Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 13, 2013

မြန်မာပြည်တွင် အွန်လိုင်းတွင် ဖြစ်ထွန်းလာမည့် အသက်မွေးဝမ်းကျောင်း ပညာကောင်း တစ်ခု

မြန်မာပြည်တွင် အွန်လိုင်းတွင် ဖြစ်ထွန်းလာမည့် အသက်မွေးဝမ်းကျောင်း ပညာကောင်း တစ်ခု

အမှန်တော့ ဒါမျိုးက ကိုယ်တစ်ယောက်တည်း သိထားလည်း ကိစ္စမရှိဘူး။ သို့ပေမယ့် ကျနော် မောင်အောင်ခမ်းက ကိုယ်သိထားရင်၊ တတ်ထားရင် ဟုတ်ဟုတ်မဟုတ်ဟုတ် သူများပြန်ပြောပြချင...်၊ ပြန်ချပြချင်စိတ် ကလည်း ပြင်းထန်တော့ မရေးပဲလည်း မနေနိုင်ဘူး။ အမှန်အကန်နော်။ လူတိုင်း လုပ်လို့ရမယ့် အသက်မွေးဝမ်းကျောင်း ပညာ ရပ်တစ်ခုပါ။ အွန်လိုင်းကို အခြေခံပြီး စီးပွားရေးလုပ်မယ်။ အသက်မွေးဝမ်းကျောင်း ပြု မယ်လို့ ခံယူထားသူ များအတွက်ပါ။ အဲဒါ ဘာပါလဲ။ ဟုတ်ကဲ့။ Copy Writing လို့ခေါ်ပါတယ်။


Copy Writer ဆိုတာ

Copy Writer ဆိုလို့ စာတွေ လိုက်ကော်ပီကူးပြီးရေးနေတဲ့သူလို့ တစ်လွဲ ဘာသာမပြန်မိပါစေနဲ့။ သူက ကုန်ပစ္စည်း၊ သို့မဟုတ် ထုတ်ကုန် တစ်ခုခုကို မာကဲတင်း ရည်ရွယ်ချက်ခြင်း ပြန်လည်ရေးသား ချပြခြင်း ဖြစ်ပါတယ်။ ဒီမှာ မာကဲတင်းပါ ဆိုပြီး ဇွတ်တရွတ်ချပြလို့လည်း မရဘူးနော်။ သတင်း အချက်အလက် ရေးသားသူ တစ်ယောက် နီးနီးပါပဲ။ ဘယ်လိုပြောရမလဲ။ အခု ဒီစာကို ဖတ်နေတယ်ဟုတ်။ ဒါဆို Copy Writer တစ်ယောက်ရဲ့ စာကို အားပေးနေခြင်း ဖြစ်ပါတယ်။

စာရေးဆရာတော့ စာရေးစရာပဲ။ သို့ပေမယ့် ပုံနှိပ်စာပေမှာ ရေးသားတဲ့ စာရေးဆရာနဲ့လည်း မတူဘူး။ သူ့က

- စာတိုတိုနဲ့ ထိထိမိမိရှိရမယ်။
- စာရှည်လည်း လိုအပ်သော အချက်အလက်များနှင့် ပြည့်စုံနေရမယ်။

ယင်းနှစ်ချက်ကို အခြေခံပါတယ်။ ပြောနေရင် သဘောပေါက်ဖို့ ခက်တယ်ဟုတ်။ ယခု Techspace မှာ ဖတ်နေရသမျှ စာတွေက copy (text) ပါ။ အပုဒ်တိုင်း ဂျာနယ်မှာ သုံးဖို့ အဆင်ပြေတယ်လို့ ထင်လို့လား။ ရေးသားသမျှ ပြန် အကဲခတ်ကြည့်နိုင်ပါတယ်။ အားလုံးက စကားပြောဟန်ဖြစ်ပြီး လိုရင်းအချက်ကို အတတ်နိုင်ဆုံး အထိမိဆုံး ဖြစ်အောင် ရေးသားထားခြင်း ဖြစ်ပါတယ်။

