ကျောင်းတွေက သင်မပေးလိုက်တဲ့ ဘဝထဲက သင်ခန်းစာများ
************************** *************************
မူကြိုကျောင်းစတက်တဲ့အချိန် ကနေစပြီး ကျွန်တော်တို့တွေဟာ တက္ကသိုလ်တွေရောက်၊ ဘွဲတွေရဖို့ထိဆိုရင် ဆယ်စုနှစ်နှစ်ခုနီးပါး ကြာပါတယ်။
ဒီကာလအတွင်းမှာ ကျွန်တော်တို့တွေဟာ ရင့်ကျက်တန်သမျှ ရင့်ကျက်ခဲ့သလို၊ လေ့လာမှတ်သားသင့်တာတွေကိုလည်း လေ့လာခဲ့ပါတယ်။
ဒါပေမယ့် ဒီကျောင်းတွေက ဘယ်တုန်းကမှ သင်မပေးလိုက်တဲ့ ဘဝမှာအရေးတကြီးလိုအပ်တဲ့ သင်ခန်းစာတစ်ချို့ရှိပါတယ်။
ဒီသင်ခန်းစာတွေကို သင်ဟာ တကယ့်လက်တွေ့ဘဝထဲရောက်မှ နှာဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ရတာပါ။ တစ်ချို့က ဒီသင်ခန်းစာတွေကို
ကျော်ဖြတ်အောင်မြင်ခဲ့ကြပေမ ယ့်၊ တစ်ချို့တွေကတော့ ရှုံးနိမ့်ခဲ့ကြပါတယ်။
၁။ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ။
သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းတက်ခဲ့တဲ့ကာလတစ်လျှောက် ကျွန်တော်တို့တွေ ငွေကြေးစီမံမှုအကြောင်း သိပ်ရေရေရာရာ
သဘောမပေါက်ခဲ့ကြပါဘူး။ တစ်နေ့တာ မုန့်ဖိုးအသုံးစရိတ်ဆိုတာကလွဲရင် ငွေဆိုတာနဲ့ မရင်းနှီးခဲ့ပါဘူး။ ကျောင်းသားဟာ ကျောင်းစာလုပ်ရမယ်ဆိုတဲ့
အသိကိုပဲ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ငွေမက်တယ်ဆိုရင် ရှက်စရာကောင်းတယ်လို့ ခံစားမိတဲ့အထိ ကျွန်တော်တို့ ငွေအပေါ်မှာ
အဓိပ္ပာယ်ကောက်လွဲခဲ့ပါတယ်။
ငွေဆိုတာ ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့ ဆိုးလည်းအတူ၊ ကောင်းလဲအတူ အမြဲတွဲလျက်ရှိနေမယ့် မိတ်ဆွေဆိုလည်း မမှားပါဘူး။ ဒီတော့ ငွေအကြောင်းကို
ကျွန်တော်တို့ သေချာနားလည်သင့်ပါတယ်။ ငွေဆိုတာကို ပြည့်ပြည့်ဝဝနားလည်မှ ငွေကို ဘယ်လိုအသုံးချရမလဲဆိုတာကိုလ ည်း သဘောက်ပေါက်ရင်း
ငွေနောက်လိုက်တဲ့သူတွေ မဟုတ်ဘဲ ငွေက လူနောက်ကို ပြန်လိုက်ရမယ့်သူတွေ ဖြစ်လာမှာပါ။
၂။ ဘဝတစ်လျှောက် အလုပ်တွေအများကြီး ပြောင်းရမယ်။
ငယ်ငယ်တုန်းကသိထားခဲ့တာက ပညာတွေသင်၊ စာတွေတော်ပြီး ဘွဲတွေရရင် အလုပ်အကိုင်ကောင်းကောင်းရမယ်။ ရာထူးကြီးတွေ တက်သွားရာကတစ်ဆင့်
