Nine Nine Sanay @ နိုင်းနိုင်းစနေ shared a note.
အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား? တကယ်လို့ရှိခဲ့ရင် ဘယ်လောက်တာရှည်ခံသလဲ?
မဖတ်ရသေးတဲ့သူတွေ အားလပ်ရက်မှာဖတ်ဖို့ စာပုဒ်ရှည်ကြီးတစ်ပုဒ် ရှယ်လိုက်တယ်...
အားလုံး Happy Weekend ပါ

လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်းပြောဖြစ်တိုင်း လင်မယားသံယောဇဉ်အကြောင်းနဲ့ လန်းဆန်းတဲ့အိမ်ထောင်ရေးအကြောင်းတွေ ကျွန်မတို့ပြောဖြစ်ကြတယ်။ အိမ်ထောင်သက် နှစ်အကြာကြီးထဲမှာ လင်ယောက်ျားနဲ့ ချစ်ခင်သင့်မြတ်နေတဲ့ကျွန်မကို လုပ်ဖော်ကိုင်ဖက်တွေက အားကျကြတယ်။ ကျွန်မကို အချစ်နဲ့အိမ်ထောင်ရေးအကြောင်း စာအုပ်ထုတ်ပါလို့ အကြံပေးကြတယ်။ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေြေ...ပာသလောက်လည်း ကျွန်မ,မစွမ်းပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ထင်မြင်ယူဆချက်တချို့ကို အများနဲ့မျှဝေလိုက်ပါတယ်။
အချစ်ဆိုတာ ဘာလဲ?
အချစ်ဆိုတာ ဘာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အဖြေက ယောင်တဝါးဝါးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အချစ်ဆိုတာ ချစ်သူနှစ်ဦးကြားက ချိုမြိန်တဲ့ခံစားမှုတစ်မျိုးဖြစ်တယ်။ ချစ်သူကို တမ်းတလိုက်ရုံနဲ့ နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ ကွေးတက်သွားပြီး ရင်ခုန်သွားစေတဲ့အရာဖြစ်တယ်။
ဒါမှမဟုတ် အချစ်ဆိုတာ ကျီစယ်တတ်တဲ့နတ်သူငယ်နဲ့တူပြီး မြင်တွေ့သူတိုင်းကို ပျော်ရွှင်တဲ့ခံစားမှုတွေ ပေးတယ်။ သွေးကြောထဲထိတောင် ပျော်ရွှင်တဲ့သံစဉ်လေးတွေ စီးဆင်းစေတယ်။
ဒါမှမဟုတ် အချစ်ဆိုတာ မျိုးစေ့တစ်စေ့ဖြစ်တယ်။ အဲဒီမျိုးစေ့ကို သင့်တော်မှန်ကန်တဲ့ လူအပေါ်မှာ ပျိုးပြီး နှလုံးသွေးနဲ့ သွန်းလောင်းမယ်၊ ဂရုတစိုက်နဲ့ ပိုးမွှားတွေကို သုတ်သင်ခဲ့မယ်ဆိုရင် လှပတဲ့ပန်းပွင့်တွေပွင့်ပြီး ပျော်ရွှင်တဲ့အသီးတွေကို ခံစားရမှာဖြစ်တယ်။
ဒါမှမဟုတ် အချစ်ဆိုတာ စိတ်ကိုထုံထိုင်း၊ မြူးကြွစေတဲ့ဆေးဖြစ်တယ်။ အချစ်နဲ့တွေ့ဆုံသူတွေဟာ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တယ် ။ အချစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း သတ္တိရှိရှိ ရင်ဆိုင်နိုင်တယ်။ အချစ်ဟာ ရောဂါဝေဒနာကို ကုသပျောက်ကင်းစေနိုင်တဲ့ ဆေးတစ်မျိုးဖြစ်သလို ဘေးသင့်စေတတ်တဲ့ဆေးလည်း ဖြစ်တယ်။ အချစ်နဲ့ပတ်သက်တဲ့ တွေဝေခြင်း၊ ငြင်းခုန်ရန်ဖြစ်ခြင်း၊ သံသယရှိခြင်း၊ ထိခိုက်နာကျင်စေခြင်း စတာတွေဟာ အချစ်ဘေးသင့်တာတွေဖြစ်တယ်။ ဒါပေမဲ့လည်း ဒီဘေးသင့်တာတွေက အချစ်ကို လိုချင်တောင့်တသူတွေ၊ ကိုးကွယ်ချင်သူတွေရဲ့ ခြေလှမ်းကို မဟန့်တားနိုင်ခဲ့သလို အချစ်အကြောင်း ကဗျာတွေ၊ စာတွေဖွဲ့နေသူတွေရဲ့ ကလောင်သွားကိုလည်း မတုံးစေခဲ့ပါဘူး။ အချစ်မရှိတဲ့ဘဝမှာ ပြည့်စုံလှပတဲ့ဘဝမဟုတ်သလို အချစ်မရှိတဲ့နေ့ရက်တွေက တကယ့်နေ့ရက်မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။
အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား?
အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား? တကယ်လို့ရှိခဲ့ရင် ဘယ်လောက်တာရှည်ခံသလဲ?
အချစ်မှာ အချစ်ရဲ့သက်တမ်းရှိတယ်လို့ ကျွန်မထင်တယ်။ အချစ်မှာ အချစ်ရဲ့အသက်အငွေ့တွေ တဖြည်းဖြည်း ပျောက်ဆုံးကုန်ခဲ့ရင် အချစ်သေဆုံးသွားတာ မဟုတ်ဘူး။ မိသားစုသံယောဇဉ်အဖြစ် အဆင့်တက်သွားတာဖြစ်တယ်။ မိသားစုသံယောဇဉ်အဖြစ် ပြောင်းသွားတာဟာ အချစ်သေဆုံးသွားတာဖြစ်တယ်လို့ လူတချို့က ဆိုကြတယ်။ ဒါကို ကျွန်မ သဘောမတူခဲ့ဘူး။ လူတိုင်းသိနားလည်တဲ့ ဥပမာနဲ့ခိုင်းနှိုင်းပြရရင် မိသားစုသံယောဇဉ်အဖြစ် ပြောင်းသွားတဲ့အချစ်က ချစ်သူနဲ့သင့်ကို ဘယ်လက်နဲ့ညာလက်အဖြစ် ဖြစ်စေပြီး တွဲလက်ကို ခိုင်မြဲစေတာဖြစ်တယ်။ ဒါဟာ အချစ်ရဲ့ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်တယ်။ ဘယ်လက်တစ်ဖက်ပဲဖြစ်ဖြစ် တွဲလက်မြဲဖို့ နောက်လက်တစ်ဖက် လိုအပ်လို့ဖြစ်တယ်။ လက်တစ်ဖက်မဲ့တာနဲ့ ပြည့်စုံတဲ့ခန္ဓာကိုယ်ကို မရနိုင်တော့ပါဘူး။
အချစ်ရဲ့ ဒိတ်လွန်နေ့စွဲဟာ ထာဝရဖြစ်တယ်။ ကျွန်မရဲ့ဆရာတစ်ယောက်က ပြောဖူးတယ်... "ကဗျာနှလုံးသားနဲ့ အရာရာကိုကြည့်ရင် အရာရာတိုင်းက ကဗျာပါ"တဲ့။ ဒါကြောင့် ကျွန်မလည်းပြောချင်ပါတယ်... "အချစ်ရဲ့ဒိတ်လွန်နေ့စွဲကို ဘယ်လောက်လို့ သင်သတ်မှတ်ရင် အချစ်က ဘယ်လောက်တာရှည်ခံပါတယ်"လို့...
အချစ်ကိုရွေးတာလား? အိမ်ထောင်ရေးကို ရွေးတာလား?
