Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 30, 2013

“KIO နှင့် အစိုးရတို့ ပေါ်လစီ ဆွေးနွေးပွဲ ပြီးဆုံး”

 

“KIO နှင့် အစိုးရတို့ ပေါ်လစီ ဆွေးနွေးပွဲ ပြီးဆုံး”

Thursday, 30 May 2013 14:49 Written by အဲာပိုန်

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို နှင့် အစိုးရ ကချင်ပြည်နယ် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲသည် နှစ်ဖက် သဘော တူညီချက် (၇) ချက် ရရှိကာ ယနေ့ ညနေ ၄ နာရီ အချိန်တွင် ပြီးဆုံး သွားပြီး ဖြစ်ကြောင်း အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျာက ပြောသည်။

...
“ဆွေးနွေးပွဲက မနက် (၉) နာရီမှ ညနေ (၄) နာရီ အထိ ပြုလုပ်သွားခဲ့ပြီး သဘော တူညီချက် (၇) ချက် ရရှိခဲ့တယ်။ ဇွန်လကုန် ပိုင်းလောက် နှစ်ဖက် ပြန်တွေ့နိုင်မယ်လို့မျှော်လင့် ထားပါတယ်။” ဟု ဆိုပါသည်။

ဆွေးနွေးပွဲသည် မေလ၂၈ ရက်နေ့ မှ မေလ ၃၀ ရက်နေ့ အထိ (၃) ရက်ခန့် ပြုလုပ် သွားခဲ့သည်။ ကေအိုင်အို ဘက်က နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးမူ ချမှတ်နိုင်ရန် ဦးတည် ဆွေးနွေးခဲ့သည်။ အစိုးရ ဘက်ကမူ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ရရှိရန် ဦးတည်ကာ ဆွေးနွေးခဲ့သည်။

သို့သော် နောက်ဆုံးတွင် ဆက်လက် လုပ်ဆောင် သွားရမည့် လုပ်ငန်းစဉ် မူ (၇) ချက်ကို နှစ်ဖက် သဘောတူ ချမှတ် နိုင်ခဲ့ပါသည်။ ရရှိထားသည့် သဘော တူညီချက် များကို အဆင့်ဆင့် အကောင်အထည် ဖော်သွားနိုင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဤသည် အပစ်အခတ် ရပ်စဲရေး အတွက် ကေအိုင်အို လက်မှတ် ရေးထိုးခဲ့ခြင်း မဟုတ်ကြောင်း ကရင် အမျိုးသား အစည်း အရုံး အဖွဲ့ (ကေအန်ယူ) ကိုယ်စားလှယ် အဖြစ် တက်ရောက်သူ ကေအန်ယူ အဖွဲ့၏ တွဲဖက် အတွင်းရေးမှူး ပဒိုမန်းမန်း က ပြောသည်။

“ ဆွေးနွေးပွဲမှ ရရှိလာတဲ့ သဘော တူညီချက်တွေကို အတည်ပြု လက်မှတ် ရေးထိုးခဲ့တာပါ။ အဲဒီ သဘော တူညီချက် တွေကို တဆင့်ပြီး တဆင့် အကောင်အထည် ဖော်သွားဖို့ ရှိတဲ့ အတွက် အချိန်အတော်ကြာကြာယူရဦးမယ်” ဟု ဆိုပါ သည်။

ပထမ အဆင့် အနေဖြင့် လိုအပ်သော လုပ်ငန်းစဉ်များကို ညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ် နှင့် အလုပ် အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် အကောင်အထည် ဖော်သွားမည်။

ဒုတိယ အဆင့်ကိုမူ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းကြမည်။ ကေအိုင်အို ဘက်က ပါဝင်သွားမည့် ကိုယ်စားလှယ်များ ရွေးချယ် ခန့်အပ် ထားရှိသွားမည်။

တတိယ အဆင့်သည် နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချ နိုင်ရန် တပ်နေရာ ချထားမှုများနှင့် ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် လုပ်ဆောင်သွားကြမည်။

စတုတ္ထ အဆင့် ကျမှနိုင်ငံရေး ဆွေးနွေးမှုများ ကျင်းပပြုလုပ် သွားကြမည် ဖြစ်သောကြောင့် နှစ်ဖက် ပြေလည်မှုများ ရရှိရန် အချိန်ကြာမြင့်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။

ဆွေးနွေးပွဲ အပြီး ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အတွင်း၌ ဦးအောင်မင်းက “ ဒီဆွေးနွေးပွဲ မျိုးကို ကေအိုင်အို အဖွဲ့ တခုနဲ့သာ ကျင်းပ ပြုလုပ်နေရသည် မဟုတ်သောကြောင့် ကေအိုင်အို အဖွဲ့နဲ့ဘယ်အချိန် ပြန်တွေ့ နိုင်မည်ကို ရက်သတ်မှတ် ပေးခြင်း မပြုလုပ် နိုင်ခဲ့တာပါ” ဟု ဆိုသွားပါသည်။

ကေအိုင်အို ဘက်ကလည်း နောက်ထပ် တွေ့ဆုံရေးအတွက် ပြင်ဆင်နိုင်ရန် လုံလောက်သည့် အချိန် ရရှိရန် လိုအပ်ပါ သည်။ ယင်းသို့ကြောင့် နောက်ထပ်တွေ့ဆုံပွဲ အတွက် ရက်သတ်မှတ်ခြင်း မရှိသေးဟု ဆိုသွားပါသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး သဘော တူညီချက် ၇ ချက်

(၁)-နိုင်ငံတော် အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန် သဘောတူသည်။

(၂)-နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

(၃)-နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

(၄)-နယ်မြေ လုံခြုံရေး အရ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

(၅)-တပ်ပိုင်းဆိုင်ရာ တပ်နေရာ ချထားမှုများနှင့် ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(၆)-လိုအပ်သော လုပ်ငန်းစဉ်များကို ညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

(၇)-နောက်တကြိမ် ဆွေးနွေးပွဲတွင် ယခုအကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန် သဘောတူညီသည်။ အခြား ဖိတ်ကြား လိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိုနှိုင်းဆောင်ရွက်သွားရန် သဘော တူညီကြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။