Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 13, 2013

“လူငယ်နှင့် အမှတ်တံဆိပ်” (Youth & Brand)

 
Aung Ko U
“လူငယ်နှင့် အမှတ်တံဆိပ်” (Youth & Brand)

ယနေ့ခေတ်အချိန်တွင် ကုန်ပစ္စည်းတစ်ခု၏ အမှတ်တံဆိပ်သည် အတိုင်းအတာ တစ်ခုအထိ အရေးပါသော အချက်တစ်ခု ဖြစ်နေပါသည်။ ကုန်ပစ္စည်းတစ်ခု၏ အမှတ်တံဆိပ်ကို မြင်သည်နှင့် ထိုကုန်ပစ္စည်း၏ အရည်အသွေး၊ ယုံကြည်စိတ်ချရမှု၊ သက်တမ်းရှည်ကြာမှု၊ တန်ဖိုးစသည် တို့ကို တွဲကာ သိနိုင်ပါသည်။ ထို့ကြောင့်ပင် Apple, Samsung, Toyota, Honda, Mitsubishi, စသည်ဖြင့် ကမ္ဘာကျော် ကုမ္ပဏီကြီးများသည် မိမိတို့၏ ကုန်အမှတ်တံဆိပ်ကို ထင်ရှားအောင်၊ စိတ်ချယုံကြည်မှုရအောင် ကြိုးစားကြသလို ရေရှည်တည်တန့် ခိုင်မြဲအောင် အမြဲမပြတ်ကြိုးစား အားထုတ်နေကြပါသည်။ ကျွန်တော်တို့လူသား များသည်လည်း ဘဝတွင် ထိုသို့ပင် ဖြစ်ပါသည်။ မိမိ၏ အမည်တစ်ခုသည် မိမိ၏ ကိုယ်ပိုင် အမှတ်တံဆိပ်ပါ၊ ထိုအမှတ်တံဆိပ်ကို တန်ဖိုးရှိအောင်၊ လူအများလေးစားအောင်၊ ယုံကြည် စိတ်ချရအောင် အမြဲမပြတ်ကြိုးစား အားထုတ်ကြရပါမည်။

ခေတ်မီတိုးတက်နေသော ယနေ့အချိန်တွင် ကုမ္ပဏီများသည် အပြိုင်အဆိုင် သူ့ထက်ငါ ပိုကောင်းအောင်၊ အရည်အသွေးများ တိုးမြှင့်ကာ သုံးစွဲသူကို ဝန်ဆောင်မှု ပေးနေကြပါသည်။
ထို့အတူ စတင်ထုတ်လုပ်ချိန်တွင် သုံးစွဲသူများလက်ခံလာအောင် အရည်အသွေးကောင်းအောင် ပြုလုပ်ခြင်း၊ ကြေငြာခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း များဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့လူသားများသည်လည်း မိမိပိုင်ဆိုင်ထားသော ဘဝအတွက် မိမိ၏ အမည်ကို လူမှုဘဝ ပတ်ဝန်းကျင်တွင် အရည်အသွေး တိုးတက်အောင်၊ ယုံကြည်စိတ်ချရအောင်၊ တန်ဖိုးရှိအောင် အမြဲမပြတ်ကြိုးစားကြရပါမည်။