တချို့အချစ်တွေက ဘဝရဲ့အစမ်းသပ်ကို မခံနိုင်ခဲ့ကြဘူး။ ခါးသီးတဲ့ဘဝရဲ့ သံခြေဖနှောင့်အောက်မှာ သေဆုံးသွားတတ်ကြတယ်။ တချို့ အိမ်ထောင်ရေးက အချစ်ကိုပေါက်ဖွားစေတယ်။ ဒါကြောင့် သင့်တော်မှန်ကန်တဲ့အချစ်နဲ့ အိမ်ထောင်ရေးကို ရွေးတတ်ဖို့ အရေးကြီးတယ်။
ပျော်ရွှင်ခြင်းဆိုတာ အချစ်တွေ အမှတ်တမဲ့ဓာတ်ပြုပြီး ဖြစ်လာတဲ့ ဓာတုတုန့်ပြန်မှုတွေ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အိမ်ထောင်ရေးထဲက မငြိမ်းတဲ့အချစ်မီးကို ရှာဖွေတာဖြစ်တယ်။ ဒါကြောင့် အိမ်ထောင်ရေးအတွက် "သင့်တော်မှန်ကန်တဲ့လူ" တွေ့နိုင်ဖို့ ပိုအရေးကြီးတယ်။ သင့်တော်မှန်ကန်တဲ့လူအပေါ်မှာသာ အချစ်မီးကို ဘဝဆုံးအထိ မငြိမ်းတမ်းထွန်းညှိနိုင်မှာဖြစ်တယ်။
ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် ဘာလိုအပ်သလဲ?
အချစ်
ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် အချစ် လိုအပ်တယ်။ ရူးရူးသွပ်သွပ်ချစ်တဲ့ အချစ်မျိုးမဟုတ်ဘဲ နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြတဲ့အချစ်မျိုးဖြစ်တယ် ။ ဥပမာ-- ဂရုစိုက်တဲ့အချစ်၊ ကရုဏာအချစ်၊ တန်ဖိုးထားတဲ့အချစ်တွေဖြစ်တယ်။ အမျိုးသမီးရှုထောင့်ကနေ ပြောရရင် စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အိမ်ထောင့်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ရင်ဘတ် အနက်ရှိုင်းဆုံးနေရာမှာ အချစ်ကို တောင့်တမျှော်လင့်တတ်ကြတယ်။ တစ်ခါတလေမှာ အိမ်ထောင်ရေးထဲက အချစ်ဟာ ရိုးရှင်းသာမန်လွန်းပါတယ်။ ရိုးရှင်းတဲ့ အပွေ့အဖက်လေးတစ်ခု၊ ဂရုစိုက်တဲ့ စကားတစ်ခွန်း၊ ကြင်နာတဲ့ အကြည့်တစ်ချက်၊ ရေအေးလေးတစ်ခွက်၊ တိုရှင်းတဲ့ စာတိုလေးတစ်ကြောင်း၊ စိတ်လိုလက်ရ အပြုံးလေးတစ်ခုက သင့်အနားမှာရှိတဲ့ အမျိုးသမီးကို ကာလအတိုင်းအတာတစ်ခုအထိ ဒါမှမဟုတ် တစ်သက်တာ ပျော်ရွှင်မှုတွေဖြစ်စေပါတယ်။ အဓိက,က သင့်စိတ်ထဲမှာ ဇနီးမယားအတွက် အဆုံးမဲ့တဲ့အချစ် ရှိနေဖို့ပဲ လိုပါတယ်။
အမျိုးသားရူထောင့်ကနေ ပြောရရင် သူတို့ဟာ အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်၊ အလုပ်စတဲ့ ဖိအားတွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းရတာမို့ ပိုအားနည်းပျော့ညံ့ပြီး အချစ်ကို ပိုလိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်ဟာ ချော့မော့ဂရုစိုက်တာကို ပိုလိုအပ်သလိုမျိုး ဇနီးမယားဖြစ်သူတွေက ကိုယ့်လင်ယောက်ျားကို ပိုကြင်နာ၊ ပိုချစ်ခင်တတ်ဖို့ လိုအပ်ပါတယ်။
နားလည်မှု၊ ခွင့်လွှတ်မှု
အလုပ်က အပြောထက်သာတယ်ဆိုတဲ့စကားက အိမ်ထောင်ရေးမှာလည်း သုံးဖို့သင့်တော်တယ်။ ဒဏ္ဍာရီဆန်ဆန်ချစ်ခဲ့ကြပြီး သာမန်လက်တွေ့ဘဝကို အတူဖြတ်ကျော်ကြတော့ အိမ်ထောင်တာဝန်၊ မိသားစုတာဝန်၊ လင်ဝတ္တရား၊ မယားဝတ္တရား စတဲ့အရာတွေကြားမှာ ကျွန်မတို့ အသက်ရှုကြပ်ခဲ့ကြရတယ်။ တခြားတစ်ယောက်က မောပန်းပင်ပန်းလာတဲ့အခါ အခြားတစ်ယောက်ကို ဂရုစိုက်ဖို့ လျစ်လျူရှုမိတတ်ကြတယ်။ အဲဒီအခါ နားလည်ပေးတတ်ဖို့ လိုအပ်တယ်။ တစ်ခါတလေ သူပြုမူတတ်တဲ့ ကိုယ်မနှစ်သက်တဲ့ အပြုအမူလေးတွေကိုလည်း ခွင့်လွှတ်ပေးတတ်ဖို့ လိုအပ်တယ်။
အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ ချစ်နေကြတဲ့ ချစ်သူနှစ်ဦးမှာဖြစ်ဖြစ် အမှားတစ်ခုကျူးလွန်တတ်ကြတယ်။ အဲဒီအမှားက တစ်ဖက်သားရဲ့အပြုအမူ၊ အထင်အမြင်ကို ကျွန်မတို့ သတ်မှတ်ထားတဲ့ပုံစံထဲဝင်အောင် မျှော်လင့်တာဖြစ်တယ်။ ဒါဟာ မျှော်လင့်လို့ရနိုင်ပေမယ့် အတင်းအဓမ္မတော့ လုပ်ယူလို့မရနိုင်ပါဘူး။ တကယ်လို့ သူ့ကိုတကယ်ချစ်ရင် သူ့ရဲ့အားနည်းချက်ကိုလည်း ကျွန်မတို့ လက်ခံတတ်ရမယ်။ နှစ်သက်လို့ ရွေးချယ်ခဲ့တဲ့ လူတစ်ယောက်ကို အပင်ပန်းခံပြီး ဘာလို့သွားပြောင်းလဲနေဦးမလဲ? အချင်းချင်းချစ်ကြတဲ့ လူနှစ်ဦးမှာရှိတဲ့ ခြားနားချက်တွေဟာ ကွဲပြားတဲ့နည်းလမ်းနဲ့ ကျွန်မတို့ အချင်းချင်းသင်ယူနိုင်ဖို့ပဲ ဖြစ်တယ်။ တစ်ဖက်သားရဲ့ကိုယ်ပေါ်ကနေ တစ်ဖက်သားရဲ့နှစ်လိုမှုကို ကျွန်မတို့ရှာဖွေရတယ်။ ကိုယ်ချစ်တဲ့သူ့ကိုယ်ပေါ်က ရလာတဲ့နှစ်လိုမှုတွေဟာ ကျွန်မတို့ကို အကောင်းမြင်တဲ့သက်ရောက်မှု ပေးပါတယ်။
ယုံကြည်မှု
ယုံကြည်မှုဆိုတာ အိမ်ထောင်ရေးထဲမှာ နှလုံးသားအချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ သက်သက်သာသာ တွဲချည်ထားတဲ့ကြိုးဖြစ်လည်း ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို တည်ဆောင်နိုင်ပါတယ်။ တရားသူကြီးရှေ့မှာ၊ ကျမ်းစာရှေ့မှာ၊ ဘုရားသခင်ရှေ့မှောက်မှာ တဘက်သားထံ ယုံကြည်မှုကို ကျွန်မတိုအပ်နှံ့ကြတယ်။ သင်ယုံကြည်တဲ့မိန်းကလေးကို ဇနီးမယားအဖြစ် သင်လက်ထပ်ထိမ်းမြားတယ်။ ဆင်းရဲချမ်းသာပါစေ၊ အို၊ နာ၊ သေပါစေ မစွန့်လွှတ်၊ မခွဲခွာစတမ်း လိုလိုလားလား သင်ကတိပြုတယ်။ ဒီအချိန်မှာ ယုံကြည်မှုက ပြုံးပြုံးရွှင်ရွှင်နဲ့ အထီးကျန်တဲ့လက်တစ်ဖက်ကို အခြားနွေးထွေးတဲ့လက်တစ်ဖက်ထဲ ထည့်ပေးလိုက်တယ်။
