Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 27, 2013

တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ရေဓာတ် ခန်းခြောက်မှု အန္တရာယ် ကာကွယ်ရေး

 
Royal Hero Media
တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ရေဓာတ် ခန်းခြောက်မှု အန္တရာယ် ကာကွယ်ရေး

လူတစ်ယောက်မှာ တစ်ကိုယ်ရေ သန့်ရှင်းမှု လိုအပ်သလို ရေဓာတ် ခန်းခြောက်မှု မရှိအောင်လည်း ကာကွယ်ဖို့ အရေးကြီးပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ရေဓာတ် ခန်းခြောက်မှုသည် ဆေးပညာ ရှုထောင့်မှ ကြည့်ရင် အဓိပ္ပာယ်ရော အကျိုး သက်ရောက်မှုပါ မတူ ကွဲပြား နေသည်ဟု ထင်စရာ ရှိပါတယ်။ သို့သော် ထိုနှစ်မျိုးသည် လူတစ်ယောက်ရဲ့ကျန်းမာရေး အတွက် အပြန်အလှန် ဆက်စပ်မှု ရှိနေကြောင်း တွေ့ရ မှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှု လုပ်ဆောင်ရာမှာ အဓိက အသုံးပြု ရတာ သန့်ရှင်းသော ချိုးရေပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်မှု မရှိစေရေး အတွက် အဓိက သုံးစွဲ ရတာဟာလည်း သန့်ရှင်းသော သောက်သုံးရေပဲ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ရေကို အသုံးပြုရာမှာ ခန္ဓာကိုယ် ပြင်ပ အရေပြားပေါ် သန့်ရှင်းအောင် အသုံးပြု ရခြင်းနဲ့ ခန္ဓာကိုယ် အတွင်း အင်္ဂါတွေ(INTERNAL ORANS) အတွက် တိုက်ရိုက် အသုံးပြု ရတာတို့ပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အတွင်း (INTERNAL)၊ အပြင် (EXTERNAL)ပါ ရေကို လုံလောက်စွာ အသုံးပြု နိုင်ပါမှ ခန္ဓာလန်းဆန်း စိတ်ရွှင်လန်း နေမှာ ဖြစ်ပါတယ်။

လူတစ်ယောက်မှာ ခန္ဓာကိုယ် အရေပြား အားလုံး သန့်ရှင်း စင်ကြယ်ဖို့ လိုအပ်သလို၊ ခန္ဓာကိုယ် အတွင်း အင်္ဂါ မှန်သမျှ ရေဓာတ် လုံလောက်စွာ ရရှိနေဖို့လည်း လိုပါတယ်။ လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၇ဝ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ် လုံလောက်စွာ ရရှိနေမှသာ ဆဲလ် (CELLS) အားလုံးနဲ့ ကိုယ်တွင်း အင်္ဂါ အများစုဟာ ပုံမှန် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ အခါ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်လာ တတ်ပါတယ်။

ဥပမာ- ချိုင်းကြားက အနံ့ဆိုးတွေ ခြေဖဝါးက ချဉ်ဆီတွေ ထွက်လာ တတ်ပါတယ်။ ချိုင်းကြားနဲ့ ပေါင်ခြံကြားတွေ၊ ဦးခေါင်း၊ လည်ပင်း တစ်ဝိုက်က ထွက်လာတဲ့ ချွေးတွေဟာ ရက်ကြာလာတဲ့ အခါ ကြေးအဖြစ် ပြောင်းကာ ကြေးခြောက် စွဲလာ တတ်သလို၊ ထိုကြေးများမှ တစ်ဆင့် ပွေး၊ ဝဲ၊ ညှင်း၊ ဒက်လိုမျိုး အရေပြား ရောဂါတွေ စွဲကပ် လာတတ်ပါတယ်။ ချိုင်း၊ ပေါင်ခြံ၊ လည်ပင်း၊ ဦးခေါင်း စတဲ့နေရာ တွေမှာအနာ၊ အဖုတွေ ထွက်လာခြင်းတို့ ဖြစ်ပေါ် ခံစား ရတတ်ပါတယ်။ အချို့မှာ ရေယုန်လို အနာမျိုးတွေက နှုတ်ခမ်း တစ်ဝိုက်နှင့် မေးစေ့ တစ်ဝိုက်မှာ တွေ့ရလေ့ ရှိပါတယ်။

