ်ရင် ဘာတွေ ဖြစ်နိုင်လဲဆိုတာ သိထားရမယ်”
“ဆရာဟစ်ပြောတာနဲ့ မောနေပြီ”
** ( ၃ ) **
ကွန်ညက်သည် ထောင့်တွင်ထိုင်ရင်း အမောဖြေနေသည်။ မော်ဟစ်သည် သူ့ကို အားပေးစကားဆိုရသည်။
“မင်း သတင်းထောက်အင်တာဗျူး သွားတာ အဆင်ပြေရဲ့လား”
“ကျွန်တော်တို့ သတင်းထောက် အင်တာဗျူးမှာ မေးတယ်။ မြန်မာ ဖြစ်ရခြင်းအတွက် ဂုဏ်ယူရတဲ့အကြောင်းရင်း တစ်ရပ်ကို ဖော်ပြပါတဲ့”
“ဖော်ပြလိုက်ပေါ့”
“ဆရာဟစ်သာဆိုရင် ဘယ်လိုဖြေမလဲ”
“မင်းက အဖြေလာနှိုက်နေတာပေါ့လေ။ မသေမချင်းမှတ်ထား၊ မြန်မာဖြစ်ရတဲ့အတွက် ဂုဏ်ယူတာက မြန်မာစကားတတ်ခြင်းကြောင့်ပါပဲလို့ ဖြေမှာပေါ့”
“ဟင် ဆရာဟစ်ကလဲ၊ မြန်မာဖြစ်မှတော့ မြန်မာစကား တတ်မှာပေါ့”
“ဖြစ်မှဖြစ်ရပလေ ကွန်ညက်ရယ်။ မြန်မာတိုင်း မြန်မာစကား မတတ်ဘူးကွ”
“မဖြစ်နိုင်တာ၊ တိုင်းရင်းသားတွေလား”
“တရုတ်တိုင်းရင်းသားဆိုလားကွာ၊ တလောက မြန်မာနိုင်ငံသား ဖြစ်လာတဲ့ တရုတ်ငါးသောင်းဟာ မြန်မာစကား မတတ်ဘူးကွ။ မင်းဘာပြောချင်သေးလဲ”
“ဆရာဟစ် နိုင်ငံရေးစကား ပြောတာလား”
“တို့ နိုင်ငံအရေးကို ပြောတာပဲ။ မြန်မာဖြစ်ရင် မြန်မာစကားကိုတော့ ပီသအောင် ပြောတတ်ရမှာပေါ့။ သံသေးသေးတစ်ချောင်း ပေးဆိုရင် တံတေးတေး တစ်ချောင်းပေး ဆိုတာမျိုး မပြောရဘူး။ ညောင်ပင်တစ်ပင်ဆိုရင် အသံထွက်က ညောင်ဘင်တစ်ဘင်လို့ ဖတ်တယ်။ ညောင်ပင်တစ်ပင်ဆိုရင် မြန်မာမစစ်တော့ဘူးပဲ”
“မြန်မာစကား ပြောတတ်တာကို ဆရာဟစ် ဂုဏ်ယူတာပေါ့ ဟုတ်လား”
“ဒါပေါ့။ တစ်နှစ်က မြန်မာပြည်ကို လာလည်တဲ့ အမေရိကန်သမ္မတ အိုဘားမားတောင် မင်္ဂလာပါ ဆိုတဲ့ တစ်လုံးပဲ ပြောတတ်တယ်”
“သူ မြန်မာပြည်ကို လာမယ်ဆိုမှ သင်ထားတာနဲ့ တူတယ်”
“ဟုတ်တယ်။ အိုဘားမားနဲ့စာရင် မင်းရဲ့ဆရာဟစ်က မြန်မာစာ ပိုတတ်တယ်”
“ဒါတော့”
“ဆရာကြီးဦးထွန်းတင့်လောက် မတော်ပေမယ့် အိုဘားမားထက်တော့ မြန်မာသတ်ပုံတွေလည်း ပိုသိတယ်”
“မနှိုင်းကောင်းပါဘူး”