ကမ္ဘာကျော် ဝဘ်ဆိုဒ်များဖြစ်တဲ့ Cnet, enGadget, GSAarena, Phonearena, Pocket-lint, Bloomberg အစရှိသဖြင့်တို့က Copywriter များနဲ့ ပူးပေါင်းတည်ထောင်ထားခြင်းပါ။ နည်းပညာပဲ မဟုတ်ဘူးနော်။ အစားအသောက်၊ ခရီးသွား၊ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ဆက်စပ်ပြီး ရေးသားနေမှုများနဲ့ ကမ္ဘာမှာ ဝင်ငွေကောင်းနေကြပါတယ်။
တကယ်ဝင်ငွေကောင်းပါတယ်။ Cnet လို ဝဘ်ဆိုဒ်မျိုး တစ်လ ဝင်ငွေ ဘယ်လောက်ရှိတယ် ထင်တုန်း။ သူ့ဆီမှာ Phone Review တစ်ပုဒ်တင်ချင်ရင် ယင်းတင်ချင်တဲ့ ကုမ္မဏီက ပေးရတာပါ။ သူတို့ ကုန်ပစ္စည်းလူသိများဖို့ ဆိုတာက အဲ့လို Copy Writer ကောင်းကောင်း နဲ့ လူကြည့်များ ဝဘ်ဆိုဒ် ရှိတဲ့နေရာကို အရောက်သွားပါတယ်။ ခရီးသွားလာရေး ဆိုဒ်တစ်ခုလုပ်မယ့်သူဆိုရင်လည်း ကိုယ်ဝန်ဆောင်မှုပေး မယ့် နေရာဒေသ အကြောင်းကို မသိတော့ လေ့လာအားများတဲ့ Copy Writer များကို Package လိုက်ပေးလို့ ရေးဖို့အပ်ပါတယ်။

Copy writer လိုအပ်လာပြီ

မြန်မာပြည်မှာ စီးပွားရေးတွေ ပွင့်လင်းလာပြီ။ နိုင်ငံခြားက ကုမ္မဏီ အမျိုးမျိုးတွေဝင်လာပြီ။ အထူးသဖြင့် အိုင်တီ Industry ဝင်မယ့်သူတွေက အွန်လိုင်းကို ပိုပြီး အဓိကထားကြပါတယ်။ မြန်မာပြည် အင်တာနက် ကွန်ရက်မှာ ဘာတွေထူးခြားလဲ။ ဘာကို အမှီသဟဲပြုလဲ။ ဘာကိုကြိုက်နှစ် သက်လဲ။ ယင်းအချက်များကို အခြေခံလို့ ငါတို့ ကုန်ပစ္စည်းကို ဘယ်လို ကြော်ငြာရမလဲ။ လူသိစေမလဲ။ ပေါ်ပြူလာဖြစ်စေမလဲ အစရှိသဖြင့် အမြဲတမ်းစောင့်ကြည့်ကြ ပါတယ်။ ဒီမှာ တစ်ခု ခက်သွားတာက မြန်မာပြည် မှာ Copy Writer လုံလုံလောက်လောက် မရှိဘူးဗျ။

Copy Writer ရေး ရမယ့် စာတွေက ကုန်ပစ္စည်းတွေလည်း မဟုတ်ဘူးလေ။ သတင်းအချက်အလက်လည်း ပေးတတ်ရမယ်။ ဗဟုသုတ လည်း ပေးတတ် ရမယ်။ ပညာလည်းပေးတတ်ရမယ်။ ကုန်ပစ္စည်း လည်း ကြော်ငြာ တတ်ရမယ်။ ယခု မြန်မာပြည်က အွန်လိုင်းမှာ အထူးသဖြင့် Facebook မှာကြည့်လိုက်ရင် များသောအားဖြင့်က တစ်ဆင့်ခံတစ်ဆင့်ခံ ကူးယူဖော်ပြနေကြခြင်းပဲ။