အခုခေတ် အိမ်ထောင်ရေးမှာ ယုံကြည်မှုဆိုတာ နှလုံးသားချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ လွတ်သင့်ရင်လွတ်၊ ရုတ်သင့်ရင်ရုတ်မှ အိမ်ထောင်ရေးကို ပိုခိုင်မြဲစေမှာဖြစ်တယ်။ လှပပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှုပေါ် အုတ်မြစ်ချ တည်ဆောက်ထားတာဖြစ်တယ်။ အိမ်ထောင်ဖက်ချင်း တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုက အချစ်ကို ပိုဆတိုးစေပါတယ်။
ပွင့်လင်းမှု
ယုံကြည်မှုက အိမ်ထောင်ရေးမှာ မရှိမဖြစ်တဲ့ လိုအပ်တဲ့အချက်ဖြစ်တယ်။ ယုံကြည်မှုရဲ့ရှေ့ဆောင်က ပွင့်လင်းမှုဖြစ်တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာ အချစ်ရှိရုံနဲ့တင်၊ အချင်းချင်း နားလည်ခွင့်လွှတ်မှုရှိရုံနဲ့တင် မလုံလောက်ဘဲ ပွင့်လင်းမှုလည်းရှိဖို့ လိုအပ်တယ်။ တချို့ပွင့်လင်းမှုက လူကိုထိခိုက်နာကျင်တတ်စေတယ် ဆိုပေမယ့် မပြောမဖြစ် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရတဲ့အခါ ပိုထုတ်ဖော်ပြောသင့်ပါတယ်။ အိမ်ထောင်ရေးထဲက လူနှစ်ယောက်ဟာ အုပ်စုတစ်စုဖြစ်တယ်။ ဘာပဲဖြစ်နေဖြစ်နေ နှစ်ဦးစလုံး ရင်ဆိုင်ရမှာ၊ တာဝန်ယူရမှာဖြစ်တယ်။ ဘဝဟာ ဘယ်လောက်ပဲ ခါးသီးခက်ခဲလည်း နှစ်ဦးသား အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းကြတာမို့ အခါးထဲကနေ ပျော်ရွှင်ခြင်းတွေကို နှစ်ဦးသားခံစားကြရပါလိမ့်မယ်။
အချင်းချင်း ပြောဆိုဆက်ဆံမှု
စိတ်ပညာရှင် Leo F. Buscaglia က "အချစ်ဆိုတာ နှလုံးသားထဲမှာ တခဏသာ ဖြစ်ပေါ်လာတဲ့အရာမဟုတ်ဘူး။ အချစ်ဆိုတာ လူနှစ်ယောက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်နဲ့ ကြိုးစားတည်ဆောက်ထားတဲ့ ကမ္ဘာဖြစ်တယ်။ အဲဒီလိုတည်ဆောက်ဖို့ အချိန်လိုတယ်၊ စိတ်နှလုံးရှိဖို့ ပိုလိုအပ်တယ်" လို့ ဆိုခဲ့တယ်။ ဒီလိုကြိုးစားတည်ဆောက်နေတဲ့ ဘဝထဲမှာ အချင်းချင်းပြောဆိုဆက်ဆံမှုက ချောဆီသဖွယ် အသုံးဝင်တယ်။ အိမ်ထောင်ရေးတစ်ခုမှာ အောက်ကအဆင့် ၄ဆင့်ကို ဖြတ်ကျော်ကြရတယ်။
(၁) ချစ်သူရည်းစားဖြစ်ချိန်
ဒီအဆင့်က တစ်ဘက်သားရဲ့ အနာအဆာကိုမမြင်တဲ့ အဆင့်ဖြစ်တယ်။ မျက်စိကို ပုဝါစနဲ့စည်းထားသလို စိတ်ကူး၊ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေတဲ့အချိန်ဖြစ်တယ်။ ပျားရည်ဆမ်းသလို အမြဲတမ်းချိုမြိန်နေပြီး လူကို အဆုံးမဲ့မူးယစ်ခြင်းတွေ ဖြစ်စေတယ်။
(၂) မရေမရာ ရှုပ်ထွေးချိန်
ပျားရည်ဆမ်းထဲကနေ ရုတ်တရက် လန့်နှိုးလာတဲ့အချိန်ဖြစ်တယ်။ တစ်ဘက်သားအပေါ် မျှော်လင့်ချက်မဲ့စပြုလာတယ်။ အချင်းချင်းဆက်ဆံရေးကို စိတ်ပျက်လာတယ်။ ဒီလိုအချိန်ဟာ အချင်းချင်း အံဝင်အောင် ပွတ်တိုက်ချိန်ဖြစ်တယ်။
(၃) အားပြိုင်ချိန်
ဒီအဆင့်မှာ နှစ်ဦးနှစ်ဖက်စလုံး ခံစားချက်တွေ မတည်မငြိမ်ဖြစ်ကြတယ်။ ငြင်းခုန်မှု၊ အားပြိုင်မှုတွေနဲ့ ပြည့်နေချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ တချို့အတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက်အေးစက်ပြီး ခွာလာတာမျိုး၊ ထစ်ခနဲဆို ရန်ဖြစ်ငြင်းခုန်တာမျိုးတွေ ဖြစ်လာကြတယ်။ တချို့က နောက်ထပ်အချစ်သစ်ရှာတာမျိုးတွေ ဖြစ်လာတယ်။ တချို့က လမ်းခွဲလိုက်တာမျိုးတွေ ဖြစ်လာကြတယ်။
(၄) ကတိနဲ့ လက်ခံချိန်
ဘယ်လို ခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မတို့က ကျွန်မတို့ရဲ့ အသိဉာဏ်နဲ့သည်းခံနိုင်မှုကို မြင့်တင်ရတယ်။ ကိုယ်နဲ့မတူတဲ့ တစ်ဘက်သားရဲ့ခြားနားချက်ကို စတင်ကိုက်ညှိလက်ခံရတယ်။ ဒီလို အသိဉာဏ်၊ သည်းခံနိုင်မှုနဲ့ ကိုက်ညှိလို့ရလာတဲ့ အချစ်ရဲ့လက်ဆောင်က လူ့ဘဝတစ်သက်တာကို ကောင်းကျိုးဖြစ်စေတယ်။ လူကိုလည်း ပျော်ရွှင်ချမ်းမြေ့စေတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် လူနှစ်ယောက်ရဲ့ အချင်းချင်းအပေါ် ဂရုစိုက်ခြင်း၊ ကြင်နာခြင်းတွေက အကျင့်တစ်ခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းသွားတယ်။ ဘယ်ဖက်လက်နဲ့ ညာဖက်လက်အကျင့်အသွင် ပြောင်းသွားတာဖြစ်တယ်။ လက်တစ်ဖက်ဖက် မရှိရင် အခြားလက်တစ်ဖက်အတွက် မပြည့်စုံတဲ့အကျင့်မျိုးဖြစ်တယ် ။
