Min Yar added 2 new photos.
'အနာဂတ်'
ကျွန်တော်တို့ အမျိုးတွေ ကြားထဲမှာတော့ ကလေးရှိရင် 'သား က အင်ဂျင်နီယာကြီးလုပ်မှာ၊ သမီးက ဆရာဝန်မကြီး လုပ်မှာ၊ ကျွန်တော်က စစ်ဗိုလ် ကြီးလုပ်မှာ ' ဆိုတာမျိုးက မကြားချင်မှ အဆုံး။
ကျွန်တော်လည်း ပြောခဲ့ တာပါပဲ...
အဲဒီလိုလေး ပြောလိုက်မှ မိဘတွေ စိတ်ချမ်းသာကြပြီး 'လိမ္မာလိုက်တဲ့ ကလေး' အပြောခံရတာကိုး ဗျ။
သားက ကြီးရင် ဘောလုံးကန်မှာ၊ ဂစ်တာတီးမှာ၊ စာရေးဆရာ လုပ်မှာ၊ ဘုန်းကြီးဝတ်မှာ၊ ....(စသဖြင့် ပေါ့လေ) အဲဒီလို စကားမျိုးတော့ မကြားခဲ့မိဘူး ထင်ပါရဲ့....
အဲလို ပြောခဲ့ ရင်လည်း...ဟဲ့ တက်လမ်းမရှိတဲ့ အလုပ် မလုပ်ရပါဘူး အပြောခံရမှာ မလွဲပါပဲ...။
ဂျပန်မှာတော့ ကလေးတွေရဲ့ အနာဂတ်ကို လွတ်လပ်စွာ လမ်းဖွင့်ပေးလိုက်ကြတယ်။ မူလတန်းမှာ လူ့ယဉ်ကျေးမှု ၊ စည်းကမ်းတွေကို စာမေးပွဲမရှိ သင်ပေးပြီး အလယ်တန်း အထက်တန်းတွေမှာ ကိုယ်နှစ်သက်တဲ့ အားကစား၊ စာပေ၊ ဂီတ၊ ဝါသနာ ပါရာ အာသန်ရာကို ရွေးချယ် သင်ယူစေပါတယ်။
မနက်အလုပ် သွားတဲ့ အချိန်တိုင်း တွေ့ရတာ က ကျောင်းသူကျောင်းသားတွေ လေးလံလှတဲ့ လွယ်အိတ်ကြီးတွေ ကိုယ်တိုင် လွယ်ပြီး သွားနေတာ...အားကစား အိတ်တွေ ကို့ယို့ကားယား နဲ့ သွား နေတာ...ဂစ်တာတွေ တူရိယာ ပစ္စည်းမျိုးစုံတွေ သယ်ပြီး ကျောင်းတက်နေကြတာ....တွေပါပဲ။
သူတို့ လေးတွေကို လေးစားမိသလို...အားလည်းကျမိပါရဲ့ ဗျာ...
ကိုယ့်ရဲ့ အနာဂတ် ကို ကိုယ်တိုင် ရွေးချယ် ခွင့် ပေးလိုက်တာပါ...။
ကလေးတစ်ယောက်ရဲ့ အနာဂတ် ကို သူ့စိတ်ကူး သူ့ဗီဇနဲ့ သူ့ကိုယ်ရည်အရည်သွေး၊ သူဝါသနာနဲ့ ထပ်တူကျအောင် ပုံကြမ်းဖေါ် လမ်းခင်းပေးလိုက်ကြပါတယ်...
ဂျပန်လူမျိုးတွေက ရေရှည် ကို တွက်ကြတယ်ဗျ...
ဟိုးရှေးတုန်းက ကျွန်တော်တို့တွေ ဂျပန်ငပု ခေါ်ခဲ့ကြတယ်...အခု ကျွန်တော်တို့က ဘီရုမာ ငပု အခေါ်ခံနေရပြီ...
(သူတို့လူမျိုး အရပ်ပုတယ် အပြော ခံရမလားဆိုပြီး မူလတန်း ကျောင်းတွေမှာ နွားနို့ မသောက်မနေရ အခမဲ့ တိုက်ခဲ့တာ အခုချိန်ထိ တဲ့)
ရှေးအုပ်ချုပ်သူများရဲ့ အမြော်မြင်ကြီးမှု ကို အခု လက်တွေ့ ခံစား နေကြရပြီ...
