Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 27, 2013

အမှန်တရားကို သိသွားတဲ့အတွက် ဖွတဲ့သူက အလိုလို မြောင်းထဲရောက်သွားတာပဲ ဆိုတဲ့ ရွှေမှုံရတီ

 
Myawady News
အမှန်တရားကို သိသွားတဲ့အတွက် ဖွတဲ့သူက အလိုလို မြောင်းထဲရောက်သွားတာပဲ ဆိုတဲ့ ရွှေမှုံရတီ

“ဒီလို အသက်အရွယ်လေးနဲ့ ဒီဇာတ်ဝင်ခန်းမျိုးကို ရိုက်ရလား” ဆိုတဲ့ စကားသံမျိုး၊ “ဒီဇာတ်ဝင်ခန်းကို အသေးစိတ် မရိုက်ပြဘဲ ရိုက်နေကျ ပုံစံအတိုင်း ပြကွက်တွေကို ရိုက်ပြလိုက်ရင် မပြီးဘူးလား” ဆိုတဲ့ ဝေဖန်သံက တစ်ဖုံ၊ “နောက်ပိုင်း မြန်မာဗီဒီယို ဇာတ်ကားတွေကို မိသားစုတွေ ထိုင်ကြည့်တဲ့အခါ ရီမုဒ်ကွန်ထရိုး ကိုင်ပြီး ကြည့်ရတော့မယ်” ဆိုတဲ့ ညည်းညူသံတွေက သဲ့သဲ့၊ စသည် စသည်ဖြင့် စကားသံတွေက အင်တာနက် အွန်လိုင်းပေါ်မှာ တစ်ကွက်စာ တစ်မျက်နှာ တင်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် ပေါ်ထွက်လာခဲ့ပါတယ်။
ဒါကြောင့် တချို့လူတွေကလည်း လူပြောများတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးပြီး နေတိုး၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင်ထားတဲ့ “မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားကို အပြေးအလွှား ငှားကြည့်ကြပါတော့တယ်။ မကြည့်ရသေးတဲ့သူက ဘယ်လိုလဲဆိုတဲ့ အတွေးနဲ့ ရှိကြသလို၊ ကြည့်ပြီးတဲ့ သူကလည်း “ဟာ ဘာမှမဟုတ်ပါဘူးကွာ အလကားပါ” ဆိုတဲ့ စကားသံတွေက နေတိုးနဲ့ ရွှေမှုံရတီတို့ရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ကြည့်ပြီးတဲ့သူတိုင်း ပြောလာခဲ့ကြပါတော့တယ်။

ထို့အတူ ယခုလတ်တလော ဂျာနယ် စာမျက်နှာတွေပေါ်မှာလည်း ရွှေမှုံရတီရဲ့ အင်တာဗျူး တော်တော်များများ ပါဝင်လာခဲ့သလို ဒါရိုက်တာ ဝင်းထွန်းထွန်းကလည်း ဒီကိစ္စဟာ သူတို့အတွက် အနုပညာပြချက် တစ်ခုပါ။တကယ်မဟုတ်ဘဲ၊ သဏ္ဍန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ထားတာ ဖြစ်ကြောင်း ဂျာနယ်တစ်ခုပေါ်မှာ ပြန်လည် ဖြေရှင်းထားပြန်ပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ.. အဆိုပါဇာတ်ကားကတော့ ဆိုင်တော်တော်များများမှာ အငှားရဆုံး ဇာတ်ကားတစ်ကား ဖြစ်သွားခဲ့သလို “မျက်လုံးလေး ကလယ်ကလယ်” ရွှေမှုံရတီလည်း အတော် နာမည်ကြီးသွားခဲ့ပါတယ်။ ဒါကြောင့် အခု တစ်ပတ် 8 DAYS Cover အတွက်ရွှေမှုံရတီကို ရွေးချယ်ရိုက်ကူးခဲ့ပြီး လူပြောများတဲ့ “မျက်လုံးလေး ကလယ်ကလယ်” နဲ့ ပတ်သက်ပြီး ရွှေမှုံရတီကို မေးဖြစ်ခဲ့ရာမှာတော့...