ဒီအဆင့် ၄ဆင့်စလုံးမှာ အချင်းချင်းပြောဆိုဆက်ဆံရေးက အရေးအကြီးဆုံးဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး အချင်းချင်း ပြောဆိုဆက်ဆံတဲ့အချိန်တွေ ချို့တဲ့ရလောက်အောင် နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေက ကျွန်မတို့ရဲ့ခြေထောက်ကို ချုပ်နှောင်ရင် ချုပ်နှောင်ထားမယ်။ ဒါပေမဲ့ အချင်းချင်း လျစ်လျူမရှုမိဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့် သင့်စိတ်ထဲ ခံစားနေတာတွေ တစ်ဘက်သားကို ပြောပြပါ။ ရင်ဖွင့်ပါ။ သင့်ခံစားနေတာတွေ၊ သင့်ထင်မြင်ချက်တွေကို သူလည်း သိမြင်ခံစားပါစေ။ ဒါဟာ ငြီးတွားတာမဟုတ်သလို မြည်တွန်တောက်တီးတာလည်း မဟုတ်ပါဘူး။ တစ်ဦးရင်ထဲက ခံစားချက်၊ ထင်မြင်ချက်ကို နောက်တစ်ဦး သိနားလည်ထားဖို့ ဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် နှစ်ယောက်တစ်ဘဝက ပိုဝေးဝေးသွားဖို့ပဲ ရှိတော့တယ်။
တကယ်လို့ ကိစ္စတစ်ခုခုနဲ့ နှစ်ယောက်သား အငြင်းပွားရန်ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အထင်လွဲတယ်ဆိုရင် အချင်းချင်းပြောဆိုဆက်ဆံဖို့ ပိုလိုအပ်ပါတယ်။ အထင်လွဲ၊ အမြင်လွဲတာကို ရင်ထဲ နက်နက်ရှိုင်းရှိုင်း အဝင်မခံပါစေနဲ့။ ရင်ထဲ အနက်ဆုံးနေရာမှာ ဆူးတစ်ချောင်းအဖြစ် ကျန်ရှိခဲ့မှာစိုးလို့ပါ။ ဒါဟာ လူနှစ်ယောက်ကို တဖြေးဖြေး ဝေးကွာစေမယ့်ဆူးဖြစ်တယ်။
အသိဉာဏ်ရှိတဲ့ ဇနီးမယားဖြစ်အောင် ဘယ်လိုလုပ်မလဲ?
ရေနဲ့တူတဲ့ မိန်းမ
ဒီလိုစကားတစ်ခွန်းကို ကျွန်မ အရမ်းသဘောကျခဲ့တယ်။ "မိန်းမတစ်ယောက်ဟာ ရေလိုကျယ်ပြန့်နွေးထွေးတဲ့ ရင်ခွင်ရှိရင် သူဟာ ရေနဲ့တူတဲ့မိန်းမပါ"တဲ့။ ရေလိုပျော့ပျောင်းနိုင်သလို၊ ရေလိုအင်အားကြီးမားနိုင်တဲ့ ဒီလိုမိန်းမမျိုးဟာ စိတ်သဘောထားကြီးမြတ်တယ်၊ အမျှော်အမြင်ရှိတယ်၊ အကြင်နာကရုဏာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တယ်၊ လူတွေကို ကူညီ၊ ဂရုစိုက်တတ်တယ်။ ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်ခြင်းသက်သက်နဲ့ပဲ ပေးဆပ်တယ်၊ ဒီလို မိန်းမမျိုးဟာ မိသားစုကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မိန်းမမျိုးဖြစ်တယ်။
ကိုယ့်ကိုယ်ကိုချစ်တဲ့ မိန်းမ
အသိဉာဏ်ရှိတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သိနားလည်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုချစ်မှ သူတစ်ပါးရဲ့အချစ်ကိုရမယ်၊ သူတစ်ပါးကို ချစ်တတ်မှာဖြစ်တယ်။ တစ်ခါက ကျွန်မကို မေးတဲ့မေးခွန်းတစ်ခုကို ကျွန်မ ဒီလိုပြန်ဖြေခဲ့တယ်။
တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်မရှိရင် ချစ်စရာကောင်းအောင် နေပါ။
တကယ်လို့ ချစ်စရာကောင်းအောင်လည်း မနေတတ်ဘူးဆိုရင် စိတ်နေစိတ်ထားကို မြှင့်တင်ပါ။
တကယ်လို့ စိတ်နေစိတ်ထားကို မမြှင့်နိုင်ရင် နူးညံ့သိမ်မွေ့ပါ။
တကယ်လို့ နူးညံ့သိမ်မွေ့တာလည်း နားမလည်ဘူးဆိုရင် အကျင့်သီလရှိပါ။
တကယ်လို့ အကျင့်သီလရှိတာလည်း မလုပ်နိုင်ဘူးဆိုရင် ပြုံးရယ်ပါ။
ပြုံးရယ်တာဟာ အလှဆုံးဘာသာစကားဖြစ်တယ်။ ဘယ်သူကမှ သင့်ရဲ့အပြုံးအရယ်ကို မဟန့်တားနိုင်ဘူး၊ မငြင်းဆန်နိုင်ဘူး။ တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်ရှိခဲ့ရင်လည်း စာများများဖတ်ပြီး အသိပညာတိုးပွားအောင် လုပ်ပါ။ အကြောင်းက အချိန်ရဲ့တိုက်စားချက်ကြောင့် လှပတဲ့ရုပ်ရည်တွေဟာ တစ်ချိန်ချိန်မှာ အိုမင်းသွားတတ်တယ်။ စာဖတ်ခြင်းကြောင့်ရလာတဲ့ အသိပညာတွေက နှစ်ချို့ဝိုင်တွေလို နှစ်ကြာလေ တန်ဖိုးရှိလေဖြစ်တယ်။ နောက်ပြီး တစ်ခုမှတ်ထားရမှာက အမြဲတမ်း နုပျိုပျော်ရွှင်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။
မိန်းကလေးတွေ ချွဲနွဲ့တတ်တာ၊ အလှပြင်တတ်တာ၊ ပေါင်တံလေးဖြောင့်စင်းအောင် ဂရုစိုက်တတ်တာတွေကို ယောက်ျားလေးတွေ လိုချင်ကြတယ်၊ ယောက်ျားလေးတွေ ဂရုစိုက်ကြတယ်လို့ မိန်းကလေးအများက မှားမှားယွင်းယွင်း ထင်ခဲ့ကြတယ်။ တကယ်တမ်း ယောက်ျားလေးတွေ ပိုဂရုစိုက်၊ ပိုလိုချင်တာက မိန်းကလေးရင်ထဲက ထွက်ပေါ်လာတဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျန်းမာတဲ့၊ နေရောင်လိုလင်းလက်တဲ့ စိတ်နေသဘောထားတွေဖြစ်တယ်။ ဒီအရာတွေက မိန်းကလေးကိုယ်ပေါ်မှာ ဝတ်စားထားတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ တိုင်းတာ၊ အစားထိုးလို့ မရနိုင်ပါဘူး။
လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူ
လင်ယောက်ျားရဲ့ချစ်သူလို့ဆိုလို က်တာနဲ့ လူတိုင်းရဲ့အတိုက်အခံကို ကျွန်မခံရတော့မယ်။ ကျွန်မပြောတာကို စိတ်ရှည်ရှည်ထားပြီး အရင်ဆုံးနားထောင်ပေးပါ။