ကျွန်တော် ဆောက်လုပ်ရေး လုပ်တဲ့ အချိန်က KAWAGOE မြို့မှာ ...ရေမြောင်း အဟောင်းတွေ စက်နဲ့ တူးပြီး အသစ် ထည့်ရတယ်...ဘာလုပ်ဖို့လဲ ဆိုတော့ ...နောက် ငါးနှစ်မှာ ဒီရပ်ကွက်က အသစ်တည်ရတော့မယ် ဒါ့ကြောင့် ခေတ်မှီရာနဲ့ ကြိုလဲ ကြတာ....တဲ့
ကျွန်တော် တွေးကြည့်မိတယ်...ရေမြောင်းတခုက အဲ့ဒီလောက် အရေးကြီးလား ပေါ့ဗျာ...
ရေမြောင်းလေးတစ်ခုကြောင့် တိုင်းပြည် ငွေ ထိခိုက်နိုင်တယ် ဆိုရင် ကြီးကျယ် ရာများ ကျမလားပဲ...
တကယ်တော့ အမှန်ဗျ...
ခရိုနီ၊ ခရိုဝါ လုပ်စားသမျှ ကျွန်တော်တို့ ခံကြရတယ်..သူတို့တွေ မြေဈေးကစားသမျှ ကျွန်တော်တို့ ဆင်းရဲသား ပြည်သူတွေက မြို့ပြင် ထွက်နေကြရတယ်...ရေမြောင်းမရှိ ၊ လမ်းမရှိ ဦးရာလူ ဈေးသက်သက် သာသာနဲ့ ခြံခတ်ပြီး နေကြတယ်...မြို့ပြစီမံကိန်းဆိုတာ ဘာမှန်းမသိ..အားလုံးက ကိုယ်ထူကိုယ်ထ။
ဒီလိုနဲ့ လူနေအိမ်လေးတွေ များလာတော့ ရပ်ကွက်လေးလိုဖြစ်လာတယ်...ရေရှည် အနာဂတ်စီမံကိန်းဆိုတာ မရှိတဲ့ လူ့ပတ်ဝန်းကျင်တခု ဖြစ်လာတယ်...ဒီလိုနဲ့ မိုးတွင်းကာလ ရောက်ရောဗျ။
ရေဝပ်တဲ့ အိမ်က ငါ့အိမ် ရေဝပ်ရမလားဆိုပြီး မြေကြီးဝယ်ဖို့၊ အဲဒီလို မြေကြီးဖို့လိုက်တော့ အနီးနားကအိမ်မှာ ရေဝပ်တယ်။
တခါ အဲဒီအိမ်ကလည်း မြေဝယ်ဖို့လိုက်တယ်ဗျ...
ကျွန်တော်တို့ ဖော်ရမှာက ရေမြောင်း...ဒါပေသိ ဖို့တာက မြေ။
ဒီလိုနဲ့ ရပ်ကွက်ထဲမှာ သူ့ထက်ငါ မြေဖို့လိုက်ကြတာ ...မြေမဖို့နိုင်တဲ့အိမ်နဲ့ လူမနေတဲ့ခြံ ရေစုပါတော့တယ်...
ရေဝပ်တော့ ခြင် ပေါက်တယ်...လူတွေ နာမကျန်းဖြစ်ကြတယ်..ဆေးကုစရာ ပြည်တွင်းဖြစ်က သိပ်မရှိ .ဆေးကို နိုင်ငံခြားက မှာရတယ်...
အဲဒီတော့ လူထု လုပ်အား၊ နိုင်ငံဝင်ငွေ ဆုံးရှုံးရတယ်....စေ့စေ့တွေးရင် ရေးရေးပေါ်ကြပါလိမ့်မယ်...ထင်ပါရဲ့ဗျာ.... လောကမှာ ဆက်နွယ်ခြင်း မရှိ ဆိုတာ နိဗ္ဗာန် ကလွဲ အခြားမရှိဘူး ဗျ..
ကျွန်တော်တို့ ကြိုးစား ကြရပါဦးမယ်...ရပ်ကွက်ထဲက ရေတောင် အပြင်ရောက်အောင် မထုတ်နိုင်သေးရင်၊ တစ်ယောက်တပေါက် ဖြစ်နေရင်၊ ကျွန်တော် တို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ် .......။
မင်းယျာ
ဂျပန်ရောက်မြန်မာ များ,Maung Shin,Kyawthu Soe,Thu Kha Bsc,
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။