ဇာတ်ကားထဲမှာ ရွှေမှုံ သရုပ်ဆောင်တာ ကလက်တက်တက်နဲ့ လူကြီးပိုင်းတွေ သိပ်ကြည့်လို့မရဘူးလို့ ဝေဖန်သံတွေ ကြားရသလို လူငယ်ပိုင်းတွေကတော့ ကြိုက်နှစ်သက်တယ်လို့ ပြန်ကြားရပါတယ်။ အဲဒီအပေါ် ဘယ်လို တုံ့ပြန်ချင်လဲ။

ဒါကတော့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ကာရိုက်တာအရ ရွှေမှုံလုပ်ရတာပါ။ အပြင်မှာ ရွှေမှုံရဲ့ကာရိုက်တာက အဲဒီလိုမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဇာတ်ကားထဲမှာ ပါတဲ့ ကာရိုက်တာကို အပီပြင်ဆုံးဖြစ်အောင် ရွှေမှုံ သရုပ်ဆောင်တယ်။ လူကြီးတွေက ပြောတယ် ဆိုတာကလည်း သူတို့မျက်လုံးတွေထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်နေလို့ ဖြစ်မှာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူကြီးတွေကြိုက်တဲ့ ဇာတ်တွေလည်း ရိုက်ထားတယ်။ ပြီးတော့ လူကြီး၊ လူငယ်ကြိုက်တဲ့ ဇာတ်ကားမျိုးတွေပဲ ရွှေမှုံ ရွေးချယ် ရိုက်ကူးတော့မှာပါ။

မြန်မာ့ရုပ်ရှင် လောကမှာ ပရိသတ်က သတ်မှတ်ထားတဲ့ ကာရိုက်တာတစ်ခု ရသွားခဲ့ရင် ကိုယ့်အတွက် ဒီကာရိုက်တာ တစ်ခုဟာ ပုံသေတစ်ခု အနေနနဲ့ ရသွားတတ်တယ်လို့ ဝါရင့် အနုပညာရှင်တစ်ဦးက ပြောခဲ့ဖူးပါတယ်။ ရွှေမှုံအနေနဲ့ ဒီလိုမျိုး ကာရိုက်တာတစ်ခုကို ရသွားခဲ့သည်ရှိသော်ပေါ့...

ရွှေမှုံအနေနဲ့ကတော့ ကာရိုက်တာတစ်ခုရပြီး တစ်တန်းတည်း သွားရတာမျိုးကို မကြိုက်ဘူး။ ရွှေမှုံက အမျိုးစုံ လုပ်ချင်တယ်။ ဒရာမာ၊ ဟာသ အစုံလုပ်ချင်တယ်။ တတ်နိုင်သမျှ လိုင်းပေါင်းစုံ သရုပ်ဆောင်နိုင်အောင် ကြိုးစားမှာပါ။

အခု ရွှေမှုံက ကိုးတန်းအောင်ပြီး ဆယ်တန်းဖြေရတော့မယ် ဆိုတော့ ပညာရေးပိုင်းကို ဘယ်လို ဂရုစိုက်ဖြစ်လဲ။

ပညာရေးကတော့ ရိုက်ကွင်းရှုတင်က ပြန်လာရင် ညနေ ၆ နာရီကနေ ည ၁၂ နာရီအထိ ဆယ်တန်းအတွက် ကျူရှင်တက်နေတယ်။

“ကလေးချစ်” ဇာတ်ကားမှာလည်း ကိုလူမင်းနဲ့အပြိုင် သရုပ်ဆောင်တဲ့အခါမှာ ရွှေမှုံရဲ့ ကာရိုက်တာက ကလက်တယ်လို့ ပြန်ကြားရတယ်နော်။