မိမိ၏အမည်ကို အရည်အသွေးရှိအောင် ဦးစွာကြိုးစားပါ။ ဥပမာ - Apple အမှတ်တံဆိပ်ကို မြင်သည်နှင့် ၎င်း၏ အရည်အသွေးကို ကမ္ဘာတစ်လွှားက သိကြသကဲ့သို့ မိမိ၏ အမည်ကို ကြားသည်နှင့် လူတိုင်းက မိမိ၏အရည်အသွေး၊ အရည်အချင်းကို တွဲမြင်နိုင်အောင် ကြိုးစားကြရပါမည်။ ဥပမာ ကမ္ဘာက သိသည့် မြန်မာများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည် တို့သည် နာမည်ကို ကြားသည်နှင့် မည်သည့်အရည်အချင်းများနှင့် ပြည့်စုံသည်ကို အများသိကြပါသည်။ ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းတစ်ခုကို ဂိုဒေါင်ထဲတွင် သိုလှောင်ထား၍ မရဘဲ ဈေးကွက်ထဲသို့ (ဝါ) သုံးစွဲသူလက်ထဲသို့ အရောက်ပို့ရ သကဲ့သို့ မိမိ၏အမည်နှင့် မိမိ၏အရည်အသွေးကို တွဲကာ မြင်နိုင်အောင် တည်ဆောက် ပြီးလျှင် လူမှုဘဝပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် ဆက်လက် ကြိုးစားရပါမည်။ ကုန်ပစ္စည်းတစ်ခုကို လူမသိသေးသည့် အချိန်တွင် ကြေငြာခြင်း၊ ဈေးကွက်တွင် အရောင်းမြှင့်တင်ခြင်း (promotion) များပြုလုပ်ရသလို မိမိ၏ အရည်အသွေးကို လူမှုဘဝပတ်ဝန်းကျင်တွင် လူအများ ယုံကြည်လက်ခံလာ အောင် အလုပ်ဖြင့်သက်သေပြကာ ကြေငြာခြင်း၊ promotion များပြုလုပ် ရပါမည်။ အကြောင်းမဲ့ ကြွားခြင်းမျိုးကို မဆိုလိုပါ၊ မိမိအရည်အချင်းနှင့် ထိုက်တန်သည့် အခွင့်အရေး တစ်ခုရလာသည့် အခါ အကောင်းဆုံးလုပ်ပြနိုင်ခြင်းသည် မိမိကိုယ်ကို ကြေငြာခြင်းပင် ဖြစ်ပါသည်။ ထို့အတူ မိမိအရည်အသွေးနှင့် ကိုက်ညီသော ပြည်တွင်း ပြည်ပ ပြိုင်ပွဲများတွင် အောင်မြင်မှုရအောင် ပါဝင်ယှဉ်ပြိုင်ခြင်းများသည် မိမိကိုယ်ကို promotion ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ဥပမာ အားဖြင့် အားလုံးသိကြသည့် Miss Myanmar နန်းခင်ဇေယျာ၊ စာပေမြှင့်တင် လူစွမ်းအင် ပြိုင်ပွဲတွင် ပထမဆုရရှိထားသော မြတ်သီရိမောင်၊Melody World မှ နိုင်ငံကျော် အဆိုတော်ဖြစ်လာသည့် ချမ်းချမ်း အိမ်မက်ဆုံရာမှ ရဲသွေးနောင်၊ အောင်မြင့်မြတ် Asia new star award ရရှိခဲ့သည့် မော်ဒလ် ထွန်းကိုကို၊ နိုင်ငံတစ်ကာ တက္ကသိုလ်များမှ ချီးမြှင့်သော ရာနှုန်းပြည့် ပညာသင်ဆုများ ရရှိကြသူများ စသည်တို့သည် မိမိကိုယ်ကို promotion လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

လုပ်ငန်းခွင်တစ်ခု၊ မိမိလုပ်ချင်သည့် နယ်ပယ်ကို စတင်ဝင်ရောက်ချိန်တွင် မိမိဘယ်လောက် ရနိုင်သည်ထက် မိမိ ဘယ်လောက်အထိ ပေးနိုင်သည်ကို ဦးစွာစဉ်းစားပါ။ ဥပမာ အလုပ်တစ်ခု စတင်လုပ်မည်ဆိုပါလျှင် လစာဘယ်လောက်ရမလဲကို ပထမစိတ်ဝင်စားကြပါသည်။ အလွန်မှားယွင်းသည့် ဦးတည်ချက်ဖြစ်ပါသည်။ ငွေမရှိဘဲ ရပ်တည်၍ မရနိုင်သည်ကို နားလည်ပါသည်။ သို့ပါလျှင် ဥပမာ ပြောကြည့်ပါမည်၊ မိတ်ဆွေကို ကျွန်တော် လစာ - သုံးသိန်း ပေးပါမည်၊ သုံးသိန်းနှင့်ထိုက်တန်သော အရည်အချင်း၊ စွမ်းဆောင်နိုင်မှု ရှိပါသလား? ထိုမေးခွန်းကို ကြားသောအခါ နည်းနည်းတော့ စဉ်းစားသွားပါသည်။ ထိုက်တန်သော အရည်အချင်းရှိပါလျှက်၊ တာဝန်များ ကျေပွန်ပါလျှက် ထိုက်တန်သော လစာမရပါလျှင် ရဲရဲဝံ့ဝံ့ ကျောခိုင်းလိုက်ပါ။ မိမိအမှန်တကယ် တတ်ကျွမ်းကျင်လျှင် အမှန်တကယ် ထိုက်တန်သော တစ်နေရာရှိပါသည်။ သို့သော် ပထမဦးဆုံး စဉ်းစားရမည်မှာ မိမိလုပ်ကိုင်မည့် လုပ်ငန်းနေရာ၏ တာဝန်၊ ဝတ္တရားများ မိမိနှင့် ကိုက်ညီမှု ရှိ/ မရှိကို စဉ်းစားရပါမည်။ ကိုက်ညီမှုရှိ၍ လုပ်ဆောင်ခွင့်ရသည်အခါ မိမိအရည်အသွေးကို အခြေခံကာ အကောင်းဆုံး လုပ်ပြနိုင်ရပါမည်။ မိမိအမှန်တကယ် အရည်အချင်းရှိလျှင်၊ တန်ဖိုးရှိလျှင်၊ အလုပ်က မိမိနောက်ကို လိုက်လာပါလိမ့်မည်။