“ဟေ့ကောင်၊ အိုဘားမားထက် မြန်မာစာ ငါပိုတတ်တာ မင်းငြင်းချင်သေးလို့လား”
“မငြင်းပါဘူး။ ဆရာဟစ်ဟာ ယုန်နဲ့လိပ် ရေငုပ်ပြိုင်သလို ဖြစ်နေတယ်”
“ပုံပြင်ထဲမှာ ယုန်နဲ့လိပ် အပြေးပြိုင်တယ်ဆိုတာပဲ ကြားဖူးတယ်”
“ပုံပြင်ထဲမှာသာ ယုန်နဲ့လိပ် အပြေးပြိုင်ရင် လိပ်ကနိုင်တာ၊ လက်တွေ့ဆိုရင် နိုင်မှာမဟုတ်ဘူး”
“မှန်ပါတယ်။ ဒါပေမဲ့ ဒါက လူတွေ သင်ခန်းစာယူနိုင်ဖို့ ပြောတာကွ။ တို့လို သယံဇာတတွေ ပေါနေတဲ့ နိုင်ငံဟာ ရေတောင်မရှိလို့ ၀ယ်သောက်နေရတဲ့ စင်ကာပူကို ရှုံးနေရတာ ယုန်နဲ့ လိပ်ပုံပြင်လိုပေါ့”
“ဆရာဟစ်ကိုလည်း ဆရာဟစ်ပြန်စဉ်းစားလေ။ အိုဘားမားနဲ့ ဆရာဟစ် မြန်မာစာပြိုင်ရင် ဆရာဟစ်နိုင်မှာပေါ့။ ဒီအတိုင်းပဲ ယုန်နဲ့ လိပ်ဆိုရင် မပြေးမပြိုင်ဘဲ ရေငုပ်ပြိုင်ကြည့်ပါ”
“လိပ်က နိုင်မှာပေါ့။ မင်းအတော် ကပ်သီးကပ်သပ် တွေးတယ်”
“ကျွန်တော်က သဘောကိုပြောတာပါ”
“ငါပြောချင်တာကလည်း ဒီလိုပါပဲ။ လူတွေမှာ ကိုယ်သန်ရာသန်ရာတွေ ရှိတယ်။ ဘဲန့ကြက် အပြေးပြိုင်ခိုင်းရင် ကြက်နိုင်မှာပေါ့။ ဒါနဲ့ပဲ ကြက်ကတော်တယ်လို့ မပြောနိုင်ဘူး။ ရေကူးပြိုင်ခိုင်းပါလား။ ကြက်ပြိုင်ပွဲတောင် ၀င်နိုင်မှာ မဟုတ်ဘူး”
“ဒါဆိုရင် မြန်မာတွေရဲ့ ဂုဏ်ယူစရာ အကောင်းဆုံးဟာ မြန်မာစာတတ်တာကိုပေါ့”
“ဟုတ်ပါ့။ ဒါဟာ ငါတို့ရဲ့ Capacity ပဲကွ။ အဲဒီ Capacity ကို တိုးတက်အောင် လုပ်ရမယ်။ မင်းဟာ ဘဲဖြစ်ရင် ရေကူးတတ်၊ ရေငုပ်တတ်မယ်။ ဒါကို တိုးတက်အောင် ကြိုးစားလေ့ကျင့်ရတာပဲ။ ကြက်နဲ့ အပြေးပြိုင်ဖို့ လေ့ကျင့်လို့ မရဘူး”
“လူတွေကျတော့ ဒီလို မဟုတ်ဘူးထင်တယ် ဆရာဟစ်”
“ဘယ်လို”
“ခြေနှစ်ချောင်းမရှိဘဲ ဧ၀ရက် တောင်ကို တက်သွားသေးတာပဲ”
“ဒါက လက်မှာ တုတ်တပ်ပြီး တက်တာကိုး”
“ခေါင်းမရှိဘဲ တိုင်းပြည်ကို အုပ်ချုပ်သွားသေးတာကော”
“တော်ပါပြီ ကွန်ညက်ရာ။ ဒါတွေကြားရင် ခါးသီးလွန်းလို့”
** ( ၄ ) **
ကွန်ညက်သည် ကျွန်တော်ပြောသည်ကို သဘောပေါက်ဟန် မတူပေ။
