Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 30, 2013

“အရေးတော်ပုံပန်းတိုင်မှာ အပြုံးပန်းတွေ လှိုင်နိုင်မှာလား”

 

အဓိက သဘောမတူဆုံးအချက်ကတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေ၏
အခြေခံမူများအနက်မှ ပုဒ်မ ၆ (စ)တွင် ပါဝင်သော “နိုင်ငံတော်၏
အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က
ပါဝင်ထမ်းဆောင်နိုင်ရေး” ဟူသောအချက်နှင့် ထိုအချက်ပေါ်တွင် အခြေခံပြီး
လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကိုယ်စားလှယ်က အလကားပဲတင်း
... ခွဲတမ်းယူထားခြင်းအပါအ၀င် အရေးကြီးသောလုပ်ပိုင်ခွင့်နှင့် အဆုံးအဖြတ်
နေရာများကို စစ်တပ်က ရယူထားသည့် ပြဌာန်းချက်တွေပါဝင်သည်။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ရှစ်လေးလုံးအရေးတော်ပုံကြီး
ရည်မှန်းချက်ပန်းတိုင်လား၊ မ.ဆ.လပါတီ နောက်ကွယ်မှာနေခဲ့သော
စစ်အာဏာရှင်များ၏ ရည်မှန်းချက်ပန်းတိုင်လား၊ စစ်အာဏာရှင်မျိုးဆက်သစ်၏
ရည်မှန်းချက်ပန်းတိုင်လား။ ပါတီစုံဒီမိုကရေစီစနစ်၏ နောက်ကွယ်တွင်
အရေးကြီးသောလုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့်တွေကို ကာကွယ်ရေးဥိးစီးချုပ်
လက်ထဲတွင် ရှိနေနိုင်အောင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် အခိုင်အမာ
ပြဌာန်းပေးထားတာက သေချာသည်။

ဆိုရှယ်လစ်ဝါဒ ပေါ်ပြူလာဖြစ်တုန်းက မ.ဆ.လပါတီ နောက်ကွယ်တွင်
စစ်တပ်က ပုန်းလျိုးနေခဲ့သည်။ ဒီမိုကရေစီစနစ် ပေါ်ပြူလာဖြစ်လာပြန်တော့
ပြည်ခိုင်ဖြိုးပါတီနောက်ကွယ်မှာ စစ်တပ်က ရပ်တည်ပေးရုံနှင့် အားမရသော
အခါ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့်ပါ စစ်တပ်၏ အရေးပါအရာရောက်သည့်
လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်တွေကို တရားဝင် (ပေါ်တင်)ယူထားလိုက်သည်။
ဘယ်အစိုးရတက်လာတက်လာ စစ်တပ်မျက်နှာကိုကြည့်ပြီး သူတို့ မကြိုက်တာ။
သဘောမတူတာတွေ မလုပ်ရဲအောင်၊ မလုပ်နိုင်အောင် အခြေခံဥပဒေဖြင့်
ထိန်းချုပ်ထားခြင်းကလွဲ၍ တခြား ဘာများဖြစ်နိုင်ပါသေးသနည်း။