လူတိုင်းမှာ မတူတဲ့ဝါသနာ၊ မတူတဲ့စိတ်ဝင်စားမှုတွေ ရှိတယ်။ တချို့က ပန်းမာလ်တွေကို စိတ်ဝင်စားတယ်၊ တချို့က လက်ဖက်ခြောက်တွေ မြည်းစမ်းရတာကို ကြိုက်တယ်။ တချို့က ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတယ်၊ တချို့က ပန်းချီတွေကို စိတ်ဝင်စားတယ်။ လင်မယားတွေမှာလည်း အဲဒီလိုပါပဲ... လင်ယောက်ျားကြိုက်တာကို မယားကြိုက်ချင်မှ ကြိုက်မယ်၊ မယားစိတ်ဝင်စားတာကို လင်ယောက်ျားစိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ ချစ်သူရည်းစားဖြစ်စမှာတော့ တစ်ဦးအကြိုက်ကို တစ်ဦးလိုက်လျောခဲ့တယ်။ အကြိုက်တူပြီး စိတ်နှလုံးချင်းထပ်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝရောက်တော့ နှစ်နှစ်လလရဲ့တိုက်စားချက်တြွေေ ကာင့် အကြိုက်တွေ၊ စိတ်ဝင်စားမှုတွေက တဖြည်းဖြည်း ကွာဟလာခဲ့ကြတယ်။ အခြားတစ်ယောက်အတွက် ဆန်၊ ဆီ၊ ဆားစတဲ့အရာတွေက နေ့တိုင်း မပြောမဖြစ် ပြောရတဲ့စကားဖြစ်လာတဲ့အခါ အခြားတစ်ယောက်က အဲဒီစကားကို ပြန်ဖြေ၊ ပြန်ပြောဖို့ ငြီးငွေ့လာတော့တယ်။ အဲဒီလိုနဲ့ အိမ်မှာကြုံရတဲ့ ငြီးငွေ့တဲ့အရာတွေကို အပြင်က လတ်ဆတ်ဆန်းသစ်တဲ့ အရာတွေရှာပြီး အစားထိုးတော့တယ်။ တကယ့်လက်တွေ့ဘဝ အိမ်ထောင်ရေးမှာ ရိုမန်တစ်ဆန်တာလေးတွေလည်း လိုအပ်တယ်။ လင်ယောက်ျားရဲ့ ဝါသနာ၊ စိတ်ဝင်စားတာတွေကို နည်းနည်းဂရုစိုက်ကြည့်ပါ။ သူနဲ့အတူ ပါဝင်လှုပ်ရှားပါ။ သူပြောတာတွေကို နားထောင်ပေးပါ။ သူရဲ့ အမာခံ နားထောင်သူပရိသတ်လုပ်ပါ။ အဲဒီလိုလုပ်တဲ့အခါ စိတ်ထဲမှာ စိတ်ပါလက်ပါရှိပါစေ၊ ဟန်ဆောင်မှုတွေ ကင်းပါစေ။ ဒါတွေကို လုပ်နိုင်ရင် သင်ဟာ လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူဖြစ်ပါတယ်။
လှပပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောင်နိုင် ဖို့ အသိဉာဏ်လိုအပ်တယ်။ အဲဒီအပြင် ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုအတွက် ပေးဆပ်နိုင်တဲ့ နှလုံးသားတစ်စုံရှိဖို့ ပိုလိုအပ်တယ်။ ဇနီးမယားရဲ့ အပြုအမူဟာ dominoကစားနည်းထဲက ပထမဆုံးအချပ်နဲ့ တူတယ်။ ရထားတွဲလို အချပ်လေးတွေအားလုံးကို ဦးဆောင်ထားတယ်။ ကိုယ်တိုင်ပျော်ရွှင်မှ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုကို ပျော်ရွှင်ခြင်းဆီ ဦးဆောင်၊ သယ်ဆောင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ထက်မြက်တဲ့ မိန်းကလေးတို့ရေ... ပျော်ရွှင်ခြင်းကို သင့်လက်ထဲမှာ သင်ကိုယ်တိုင် ဆုပ်ကိုင်ထားပါတယ်လို့ ကျွန်မကြိုက်တဲ့ စကားတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ပါရစေ။
မူရင်း-- http://www.duwenzhang.com/ wenzhang/aiqingwenzhang/ 20110423/180914.html
နိုင်းနိုင်းစနေ (Monday, May 02, 2011)
အချစ်ဆိုတာ ဘာလဲ?
အချစ်ဆိုတာ ဘာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အဖြေက ယောင်တဝါးဝါးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အချစ်ဆိုတာ ချစ်သူနှစ်ဦးကြားက ချိုမြိန်တဲ့ခံစားမှုတစ်မျိုးဖြစ
ဒါမှမဟုတ် အချစ်ဆိုတာ ကျီစယ်တတ်တဲ့နတ်သူငယ်နဲ့တူပြီး မြင်တွေ့သူတိုင်းကို ပျော်ရွှင်တဲ့ခံစားမှုတွေ ပေးတယ်။ သွေးကြောထဲထိတောင် ပျော်ရွှင်တဲ့သံစဉ်လေးတွေ စီးဆင်းစေတယ်။
ဒါမှမဟုတ် အချစ်ဆိုတာ မျိုးစေ့တစ်စေ့ဖြစ်တယ်။ အဲဒီမျိုးစေ့ကို သင့်တော်မှန်ကန်တဲ့ လူအပေါ်မှာ ပျိုးပြီး နှလုံးသွေးနဲ့ သွန်းလောင်းမယ်၊ ဂရုတစိုက်နဲ့ ပိုးမွှားတွေကို သုတ်သင်ခဲ့မယ်ဆိုရင် လှပတဲ့ပန်းပွင့်တွေပွင့်ပြီး ပျော်ရွှင်တဲ့အသီးတွေကို ခံစားရမှာဖြစ်တယ်။
ဒါမှမဟုတ် အချစ်ဆိုတာ စိတ်ကိုထုံထိုင်း၊ မြူးကြွစေတဲ့ဆေးဖြစ်တယ်။ အချစ်နဲ့တွေ့ဆုံသူတွေဟာ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တယ်
အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား?
အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား? တကယ်လို့ရှိခဲ့ရင် ဘယ်လောက်တာရှည်ခံသလဲ?
အချစ်မှာ အချစ်ရဲ့သက်တမ်းရှိတယ်လို့ ကျွန်မထင်တယ်။ အချစ်မှာ အချစ်ရဲ့အသက်အငွေ့တွေ တဖြည်းဖြည်း ပျောက်ဆုံးကုန်ခဲ့ရင် အချစ်သေဆုံးသွားတာ မဟုတ်ဘူး။ မိသားစုသံယောဇဉ်အဖြစ် အဆင့်တက်သွားတာဖြစ်တယ်။ မိသားစုသံယောဇဉ်အဖြစ် ပြောင်းသွားတာဟာ အချစ်သေဆုံးသွားတာဖြစ်တယ်လို့ လူတချို့က ဆိုကြတယ်။ ဒါကို ကျွန်မ သဘောမတူခဲ့ဘူး။ လူတိုင်းသိနားလည်တဲ့ ဥပမာနဲ့ခိုင်းနှိုင်းပြရရင် မိသားစုသံယောဇဉ်အဖြစ် ပြောင်းသွားတဲ့အချစ်က ချစ်သူနဲ့သင့်ကို ဘယ်လက်နဲ့ညာလက်အဖြစ် ဖြစ်စေပြီး တွဲလက်ကို ခိုင်မြဲစေတာဖြစ်တယ်။ ဒါဟာ အချစ်ရဲ့ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်တယ်။ ဘယ်လက်တစ်ဖက်ပဲဖြစ်ဖြစ် တွဲလက်မြဲဖို့ နောက်လက်တစ်ဖက် လိုအပ်လို့ဖြစ်တယ်။ လက်တစ်ဖက်မဲ့တာနဲ့ ပြည့်စုံတဲ့ခန္ဓာကိုယ်ကို မရနိုင်တော့ပါဘူး။
အချစ်ရဲ့ ဒိတ်လွန်နေ့စွဲဟာ ထာဝရဖြစ်တယ်။ ကျွန်မရဲ့ဆရာတစ်ယောက်က ပြောဖူးတယ်... "ကဗျာနှလုံးသားနဲ့ အရာရာကိုကြည့်ရင် အရာရာတိုင်းက ကဗျာပါ"တဲ့။ ဒါကြောင့် ကျွန်မလည်းပြောချင်ပါတယ်... "အချစ်ရဲ့ဒိတ်လွန်နေ့စွဲကို ဘယ်လောက်လို့ သင်သတ်မှတ်ရင် အချစ်က ဘယ်လောက်တာရှည်ခံပါတယ်"လို့...