ကျွန်တော်တို့သည် ကိုယ့်အရည်အသွေးကို ထုတ်ဖော်ရန် မကြိုးစားကြဘဲ သူများတွင်ရှိနေသည့် အရည်အသွေးကို လိုချင်နေကြသည်။
ဥပမာ ဒေါက်တာဘွဲ့လိုမျိုးပါပဲ။
“ကွန်ညက် မင်းကို တက္ကသိုလ်တစ်ခုက ဒေါက်တာဘွဲ့ ပေးမယ်ဆိုရင် ယူမလား”
“အဲဒါယူရင် ဘာဖြစ်လာမလဲ”
“ဒေါက်တာ ကွန်ညက် ဖြစ်လာမှာပေါ့”
“ယူမှာပေါ့”
“ငွေတစ်ထောင့်နှစ်ရာ ပေးရမယ်ဆိုရင်ကော”
“ထောင့်နှစ်ရာလောက်များ ဆရာဟစ်ရယ်၊ ဒီလောက်တော့ ပေးနိုင်ပါတယ်”
“အေး၊ တကယ်လို့ မင်းကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးရင်ကော ယူမှာလား”
“ယူမှာပေါ့”
“ဒါပေမဲ့ အဲဒီဂုဏ်ထူးဆောင်ဘွဲ့ကိုကျေ တာ့ တချို့လူတွေက အရှေ့မှာ ဒေါက်တာမတပ်ဘူး။ သူများလာပြီး ဒေါက်တာလို့ တပ်တာကို လက်မခံဘူး”
“ဘာဖြစ်လို့ ဒေါက်တာဘွဲ့ကို မတပ်တာလဲ။ သူတို့က ဒေါက်တာဘွဲ့ဆိုတာကို အထင်သေးလို့လား”
“ဒီလိုမဟုတ်ဘူး။ သူတို့ဟာ ဒေါက်တာလို့ ရှေ့ကမတပ်လည်း ထင်ရှားကျော်ကြားနေတဲ့ လူတွေဆိုရင် ဒေါက်တာမလိုဘူး၊ ဦးသန့်ဟာ ဘယ်တော့မှ ဒေါက်တာသန့်လို့ အတပ်မခံခဲ့ပါဘူး။ ဒီအတိုင်းပဲ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေ အများကြီးရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း ဒေါက်တာ အောင်ဆန်းစုကြည်လို့ တစ်ခါမှ အခေါ်မခံခဲ့ပါဘူး။ ထင်ရှားတဲ့သူတွေရဲ့ အမည်ရှေ့မှာ Mr. တို့ Mrs. တောင် မလိုဘူး။ အိုဘားမားဆို အားလုံးသိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆို အားလုံး သိတယ်”
“သန်းရွှေတို့ ၊ နေ၀င်းတို့ကိုလည်း သိတာပါပဲ”
“ဗြဲ”
မောင်ဟစ်
The Ladies News
|| မောင်ဟစ် ||
မောင်ဟစ်တို့တွင် အတွင်းတန်ဖိုးများ တကယ်ရှိပါသည်။ ခေါင်းဆောင်ကောင်းတွေလည်း ရှိပါသည်။ သို့သော် ကိုယ်တိုင်လည်း ညှစ်ပေးရပါမည်။