ကိုယ့်ဘဝလည်း အောင်မြင်လာမယ်။ ဒီလောက်ပဲ စာသင်ကျောင်းတွေက ကျွန်တော်တို့ကို သိစေပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့
တက်တက်စင်အောင် လွဲပါတယ်။ ကျွန်တော်တို့ ဘဝတွေ၊ အလုပ်တွေ ခဏခဏပြိုလဲပါတယ်။ အစကနေ ပြန်စတင်ရပါတယ်။
ကြီးကြီးတက်အောင်မြင်ဖို့ အလုပ်တွေပြောင်းရသလို၊ အခက်အခဲတစ်ချို့ကြောင့် အလုပ်တွေကနေလည်း ထုတ်ခံရပါတယ်။
ဒီတော့ အလုပ်အကိုင် အပြောင်းအလဲတွေ၊ ဘဝမှာ အချိုးအကွေ့သဖွယ် ကြုံလာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အြေ ကာင်း ကျွန်တော်တို့ သိဖို့လိုပါတယ်။
၃။ ကမ္ဘာကြီးက လှပတဲ့နေရာတစ်ခုပါ။
ကမ္ဘာကြီးက တကယ်တော့ လှပတဲ့နေရာတစ်ခုပါ။ ကျွန်တော်တို့ ကျောင်းသင်ခန်းစာထဲမှာ ကမ္ဘာမြေကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ
သင်ရပါတယ်။ ကိုယ့်သက်ဆိုင်ရာနိုင်ငံနဲ့ ပါတ်သက်တာတွေ သင်ရပါတယ်။ ဘယ်ဒေသက ဘယ်တွင်းထွက်တွေ၊ သယံဇာတတွေ ထွက်တယ်ဆိုတာတွေလည်း
သင်ရပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကို ချစ်တတ်အောင်တော့ သင်မပေးလိုက်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အလှအပတွေကို ခံစားတတ်အောင် လေ့မကျင့်ပေးလိုက်ပါဘူး။
သဘာဝတရားနဲ့ ကမ္ဘာကြီးကို တန်ဖိုးထားတတ်ဖို့ဆိုတာ ငယ်စဉ်ကလေးဘဝကတည်းက နှလုံးသားထဲ ရိုက်ထည့်ပေးလိုက်ရမယ့် အသိတရားတွေပါ။
၎။ အိမ်ထောင်ပြုခြင်၊ ကလေးရခြင်းနောက်ပိုင်း ဘဝတွေ ပြောင်းလဲသွားတတ်တယ်။
အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားတဲ့သူတွေကို မြင်မိတိုင်း ဒီအကြောင်းတရားလေးကို တွေးမိပါတယ်။ လူငယ်တွေက အိမ်ထောင်ပြုတယ်ဆိုတာကို
လွယ်တယ်အထင်နဲ့ ပေါ့ပေါ့တန်တန်သဘောထားတတ်ကြ ပါတယ်။ ဒီတော့ အချိန်မတန်ခင် အိမ်ထောင်တွေကျပြီး ဘဝမှာ လိုတာထက်ပို ခက်ခဲသွားတတ်ပါတယ်။
မိဘတွေ၊ အသိုင်းအဝိုင်းတွေအမြင်မှာ အိမ်ထောင်ပြုတဲ့ကိစ္စဟာ သားတွေ၊သမီးတွေနဲ့ မဆွေးနွေးသင့်တဲ့ကိစ္စ၊ မျက်နှာပူစရာ ရှက်စရာကောင်းတဲ့ကိစ္စဆိုပြီး
သဘောထားတတ်ပါတယ်။ ဒီတော့ လူငယ်တော်တော်များများမှာ အိမ်ထောင်ပြုခြင်းနဲ့ ပါတ်သက်ပြီး သိပ်လေးလေးနက်နက်မတွေးတတ်တော့ပါဘူး။
