Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 29, 2016

ဒီမှာ ကောင်လေး

ဒီမှာ ကောင်လေး

ဒီမှာ ကောင်လေး
မင်းချစ်တဲ့ ကောင်မလေး မင်းကို
ပြန်ချစ်သွားတဲ့အခါ...
မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးသော သူပါ။

ဒီမှာ ကောင်လေး
မင်းချစ်တဲ့ ကောင်မလေး မင်းကို
ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်လိုက်တဲ့အခါ
မင်းဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသော သူပါ။

ဒီမှာ ကောင်လေး
သူ့ခမျာ မင်းကိုချစ်တဲ့စိတ်နဲ့ ၊
မင်းနဲ့ အတူတူနေချင်တဲ့စိတ်နဲ့
သူ့ဘဝတခုလုံးကို ရင်း၍ လောင်းကြေးတည်ပြီး
မင်းလက်ကိုတွဲဖို့ ရွေးချယ်ခဲ့တာ
သူ့ကို ကောင်းကောင်း တန်ဖိုးထားပါ။
သူ့ ရဲ့ ရွေးချယ်မှုဟာ မှန်ကန်ပါစေ။

ဒီမှာ ကောင်လေး
သူ့ခမျာ ချစ်သူဆိုတဲ့ မင်း အတွက်ကြောင့်
နှစ်ပေါင်းများစွာ တစ်မိုးတည်းအောက်မှာ
အတူတူ နေလာခဲ့တဲ့ သွေးရင်းသားရင်း
မိဘနဲ့ ညီအကို ၊မောင်နှမ တို့ကို ခွဲခွာပြီး
သွေးမတော် သားမစပ်တဲ့ မင်းရဲ့ မိသားစု
အသိုင်းအဝန်းထဲကို
ဝင်ရောက်လာရရှာတာ
သူ့ကို မင်း မိသားစု အသိုင်းအ၀န်း ထဲမှာ
မျက်နှာမငယ် ၊ အား မငယ်မိပါစေနဲ့။

ဒီမှာ ကောင်လေး
သူ့ခမျာ ❝စောင့်လေ မျိုးနွယ်❞ ဆိုတဲ့
ဆိုရိုးစကားအတိုင်း
မင်းအမျိုးနွယ်ကို ဆက်လက်ထိန်းသိမ်း
ပြန့်ပွားနိုင်ဖို့ ပင်ပင်ပန်းပန်း ကိုးလလွယ်ပြီး.
မွေးပေးနေရရှာတယ်။
သူ့ ဒုက္ခ တွေကို မင်း မြင်တတ်ပါစေကွယ်။

ဒီမှာ ကောင်လေး
မင်း အပြင်မှာ ရုန်းကန်ကြိုးစားပြီး
ရှာဖွေ နေရတဲ့ အချိန်မှာ
သူတယောက်တည်း
အိမ်မှာ အေးဆေးနေတယ်လို့တော့
မထင်လိုက်ပါနဲ့။
သူ့ခမျာ သား ၊ သမီး လိမ္မာ ဖို့အရေး
သွန်သင် ဆုံးမနေပြီး ....
အိမ်မှုကိစ္စ အဝဝကို မငြိုမငြင် လုပ်နေရရှာတယ်
မင်းရှာသမျှငွေကိုလည်း အလေအလွင့်မရှိအောင်
ချိုးခြံချွေတာ ပြီး စုဆောင်းပေးနေရှာတယ်။
မင်းမိဘ တွေကိုလည်း သူ့မိဘတွေလို
သဘောထားပြီး
ပြုစုစောင့်ရှောက် နေရရှာတာ ....

ဒီမှာ ကောင်လေး
သူ့ခမျာ မင်းစားချင်တာချက်၊
မင်းဝတ်တာတွေကိုလျှော် ၊
မင်း အလုပ်ကို တဖက်တလမ်းကနေ
ဝိုင်းဝန်းကူညီပြီး
မင်းကျန်းမာရေးအတွက်ပါ
စိတ်ပူပေးနေရရှာတာ တကယ်တော့
သူ့ခမျာ မင်းရဲ့ ဒုတိယ မိခင် ဖြစ်နေရရှာတာ။

ဒီမှာ ကောင်လေး
သဘောထား မတိုက်ဆိုင်လို့ ၊
အခန့် မသင့် လို့ စကားများ ကြတဲ့အခါ
အလျှော့ပေးလိုက်ပါ ၊ ယောက်ျားကောင်းဆိုတာ
မိန်းမကို အနိုင်မယူပါဘူး။

ဒီမှာ ကောင်လေး
လင်မယား ဆိုတာ
ငယ်ရွယ်အခါမှာ လက်တွဲဖော်
အသက်ကြီးအခါမှာ ဆေးပေးမီးယူဖော် တဲ့။

ဒီမှာ ကောင်လေး
❝အောင်မြင်တဲ့ ယောက်ျား ရဲ့ နောက်ကွယ်မှာ
မိန်းမကောင်းဆိုတာ ရှိတယ် ❞ တဲ့။

တကယ်တော့ မိန်းမ ကောင်း ၊
မကောင်း ဆိုတာလည်း ကိုယ့်ပေါ်မှာလည်း
မူတည်ပါသေးတယ်။

ကိုယ့်သာ သူ့အပေါ်
နားလည်၊ သည်းခံ ၊ ခွင့်လွှတ် ၊
မပြောင်းလဲသော ချစ်ခြင်းနဲ့
ဂရုစိုက် မြတ်နိုးတန်ဖိုးထားမယ် ဆိုရင်
သူဟာ မိန်းမကောင်း ဖြစ်လာမှာပါပဲ။

ဒီမှာ ကောင်လေး
အဲလို ကောင်မလေးမျိုး ရထားပြီးဆိုရင်
မင်းဟာ အောင်မြင်တဲ့
ယောက်ျားတစ်ယောက်ဆိုတာ ဧကန်မလွှဲပါ ။

သူငယ်ချင်း Page မှ။

Photo by
Dr Shwe Tun
Daw Mi Mi .

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။