Warren Buffett နဲ့ တခြားသူဌေးတွေ ပြောခဲ့တဲ့ ငွေကြေးကောင်းစွာ
စီမံနိုင်ဖို့ အကြံပေးချက်များ
ငွေပိုစုမိချင်သလား၊ ကျွန်တော်တို့အားလုံး ဘဏ်စာအုပ်ထဲမှာ ငွေများများရှိတာ
ကို မြင်ချင်ပါတယ်၊ ဒါပေမဲ့ လည်း ပြောသလောက် စုနိုင်ဖို့က မလွယ်တဲ့ကိစ္စပါ။
ကျွန်တော်တို့ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် ဘဏ္ဍာရေး website တစ်ခုဖြစ်
တဲ့ GOBanking Rates Warren Buffett အပါအ၀င် တခြားအထင်ကရ
ပုဂ္ဂိုလ်တွေရဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို ထုတ်ပြန်
ထားပါတယ်။
သူတို့တွေအားလုံးပြောတာတွေကို ခြုံကြည့်လိုက်ရင်တော့ ကိုယ့်ကိုယ်ကိုယ်နဲ့
ကိုယ်အားသာတဲ့ အချက်တွေမှာ ပိုကောင်းအောင် ရင်းနှီးမြှုပ်နှံပြီးတော့ တခြား
နေရာတွေမှာတော့ မလိုရင်မသုံးပါနဲ့လို့ ဖြစ်ပါတယ်။ ဒီအချက်တွေက အဓိပ္ပာယ်
ရှိပါတယ်။ ဒီခေတ်ကြီးက စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေခေတ် ဖြစ်ပေမယ့်
စီးပွားရေး မသေချာ၊ မရေရာမှုတွေကြားမှာ မလိုအပ်ဘဲ မဖြုန်းတီးဖြစ်စေဖို့
အရေးကြီးပါတယ်။ ဆရာကြီးတွေပေးထားတဲ့ အကြံတွေထဲကမှ အရေးအပါ
ဆုံးဖြစ်တဲ့ အချက်တွေကို အောက်မှာ တွေ့နိုင်ပါတယ်။
ရိုးရိုးရှင်းရှင်းပဲစဉ်းစားပါ
ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးနေရာတွေက ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်တွေနဲ့
ကောင်းစွာနားလည်နေတဲ့ လုပ်ငန်းတွေပဲဖြစ်ပါ တယ်လို့ ကမ္ဘာကျော်သူဌေး
ကြီး Warren Buffett က ပြောပါတယ်။ ကိုယ်နားမလည်တဲ့ လုပ်ငန်းတွေမှာ
ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာဟာ လောင်းကစားလုပ်နေတာနဲ့ တူပါတယ်လို့
Warren Buffett က CNBC သတင်းဌာနမှာ ပြောဖူးပါတယ်။
သူ့ရဲ့ ၂၀၁၄ ခုနှစ်က ရှယ်ယာရှင်တွေကို ပေးပိုတဲ့စာတွေထဲမှာ ‘ ရင်းနှီးမြှုပ်နှံမှု
တွေကနေ စိတ်ကျေနပ်လောက် အောင် အကျိုးအမြတ်တွေပြန်ရဖို့ သင်က
အရမ်းကျွမ်းကျင်တဲ့လူ ဖြစ်စရာမလိုပါဘူး။ ကိုယ်က သေချာနား လည်တဲ့လူ
မဟုတ်ဘူးဆိုရင် အဆင်ပြေနိုင်မယ့် အချက်တွေကို လိုက်နာရင်ရပါတယ်၊
ရိုးရိုးပဲစဉ်းစားပြီးတော့ တစ်ခုပြီးတစ်ခုပြောင်းပြီး ရင်နှီးမြှုပ်နှံတာမျိုးကို လည်း
မလုပ်သင့်ပါဘူး။ ပြီးတော့ သူများတွေပေးတဲ့ ကတိတွေ ကို အလွယ်တကူ
မယုံပါနဲ့၊ မြန်မြန်အကျိုးအမြတ်ရစေရမယ် လို့ ပြောလာရင် no လို့ပဲ မြန်မြန်
ပြန်ပြောလိုက်ပါလို့ Buffett က ပြောထားပါတယ်။
အခြေခံကပဲ စလုပ်ကိုင်ပါ
လူတွေတော်တော်များများက စီးပွားရေးအခြေအနေ တိုးတက်ချင်ကြပေမယ့်
ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိကြဘူးလို့ သတင်းထောက် Jeanette
Pavini က ပြောပါတယ်။ လူတွေဟာ တိုးတက်ဖို့အတွက် လုပ်စရာ နည်း