** ( ၁ ) **
မောင်ဟစ်တို့ မြန်မာနိုင်ငံကို ဧပြီတစ်ရက်နေ့ကစပြီး ပြည်သူ့အစိုးရ အုပ်ချုပ်တော့ပါမည်။ ဒီအတွက် ၀မ်းသာစရာ ကောင်းပါသည်။ သို့သော် ကျွန်တော်တို့ ကိုယ်တိုင်လည်း အားထုတ်ရပါမည်။ မမင်းမှန်အပျိုကြီးလိုတော့ လုပ်၍မရပါ။ ပုံပြင်ထဲတွင် မမင်းမှန်သည် ယောက်ျားလိုချင်သောကြောင့် ဗေဒင်ဆရာဆီ ယတြာသွားတောင်းသည်။ ဗေဒင်ဆရာက ယတြာကောင်းကောင်း ပေးလိုက်သည်။ အင်ကိုဆောင်ဖို့ အင်းကွက်လေး ပေးလိုက်သည်။
တစ်လကြာသွားသည်။ မမင်းမှန် မစွံပါ။
နှစ်လကြာသွားသည်။ မမင်းမှန် မစွံခဲ့ပါ။
ထို့ကြောင့် ဆရာကြီးဆီ ပြန်သွားသည်။
“ဆရာ့အင်းရော ယတြာရော အစွမ်းမပြဘူးဆရာ”
“ဟေ”
“ဟုတ်တယ်။ ကျွန်မ ကနေ့အထိ မစွံသေးဘူး”
“ကောင်းကွာ။ ငါတော့ နာမည်ပျက်တော့မှာပဲ။ ဒီမှာမှတ်ထား၊ ၀မ်းချုပ်နေရင် ၀မ်းနုတ်ဆေးချည်း အားကိုးလို့ မရဘူး။ ကိုယ်တိုင်လည်း ညှစ်ပေးရတယ်ကွဲ့” တဲ့။
မောင်ဟစ်တို့ဆီ ဆရာကောင်း သမားကောင်းတွေ ရှိပါသည်။
သို့သော် ကိုယ်တိုင်တော့ ညှစ်ပေးရပါမည်။
** ( ၂ ) **
တစ်ရက်တွင် မောင်ဟစ်၏ တူတော်မောင် ကွန်ညက်သည် မောမောနှင့် အိမ်ပြန်လာသည်ကို တွေ့ရသည်။ သူသည် သတင်းထောက်လုပ်ရန် အတော်ရူးသည်။
“သတင်းထောက်တွေ ထောင်ကျနိုင်တယ်”
မောင်ဟစ်ပြောတော့ သူက ရယ်နေဖူးသည်။
“ဘာလို့ ရယ်နေတာလဲ”
“ထောင်ကျရင် အဆင့်တက်တယ်”
“ဘုရား၊ ဘုရား”
“သတင်းထောက်ဆိုတာ အသတ်ခံရနိုင်တယ်”
“ဒါလည်း မဆိုးပါဘူး။ ခုဆိုရင် မော်လမြိုင်၊ ကျိုက်မရောနယ်စပ်က ကိုပါကြီးဆို အားလုံးသိတယ်။ အများ လေးစားကြတယ်”
ကွန်ညက်ကို ပြော၍မရပါ။
သတင်းထောက်ဆိုတာ အခက်အခဲတွေကြားက လုပ်ရသော ခေတ် ရှိခဲ့ပါသည်။
“ကျွန်တော့် မျှော်မှန်းချက်က ကိုယ်တိုင် အယ်ဒီတာတစ်ယောက် ဖြစ်လာဖို့ပဲ”
“အလဲ့၊ တယ်ဟုတ်ပါလား။ သတင်းစာတိုက် ပြည်သူပိုင်သိမ်းတုန်းက အယ်ဒီတာတွေ ပြောတာ သတိရတယ်”
“ဘယ်လို ပြောတာလဲ”
“ည ၁၂ နာရီကျော်ကျော်မှာ တိုက်ကို စစ်သားတွေဝိုင်းတယ်။ ပြီးတော့ အယ်ဒီတာတွေကို ပြောတယ်။ ခင်ဗျားတို့ သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းလိုက်ပြီတဲ
