Ko Ko Oo
Cai Shen, Haung Di နှင့် ရွှေမြန်မာပြည်
-------------------------------------------
BC 221 တရုတ်ပြည်မှာ နာမည်ကြီးစစ်ဘုရင် နန်းတက်ပါတယ်။
နာမည်က Qui Huangdi ပါ
Shi Huang Di ဆိုပြီး စစ်နတ်ဘုရားအဖြစ် ကိုးကွယ်ကြပါတယ်
အဲ့ဒီ့မင်းကြောင့်ပဲ အခု တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းတည်းတွေ့မြင်နေရခြင်းပဲဖြစ်ပါတယ်
စုစည်းမိတာလဲမပြောနဲ့လေ
နှစ်သန်းကျော်တဲ့ စစ်သည်တွေနဲ့ တိုက်
နိုင်ငံကို ရတာနဲ့
အဲ့နိုင်ငံက ရှိရှိသမျှ ကိုးကွယ်မှု ယဉ်ကျေးမှု လူနေမှုစရိုက်တွေ အကုန်ဖျက်စီး
သူတို့စရိုက်သွင်း
သူတို့လိုဝတ်စား
သူတို့လိုချိန်တွယ်
သူတို့လိုကိုးကွယ်
သူတို့လိုပြောဆို ခိုင်းတာကိုး
မူလစရိုက်တွေပျောက်ပြီး နောင်လာနောက်သားတွေက သူတို့လူဖြစ်သွားတော့တာပေါ့လေ
. . .
အဲ့သည့်အချိန်မှာတောင်ပိုင်းတရုတ်ပြည်မှာ ရွှေနတ်ဆိုပြီး ဘိုးတော်လိုလို ထွက်ရပ်ပေါက်လိုလို ပုဂ္ဂိလ်တစ်ပါးကို ကိုးကွယ်ကြပါတယ်
သူ့နာမည်က Cai Shen တဲ့
ကျွန်တော်တို့ဆီက နတ်တွေလိုပဲ
သူက ကျားနက်ကြီးစီးပြီး
ရွှေတောင်ဝှေးကို ကိုင်ဆောင်ပါသတဲ့
သူ့တောင်ဝှေးနဲ့ ထိလိုက်သမျှ အရာအားလုံး ရွှေစင်ရွှေသားအဖြစ် ပြောင်းလဲပေးနိုင်လို့
ဘိုးတော်ချမ်းသာ ဆိုပြီးလည်း ကိုးကွယ်ပါတယ်
. . .
Huang Di ရောက်လာတော့
ထုံးစံအတိုင်း သူ့ကိုသာကိုးကွယ်ရမယ်
ဘာနတ်မှမလိုချင်ဘူးဆိုပြီး
Cai Shen ကို စစ်တပ်နဲ့လိုက်သတ်ပါတော့တယ်
ရွှေနတ်ဟာ တပည့်တပန်းတွေနဲ့ တောင်ပိုင်းကိုပြေးရင်း
နောက်ဆုံးသူတစ်ယောက်တည်း ကျန်ပါတော့တယ်
အစွမ်းထက်တဲ့ ကျားနက်ကြီးကြောင့်သာ
မြန်မာပြည်ဘက်ခြမ်းကို ရောက်အောင်ထွက်ပြေးခဲ့နိုင်ပါတယ်
Haung Di ရဲ့စစ်တပ်လည်း
မြန်မာပြည်ဘက်ကို ဆက်မလိုက်နိုင်တော့ပါဘူး
. . .
အဲ့ဒီအချိန်ကစလို့ တရုတ်ပြည်ခြမ်းမှာ အငတ်ဘေးအကြိမ်ကြိမ်ဆိုက်ပြီး ဘာသယံဇာတမှမထွက်တော့ပါဘူးတဲ့
ယုံကြည်သူတွေက ယနေ့ထက်တိုင် Cai Shen ရဲ့ကျိန်စာသင့်တယ်လို့ ဆိုကြပါတယ်
တကယ်လည်းထူးဆန်းတာက
တရုတ်ပြည်က မြစ်ဖျားခံလာတဲ့ မြစ်ချောင်းတွေဟာ တရုတ်နယ်နိမိတ်ထဲမှာ ဘာမှမရပေမယ့်
မြန်မာပြည်နယ်နိမိတ်ကို ဝင်လိုက်တာနဲ့
ရွှေကျင်လို့ရပါတယ်
အတော်လည်းထွက်ပါသတဲ့
ဒေသခံတွေနဲ့ ယူနန်နယ်သားတွေကတော့
ဒီရာဇဝင်ကို အလွန်ပဲယုံကြည်သူတွေပါ
. . .
အခုတော့ Haung Di မောင်းထုတ်လိုက်တဲ့
ရွှေနတ်ဖိုးဖိုးကို
တရုတ်တို့ကိုယ်တိုင် လိုလိုလားလား ပြန်ပင့်နေကြဆဲ နတ်ပွဲတွေလုပ်ဆဲဖြစ်ပြီး
မြန်မာပြည်ထဲက ရွှေတွင်းတွေကိုလည်း နယ်မြေမငြိမ်သက်တာကို အကြောင်းပြုပြီး ခိုးထုတ်ကြဖို့ အမြဲ မျက်စောင်းထိုးနေပါတော့တယ်
ဒါကြောင့်
ဟိုဘက်က စစ်ဘုရင်ကြောင့် စိတ်ညစ်လို့ ဒီဘက်ထွက်ပြေးလာတဲ့ နတ်ကြီး
ဒီဘက်က တိုက်ပွဲတွေကြောင့် စိတ်ပျက်ပြီး
ဟိုဘက်ပြန်မသွားပါစေနဲ့လို့ ဒေသခံတွေက ဆုတောင်းနေရကြောင်း လချိပ်ကချင်မျိုးတွေက ပြောပြပါတယ်ဗျာ
. . .
ဇာတ်လမ်းကိုတော့ ကချင်ပြည်နယ် နယ်ခြားစောင့်တပ်ရင်းက ဗိုလ်မှူးတစ်ယောက်ပြောပြတာဖြစ်ပြီး
wikipedia မှာလည်း အထောက်အထားတွေ့ရတာနဲ့
ဖြစ်နိုင်တဲ့ အချက်တွေပါတာကြောင့်
မိတ်ဆွေများကို ပြန် share လိုက်ပါတယ်
တရုတ်နာမည်များကို အသံမထွက်တတ်တာနဲ့ တိုက်ရိုက်ရေးချထားပါတယ်
ပုံရဲ့ ဘယ်ဘက်က ရွှေနတ်ကြီး ဖြစ်ပြီး
ညာဘက်ကတော့ စစ်ဘုရင်ကြီးပုံဖြစ်ပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။