လမ်းတွေ အများကြီးရှိကြ ပေမယ့် မအောင်မြင်နိုင်ဘူးလို့ပဲ တွေးပြီးတော့
စိတ်ဓာတ်ကျပြီး အရှုံးပေးတတ်ကြပါတယ်လို့ သူက ပြောပါတယ်။
ဒီလိုမျိုးမဖြစ်ပါစေနဲ့၊ ဘဏ္ဍာရေးအခြေအနေ တိုးတက်အောင်လုပ်တာဟာ
အရမ်းခက်ခဲတဲ့အရာမဟုတ်ပါဘူး ။ ကိုယ့်ပိုက်ဆံက ဘယ်နေရာကို သွားနေ
တယ်ဆိုတာက ပိုနားလည်ပြီးတော့ ပိုတိုးအောင်လုပ်ဖို့နဲ့ ကုန်ကျစရိတ်တွေကို
လျှော့ပြီးလုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေနေရင်ရပါတယ်။ ဘယ်နေရာ
တွေမှာ ကိုယ်ထိန်းချုပ် ပြောင်းလဲလို့ရမလဲဆိုတာကို သိအောင်လုပ်ပါ။ ပြောင်း
လဲမှုနဲ့ ကိစ္စကြီးတွေကသာ အရေးကြီးတယ်လို့ မထင်ပါ နဲ့၊ ငွေစုတယ်ဆိုရင်
လည်း ဘယ်လောက်နည်းနည်း အရေးမကြီး ပါဘူး၊ ရေစက်ရေပေါက်တွေ
များလာရင် ရေကန်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။
မိတ်ဆွေကောင်းတွေ လိုပါတယ်
ဝိတ်ချတဲ့ ပရိုဂရမ်တွေလိုပါပဲ၊ ကိုယ့်ကို ကူညီနိုင်မယ့် partner တစ်ယောက်
လိုပါတယ်။ ကိုယ့်ကိုအကြံကောင်း တွေ ပေးနိုင်ဖို့ accounting၊ ငွေကြေးနဲ့
ပတ်သက်တဲ့ ကိစ္စတွေမှာ နားလည်တဲ့ မိတ်ဆွေတစ်ယောက်ရှိထားဖို့ လိုပါတယ်။
အကြွေးကင်းအောင်နေပါ
ဒီအချက်ဟာ ကုမ္ပဏီအခုမှ စတင်တည်ထောင်တဲ့လူတွေအတွက်ဆိုရင်
ခက်မှာဖြစ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းလည်ပတ် တဲ့အခါမှာ အကြွေးနည်း
နိုင်သလောက်နည်းအောင် လုပ်တာကောင်းပါတယ်။ ကိုယ်ရေး ကိုယ်တာအရ
လည်း အကြွေးတွေ မရှိတာအကောင်းဆုံးပါပဲ။
တိကျတဲ့ ရည်မှန်းချက်တွေ ချမှတ်ပါ
ဘယ်အရာကို ဦးတည်ပြီး လုပ်ကိုင်နေမှန်း မသိဘူးဆိုရင် ကိုယ်ရဲ့ ဘဏ္ဍာရေး
အခြေအနေ တိုးတက်အောင် လုပ်ဖို့က လွယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ငွေ
တွေကို ဘယ်အရာအတွက် ဘယ်လောက်လိုအပ်တယ်ဆိုတာကို သေချာတွေး
ထားပါ။ ဥပမာ အရေးပေါ် အခြေအနေတွေအတွက် ငွေဖယ်ထားတာ၊ ကလေး
တွေကို တက္ကသိုလ် ပို့ဖို့ စုထားတာ၊ ဒါမှမဟုတ် ပင်စင်ယူ အနားယူတဲ့ အချိန်ကျရင်
တခြားကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ဖို့ အတွက် စသဖြင့် ရည်မှန်းချက်တွေ ချမှတ်ပြီး
တော့ ငွေကို စီမံသင့်ပါတယ်။
ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့အတွက် အသုံးပြုပါ
အသစ်အသစ်တွေကို သင်ယူပါ၊ ခရီးထွက်ပါ၊ လုပ်ငန်းတွေမှာ စွန့်စားပြီးရင်းနှီး
မြုပ်နှံမှုတွေလုပ်ပါ။ ပြီးတော့ ကိုယ့်ရဲ့ ပြောဆို ဆက်ဆံရေး အရည်အသွေးတွေကို
လည်း တိုးတက်အောင်လုပ်ပါ။ ပညာအရည်အချင်းနဲ့ ဘွဲ့ကောင်းကောင်း ရထား
တဲ့လူတွေရဲ့ ၀င်ငွေကွာဟချက်တွေက တဖြည်းဖြည်းကြီးလာတာမို့
ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ အရေးကြီးပါတယ်။
စာညွှန်း- Inc.com မှာ ဖော်ပြထားတဲ့The Smartest Money Tips for 2015 From Warren Buffett and Other Experts မှ တချို့အချက်အလက်တွေကို ဆီလျော်ေ အာင် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