အချစ်ကိုရွေးတာလား? အိမ်ထောင်ရေးကို ရွေးတာလား?
တချို့အချစ်တွေက ဘဝရဲ့အစမ်းသပ်ကို မခံနိုင်ခဲ့ကြဘူး။ ခါးသီးတဲ့ဘဝရဲ့ သံခြေဖနှောင့်အောက်မှာ သေဆုံးသွားတတ်ကြတယ်။ တချို့ အိမ်ထောင်ရေးက အချစ်ကိုပေါက်ဖွားစေတယ်။ ဒါကြောင့် သင့်တော်မှန်ကန်တဲ့အချစ်နဲ့ အိမ်ထောင်ရေးကို ရွေးတတ်ဖို့ အရေးကြီးတယ်။
ပျော်ရွှင်ခြင်းဆိုတာ အချစ်တွေ အမှတ်တမဲ့ဓာတ်ပြုပြီး ဖြစ်လာတဲ့ ဓာတုတုန့်ပြန်မှုတွေ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အိမ်ထောင်ရေးထဲက မငြိမ်းတဲ့အချစ်မီးကို ရှာဖွေတာဖြစ်တယ်။ ဒါကြောင့် အိမ်ထောင်ရေးအတွက် "သင့်တော်မှန်ကန်တဲ့လူ" တွေ့နိုင်ဖို့ ပိုအရေးကြီးတယ်။ သင့်တော်မှန်ကန်တဲ့လူအပေါ်မှာသာ အချစ်မီးကို ဘဝဆုံးအထိ မငြိမ်းတမ်းထွန်းညှိနိုင်မှာဖြစ
ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် ဘာလိုအပ်သလဲ?
အချစ်
ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် အချစ် လိုအပ်တယ်။ ရူးရူးသွပ်သွပ်ချစ်တဲ့ အချစ်မျိုးမဟုတ်ဘဲ နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြတဲ့အချစ်မျိုးဖြစ်တယ်
အမျိုးသားရူထောင့်ကနေ ပြောရရင် သူတို့ဟာ အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်၊ အလုပ်စတဲ့ ဖိအားတွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းရတာမို့ ပိုအားနည်းပျော့ညံ့ပြီး အချစ်ကို ပိုလိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်ဟာ ချော့မော့ဂရုစိုက်တာကို ပိုလိုအပ်သလိုမျိုး ဇနီးမယားဖြစ်သူတွေက ကိုယ့်လင်ယောက်ျားကို ပိုကြင်နာ၊ ပိုချစ်ခင်တတ်ဖို့ လိုအပ်ပါတယ်။
နားလည်မှု၊ ခွင့်လွှတ်မှု
အလုပ်က အပြောထက်သာတယ်ဆိုတဲ့စကားက အိမ်ထောင်ရေးမှာလည်း သုံးဖို့သင့်တော်တယ်။ ဒဏ္ဍာရီဆန်ဆန်ချစ်ခဲ့ကြပြီး သာမန်လက်တွေ့ဘဝကို အတူဖြတ်ကျော်ကြတော့ အိမ်ထောင်တာဝန်၊ မိသားစုတာဝန်၊ လင်ဝတ္တရား၊ မယားဝတ္တရား စတဲ့အရာတွေကြားမှာ ကျွန်မတို့ အသက်ရှုကြပ်ခဲ့ကြရတယ်။ တခြားတစ်ယောက်က မောပန်းပင်ပန်းလာတဲ့အခါ အခြားတစ်ယောက်ကို ဂရုစိုက်ဖို့ လျစ်လျူရှုမိတတ်ကြတယ်။ အဲဒီအခါ နားလည်ပေးတတ်ဖို့ လိုအပ်တယ်။ တစ်ခါတလေ သူပြုမူတတ်တဲ့ ကိုယ်မနှစ်သက်တဲ့ အပြုအမူလေးတွေကိုလည်း ခွင့်လွှတ်ပေးတတ်ဖို့ လိုအပ်တယ်။
အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ ချစ်နေကြတဲ့ ချစ်သူနှစ်ဦးမှာဖြစ်ဖြစ် အမှားတစ်ခုကျူးလွန်တတ်ကြတယ်။ အဲဒီအမှားက တစ်ဖက်သားရဲ့အပြုအမူ၊ အထင်အမြင်ကို ကျွန်မတို့ သတ်မှတ်ထားတဲ့ပုံစံထဲဝင်အောင် မျှော်လင့်တာဖြစ်တယ်။ ဒါဟာ မျှော်လင့်လို့ရနိုင်ပေမယ့် အတင်းအဓမ္မတော့ လုပ်ယူလို့မရနိုင်ပါဘူး။ တကယ်လို့ သူ့ကိုတကယ်ချစ်ရင် သူ့ရဲ့အားနည်းချက်ကိုလည်း ကျွန်မတို့ လက်ခံတတ်ရမယ်။ နှစ်သက်လို့ ရွေးချယ်ခဲ့တဲ့ လူတစ်ယောက်ကို အပင်ပန်းခံပြီး ဘာလို့သွားပြောင်းလဲနေဦးမလဲ? အချင်းချင်းချစ်ကြတဲ့ လူနှစ်ဦးမှာရှိတဲ့ ခြားနားချက်တွေဟာ ကွဲပြားတဲ့နည်းလမ်းနဲ့ ကျွန်မတို့ အချင်းချင်းသင်ယူနိုင်ဖို့ပဲ ဖြစ်တယ်။ တစ်ဖက်သားရဲ့ကိုယ်ပေါ်ကနေ တစ်ဖက်သားရဲ့နှစ်လိုမှုကို ကျွန်မတို့ရှာဖွေရတယ်။ ကိုယ်ချစ်တဲ့သူ့ကိုယ်ပေါ်က ရလာတဲ့နှစ်လိုမှုတွေဟာ ကျွန်မတို့ကို အကောင်းမြင်တဲ့သက်ရောက်မှု ပေးပါတယ်။
ယုံကြည်မှု
ယုံကြည်မှုဆိုတာ အိမ်ထောင်ရေးထဲမှာ နှလုံးသားအချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ သက်သက်သာသာ တွဲချည်ထားတဲ့ကြိုးဖြစ်လည်း ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို တည်ဆောင်နိုင်ပါတယ်။ တရားသူကြီးရှေ့မှာ၊ ကျမ်းစာရှေ့မှာ၊ ဘုရားသခင်ရှေ့မှောက်မှာ တဘက်သားထံ ယုံကြည်မှုကို ကျွန်မတိုအပ်နှံ့ကြတယ်။ သင်ယုံကြည်တဲ့မိန်းကလေးကို ဇနီးမယားအဖြစ် သင်လက်ထပ်ထိမ်းမြားတယ်။ ဆင်းရဲချမ်းသာပါစေ၊ အို၊ နာ၊ သေပါစေ မစွန့်လွှတ်၊ မခွဲခွာစတမ်း လိုလိုလားလား သင်ကတိပြုတယ်။ ဒီအချိန်မှာ ယုံကြည်မှုက ပြုံးပြုံးရွှင်ရွှင်နဲ့ အထီးကျန်တဲ့လက်တစ်ဖက်ကို အခြားနွေးထွေးတဲ့လက်တစ်ဖက်ထဲ ထည့်ပေးလိုက်တယ်။
အခုခေတ် အိမ်ထောင်ရေးမှာ ယုံကြည်မှုဆိုတာ နှလုံးသားချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ လွတ်သင့်ရင်လွတ်၊ ရုတ်သင့်ရင်ရုတ်မှ အိမ်ထောင်ရေးကို ပိုခိုင်မြဲစေမှာဖြစ်တယ်။ လှပပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှုပေါ် အုတ်မြစ်ချ တည်ဆောက်ထားတာဖြစ်တယ်။ အိမ်ထောင်ဖက်ချင်း တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုက အချစ်ကို ပိုဆတိုးစေပါတယ်။
ပွင့်လင်းမှု