Apple က iphone 5 ကိုလာရောက် တန်းစီဝယ်ကြရရန် လိုက်ခေါ်စရာမလိုဘဲ သုံးစွဲသူက လာစောင့်ဆိုင်းနေကြပါသည်။ ဆရာကြီးဦးမြကြိုင် က ကျောင်းသားများကို လာရောက်တက်ကြပါလို့ လိုက်ခေါ်စရာ မလိုဘဲ နေ့စဉ်နှင့်အမျှ၊ တစ်နှစ်ပတ်လုံး ကျောင်းတွင် သင်တန်းသား/သူ များ ပြည့်နေပါသည်။ မက်ဆီ၊ စီရော်လ်နာဒို တို့က ကျွန်တော် လာကစားပါရစေလို့ အသင်းပိုင်ရှင်၊ မန်နေဂျာများကို ပြောစရာမလိုပဲ ခေါ်ချင်နေသော အသင်းများ ဝိုင်းဝိုင်းလည်နေပါသည်။ ထို့အတူ ကျွန်တော် အောင်ကိုဦးသည်လည်း အင်္ဂလိပ်စာလိုက်သင်သည် ဟု မည်သည့် သတင်းစာ၊ ဂျာနယ်များ တွင်မှ မကြေငြာဘဲ တစ်နှစ်ပတ်လုံး အချိန်ပြည့်သင်ရပါသည်။ မိမိဘယ်လောက်ရမည်ထက် မိမိဘယ်လောက် အကောင်းဆုံးလုပ်ပေးနိုင်လဲ ကိုသာ စဉ်းစားပါ။ မိမိအကောင်းဆုံး လုပ်ပေးနိုင်လျှင် မိမိ၏အမည် အမှတ်တံဆိပ်သည်လည်း တန်းဖိုးတက်လာမည်၊ ယုံကြည်စိတ်ချလာကြပါမည်။ ထိုသို့ ယုံကြည်စိတ်ချလာသည်နှင့်အမျှ အလုပ်က မိမိနောက်ကို လိုက်မည်မှာ သေချာပါသည်။

ကုန်ပစ္စည်းတစ်ခုသည် တစ်နေရာတည်းမှာ အမြဲတမ်း ရှိမနေဘဲ ဆက်လက်ကာ အရည်အသွေး၊ အချက်အလက်များကို update လုပ်ပြီး Model အသစ်အသစ်များ ထပ်မံထုတ်လုပ် နေကြပါသည်။ ထို့အတူပင် မိမိ၏အမည် အမှတ်တံဆိပ် နေရာရနေချိန်တွင် သာယာ ရောင့်ရဲမနေဘဲ မိမိအရည်အသွေးကို စဉ်ဆက်မပြတ် Update လုပ်ကာ မိမိကိုယ်ကို Model မြှင့်နေရပါမည်။ အောင်မြင်မှု တစ်ခုကို ရရှိအောင် ကြိုးစားပြီးလျှင် ထိုအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် မိမိအရည်အသွေး၊ လူမှုဆက်ဆံရေး များကို အစဉ်အမြဲ ဂရုစိုက်နေရပါမည်။ ထို့အတူ မိမိနှင့် နယ်ပယ်တူခြင်း ယှဉ်ပြိုင် လာမည့်သူများကိုလည်း တရားသော နည်းလမ်းဖြင့် ယှဉ်ပြိုင်နိုင်ရန် မိမိ၏ အားနည်းချက်၊ အားသာချက်၊ ပြိုင်ဘက်၏ အားနည်းချက်၊ အားသားချက်များကို စောင့်ကြည့်ကာ ပြင်ဆင်သင့်သည်များကို ကြိုတင်ပြင်ဆင် ထားရပါမည်။ မိမိ၏ အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်အောင် ကြိုးစားရပါမည်။

