FOOD Magazine
♦ This & That
ပန်းကန်ဆေးရေမြှုပ်ဖတ်ဆိုတာ
ဘက်တီးရီးယားတွေနဲ့ အမြဲ ပြည့်နေတတ်တဲ့အရာပါ။
ရေမြှုပ်ဖတ်၊ ဖော့တုံး လေးများကို
ပန်းကန်၊ အိုး ဆေးကြောရုံတင် မဟုတ်ဘဲ
တခြားမီးဖိုချောင်သန့်ရှင်းရေး
လုပ်ရာမှာလည်းအသုံးပြုတတ်ကြပါတယ်။
အိုး၊ ပန်းကန်ဆေးသုံးနဲ့ မီးဖိုချောင် သန့်ရှင်းရေး
ရေမြှုပ်ဖတ်ကို သက်သက် တစ်ခုစီထားသင့်ပါတယ်။
ကာလာအရောင်ခွဲ၍ (သို့ ) ရေမြှုပ်ဖတ်
အမျိုး အစားမတူတာမျိုးနဲ့ သီးခြားစီ ခွဲသုံးသင့်ပါတယ်။
ရေမြှုပ်ဖတ်ကို ဘက်တီးရီးယား မတက်အောင်
တစ်နေ့တာသုံးပြီးလျှင် သံပရာရည်၊
ရေနွေးပူဖြင့် ဆေးတာတို့ ပြုလုပ်လို့ရပါတယ်။
ဒါပေမယ့်သိပ်တော့မထူးခြားပါဘူး။
သုံးပြီးသား ရေမြှုပ်ဖတ် တွေမှာ
အန္တရာယ်များလှတဲ့ ဘက်တီးရီးယားပိုးတွေ၊
အီကိုလီ (E.coli)၊ အစာအဆိပ်ဖြစ်စေတတ်သော
ပိုးတွေဟာ အစားအစာအဆိပ်သင့်တဲ့
အန္တရာယ်မျိုး များကိုအလွယ်တကူ
ကျရောက်တတ်ပါတယ်။
အမေရိကန်နိုင်ငံစိုက်ပျိုးမွေးမြူရေး
သုတေသနဌာနရဲ့ ပြောကြားချက်အရ
ဒီလိုရောဂါပိုးတွေကို သတ်နိုင်တဲ့အကောင်းဆုံး
နည်းလမ်းကတော့ မိုက်ခရိုဝေ့ဖ်ထဲ ၁ မိနစ်ကြာ
အပူပေးလို့ရသလို ပန်းကန်ဆေးစက်ထဲသို့လည်း
ထည့်ဆေးလို့ရပါတယ်။
ဒီနည်းလမ်းနှစ်မျိုးလုံးဟာ ရေမြှုပ်ဖတ်ပေါ်က
ဘက်တီးရီးယားပိုးတွေ ကို
၉၉.၉၉၉ ရာခိုင်နှုန်းသေစေနိုင်ပါတယ်။
အခုနောက်ပိုင်းမှာ ပိုးသတ်ပြီးသား
ရေမြှုပ်ဖတ်တွေကို အသုံးပြုလာတာကို
တွေ့ရပါတယ်။ အဲဒီပိုးသတ်ပြီးသား ရေ
မြှုပ်ဖတ် မှာ တဒ်ကလိုဆန်(Triclosan) ဆိုတဲ့
Chemical နဲ့ပြုလုပ်ထားတာကြောင့်
ကျန်းမာရေးကိုထိခိုက်စေပါတယ်။
အဲဒါအပြင်ပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါတယ်။
ဒီရေမြှုပ်ဖတ်နဲ့သုံးတဲ့ ရေတွေ မြစ်ထဲနဲ့
သမုဒ္ဒရာ ထဲသာသွားမယ်ဆိုရင် ပင်လယ်သတ္တ၀ါတွေအတွက်
အန္တရာယ်များပါတယ်။ ရိုးရိုးရေမြှုပ်ဖတ်တွေကမှ
ပတ်ဝန်းကျင်ကိုမထိခိုက်နိုင်စေပါဘူး။
သပွတ်သီးအခြောက်ကို အမေရိကန်
သဘာဝထိန်းသိမ်းရေးအဖွဲ့မှအသုံးပြုဖို့
တိုက်တွန်းထားပါတယ်။ အခုနောက်ပိုင်း
အိမ်တွေမှာတောင် သပွတ်ပင်ကိုစိုက်ပျိုးပြီး
သပွတ်သီးကို အသုံးပြုလာတာကိုတွေ့ရပါတယ်။
မီးဖိုချောင်၊ ပန်းကန်ဆေးတဲ့နေရာကို
အသုံးပြုပြီးတာနဲ့ရေနွေးပူဖြင့် ဆေးကြောပြီး
သန့်ရှင်းအောင်ထားပါ။ ရေမြှုပ်ဖတ်ကိုလည်း
သုံးပြီးလျှင် ရေစင်အောင် ညှစ်ပြီးထားပါ။
ရေမြှုပ်ဖတ် ရေစိုနေလျှင် ဘက်တီးရီးယားပိုးတွေ
လွယ်ကူစွာပေါက်ဖွားတိုးပွားနိုင်ပါတယ်။
ဝါးနှင့်ပြုလုပ်ထားတဲ့ရေမြှုပ်ဖတ်၊