Credit -Strategy first Journal
စီမံနိုင်ဖို့ အကြံပေးချက်များ
ငွေပိုစုမိချင်သလား၊ ကျွန်တော်တို့အားလုံး ဘဏ်စာအုပ်ထဲမှာ ငွေများများရှိတာ
ကို မြင်ချင်ပါတယ်၊ ဒါပေမဲ့ လည်း ပြောသလောက် စုနိုင်ဖို့က မလွယ်တဲ့ကိစ္စပါ။
ကျွန်တော်တို့ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် ဘဏ္ဍာရေး website တစ်ခုဖြစ်
တဲ့ GOBanking Rates Warren Buffett အပါအ၀င် တခြားအထင်ကရ
ပုဂ္ဂိုလ်တွေရဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို ထုတ်ပြန်
ထားပါတယ်။
သူတို့တွေအားလုံးပြောတာတွေက
ကိုယ်အားသာတဲ့ အချက်တွေမှာ ပိုကောင်းအောင် ရင်းနှီးမြှုပ်နှံပြီးတော့ တခြား
နေရာတွေမှာတော့ မလိုရင်မသုံးပါနဲ့လို့ ဖြစ်ပါတယ်။ ဒီအချက်တွေက အဓိပ္ပာယ်
ရှိပါတယ်။ ဒီခေတ်ကြီးက စွန့်ဦးတီထွင်လုပ်ငန်းရှင်
စီးပွားရေး မသေချာ၊ မရေရာမှုတွေကြားမှာ မလိုအပ်ဘဲ မဖြုန်းတီးဖြစ်စေဖို့
အရေးကြီးပါတယ်။ ဆရာကြီးတွေပေးထားတဲ့ အကြံတွေထဲကမှ အရေးအပါ
ဆုံးဖြစ်တဲ့ အချက်တွေကို အောက်မှာ တွေ့နိုင်ပါတယ်။
ရိုးရိုးရှင်းရှင်းပဲစဉ်းစာ
ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးနေရာတွေက ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်တေ
ကောင်းစွာနားလည်နေတဲ့ လုပ်ငန်းတွေပဲဖြစ်ပါ တယ်လို့ ကမ္ဘာကျော်သူဌေး
ကြီး Warren Buffett က ပြောပါတယ်။ ကိုယ်နားမလည်တဲ့ လုပ်ငန်းတွေမှာ
ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာဟာ လောင်းကစားလုပ်နေတာနဲ့ တူပါတယ်လို့
Warren Buffett က CNBC သတင်းဌာနမှာ ပြောဖူးပါတယ်။
သူ့ရဲ့ ၂၀၁၄ ခုနှစ်က ရှယ်ယာရှင်တွေကို ပေးပိုတဲ့စာတွေထဲမှာ ‘ ရင်းနှီးမြှုပ်နှံမှု
တွေကနေ စိတ်ကျေနပ်လောက် အောင် အကျိုးအမြတ်တွေပြန်ရဖို့ သင်က
အရမ်းကျွမ်းကျင်တဲ့လူ ဖြစ်စရာမလိုပါဘူး။ ကိုယ်က သေချာနား လည်တဲ့လူ
မဟုတ်ဘူးဆိုရင် အဆင်ပြေနိုင်မယ့် အချက်တွေကို လိုက်နာရင်ရပါတယ်၊
ရိုးရိုးပဲစဉ်းစားပြီးတော့ တစ်ခုပြီးတစ်ခုပြောင်းပြီး ရင်နှီးမြှုပ်နှံတာမျိုးကို
မလုပ်သင့်ပါဘူး။ ပြီးတော့ သူများတွေပေးတဲ့ ကတိတွေ ကို အလွယ်တကူ
မယုံပါနဲ့၊ မြန်မြန်အကျိုးအမြတ်ရစေရမယ်
ပြန်ပြောလိုက်ပါလို့ Buffett က ပြောထားပါတယ်။
အခြေခံကပဲ စလုပ်ကိုင်ပါ
လူတွေတော်တော်များများက စီးပွားရေးအခြေအနေ တိုးတက်ချင်ကြပေမယ့်
ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိကြဘူးလို့ သတင်းထောက် Jeanette
Pavini က ပြောပါတယ်။ လူတွေဟာ တိုးတက်ဖို့အတွက် လုပ်စရာ နည်း
လမ်းတွေ အများကြီးရှိကြ ပေမယ့် မအောင်မြင်နိုင်ဘူးလို့ပဲ တွေးပြီးတော့
စိတ်ဓာတ်ကျပြီး အရှုံးပေးတတ်ကြပါတယ်လို့ သူက ပြောပါတယ်။