အိမ်ထောင်ပြုတာက သင့်ဘဝရဲ့တစ်ဆစ်ချိုးပါ၊ ကလေးပါရပြီဆိုရင်တော့ ဘဝဟာ လုံးလုံးလျားလျား ပြောင်းလဲသွားပါပြီ။
၅။ ကိုယ့်ကိုယ်ကိုရဲ့ အကောင်းဆုံး
ကျွန်တော်တို့ ကျောင်းတွေမှာ သူရဲကောင်းတွေအကြောင်း သင်ရပါတယ်။ တစ်ခါတစ်ရံ ကြက်သီးထစရာကောင်းတဲ့အထိ ခံစားရပါတယ်။
တစ်ခါတစ်ရံ ရဲမာန်တက်ကြွသလောက် တစ်ခါတစ်ရံမှာတော့ အားကျမိပါတယ်။ ဒီအဆင့်မှာတင် ကျွန်တော်တို့ ရပ်တန့်လိုက်ကြပါတယ်။
သူရဲကောင်းတွေဆီက ကောင်းတဲ့အလေ့အကျင့်တွေလည်း အတုယူဖို့ မကြိုးစားမိပါဘူး။ စာမေးပွဲမှာ ဖြေရမယ့် သူတို့အကြောင်းတွေ မှတ်သားပြီးလို့
စာမေးပွဲအပြီး တစ်လကြာတာနဲ့ ခေါင်းထဲမှာ မရှိတတ်တော့ပါဘူး။
နောက်ပြီး စာသင်ကျောင်းတွေက ထိပ်တန်းလူတွေအကြောင်းကို သင်ပေးပါတယ်။ ကျွန်တော်တို့ကိုယ်ကို ဘယ်လိုကောင်းအောင် ပြုပြင်နေထိုင်ရမလဲဆိုတာကို
လမ်းမပြပေးခဲ့ပါဘူး။ ကိုယ်ထူးချွန်တဲ့အရာကို ထူးချွန်သည်ထက်ထူးချွန်အောင် မပျိုးထောင်ပေးပါဘူး။
ဒါပေမယ့် ဒီအရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမယ့်အရာတွေပါ။
ကိုယ်လူတော်တစ်ယောက် ဖြစ်ဖို့အတွက် ကိုယ်တက်ခဲ့တဲ့ ကျောင်းမှာ တာဝန်မရှိပါဘူး။ ကိုယ့်ကို သင်ခဲ့တဲ့ဆရာအပေါ်မှာ တာဝန်မရှိပါဘူး။
ကိုယ့်ကိုယ်ကို အပေါ်မှာပဲ တာဝန်ရှိပါတယ်။
မှတ်ချက်။ ။ ဒီစာကိုရေးဖြစ်တာက စာသင်ကျောင်းတွေကို ဝေဖန်တဲ့စိတ်မဟုတ်ဘဲ ဘဝထဲမှာ ကိုယ်ကြုံတွေ့ရမယ့် သင်ခန်းစာတွေကို ကြိုတင်လေ့လာစေလိုတဲ့စိတ်နဲ့  ဖြစ်ပါတယ်။
Credit-ရွှေညာမောင် (Focus Youth E-magazine)
**************************
မူကြိုကျောင်းစတက်တဲ့အချိန်
ဒီကာလအတွင်းမှာ ကျွန်တော်တို့တွေဟာ ရင့်ကျက်တန်သမျှ ရင့်ကျက်ခဲ့သလို၊ လေ့လာမှတ်သားသင့်တာတွေကိုလည
ဒါပေမယ့် ဒီကျောင်းတွေက ဘယ်တုန်းကမှ သင်မပေးလိုက်တဲ့ ဘဝမှာအရေးတကြီးလိုအပ်တဲ့ သင်ခန်းစာတစ်ချို့ရှိပါတယ်။
ဒီသင်ခန်းစာတွေကို သင်ဟာ တကယ့်လက်တွေ့ဘဝထဲရောက်မှ နှာဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ရတာပါ။ တစ်ချို့က ဒီသင်ခန်းစာတွေကို
ကျော်ဖြတ်အောင်မြင်ခဲ့ကြပေမ