ယုံကြည်မှုက အိမ်ထောင်ရေးမှာ မရှိမဖြစ်တဲ့ လိုအပ်တဲ့အချက်ဖြစ်တယ်။ ယုံကြည်မှုရဲ့ရှေ့ဆောင်က ပွင့်လင်းမှုဖြစ်တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာ အချစ်ရှိရုံနဲ့တင်၊ အချင်းချင်း နားလည်ခွင့်လွှတ်မှုရှိရုံနဲ့တင် မလုံလောက်ဘဲ ပွင့်လင်းမှုလည်းရှိဖို့ လိုအပ်တယ်။ တချို့ပွင့်လင်းမှုက လူကိုထိခိုက်နာကျင်တတ်စေတယ် ဆိုပေမယ့် မပြောမဖြစ် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရတဲ့အခါ ပိုထုတ်ဖော်ပြောသင့်ပါတယ်။ အိမ်ထောင်ရေးထဲက လူနှစ်ယောက်ဟာ အုပ်စုတစ်စုဖြစ်တယ်။ ဘာပဲဖြစ်နေဖြစ်နေ နှစ်ဦးစလုံး ရင်ဆိုင်ရမှာ၊ တာဝန်ယူရမှာဖြစ်တယ်။ ဘဝဟာ ဘယ်လောက်ပဲ ခါးသီးခက်ခဲလည်း နှစ်ဦးသား အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းကြတာမို့ အခါးထဲကနေ ပျော်ရွှင်ခြင်းတွေကို နှစ်ဦးသားခံစားကြရပါလိမ့်မယ်။
အချင်းချင်း ပြောဆိုဆက်ဆံမှု
စိတ်ပညာရှင် Leo F. Buscaglia က "အချစ်ဆိုတာ နှလုံးသားထဲမှာ တခဏသာ ဖြစ်ပေါ်လာတဲ့အရာမဟုတ်ဘူး။ အချစ်ဆိုတာ လူနှစ်ယောက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်နဲ့ ကြိုးစားတည်ဆောက်ထားတဲ့ ကမ္ဘာဖြစ်တယ်။ အဲဒီလိုတည်ဆောက်ဖို့ အချိန်လိုတယ်၊ စိတ်နှလုံးရှိဖို့ ပိုလိုအပ်တယ်" လို့ ဆိုခဲ့တယ်။ ဒီလိုကြိုးစားတည်ဆောက်နေတဲ့ ဘဝထဲမှာ အချင်းချင်းပြောဆိုဆက်ဆံမှုက ချောဆီသဖွယ် အသုံးဝင်တယ်။ အိမ်ထောင်ရေးတစ်ခုမှာ အောက်ကအဆင့် ၄ဆင့်ကို ဖြတ်ကျော်ကြရတယ်။
(၁) ချစ်သူရည်းစားဖြစ်ချိန်
ဒီအဆင့်က တစ်ဘက်သားရဲ့ အနာအဆာကိုမမြင်တဲ့ အဆင့်ဖြစ်တယ်။ မျက်စိကို ပုဝါစနဲ့စည်းထားသလို စိတ်ကူး၊ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေတဲ့အချိန်ဖြစ်တယ်။ ပျားရည်ဆမ်းသလို အမြဲတမ်းချိုမြိန်နေပြီး လူကို အဆုံးမဲ့မူးယစ်ခြင်းတွေ ဖြစ်စေတယ်။
(၂) မရေမရာ ရှုပ်ထွေးချိန်
ပျားရည်ဆမ်းထဲကနေ ရုတ်တရက် လန့်နှိုးလာတဲ့အချိန်ဖြစ်တယ်။ တစ်ဘက်သားအပေါ် မျှော်လင့်ချက်မဲ့စပြုလာတယ်။ အချင်းချင်းဆက်ဆံရေးကို စိတ်ပျက်လာတယ်။ ဒီလိုအချိန်ဟာ အချင်းချင်း အံဝင်အောင် ပွတ်တိုက်ချိန်ဖြစ်တယ်။
(၃) အားပြိုင်ချိန်
ဒီအဆင့်မှာ နှစ်ဦးနှစ်ဖက်စလုံး ခံစားချက်တွေ မတည်မငြိမ်ဖြစ်ကြတယ်။ ငြင်းခုန်မှု၊ အားပြိုင်မှုတွေနဲ့ ပြည့်နေချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ တချို့အတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက်အေးစက်ပြီး ခွာလာတာမျိုး၊ ထစ်ခနဲဆို ရန်ဖြစ်ငြင်းခုန်တာမျိုးတွေ ဖြစ်လာကြတယ်။ တချို့က နောက်ထပ်အချစ်သစ်ရှာတာမျိုးတွေ ဖြစ်လာတယ်။ တချို့က လမ်းခွဲလိုက်တာမျိုးတွေ ဖြစ်လာကြတယ်။
(၄) ကတိနဲ့ လက်ခံချိန်
ဘယ်လို ခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မတို့က ကျွန်မတို့ရဲ့ အသိဉာဏ်နဲ့သည်းခံနိုင်မှုကို မြင့်တင်ရတယ်။ ကိုယ်နဲ့မတူတဲ့ တစ်ဘက်သားရဲ့ခြားနားချက်ကို စတင်ကိုက်ညှိလက်ခံရတယ်။ ဒီလို အသိဉာဏ်၊ သည်းခံနိုင်မှုနဲ့ ကိုက်ညှိလို့ရလာတဲ့ အချစ်ရဲ့လက်ဆောင်က လူ့ဘဝတစ်သက်တာကို ကောင်းကျိုးဖြစ်စေတယ်။ လူကိုလည်း ပျော်ရွှင်ချမ်းမြေ့စေတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် လူနှစ်ယောက်ရဲ့ အချင်းချင်းအပေါ် ဂရုစိုက်ခြင်း၊ ကြင်နာခြင်းတွေက အကျင့်တစ်ခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းသွားတယ်။ ဘယ်ဖက်လက်နဲ့ ညာဖက်လက်အကျင့်အသွင် ပြောင်းသွားတာဖြစ်တယ်။ လက်တစ်ဖက်ဖက် မရှိရင် အခြားလက်တစ်ဖက်အတွက် မပြည့်စုံတဲ့အကျင့်မျိုးဖြစ်တယ်
ဒီအဆင့် ၄ဆင့်စလုံးမှာ အချင်းချင်းပြောဆိုဆက်ဆံရေးက အရေးအကြီးဆုံးဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး အချင်းချင်း ပြောဆိုဆက်ဆံတဲ့အချိန်တွေ ချို့တဲ့ရလောက်အောင် နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေက ကျွန်မတို့ရဲ့ခြေထောက်ကို ချုပ်နှောင်ရင် ချုပ်နှောင်ထားမယ်။ ဒါပေမဲ့ အချင်းချင်း လျစ်လျူမရှုမိဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့် သင့်စိတ်ထဲ ခံစားနေတာတွေ တစ်ဘက်သားကို ပြောပြပါ။ ရင်ဖွင့်ပါ။ သင့်ခံစားနေတာတွေ၊ သင့်ထင်မြင်ချက်တွေကို သူလည်း သိမြင်ခံစားပါစေ။ ဒါဟာ ငြီးတွားတာမဟုတ်သလို မြည်တွန်တောက်တီးတာလည်း မဟုတ်ပါဘူး။ တစ်ဦးရင်ထဲက ခံစားချက်၊ ထင်မြင်ချက်ကို နောက်တစ်ဦး သိနားလည်ထားဖို့ ဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် နှစ်ယောက်တစ်ဘဝက ပိုဝေးဝေးသွားဖို့ပဲ ရှိတော့တယ်။
တကယ်လို့ ကိစ္စတစ်ခုခုနဲ့ နှစ်ယောက်သား အငြင်းပွားရန်ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အထင်လွဲတယ်ဆိုရင် အချင်းချင်းပြောဆိုဆက်ဆံဖို့ ပိုလိုအပ်ပါတယ်။ အထင်လွဲ၊ အမြင်လွဲတာကို ရင်ထဲ နက်နက်ရှိုင်းရှိုင်း အဝင်မခံပါစေနဲ့။ ရင်ထဲ အနက်ဆုံးနေရာမှာ ဆူးတစ်ချောင်းအဖြစ် ကျန်ရှိခဲ့မှာစိုးလို့ပါ။ ဒါဟာ လူနှစ်ယောက်ကို တဖြေးဖြေး ဝေးကွာစေမယ့်ဆူးဖြစ်တယ်။
အသိဉာဏ်ရှိတဲ့ ဇနီးမယားဖြစ်အောင် ဘယ်လိုလုပ်မလဲ?