ရေမြှုပ်တုံးလေးများကိုအခုချိန်ခါမှာ
လူသုံးများလာတာကိုလည်းတွေ့ရှိရပါတယ်။
ဝါးရဲ့သဘာဝဟာ ဘက်တီးရီးယား နဲ့
မှိုတက်တာကို ခုခံနိုင်တဲ့ စွမ်းအားရှိတာ ကြောင့်ဖြစ်ပါတယ်။
ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများ
အနံ့အသက်ဆိုးတာကို ပျောက်စေချင်တယ်ဆိုရင်တော့
Mrs. Clean USA Website ရဲ့
ပြောကြားချက် အရရေပုံးထဲသို့ရေဖြည့်ပါ။
ပြီးလျှင်အစွန်းချွတ်ဆေး (အရောင်ချွတ်ဆေး) ၃ ပုံ ၂ ပုံ
နဲ့ရောမွှေပြီး ရေမြှုပ်ဖတ်ကို မိနစ် ၃၀
လောက်ထည့်စိမ်ထားလျှင် အနံ့ဆိုးများ ပျောက်ပါတယ်။
မစည် ကျောင်းတက်တုန်းကတော့
ကျောင်းမှာ ရေနွေးနဲ့ရှလကာရည်အရောထဲမှာ
ထည့်စိမ်ပါတယ်။ အဆင်ပြေတဲ့နည်းနဲ့
လုပ်ကြည့်ပေါ့နော်။ ရေမြှုပ်ဖတ် လေးကို ၂ ရက်၊
၃ ရက် တစ်ခါ လောက် မိုက်ကရိုဝေ့ဖ်နဲ့ခွက်ထဲရေထည့်ပြီး
အပူပြင်းပြင်းဖြင့်(သို့) ပန်းကန်ဆေးစက်ထဲလည်း
ထည့်ဆေးလို့ရပါတယ်။ ရေမြှုပ်ဖတ်ကို သုံးပြီးလျှင်
ဆပ်ပြာဖြင့် စင်အောင်ဆေးပြီးရေစင်အောင်ညှစ်ထားပါ။
ရေမြှုပ်ဖတ်တစ်ခုကို အချိန်ဘယ်လောက်ထိ
သုံးလို့ရသလဲဆိုရင်တာ့ကိုယ်သုံးတဲ့ရေမြှုပ်ဖတ်အမျိုးအစားနဲ့
အရွယ် ပေါ်မူတည်ပါတယ်။ ဂရုတစိုက်နဲ့
အသုံးပြုမယ်ဆိုရင်ရေမြှုပ်ဖတ်တစ်ခုရဲ့ သက်တမ်းက
၂ ပတ်ကနေ ၈ ပတ် လောက်ခံပါတယ်။
ရေမြှုပ်ဖတ်ကို အမွေးတွေ၊ အမျှင်တွေအရမ်းဖွာတဲ့အထိမသုံးပါနှင့်။
အန္တရာယ်များပါတယ်။ ရေမြှုပ်ဖတ်ရဲ့ အမွေးအမျှင်တွေ
အိုးဆေး၊ ပန်းကန်ဆေးတဲ့အခါ ကပ်ပါသွားတတ်ပါတယ်။
အခုအခါမှာ ရေမြှုပ်ဖတ်လေးတွေကို
အိမ်ရှင်မတွေနဲ့အတူ အားလုံး သတိပြုမိစေရန်အတွက်
ချစ်စရာ၊ ဆွဲဆောင် စရာ ပုံစံအမျိုးမျိုး၊
အရွယ်အစားအမျိုးမျိုးနဲ့ ကာလာစုံကို
ဆိုင်တော်တော်များများမှာဝယ်ယူလို့ရပါတယ်။
မစည်ရဲ့ ကျောင်းတုန်းကသင်ခဲ့ရတဲ့
အန္တရာယ်ကင်းတဲ့ မီးဖိုချောင် (Kitchen Safety) ထဲက
စိတ်ဝင်စား စရာ လေးဖြစ်မယ့် (Kitchen Sponges)
အိုးခွက်၊ ပန်းကန်ဆေး ရေမြှုပ်ဖတ်နှင့်
ဖော့တုံးလေးများ အကြောင်းကို
Good Housekeeping, Mrs. Clean USA
နှင့် U.S. Department of Agriculture တို့မှာ
Information များနှင့်အတူ
ပူးတွဲဖော်ပြလိုက်ပါတယ်။
အိမ်ရှင်မအသစ်လေးတွေအတွက်
ဗဟုသုတအသစ်လေးတွေ ထပ်တိုးပါစေ။
Have an exciting kitchen adventures!!!
** မှတ်ချက် - ဖော်ပြထားသည့် Information
သည်နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံအနည်းငယ်
ကွာခြားမှုများရှိလျှင် ရှိနိုင်ပါသည်။
• Syi Foodsgarden

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။