အများအားဖြင့်တော့ ကလေးတွေမှာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းလို့ ဦးခေါင်းတွေမှာ မန်ကျည်းစေ့ အရွယ်၊ အာလူးသီး အရွယ်၊ နီနီရဲရဲနဲ့ ဖုဖောင်းနေတဲ့ သွေးစုနာ၊ သွေးပြည်နာ တွေကို တွေ့ရပါတယ်။ ဆေးပညာ အခေါ်အဝေါ် အရတော့ သွေးစုနာကို (cellulities) လို့ခေါ်ပါတယ်။ အဖြူရောင် ပျစ်ပျစ်နဲ့ ပြည်တွေ အပြည့် ဖြစ်နေတဲ့ အနာမျိုး ကျတော့ (ABSCESS) လို့ခေါ်ပါတယ်။ အချို့ ကလေးတွေ ဆိုရင် သူတို့ နှာခေါင်းပေါက်က နှာရည်ယို စီးကြောင်းဟာ ပါးစပ်ထဲကို အသေးစား ရေတံခွန် ပမာ စီးကျနေတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်က ထွက်တဲ့ နှာရည်တို့ ချွဲသလိပ်တို့ သေးလို့ခေါ်တဲ့ ကျင်ငယ်ရေတွေ အီးအီးတွေဟာ ခန္ဓာကိုယ် အရေပြားနဲ့ ထိတွေ့ကြိမ် များရင် အရေပြား တွေကို စားသွား တတ်ပါတယ်။

အရပ်အခေါ် အရ(ကြေး)ပူ သေးပူ လောင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဆိုရင် အရေပြားတွေမှာ အနီရောင် သန်းနေတတ်ပြီး ပူစပ်ပူလောင် ခံစား ရတတ်ပါတယ်။အထူးသဖြင့်တော့ ကိုယ်ကိုယ်တိုင်လည်း တစ်ကိုယ်ရေ သန့်ရှင်းမှုကို မလုပ်နိုင်၊ မိဘတွေ ကလည်း အကြောင်း အမျိုးမျိုးကြောင့် အချိန်ပေးပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဆောင်ရွက် မပေးနိုင်တဲ့ ကလေးတွေမှာ အဖြစ် များပါတယ်။ ဥပမာ-အိပ်ရာထဲမှာ ကြိမ်ဖန်များစွာ ဆီး၊ဝမ်း သွားလေ့ရှိတဲ့ ကလေးဟာ မစင်နဲ့ ဆီးစက်ကျရာ ပေါင်ခြံကြား တွေနဲ့ စအိုတစ်ဝိုက်က အရေပြားတွေ နီရဲတတ်ပြီး ရေနဲ့ ထိတွေ့တဲ့ အခါ စပ်ဖျင်းဖျင်း ဝေဒနာကို ခံစား ရတတ်ပါတယ်။

ကလေးတွေမှာ ဒီလို အနာတွေ ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ လူကြီးတွေ မှာလည်း အဖြစ်များပါတယ်။ အချို့ဆိုရင် ထိမိခိုက်မိတာ မဟုတ်ဘဲနဲ့ နှုတ်ခမ်းသားတွေ ခြောက်သွေ့ပြီး ကွဲအက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် အရေပြားတွေ စိုပြည်မှု မရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေတာ လက်သည်း၊ ခြေသည်းတွေမှာ (Fungus) ဖန်းဂပ်စ်လို့ ခေါ်တဲ့ မှိုစွဲနာတွေ ဖြစ်နေတာ၊ မျက်ခမ်းသားတွေ ယားယံပြီး အနီရောင် အဖုတွေ ထွက်လာတာ၊ မျက်တောင်မွေးတွေ ခဏခဏ ကျွတ်တာ၊ မျက်ခမ်းသား အတွင်းနံရံတွေ ယားယံတာ စတဲ့ အချက် တွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှုမှာ လုပ်ဆောင် သင့်သည်များ ကိုလည်း အကြံပြု တင်ပြ လိုပါတယ်။

မနက်စောစော အိပ်ရာထပြီး သွားတိုက်၊ မျက်နှာသစ် တာဟာ လူတွေရဲ့ နေ့စဉ် လုပ်နေကြတွေထဲက အရေးကြီး လုပ်ဆောင်သင့်တဲ့ အချက်တွေပါ။ အဲဒီထဲကမှ ခြေသည်း၊ လက်သည်းတွေ ရှည်နေရင် လှီးဖြတ်တာ၊ တစ်နေ့ နှစ်ကြိမ် ရေပုံမှန် ချိုးပေးတာ၊ သန့်ရှင်းသော အဝတ်အထည်များကို ဝတ်ဆင်တာ၊ တစ်နေ့နှစ်ကြိမ် ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးတာ၊ တစ်နေ့နှစ်ကြိမ် မျက်နှာသစ် ပေးတာ၊ ဆံပင်ကို ဆီလူးပေးတာ၊ အစာ မစားမီနဲ့ အစာစားပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပေးတာ၊ အညစ်အကြေး စွန့်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပေးတာ၊ ညအိပ်ရာ မဝင်မီ ခြေလက်တွေကို ဆေးကြော သန့်စင်ပြီးမှ အိပ်ရာဝင် သင့်ပါတယ်လို့ အကြံပြု လိုပါတယ်။ အခု ဆက်လက်ပြီး ရေဓာတ် ခန်းခြောက်မှုနဲ့ ပတ်သက်ပြီး တင်ပြ လိုပါတယ်။

လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ အရေးကြီး လိုအပ်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာစကား တစ်ခုရှိပါတယ်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်တဲ့။ ဒီစကားက ထမင်းကို ခုနစ်ရက် မစားရ သော်လည်း နေနိုင်တယ်။ ရေကိုတော့ တစ်မနက် မသောက်ရရင် မနေနိုင် အသက်အန္တရာယ် စိုးရိမ် ရပါတယ်ဆိုတဲ့ သဘောပါ။ ရေဟာ လူ့ခန္ဓာကိုယ် အတွက် အရေးကြီး လိုအပ်တဲ့ ပဋိပစ္စည်းဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ရေပမာဏကို လုံလုံလောက်လောက် မသောက်တတ် ကြပြန်ဘူး။ ဒါကြောင့်လည်း ရေဓာတ် ခန်းခြောက်ခြင်း ဆိုတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ် ခံစား လာရပါတယ်။ ရေဓာတ် ခန်းခြောက်ခြင်း လက္ခဏာတွေကို တင်ပြရရင် သွေးခုန်နှုန်း မြင့်တက်လာတာ၊ ဆီးမသွားတာ၊ ဆီးသွား သော်လည်း နည်းတာ၊ ရေငတ်တာ၊ နုံးခွေ အားနည်းလာတာ၊ ညောင်းလာတာ၊ ခေါင်းကိုက်တာ၊အာခေါင် ခြောက်လာတာ၊ မူးဝေတာ၊ အာရုံကြောတွေ တုံ့ဆိုင်းနေတာ၊ သွေးပေါင်ကျတာ၊ နှုတ်ခမ်းသားတွေ ခြောက်သွေ့ပြီး ကွဲအက်လာတာ၊ ခေါင်းမူးတာ၊ စားချင် သောက်ချင် စိတ်တွေ မရှိ ဖြစ်နေတတ်ပါတယ်။ ရေသောက် ဖို့ကိုတော့ မေ့နေတတ်ပါတယ်။ ရေဓာတ် ခန်းခြောက်ခြင်း ဝေဒနာကို အမှုမဲ့ အမှတ်မဲ့ နေရင် အသက် အန္တရာယ် စိုးရိမ်ရပါတယ်။ ရောဂါတွေ ထူပြော လာတတ်ပါတယ်။

ရေဓာတ်ဟာ လူ့ခန္ဓာကိုယ်မှာ အလိုအပ်ဆုံးပါ။ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ အင်္ဂါ အစိတ်အပိုင်း မှန်သမျှ ရေဓာတ် လုံလောက်စွာ ရရှိနေဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ် အတော်အတန် ခန်းခြောက် နေသူတွေမှာ ဝမ်းချုပ်ဖို့ အလားအလာ များပါတယ်။ ဝမ်းချုပ်ပြီး ဝမ်းပုံမှန် မသွားခြင်းဟာ အစာစားချိန်နဲ့ စားတဲ့ အစားအစာပေါ်မှာ မူတည်နေသလို ရေဓာတ် ခန်းခြောက်မှု ကြောင့်လည်း ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်းတို့ ဖြစ်ပေါ် ခံစားရတတ်ပါတယ်။ ရေဓာတ် ခန်းခြောက်လို့ ဝမ်းချုပ်တယ် ဆိုရင် ခန္ဓာကိုယ်က မလိုအပ်တဲ့ အပို ပစ္စည်းတွေကို စွန့်ထုတ်ဖို့ ခဲယဉ်း ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ် အပူချိန်က ရှိသင့်တဲ့ အပူချိန်ထက် အဆမတန် များပြားလာပြီး အပူကြီး လာကာ လူဟာ နေရထိုင်ရ ခက်ခဲ လာတတ်ပါတယ်။