ဒီလိုမျိုးမဖြစ်ပါစေနဲ့၊ ဘဏ္ဍာရေးအခြေအနေ တိုးတက်အောင်လုပ်တာဟာ
အရမ်းခက်ခဲတဲ့အရာမဟုတ်ပါဘူး
တယ်ဆိုတာက ပိုနားလည်ပြီးတော့ ပိုတိုးအောင်လုပ်ဖို့နဲ့ ကုန်ကျစရိတ်တွေကို
လျှော့ပြီးလုပ်ကိုင်နိုင်ဖိ
တွေမှာ ကိုယ်ထိန်းချုပ် ပြောင်းလဲလို့ရမလဲဆိုတာကို သိအောင်လုပ်ပါ။ ပြောင်း
လဲမှုနဲ့ ကိစ္စကြီးတွေကသာ အရေးကြီးတယ်လို့ မထင်ပါ နဲ့၊ ငွေစုတယ်ဆိုရင်
လည်း ဘယ်လောက်နည်းနည်း အရေးမကြီး ပါဘူး၊ ရေစက်ရေပေါက်တွေ
များလာရင် ရေကန်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။
မိတ်ဆွေကောင်းတွေ လိုပါတယ်
ဝိတ်ချတဲ့ ပရိုဂရမ်တွေလိုပါပဲ၊ ကိုယ့်ကို ကူညီနိုင်မယ့် partner တစ်ယောက်
လိုပါတယ်။ ကိုယ့်ကိုအကြံကောင်း တွေ ပေးနိုင်ဖို့ accounting၊ ငွေကြေးနဲ့
ပတ်သက်တဲ့ ကိစ္စတွေမှာ နားလည်တဲ့ မိတ်ဆွေတစ်ယောက်ရှိထားဖို့ လိုပါတယ်။
အကြွေးကင်းအောင်နေပါ
ဒီအချက်ဟာ ကုမ္ပဏီအခုမှ စတင်တည်ထောင်တဲ့လူတွေအတွက်ဆ
ခက်မှာဖြစ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းလည်ပတ် တဲ့အခါမှာ အကြွေးနည်း
နိုင်သလောက်နည်းအောင် လုပ်တာကောင်းပါတယ်။ ကိုယ်ရေး ကိုယ်တာအရ
လည်း အကြွေးတွေ မရှိတာအကောင်းဆုံးပါပဲ။
တိကျတဲ့ ရည်မှန်းချက်တွေ ချမှတ်ပါ
ဘယ်အရာကို ဦးတည်ပြီး လုပ်ကိုင်နေမှန်း မသိဘူးဆိုရင် ကိုယ်ရဲ့ ဘဏ္ဍာရေး
အခြေအနေ တိုးတက်အောင် လုပ်ဖို့က လွယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ငွေ
တွေကို ဘယ်အရာအတွက် ဘယ်လောက်လိုအပ်တယ်ဆိုတာကို သေချာတွေး
ထားပါ။ ဥပမာ အရေးပေါ် အခြေအနေတွေအတွက် ငွေဖယ်ထားတာ၊ ကလေး
တွေကို တက္ကသိုလ် ပို့ဖို့ စုထားတာ၊ ဒါမှမဟုတ် ပင်စင်ယူ အနားယူတဲ့ အချိန်ကျရင်
တခြားကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ဖို့ အတွက် စသဖြင့် ရည်မှန်းချက်တွေ ချမှတ်ပြီး
တော့ ငွေကို စီမံသင့်ပါတယ်။
ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့အတွက် အသုံးပြုပါ
အသစ်အသစ်တွေကို သင်ယူပါ၊ ခရီးထွက်ပါ၊ လုပ်ငန်းတွေမှာ စွန့်စားပြီးရင်းနှီး
မြုပ်နှံမှုတွေလုပ်ပါ။ ပြီးတော့ ကိုယ့်ရဲ့ ပြောဆို ဆက်ဆံရေး အရည်အသွေးတွေကို
လည်း တိုးတက်အောင်လုပ်ပါ။ ပညာအရည်အချင်းနဲ့ ဘွဲ့ကောင်းကောင်း ရထား
တဲ့လူတွေရဲ့ ၀င်ငွေကွာဟချက်တွေက တဖြည်းဖြည်းကြီးလာတာမို့
ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ အရေးကြီးပါတယ်။
စာညွှန်း- Inc.com မှာ ဖော်ပြထားတဲ့The Smartest Money Tips for 2015 From Warren Buffett and Other Experts မှ တချို့အချက်အလက်တွေကို ဆီလျော်ေ အာင် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
Credit -Strategy first Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။