ရေနဲ့တူတဲ့ မိန်းမ
ဒီလိုစကားတစ်ခွန်းကို ကျွန်မ အရမ်းသဘောကျခဲ့တယ်။ "မိန်းမတစ်ယောက်ဟာ ရေလိုကျယ်ပြန့်နွေးထွေးတဲ့ ရင်ခွင်ရှိရင် သူဟာ ရေနဲ့တူတဲ့မိန်းမပါ"တဲ့။ ရေလိုပျော့ပျောင်းနိုင်သလို၊ ရေလိုအင်အားကြီးမားနိုင်တဲ့ ဒီလိုမိန်းမမျိုးဟာ စိတ်သဘောထားကြီးမြတ်တယ်၊ အမျှော်အမြင်ရှိတယ်၊ အကြင်နာကရုဏာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တယ်၊ လူတွေကို ကူညီ၊ ဂရုစိုက်တတ်တယ်။ ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်ခြင်းသက်သက်နဲ့ပဲ ပေးဆပ်တယ်၊ ဒီလို မိန်းမမျိုးဟာ မိသားစုကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မိန်းမမျိုးဖြစ်တယ်။
ကိုယ့်ကိုယ်ကိုချစ်တဲ့ မိန်းမ
အသိဉာဏ်ရှိတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သိနားလည်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုချစ်မှ သူတစ်ပါးရဲ့အချစ်ကိုရမယ်၊ သူတစ်ပါးကို ချစ်တတ်မှာဖြစ်တယ်။ တစ်ခါက ကျွန်မကို မေးတဲ့မေးခွန်းတစ်ခုကို ကျွန်မ ဒီလိုပြန်ဖြေခဲ့တယ်။
တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်မရှိရင် ချစ်စရာကောင်းအောင် နေပါ။
တကယ်လို့ ချစ်စရာကောင်းအောင်လည်း မနေတတ်ဘူးဆိုရင် စိတ်နေစိတ်ထားကို မြှင့်တင်ပါ။
တကယ်လို့ စိတ်နေစိတ်ထားကို မမြှင့်နိုင်ရင် နူးညံ့သိမ်မွေ့ပါ။
တကယ်လို့ နူးညံ့သိမ်မွေ့တာလည်း နားမလည်ဘူးဆိုရင် အကျင့်သီလရှိပါ။
တကယ်လို့ အကျင့်သီလရှိတာလည်း မလုပ်နိုင်ဘူးဆိုရင် ပြုံးရယ်ပါ။
ပြုံးရယ်တာဟာ အလှဆုံးဘာသာစကားဖြစ်တယ်။ ဘယ်သူကမှ သင့်ရဲ့အပြုံးအရယ်ကို မဟန့်တားနိုင်ဘူး၊ မငြင်းဆန်နိုင်ဘူး။ တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်ရှိခဲ့ရင်လည်း စာများများဖတ်ပြီး အသိပညာတိုးပွားအောင် လုပ်ပါ။ အကြောင်းက အချိန်ရဲ့တိုက်စားချက်ကြောင့် လှပတဲ့ရုပ်ရည်တွေဟာ တစ်ချိန်ချိန်မှာ အိုမင်းသွားတတ်တယ်။ စာဖတ်ခြင်းကြောင့်ရလာတဲ့ အသိပညာတွေက နှစ်ချို့ဝိုင်တွေလို နှစ်ကြာလေ တန်ဖိုးရှိလေဖြစ်တယ်။ နောက်ပြီး တစ်ခုမှတ်ထားရမှာက အမြဲတမ်း နုပျိုပျော်ရွှင်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။
မိန်းကလေးတွေ ချွဲနွဲ့တတ်တာ၊ အလှပြင်တတ်တာ၊ ပေါင်တံလေးဖြောင့်စင်းအောင် ဂရုစိုက်တတ်တာတွေကို ယောက်ျားလေးတွေ လိုချင်ကြတယ်၊ ယောက်ျားလေးတွေ ဂရုစိုက်ကြတယ်လို့ မိန်းကလေးအများက မှားမှားယွင်းယွင်း ထင်ခဲ့ကြတယ်။ တကယ်တမ်း ယောက်ျားလေးတွေ ပိုဂရုစိုက်၊ ပိုလိုချင်တာက မိန်းကလေးရင်ထဲက ထွက်ပေါ်လာတဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျန်းမာတဲ့၊ နေရောင်လိုလင်းလက်တဲ့ စိတ်နေသဘောထားတွေဖြစ်တယ်။ ဒီအရာတွေက မိန်းကလေးကိုယ်ပေါ်မှာ ဝတ်စားထားတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ တိုင်းတာ၊ အစားထိုးလို့ မရနိုင်ပါဘူး။
လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူ
လင်ယောက်ျားရဲ့ချစ်သူလို့ဆိုလို
လူတိုင်းမှာ မတူတဲ့ဝါသနာ၊ မတူတဲ့စိတ်ဝင်စားမှုတွေ ရှိတယ်။ တချို့က ပန်းမာလ်တွေကို စိတ်ဝင်စားတယ်၊ တချို့က လက်ဖက်ခြောက်တွေ မြည်းစမ်းရတာကို ကြိုက်တယ်။ တချို့က ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတယ်၊ တချို့က ပန်းချီတွေကို စိတ်ဝင်စားတယ်။ လင်မယားတွေမှာလည်း အဲဒီလိုပါပဲ... လင်ယောက်ျားကြိုက်တာကို မယားကြိုက်ချင်မှ ကြိုက်မယ်၊ မယားစိတ်ဝင်စားတာကို လင်ယောက်ျားစိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ ချစ်သူရည်းစားဖြစ်စမှာတော့ တစ်ဦးအကြိုက်ကို တစ်ဦးလိုက်လျောခဲ့တယ်။ အကြိုက်တူပြီး စိတ်နှလုံးချင်းထပ်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝရောက်တော့ နှစ်နှစ်လလရဲ့တိုက်စားချက်တြွေေ
လှပပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောင်နိုင်
မူရင်း-- http://www.duwenzhang.com/
နိုင်းနိုင်းစနေ (Monday, May 02, 2011)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။