တင်ပြခဲ့သည်အချက်များကို အနှစ်ချုပ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရပါသည်။

အရည်အသွေးပြည့်ဝသောကုန်ပစ္စည်း (Quality Product) - မိတ်ဆက်ခြင်း (Launching/ Introduction) - ကြေငြာခြင်း (Advertising) - အလျင်းသင့်သလို အရောင်းမြှင့်တင်ခြင်း (Promotion) - အရည်အသွေးကို ဆက်လက်ထိန်းထားခြင်း (Maintenance) - ထပ်မံ အရည်အသွေး မြှင့်တင်ခြင်း (Upgrade)

ထိုအချက်များကို အစီအစဉ်တကျ ဆောင်ရွက်နိုင်လျှင် စားသုံးသူ/ သုံးစွဲသူများက မိမိ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို စဉ်ဆက်မပြတ် အားပေးသုံးစွဲနေကြပါလိမ့်မည်။ လူတစ်ယောက် အမည် အမှတ်တံဆိပ် သည် လူမှုပတ်ဝန်းကျင်တွင် ယုံကြည်စိတ်ချ အောင်မြင် လိုပါလျှင်လည်း ထို့အတူ ပင်ဖြစ်ပါသည်။
လူငယ်တစ်ယောက်သည် စက်ရုံတစ်ခုတွင် ထုတ်လုပ်တော့မည့် ကုန်ကြမ်း ပစ္စည်းတစ်ခုကဲ့သို့ပင် ဖြစ်ပါသည်။ ထွက်လာမည့်ကုန်ချောကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရသကဲ့သို့ မိမိကိုယ်ကို အရည်အချင်းပြည့်ဝသော၊ စိတ်ထား ကောင်းမွန် မြင့်မြတ်သော လူငယ်များ ဖြစ်အောင်ကြိုးစား ကြရမည်ဖြစ်ပြီး မိမိ၏ အရည်အချင်းများကို အိမ်ထဲတွင် သိမ်းမထားဘဲ လူမှုပတ်ဝန်းကျင်တွင် အလုပ်ဖြင့် မိမိကိုယ်ကို မိတ်ဆက်ပါ၊ ဆက်လက်ပြီး အခွင့်အရေးရသည့်အချိန်တွင် အကောင်းဆုံး လုပ်ဆောင် ပေးခြင်းဖြင့် Self Advertisement ပြုလုပ်ပါ။ အလျင်းသင့်လျှင် မိမိအမည် ထင်ရှားအောင်မြင်စေမည့် နေရာတွင် Self Promotion ပြုလုပ်ပါ။ အောင်မြင်မှုကို သာယာမနေဘဲ မိမိ အရည်အသွေး / အရည်အချင်းကို အမြဲမပြတ်ထိန်းသိမ်းထားပါ။ ခေတ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင် မိမိကိုယ်ကို အရည်အသွေးမြှင့်တင် Upgrade လုပ်ပါ။ ထိုက်တန်သော အောင်မြင်မှုတစ်နေရာကို မုချ ရရှိပါလိမ့်မည်။
လူငယ်အားလုံး မိမိကိုယ်ကို အကောင်းဆုံးတည်ဆောက်ကာ လူမှုဘဝပတ်ဝန်းကျင်ကို ပေးဆပ်နိုင်သော၊ အကျိုးပြုနိုင်သော၊ ပတ်ဝန်းကျင်က ယုံကြည် အားထား လေးစားတန်ဖိုးထား ရသော စိတ်ထားမြင့်မြတ်သော အရည်အချင်းပြည့်ဝသော အောင်မြင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ရည်ရွယ်ကာ ရေးသား လိုက်ပါသည်။

အောင်ကိုကို(အမ်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။