အဲ။ အဲ့လိုပြောလို့ ကျနော့ကို စိတ်မဆိုးနဲ့နော်။ အားလုံးကို ကျနော် စေတနာနဲ့ နည်းလမ်းကောင်းပေးမလို့။ Copy Writer လိုင်းကို သွားပါ။ ပြောင်းပါ။ အရေးအသားတွေကို နေ့စဉ်မြင်တွေ့၊ ထိတွေ့ နေရတာပဲ။ ကိုယ်တိုင် ဘာသာလေးပြန်ကြည်၊ ကိုယ်တိုင်ခံစားပြီးတော့ ရေးသားကြည့်။ တင်ကြည့်။ Like ဘယ်လောက်တက်လည်းစောင့်ကြည်။ page လေး လုပ်ကြည့်။ Blog လေးထောင်ကြည့်။ ပိုက်ဆံရှိရင်လည်း ဒိုမိန်းနဲ့ ဆာဗာလေးဝယ်ပြီး ကိုယ်ပိုင် သတင်းလိုမျိုး ဖြစ်အောင် ရေးကြည့်။ သူငယ်ချင်းတွေနဲ့စုလုပ်၊ အဖွဲ့အင်အားတောင့်လို့ ကုမ္မဏီတွေထောင် ချင်ထောင်။ Cnet ကိုမကျော်ဘူလို့ ဘယ်သူ ပြောနိုင်မလဲ။ နောက်ဆိုရင် အီးဗားရှင်းကိုပါပြောင်း။ မြန်မာလိုတင်မက အဂ်လိပ်လိုပါ ဆက်လက်ရေး သား။ ပြည်ပ ဈေးကွက်ကို ထိုးဖောက်။ ကျော်ငြာပေး။

အိန္ဒိယမှာဆိုလုပ်နေကြတယ်လေ။ ဈေးသက်သာ ဒိုမိန်းလေးဝယ်ပြီး ဝဘ်ဆိုဒ်ထောင်။ အိန္ဒိယနိုင်ငံကို ဝင်တဲ့ ဖုန်းအသစ်များ၊ ကွန်ပြူတာပစ္စည်းအသစ်များအကြောင်း ထိုင်ရေးနေ တာ ယခု အားပေးသူ ပရိတ်သတ် များလို့ စီးပွားဖြစ်တဲ့ ဆိုဒ် တစ်ခုဖြစ်နေပြီ။ တော်တော် လည်း ပြီးပြည်စုံတဲ့ ဆိုဒ် တစ်ခုဖြစ်နေပြီ။ ဟောဒီမှာ သူတို့ လခ့် - http://tech2.in.com/

နိုင်ငံတကာ မှာ Copy Writer ကိုအမှီသဟဲပြု လို့ ထုတ်ကုန်မာကဲတင်းကို အွန်လိုင်းမှာ အဓိကထား ပြုလုပ်ပါတယ်။ အင်တာနက်လိုင်းမြန်ဆန်တဲ့ တိုင်းပြည်တွေမှာ မာကဲတင်းအတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်တာထက် အွန်လိုင်းကနေ အီးမေးလ်ပိုပို့ကြတယ်။ ဝဘ်ဆိုဒ်တွေထောင်တယ်။ Facebook နဲ့ချိတ်တယ်။ ကြော်ညာ တယ်။ ပြီးတော့ Customer သေချာပြီဆိုမှ အိမ်တိုင်ရာရောက်ဖြစ်ဖြစ်၊ ဈေး ကွက် အရောက်ဖြစ်ဖြစ် သွားပါတယ်။ ဒီတော့ အဓိက လှုပ်ရှားမှုက အင်တာနက်မှာ ပြီးမြောက်သွား တာပါ။ မြန်မာပြည်မှာ Copy Writer သာ နောင်အနာဂတ်မှာ ရှိမလာဘူးဆိုရင် Online marketing, Online Media ဆိုတာ တိုးတက်ဖို့ တစ်မျိုး တစ်ဖုံ ခက်ခဲအုံးမှာပါ။