၁၉၈၈ ခုနှစ်မှတွက်လျှင် နှစ်ပေါင်းအစိတ် (၂၅နှစ်)ပင် ကြာခဲ့ပြီ။
အရေးတော်ပုံ၏ ငွေရတုကာလသို့ ပင် တစ်ကျော့ပြန်ရောက်လာခဲ့ပြီ။
အရေးတော်ပုံကြီး၏ပန်းတိုင်နှင့် နီးလာပြီလား၊ ပိုဝေးသွားပြီလား၊
လမ်းခုလတ်မှာဘဲ ရှိနေတုန်းလား။ ၂၅ နှစ်ခရီးမှာ ပေးခဲ့ရတာတွေက
မတန်တဆများလွန်းလှသည်ဆိုတာကိုတော့ လူတိုင်းသိသည်။
ရလာခဲ့သလောက်နှင့် ထိုက်တန်သော ပေးဆပ်ခြင်းဟု မည်သူကမျှ
သတ်မှတ်မည်မဟုတ်။ အဲဒီကာလတွေက လေးနက်သောယုံကြည်ချက်တွေ
ကလည်း လူပုဂ္ဂိုလ်အပေါ် မူတည်၍လည်းကောင်း၊ အသက်အရွယ်
အတွေ့ အကြုံပေါ် မူတည်၍လည်းကောင်း၊ ကျင်လည်နေထိုင်ရာဝန်းကျင်ပေ
မူတည်၍လည်းကောင်း အရွေ့ အပြောင်းတွေဖြစ်ခဲ့ကြသည်။ ယခင်လိုဘဲ
ယုံကြည်နေသူတွေ၊ ပို၍လေးနက်စွာယုံကြည်သူတွေ၊ ယုံကြည်ချက်ရေချိန်
ကျသွားသူတွေ၊ ယုံကြည်ချင်ယောင်ဆောင်နေပြီး ဖောက်ပြန်ပျက်စီးနေသူတွေ၊
ယုံကြည်ချက်ခရီးလမ်းမှ ခွဲထွက်သွားသူတွေနှင့် နောက်ပြန်လျှောက်သွား
ခဲ့သူတွေ၊ ကိုယ်ကျိုးမှလွဲ၍ ဘာကိုမျှ မစဉ်းစားတော့သူတွေ စသည်ဖြင့်
အပြောင်းတွေ၊ အလဲတွေနှင့် မပြောင်းလဲတာတွေကို သတိပြုမိသည်။

အရေးတော်ပုံကြီး၏ပန်းတိုင်သည် မ.ဆ.လတစ်ပါတီစနစ် ချုပ်ငြိမ်းရေး
သက်သက်မဟုတ်။ မ.ဆ.လပါတီနောက်ကွယ်က စစ်အာဏာရှင်စနစ်ကိုပါ
ဖျက်သိမ်းရေးဖြစ်သည်။ ၁၉၆၀ ၀န်းကျင်ကာလတွေတုန်းက ကမ္ဘာပေါ်တွင်
ပေါ်ပြူလာဖြစ်နေသည့် ဆိုရှယ်လစ်မျက်နှာဖုံးကို တပ်ဆင်ထားခဲ့သော
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အရေးတော်ပုံကြီးလည်းဖြစ်သည်

“ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရခြင်း၏ မူရင်း ရည်ရွယ်ချက်မှာ
နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်သော ပြည်သူလူထု၏ အခွင့်အရေးကို
အစွမ်းကုန်ကာကွယ်ရေးဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း အာဏာ
အလွဲသုံးစားမှု မရှိရလေအောင် နိုင်ငံတော်အချုပ်အခြာအာဏာကို
လူထုကိုယ်စား လက်တွေ့ ကျင့်သုံးအုပ်ချုပ်နေသော အစိုးရ၏ လုပ်ပိုင်ခွင့်
အာဏာများကို ဥပဒေဖြင့် ဘောင်ခတ်ကန့် သတ်ရေးဖြစ်သည်”
(ဆလိုင်းလျန်မှုန်းဆာခေါင်း ရေးသော ဒီမိုကရေစီကျင့်စဉ်တရား စာအုပ်၊
စာမျက်နှာ ၁၇ မှ)

(မြန်မာပို့ စ်ဂလိုဘယ်ဂျာနယ် အမှတ် ၁၁၁ တွင် ပါရှိသော ဆောင်းပါးရှင်
နောင်ကျော်၏ “အရေးတော်ပုံပန်းတိုင်မှာ အပြုံးပန်းတွေ လှိုင်နိုင်မှာလား” မှ
ထုတ်နုတ်ကူးယူပါသည်။ ပုံမှာ ယင်းဆောင်းပါးနှင့် တွဲလျက်ဖော်ပြထားသော
သရုပ်ဖော်ပုံဖြစ်ပါသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။