သတိလစ် မေ့မြောနိုင်သည် အထိ အန္တရာယ် ကြီးပါတယ်။ အခြား အကြောင်းတွေကြောင့်လည်း ခန္ဓာကိုယ် အတွင်း အပူချိန် မြင့်တက် နိုင်ပါသေးတယ်။ အရက်စွဲ ရောဂါ ပြင်းထန်တဲ့သူတွေမှာ ရေဓာတ် ခန်းခြောက်မှု ပိုမို များပြား ပါတယ်။ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိနဲ့ ရေဓာတ် ခန်းခြောက်မှု အန္တရာယ်ကို ကာကွယ်နိုင် ပါတယ်။ မနက် အိပ်ရာက ထထခြင်း မည်သည့် အစား အစာမှ မစားမီ ရေကို ငါးကြင်း ဖန်ခွက်ကြီး တစ်လုံး အပြည့် နေ့စဉ် နံနက်တိုင်း သောက်သုံး ပေးသင့်ပါတယ်။ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း၊ ချွေးထွက်ခြင်း တို့ကြောင့် ရေဓာတ် ဆုံးရှုံး နိုင်သဖြင့် ရေကို လုံလောက်စွာ ထပ်မံ သောက်သုံး ပေးသင့်ပါတယ်။ မိမိ ခန္ဓာကိုယ်က ထွက်တဲ့ အရည် ပမာဏပေါ် မူတည်ပြီး အမြဲဖြည့်တင်း ပေးဖို့ လိုပါတယ်။ ဥတုရာသီ အလိုက် အချိန် အခါပေါ် မူတည်ပြီး ခန္ဓာကိုယ် ရေဓာတ် ပမာဏဟာ ဆုံးရှုံးနေတယ် ဆိုတာ သတိထား ရပါမယ်။ ခန္ဓာကိုယ် ရေဓာတ် လိုအပ်ချက် ကတော့ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်က (BODY STRUCTURE) လို့ခေါ်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံခြင်း၊ (BODY WEIGHT)ခန္ဓာကိုယ် အလေးချိန်ခြင်း မတူညီနိုင်တဲ့ အပြင် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းခြင်း၊ အစားအသောက် စားသောက်ပုံခြင်း၊

လှုပ်ရှား သွားလာ ဆောင်ရွက်ရတာခြင်း စတဲ့ အချက်တွေဟာ ထပ်တူထပ်မျှ မကျနိုင်လို့ ပါဘဲ။

အချို့က နေပူကြီးမှာ လုပ်ကိုင် ဆောင်ရွက်ရတဲ့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အလုပ်က အားစိုက်ရတဲ့ အတွက် ခန္ဓာကိုယ်က ချွေးထွက် များမယ်။ အချို့က အရိပ်ထဲ ထိုင်ပြီး လုပ်ရတဲ့အတွက် ခန္ဓာကိုယ်က ချွေးထွက် နည်းမယ်။ ဒါကြောင့် ခန္ဓာကိုယ် ရေဓာတ် လိုအပ်ချက်ဟာ ကွဲပြား သွားတတ်ပါတယ်။ မိမိတို့ ခန္ဓာကိုယ်က ထွက်တဲ့ သို့မဟုတ် ဆုံးရှုံးသွားတဲ့ အရည် ပမာဏပေါ် မူတည်ပြီး အမြဲတစေ ဖြည့်တင်းပေးဖို့ လိုပါတယ်။ ရေဓာတ် လိုအပ်ချက်ကို ပြန်လည် ဖြည့်တင်းရာမှာ သန့်ရှင်းသော သောက်သုံးရေ အပြင် ရာသီအလိုက် ပေါ်တဲ့ အသီးအနှံ တွေကိုလည်း မျှမျှတတ စားပေးသင့်ပါတယ်။ စားသုံးသင့်တဲ့ အသီးတွေကတော့ ပန်းသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ သခွားသီးစတဲ့ အသီးတွေဖြစ်ပါတယ်။

ဒီလို အသီးတွေမှာ ရေဓာတ် ပါဝင်မှု များပြားတဲ့ အတွက် ခန္ဓာကိုယ် ရေဓာတ်ကို ဖြည့်တင်းရာ ရောက်သလို ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်ပေါင်း များစွာကိုလည်း ရရှိစေပါတယ်။ ဘူးသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းချဉ်သီး စတဲ့ အသီးအနှံ တွေမှာလည်း ရေဓာတ် ပါဝင်ပါတယ်။

နိဂုံးချုပ် အနေနဲ့ တင်ပြရရင် လူတစ်ယောက်ဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုပြု သင့်သလို ရေဓာတ် ခန်းခြောက်ခြင်း အန္တရာယ်ကိုလည်း အထူး ကာကွယ် သင့်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ ရေဓာတ် ခန်းခြောက်မှုဟာ စကားလုံး အနေနဲ့ရော ဝေါဟာရ အနေနဲ့ပါ မတူ ကွဲပြား နိုင်သော်လည်း လူတစ်ယောက်ရဲ့ ကျန်းမာရေး အတွက်တော့ အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းရင် ရောဂါထူပြော လာနိုင်သလို ခန္ဓာကိုယ်မှာ လုံလောက်တဲ့ ရေဓာတ်မရရှိရင်လည်း ရောဂါထူပြောလာနိုင်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု လိုအပ်သလို ရေဓာတ် ခန်းခြောက်မှု အန္တရာယ်မှ ကာကွယ်ရန်လည်း အရေးကြီး ပါကြောင်း ရေးသား တင်ပြလိုက် ပါသည်။

မြဝတီ ဆောင်းပါး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။