Copy Writer တစ်ယောက်ဖြစ်ရန်


အဓိကကတော့ စာဖတ်အားကောင်းဖို့ပဲ။ ယခုကသာ ကိုယ်တွေက end user မဟုတ်လို့ သူများ ရေးထားတာတွေ ဘာသာပြန်နေရ တာ။ နောက်ကျရင် တိုက်ရိုက်ထိတွေ့ရမှု ရှိလာမယ်။ ကိုယ်တိုင် သုံးရတာတွေ၊ သွားရတာတွေ၊ ကြည့်ရတာတွေ ရှိလာမယ်။ ဒါကို ပြန်ချပြဖို့ဆိုတာ ကိုယ်က သိနေဖို့လိုအပ်တယ်။ သိရုံနဲ့လည်း မပြီးသေးဘူး။ တစ်ဖက်သား နားလည်အောင် ဘယ်လိုနည်းလမ်း နဲ့ ပြန်ချပြရမယ်ဆိုတာကလည်း ရှိသေးတယ်။ Copy Writer တစ်ယောက် ဖြစ်ဖို့က ဗဟုသုတ အတော်လေးစုံဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်က အိုင်တီပစ္စည်းတွေဘက်ကို လိုက်မယ်လို့ ဆုံးဖြတ်ရင် ယင်း အိုင်တီပစ္စည်းကို ထဲထဲဝင်ဝင်သိပြီး ရေးသားတဲ့ အရေးအသားက သတင်းအချက် အလက် အပြည့်အဝကို ပေးနိုင်ပါတယ်။

ခရီးသွားဘက်ကို သွားချင်တဲ့ သူကျ ကိုယ်ပိုင်မှတ်တမ်းတင်ထားတာတွေ ရှိရမယ်။ ပြန်လည်းချပြတတ်ရမယ်။ အစားအသောက် ထိုနည်းတူစွာပါပဲ။ အိမ်ရာအဆောက်အအုံ။ စက်မှု ပစ္စည်း၊ အီလက်ထရောနစ်၊ အနုပညာ၊ ဂီတ၊ တွေးခေါ်မှု ဆိုင်ရာ၊ ဖက်ရှင်၊ ဒီဇိုင်း၊ သွားမယ်ဆိုရင် လိုင်းတွေက အများကြီးပဲ အားလုံးကို သွားနိုင်ရင်တော့ ဆရာကြီးပေါ့။


Copy Writer တစ်ယောက်ရဲ့ ဝင်ငွေ


အမေရိကန်မှာ ကန်ဒေါ်လာ ၆သောင်း အထိတောင်ရကြပါတယ်။ UK မှာ အမေရိကန်ထက် ပိုရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဝင်ငွေကောင်းကြပြီး ပျှမ်းမျှအားဖြင့် ကန်ဒေါ်လာ ၂ သောင်းကနေ ၆ သောင်းကြားမှာ ရှိပါတယ်။ ယင်း အလုပ်အပြင် အခြားအလုပ်ပါ ပူးတွဲလုပ်နိုင်ကြပါတယ်။ တစ်စိုက်မတ်မတ်လုပ်သူများလည်း အောင်မြင်လို့ နာမည်ရ စာရေးဆရာ၊ Copy writer များ ဖြစ်လာပါတယ်။ မြန်မာပြည်မှာ ဘယ်လောက်ရနိုင် တယ်လို့ ထင်ပါသလဲ။ ရေးနိုင်ရင် ရေးနိုင် သလောက်ရပါတယ်။ သူ့အကန့်အသတ်နဲ့သူပေါ့။ ယခု စာရေးသူ မောင်အောင်ခမ်း တစ်ရက်ကို ပျှမ်းမျှ ၁၀ ပုဒ်ရေးပြီး တစ်လဝင်ငွေ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိပါတယ်။ သူ့နေရာနဲ့ သူပေါ့။ မြန်မာပြည်က အင်တာနက် အသုံးပြုသူ ပမာဏ၊ အင်တာနက်လိုင်း Speed, ဈေးကွက် အာရုံစိုက်မှုတို့ကြောင့် ဒီလောက်ဝင်ရင်ကိုပဲ ကျေနပ်ရမယ်လေ။ ပညာဆက်လက်ဆည်းပူး သင်ကြားနိုင်တယ်။ အိမ်မှာ ထိုင်ရေးနေလို့ရတယ်။ အားမှ ရေးလည်းရ တယ်။ Home based Job ဆိုလည်း မမှားပါဘူး။ မြန်မာပြည်မှာ ယခုလို ရေးသားသူများ ကို ပြုစုပြိုးထောင်ပေးမယ့် အဖွဲ့အစည်းတွေ တိုးတစ်ထက် တိုးလာပါပြီး တော်တော်များများလည်း စိတ်ဝင်စား လာကြပါပြီ။ ဒီပရော်ဖက်ရှင်နယ်လိုင်းကို ကိုယ်က အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင် ဖန်တီးထားရင် စီးပွားရေးတွေ ခေတ်မှီဖွံ့ဖြိုး တိုးတက်လာ တဲ့အခါ ပိုပြီးတော့ အောင်မြင်လာမယ့် အလုပ်တစ်ခု ဖြစ်ပါတယ်။