အဲဒီလိုမျိုးကို သရုပ်ဆောင်ထားတာ။ ကလေးတစ်ယောက်က သူလိုချင်တဲ့ ပစ္စည်းတစ်ခုရှိရင် ချွဲနွဲ့ပြီး တောင်းတဲ့ပုံစံမျိုးပါ။ လူကြီးက စိတ်ဆိုးရင် ကလေးက ပြန်ချော့တဲ့ ပုံစံမျိုးပေါ့။ သဘာဝကျအောင် သရုပ်ဆောင် ထားတာပဲ ရှိပါတယ်။

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထဲမှာ ရွှေမှုံရဲ့ သရုပ်ဆောင်မှုအပေါ် ဘယ်လို ခံစားရလဲ။

အဲဒီဇာတ်ကားကို ရွှေမှုံရိုက်ရတာ အရမ်းအားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဇာတ်ကားထဲမှာ ရွှေမှုံ အရမ်းလည်း ကြိုးစားထားသလို အရမ်းလည်း ပင်ပန်းခဲ့ရပါတယ်။ ဒါရိုက်တာတွေရော၊ မင်းသား၊ မင်းသမီးတွေရော၊စက်အဖွဲ့တွေရော အကုန်လုံး ပင်ပန်းခဲ့ကြရတယ်။ အဲဒီအတွက် ရွှေမှုံ ဒီဇာတ်ကားလေးကို အားရတယ်။ ရွှေမှုံ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားပါတယ်။

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ရွှေမှုံရတီအနေနဲ့ အသက်အရွယ် ငယ်သော်ငြားလည်း လိင်ပိုင်းဆိုင်ရာမှာ လှုံ့ဆော်တဲ့ ဇာတ်ဝင်ခန်းမျိုးတွေ ရိုက်ပါတယ်လို့ ပြောတဲ့ စကားသံတွေအပေါ်ကို ရွှေမှုံရတီအနေနဲ့ ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

အဲဒါကတော့ သဘောတရားတစ်ခု ဆိုတာက ရွှေမှုံတို့ ရိုက်တဲ့ ကာရိုက်တာ ဒီဇာတ်ရဲ့ frame က လှနေတယ်။ အဲဒီထဲမှာ ပါဝင်ရမယ့် ဆင်းန်တွေရှိတယ်။ အဲဒီဆင်းန်ထဲမှာမှ တစ်ဆင်းန်က မဖြစ်မနေ ပါဝင်ရမယ်။ အဲဒီဆင်းန် မပါရင် အဲဒီဇာတ်က လုံးဝ အရသာမရှိဘူး။ လုံးဝ ကြည့်လို့ကောင်းမှာ မဟုတ်ဘူး။ ရွှေမှုံတို့လည်း သိသလို မင်းသား၊ ဒါရိုက်တာတွေ၊ စက်အဖွဲ့ဝင်တွေ အားလုံး သိပါတယ်။ ဒီဆင်းန်ကို အားလုံး ဖတ်ထားကြပါတယ်။ အဲဒီလိုမျိုးပြောဖို့ မကောင်းဘူးလို့ ထင်တယ်။ ရွှေမှုံတို့ ရိုက်ထားတဲ့ အထဲမှာ တရားလွန်တာတွေ တစ်ခုမှ မပါဘူး။ နောက်တစ်ခုက ရုပ်ရှင်သရုပ်ဆောင် ဆိုတာက သဏ္ဍန်လုပ် သရုပ်တူလေ။ အဲဒီ သဘောတရားတစ်ခုကို ပရိသတ်တွေက နားလည်ထားတယ်။ ရွှေမှုံတို့ ရိုက်တော့ မျက်လုံးလေးရယ် နှုတ်ခမ်းလေးရယ်ပဲ ရိုက်တာလေ။ ကြောက်ရွံ့မှုနဲ့ ရွံရှာမှု ကိုယ့်အိုက်တင်လေးက ဒါလေးပဲ။ အဓိကက ဘာမှ မလိုဘူး။ အိုက်တင်ပဲ။ ရိုက်သွားတာက မျက်လုံးနဲ့ နှုတ်ခမ်း။နှုတ်ခမ်းဆိုတဲ့ နေရာမှာလည်း စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ ယူကြုံးမရ ဖြစ်တယ်။ ဒါပဲ။ ကိုယ်လုပ်သွားတဲ့ မျက်လုံး၊ နှုတ်ခမ်း၊ အိုက်တင်တွေကို ရိုက်ပြသွားခဲ့တာပါ။ ဘာတစ်ခုမှ လွန်လွန်ကျူးကျူးလည်း မပါဝင်ဘူး။ ရွှေမှုံ ဘယ်လိုပြောရမလဲ။ ဒါတွေက သိပ်ပြီး အခက်အခဲ မရှိဘူး။