“အာဏာသိမ်းခေါင်းဆောင်က ပထမ သဘောတူသေးတယ်။ ဒါပေမဲ့ အထက်အမိန့်အရဆိုပြီး တိုက်ထဲမှာ ပေးမအိပ်ဘူး။ ကင်းတဲလေးမှာ တစ်ညလုံး သွားထိုင်နေကြရတယ်တဲ့”
“ဆရာဟစ်က တစ်ခုမှ အကောင်းမပြေဘူး”
“ဒါက မြတ်စွာဘုရား အလိုလေ”
“ဟိုက်ရှလတတ်၊ ဆရာဟစ် ဒါက ဘုရားရှင်ရဲ့ အလို ဘယ်လိုဖြစ်သွားတာလဲ”
“ဗုဒ္ဓက အမြဲဆုံးမတယ်။ လူဟာ သေမျိုးပဲ။ သင် မကြာခင်သေတော့မည်။ အချိန်ပိုင်းသာ လိုတော့သည်”
“မဦးမချွတ်”
“ဒါ အမှန်ပဲလေ၊ သတင်းထောက်လုပ်ရင် ဘာတွေ ဖြစ်နိုင်လဲဆိုတာ သိထားရမယ်”
“ဆရာဟစ်ပြောတာနဲ့ မောနေပြီ”
** ( ၃ ) **
ကွန်ညက်သည် ထောင့်တွင်ထိုင်ရင်း အမောဖြေနေသည်။ မော်ဟစ်သည် သူ့ကို အားပေးစကားဆိုရသည်။
“မင်း သတင်းထောက်အင်တာဗျူး သွားတာ အဆင်ပြေရဲ့လား”
“ကျွန်တော်တို့ သတင်းထောက် အင်တာဗျူးမှာ မေးတယ်။ မြန်မာ ဖြစ်ရခြင်းအတွက် ဂုဏ်ယူရတဲ့အကြောင်းရင်း တစ်ရပ်ကို ဖော်ပြပါတဲ့”
“ဖော်ပြလိုက်ပေါ့”
“ဆရာဟစ်သာဆိုရင် ဘယ်လိုဖြေမလဲ”
“မင်းက အဖြေလာနှိုက်နေတာပေါ့လေ။ မသေမချင်းမှတ်ထား၊ မြန်မာဖြစ်ရတဲ့အတွက် ဂုဏ်ယူတာက မြန်မာစကားတတ်ခြင်းကြောင့်ပ
“ဟင် ဆရာဟစ်ကလဲ၊ မြန်မာဖြစ်မှတော့ မြန်မာစကား တတ်မှာပေါ့”
“ဖြစ်မှဖြစ်ရပလေ ကွန်ညက်ရယ်။ မြန်မာတိုင်း မြန်မာစကား မတတ်ဘူးကွ”
“မဖြစ်နိုင်တာ၊ တိုင်းရင်းသားတွေလား”
“တရုတ်တိုင်းရင်းသားဆိုလားက
“ဆရာဟစ် နိုင်ငံရေးစကား ပြောတာလား”
“တို့ နိုင်ငံအရေးကို ပြောတာပဲ။ မြန်မာဖြစ်ရင် မြန်မာစကားကိုတော့ ပီသအောင် ပြောတတ်ရမှာပေါ့။ သံသေးသေးတစ်ချောင်း ပေးဆိုရင် တံတေးတေး တစ်ချောင်းပေး ဆိုတာမျိုး မပြောရဘူး။ ညောင်ပင်တစ်ပင်ဆိုရင် အသံထွက်က ညောင်ဘင်တစ်ဘင်လို့ ဖတ်တယ်။ ညောင်ပင်တစ်ပင်ဆိုရင် မြန်မာမစစ်တော့ဘူးပဲ”
“မြန်မာစကား ပြောတတ်တာကို ဆရာဟစ် ဂုဏ်ယူတာပေါ့ ဟုတ်လား”
“ဒါပေါ့။ တစ်နှစ်က မြန်မာပြည်ကို လာလည်တဲ့ အမေရိကန်သမ္မတ အိုဘားမားတောင် မင်္ဂလာပါ ဆိုတဲ့ တစ်လုံးပဲ ပြောတတ်တယ်”