နိုင်ငံတကာမှာဆိုရင် ဆရာဝန်ဘွဲ့ရလည်း ဆေးအကြောင်း၊ ကျန်းမာရေး အကြောင်းနဲ့ သူစိတ်ကြိုက်အကြောင်းတွေကို ရေးသားလို့ အားတဲ့အချိန်မှာ copy writer တစ်ပိုင်း အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ ဒီလိုပဲ မာကဲတင်း၊ စီးပွားရေး၊ စာရင်းကိုင်၊ ရှေ့ နေ၊ ဂျာနယ်လစ်ဇင်၊ အင်ဂျင်နီယာ၊ အိုင်တီ အစရှိသဖြင့် လိုင်းပေါင်းစုံမှ ကူးလာပြီး အသက်မွေးဝမ်းကျောင်း ပညာတစ်ခုအနေနဲ့ ပြန်လုပ်ကိုင်ပါတယ်။

နိဂုံးချုပ်

ကဲ။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ပါပြီ။ ကိုယ်လက်ရှိ Facebook မှာ ဝေလေလေ လုပ်ပြီး အချိန်ကုန်နေတယ်။ သို့တည်းမဟုတ် Page တွေ၊ Blog တွေသာ ပြုလုပ်ပေမယ့် သူများ သတင်းတွေ၊ အတင်းတွေပဲ ကူးပြီး တင်ပေးနေမိတယ် သို့မဟုတ် ရထားတဲ့ ဘွဲ့နဲ့ အလုပ်နဲ့ မအပ်စပ်လို့ စိတ်ညစ်နေတယ်။ ကိုယ်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ အဲ့လိုမဟုတ် လည်း အားတဲ့အချိန်လေးမှာ နောက်ထပ် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုနဲ့ လုပ်စားချင်သပ ဆိုရင် Copy Writing လိုင်းကို ရွေးချယ် လို့မမှားပါဘူး။

ကိုယ့်ဘက်မှာ ပြင်ဆင်ထားရမှာက အင်္ဂလိပ်စာ အဖတ်အားကောင်းရန်၊ ဆိုင်ရာဆိုင်ရာ ဗဟုသုတ ကြွယ်ဝရန်၊ စားအရေးအသား ကျွမ်းကျင်တတ်မြောက်ရန်ဖြစ်ပါတယ်။ ဒါတွေက မွေးကတည်းက ပါလာတာ မဟုတ်ပါဘူး။ အားလုံး အောက်ခြေ ကစတာပါ။ တစ်လ ၅ သောင်းကစလို့ ဘဝရုန်းခဲ့ရပြီး ယနေ့ ၅ သိန်းတောင် နည်းတယ်လို့ မြင်တဲ့ အခြေအနေ တစ်ခုကို တကယ် တွန်းပို့ပေးမှာပါ။ ကြိုးစားမှု တစ်ခုကတော့ စိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ စာဖတ်သူတို့ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေကြပါစေ။
--
အောင်ခမ်း (Online Editor at TechSpace Journal)

--
http://blog.techspace.com.mm/2013/05/blog-post_11.html

--

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။