၁။ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲမလဲ။
သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းတက်ခဲ့တဲ့ကာလတစ်လျှေ
သဘောမပေါက်ခဲ့ကြပါဘူး။ တစ်နေ့တာ မုန့်ဖိုးအသုံးစရိတ်ဆိုတာကလ
အသိကိုပဲ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ငွေမက်တယ်ဆိုရင် ရှက်စရာကောင်းတယ်လို့ ခံစားမိတဲ့အထိ ကျွန်တော်တို့ ငွေအပေါ်မှာ
အဓိပ္ပာယ်ကောက်လွဲခဲ့ပါတယ်။
ငွေဆိုတာ ဘဝတစ်လျှောက်လုံး ကျွန်တော်တို့နဲ့ ဆိုးလည်းအတူ၊ ကောင်းလဲအတူ အမြဲတွဲလျက်ရှိနေမယ့် မိတ်ဆွေဆိုလည်း မမှားပါဘူး။ ဒီတော့ ငွေအကြောင်းကို
ကျွန်တော်တို့ သေချာနားလည်သင့်ပါတယ်။ ငွေဆိုတာကို ပြည့်ပြည့်ဝဝနားလည်မှ ငွေကို ဘယ်လိုအသုံးချရမလဲဆိုတာကိုလ
ငွေနောက်လိုက်တဲ့သူတွေ မဟုတ်ဘဲ ငွေက လူနောက်ကို ပြန်လိုက်ရမယ့်သူတွေ ဖြစ်လာမှာပါ။
၂။ ဘဝတစ်လျှောက် အလုပ်တွေအများကြီး ပြောင်းရမယ်။
ငယ်ငယ်တုန်းကသိထားခဲ့တာက ပညာတွေသင်၊ စာတွေတော်ပြီး ဘွဲတွေရရင် အလုပ်အကိုင်ကောင်းကောင်းရမယ
ကိုယ့်ဘဝလည်း အောင်မြင်လာမယ်။ ဒီလောက်ပဲ စာသင်ကျောင်းတွေက ကျွန်တော်တို့ကို သိစေပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့
တက်တက်စင်အောင် လွဲပါတယ်။ ကျွန်တော်တို့ ဘဝတွေ၊ အလုပ်တွေ ခဏခဏပြိုလဲပါတယ်။ အစကနေ ပြန်စတင်ရပါတယ်။
ကြီးကြီးတက်အောင်မြင်ဖို့ အလုပ်တွေပြောင်းရသလို၊ အခက်အခဲတစ်ချို့ကြောင့် အလုပ်တွေကနေလည်း ထုတ်ခံရပါတယ်။
ဒီတော့ အလုပ်အကိုင် အပြောင်းအလဲတွေ၊ ဘဝမှာ အချိုးအကွေ့သဖွယ် ကြုံလာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အြေ
၃။ ကမ္ဘာကြီးက လှပတဲ့နေရာတစ်ခုပါ။
ကမ္ဘာကြီးက တကယ်တော့ လှပတဲ့နေရာတစ်ခုပါ။ ကျွန်တော်တို့ ကျောင်းသင်ခန်းစာထဲမှာ ကမ္ဘာမြေကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ
သင်ရပါတယ်။ ကိုယ့်သက်ဆိုင်ရာနိုင်ငံနဲ့
သင်ရပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကို ချစ်တတ်အောင်တော့ သင်မပေးလိုက်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အလှအပတွေကို ခံစားတတ်အောင် လေ့မကျင့်ပေးလိုက်ပါဘူး။