“သူ မြန်မာပြည်ကို လာမယ်ဆိုမှ သင်ထားတာနဲ့ တူတယ်”
“ဟုတ်တယ်။ အိုဘားမားနဲ့စာရင် မင်းရဲ့ဆရာဟစ်က မြန်မာစာ ပိုတတ်တယ်”
“ဒါတော့”
“ဆရာကြီးဦးထွန်းတင့်လောက် မတော်ပေမယ့် အိုဘားမားထက်တော့ မြန်မာသတ်ပုံတွေလည်း ပိုသိတယ်”
“မနှိုင်းကောင်းပါဘူး”
“ဟေ့ကောင်၊ အိုဘားမားထက် မြန်မာစာ ငါပိုတတ်တာ မင်းငြင်းချင်သေးလို့လား”
“မငြင်းပါဘူး။ ဆရာဟစ်ဟာ ယုန်နဲ့လိပ် ရေငုပ်ပြိုင်သလို ဖြစ်နေတယ်”
“ပုံပြင်ထဲမှာ ယုန်နဲ့လိပ် အပြေးပြိုင်တယ်ဆိုတာပဲ ကြားဖူးတယ်”
“ပုံပြင်ထဲမှာသာ ယုန်နဲ့လိပ် အပြေးပြိုင်ရင် လိပ်ကနိုင်တာ၊ လက်တွေ့ဆိုရင် နိုင်မှာမဟုတ်ဘူး”
“မှန်ပါတယ်။ ဒါပေမဲ့ ဒါက လူတွေ သင်ခန်းစာယူနိုင်ဖို့ ပြောတာကွ။ တို့လို သယံဇာတတွေ ပေါနေတဲ့ နိုင်ငံဟာ ရေတောင်မရှိလို့ ၀ယ်သောက်နေရတဲ့ စင်ကာပူကို ရှုံးနေရတာ ယုန်နဲ့ လိပ်ပုံပြင်လိုပေါ့”
“ဆရာဟစ်ကိုလည်း ဆရာဟစ်ပြန်စဉ်းစားလေ။ အိုဘားမားနဲ့ ဆရာဟစ် မြန်မာစာပြိုင်ရင် ဆရာဟစ်နိုင်မှာပေါ့။ ဒီအတိုင်းပဲ ယုန်နဲ့ လိပ်ဆိုရင် မပြေးမပြိုင်ဘဲ ရေငုပ်ပြိုင်ကြည့်ပါ”
“လိပ်က နိုင်မှာပေါ့။ မင်းအတော် ကပ်သီးကပ်သပ် တွေးတယ်”
“ကျွန်တော်က သဘောကိုပြောတာပါ”
“ငါပြောချင်တာကလည်း ဒီလိုပါပဲ။ လူတွေမှာ ကိုယ်သန်ရာသန်ရာတွေ ရှိတယ်။ ဘဲန့ကြက် အပြေးပြိုင်ခိုင်းရင် ကြက်နိုင်မှာပေါ့။ ဒါနဲ့ပဲ ကြက်ကတော်တယ်လို့ မပြောနိုင်ဘူး။ ရေကူးပြိုင်ခိုင်းပါလား။ ကြက်ပြိုင်ပွဲတောင် ၀င်နိုင်မှာ မဟုတ်ဘူး”
“ဒါဆိုရင် မြန်မာတွေရဲ့ ဂုဏ်ယူစရာ အကောင်းဆုံးဟာ မြန်မာစာတတ်တာကိုပေါ့”
“ဟုတ်ပါ့။ ဒါဟာ ငါတို့ရဲ့ Capacity ပဲကွ။ အဲဒီ Capacity ကို တိုးတက်အောင် လုပ်ရမယ်။ မင်းဟာ ဘဲဖြစ်ရင် ရေကူးတတ်၊ ရေငုပ်တတ်မယ်။ ဒါကို တိုးတက်အောင် ကြိုးစားလေ့ကျင့်ရတာပဲ။ ကြက်နဲ့ အပြေးပြိုင်ဖို့ လေ့ကျင့်လို့ မရဘူး”
“လူတွေကျတော့ ဒီလို မဟုတ်ဘူးထင်တယ် ဆရာဟစ်”