သဘာဝတရားနဲ့ ကမ္ဘာကြီးကို တန်ဖိုးထားတတ်ဖို့ဆိုတာ ငယ်စဉ်ကလေးဘဝကတည်းက နှလုံးသားထဲ ရိုက်ထည့်ပေးလိုက်ရမယ့် အသိတရားတွေပါ။
၎။ အိမ်ထောင်ပြုခြင်၊ ကလေးရခြင်းနောက်ပိုင်း ဘဝတွေ ပြောင်းလဲသွားတတ်တယ်။
အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားတဲ့သူတွေကို
လွယ်တယ်အထင်နဲ့ ပေါ့ပေါ့တန်တန်သဘောထားတတ်ကြ
မိဘတွေ၊ အသိုင်းအဝိုင်းတွေအမြင်မှာ အိမ်ထောင်ပြုတဲ့ကိစ္စဟာ သားတွေ၊သမီးတွေနဲ့ မဆွေးနွေးသင့်တဲ့ကိစ္စ၊ မျက်နှာပူစရာ ရှက်စရာကောင်းတဲ့ကိစ္စဆိုပြီ
သဘောထားတတ်ပါတယ်။ ဒီတော့ လူငယ်တော်တော်များများမှာ အိမ်ထောင်ပြုခြင်းနဲ့ ပါတ်သက်ပြီး သိပ်လေးလေးနက်နက်မတွေးတတ်တေ
အိမ်ထောင်ပြုတာက သင့်ဘဝရဲ့တစ်ဆစ်ချိုးပါ၊ ကလေးပါရပြီဆိုရင်တော့ ဘဝဟာ လုံးလုံးလျားလျား ပြောင်းလဲသွားပါပြီ။
၅။ ကိုယ့်ကိုယ်ကိုရဲ့ အကောင်းဆုံး
ကျွန်တော်တို့ ကျောင်းတွေမှာ သူရဲကောင်းတွေအကြောင်း သင်ရပါတယ်။ တစ်ခါတစ်ရံ ကြက်သီးထစရာကောင်းတဲ့အထိ ခံစားရပါတယ်။
တစ်ခါတစ်ရံ ရဲမာန်တက်ကြွသလောက် တစ်ခါတစ်ရံမှာတော့ အားကျမိပါတယ်။ ဒီအဆင့်မှာတင် ကျွန်တော်တို့ ရပ်တန့်လိုက်ကြပါတယ်။
သူရဲကောင်းတွေဆီက ကောင်းတဲ့အလေ့အကျင့်တွေလည်း
စာမေးပွဲအပြီး တစ်လကြာတာနဲ့ ခေါင်းထဲမှာ မရှိတတ်တော့ပါဘူး။
နောက်ပြီး စာသင်ကျောင်းတွေက ထိပ်တန်းလူတွေအကြောင်းကို သင်ပေးပါတယ်။ ကျွန်တော်တို့ကိုယ်ကို ဘယ်လိုကောင်းအောင် ပြုပြင်နေထိုင်ရမလဲဆိုတာကို
လမ်းမပြပေးခဲ့ပါဘူး။ ကိုယ်ထူးချွန်တဲ့အရာကို ထူးချွန်သည်ထက်ထူးချွန်အောင
ဒါပေမယ့် ဒီအရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမယ့်အရာတေ
ကိုယ်လူတော်တစ်ယောက် ဖြစ်ဖို့အတွက် ကိုယ်တက်ခဲ့တဲ့ ကျောင်းမှာ တာဝန်မရှိပါဘူး။ ကိုယ့်ကို သင်ခဲ့တဲ့ဆရာအပေါ်မှာ တာဝန်မရှိပါဘူး။
ကိုယ့်ကိုယ်ကို အပေါ်မှာပဲ တာဝန်ရှိပါတယ်။
မှတ်ချက်။ ။ ဒီစာကိုရေးဖြစ်တာက စာသင်ကျောင်းတွေကို ဝေဖန်တဲ့စိတ်မဟုတ်ဘဲ ဘဝထဲမှာ ကိုယ်ကြုံတွေ့ရမယ့် သင်ခန်းစာတွေကို ကြိုတင်လေ့လာစေလိုတဲ့စိတ်နဲ
Credit-ရွှေညာမောင် (Focus Youth E-magazine)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။