“ဘယ်လို”
“ခြေနှစ်ချောင်းမရှိဘဲ ဧ၀ရက် တောင်ကို တက်သွားသေးတာပဲ”
“ဒါက လက်မှာ တုတ်တပ်ပြီး တက်တာကိုး”
“ခေါင်းမရှိဘဲ တိုင်းပြည်ကို အုပ်ချုပ်သွားသေးတာကော”
“တော်ပါပြီ ကွန်ညက်ရာ။ ဒါတွေကြားရင် ခါးသီးလွန်းလို့”
** ( ၄ ) **
ကွန်ညက်သည် ကျွန်တော်ပြောသည်ကို သဘောပေါက်ဟန် မတူပေ။
ကျွန်တော်တို့သည် ကိုယ့်အရည်အသွေးကို ထုတ်ဖော်ရန် မကြိုးစားကြဘဲ သူများတွင်ရှိနေသည့် အရည်အသွေးကို လိုချင်နေကြသည်။
ဥပမာ ဒေါက်တာဘွဲ့လိုမျိုးပါပဲ။
“ကွန်ညက် မင်းကို တက္ကသိုလ်တစ်ခုက ဒေါက်တာဘွဲ့ ပေးမယ်ဆိုရင် ယူမလား”
“အဲဒါယူရင် ဘာဖြစ်လာမလဲ”
“ဒေါက်တာ ကွန်ညက် ဖြစ်လာမှာပေါ့”
“ယူမှာပေါ့”
“ငွေတစ်ထောင့်နှစ်ရာ ပေးရမယ်ဆိုရင်ကော”
“ထောင့်နှစ်ရာလောက်များ ဆရာဟစ်ရယ်၊ ဒီလောက်တော့ ပေးနိုင်ပါတယ်”
“အေး၊ တကယ်လို့ မင်းကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးရင်ကော ယူမှာလား”
“ယူမှာပေါ့”
“ဒါပေမဲ့ အဲဒီဂုဏ်ထူးဆောင်ဘွဲ့ကိုကျေ
“ဘာဖြစ်လို့ ဒေါက်တာဘွဲ့ကို မတပ်တာလဲ။ သူတို့က ဒေါက်တာဘွဲ့ဆိုတာကို အထင်သေးလို့လား”
“ဒီလိုမဟုတ်ဘူး။ သူတို့ဟာ ဒေါက်တာလို့ ရှေ့ကမတပ်လည်း ထင်ရှားကျော်ကြားနေတဲ့ လူတွေဆိုရင် ဒေါက်တာမလိုဘူး၊ ဦးသန့်ဟာ ဘယ်တော့မှ ဒေါက်တာသန့်လို့ အတပ်မခံခဲ့ပါဘူး။ ဒီအတိုင်းပဲ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေ အများကြီးရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း ဒေါက်တာ အောင်ဆန်းစုကြည်လို့ တစ်ခါမှ အခေါ်မခံခဲ့ပါဘူး။ ထင်ရှားတဲ့သူတွေရဲ့ အမည်ရှေ့မှာ Mr. တို့ Mrs. တောင် မလိုဘူး။ အိုဘားမားဆို အားလုံးသိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆို အားလုံး သိတယ်”
“သန်းရွှေတို့ ၊ နေ၀င်းတို့ကိုလည်း သိတာပါပဲ”
“ဗြဲ”
မောင်ဟစ်
The Ladies News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။