နောက်ပြီး အဲဒီဇာတ်ဝင်ခန်းမှာ ရွှေမှုံတို့ ရိုက်တာက မျက်နှာတွေပဲ ရိုက်တာလေ။ ရွှေမှုံအတွက် ရှော့ခ်မရှိဘူး။ သူတို့ သင်ပေးတဲ့အတိုင်း မျက်လုံးအိုက်တင်အတိုင်း ရွှေမှုံလုပ်လိုက်ရင် အဓိက အဆင်ပြေသွားမှာ။ အဓိကက ရွှေမှုံလုပ်ရမယ့် တာဝန်ကို ရွှေမှုံကြိုးစားပြီး လုပ်တယ်။ တတ်နိုင်သလောက်တော့ အဲဒီဇာတ်ကားမှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ရွှေမှုံတို့ အဲဒီဇာတ်ကားကို ရိုက်ပြီး ထုံးစံအတိုင်း နယ်ကို ဇာတ်ကားတွေ ဖြန့်တဲ့အခါ တစ်ပတ်ကြာတဲ့အထိ အသံက မထွက်လာဘူး။ ရန်ကုန်ကို ဖြန့်တယ်။ တစ်ပတ်ကျော်တဲ့အထိ ဘာအသံမှ မထွက်လာဘူး။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကျမှ ရွှေမှုံတို့ကို စော်ကားချင်၍ သော်လည်းကောင်း၊ နာမည်ဖျက်ချင်၍ သော်လည်းကောင်း၊ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ အကုန်လုံးကို ပြောချင်တဲ့စိတ်နဲ့ အဲဒီဇာတ်ဝင်ခန်းကို Capture လုပ်ပြီးတော့ သေသေချာချာကို သူတို့ တင်လိုက်တယ်။ တင်လိုက်တော့ ပိုပြီးတော့ နာမည်ကြီးသွားသေးတယ်။ အဲဒီအတွက် သူတို့ကို ပိုလို့ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေမှုံတို့လုပ်တာ ရွှေမှုံတို့သိတယ်။ လူပေါင်း အယောက် နှစ်ဆယ်လောက်ရှိတဲ့ ရိုက်ကွင်းထဲမှာ ရိုက်ထားတာ ဖြစ်တဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်။ သူတို့ ဘယ်လိုပဲ နာမည်ဖျက်ဖျက် ရွှေမှုံက အပြုံးမပျက်ဘူး။ ကိုယ်လျှောက်ရမယ့်လမ်းကို တည့်တည့်မတ်မတ် လျှောက်မယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။

ဝေဖန်တဲ့သူနဲ့ အဲဒီကိစ္စတစ်ခုကို ဖွလိုက်တဲ့သူကို ရွှေမှုံရတီအနေနဲ့ ဘာပြောချင်ပါလဲ။

ဝေဖန်တဲ့သူတွေကို ဘာမှ မပြောချင်သလို အဲဒီလိုဖြစ်အောင် လုပ်တဲ့သူကိုလည်း စိတ်မဆိုးဘူး။ မုန်းလည်း မမုန်းဘူး။ ဝေဖန်သံတွေ ထွက်တာကလည်း အဲဒီလို ဖွလိုက်၊ ပြောလိုက်လို့၊ ဟုတ်လားဆိုပြီး နားယောင်သွားပြီး ဒီလိုမျိုး လုပ်ရဲတာလားဆိုပြီး ပြောချင်တာ။ ဒါပေမဲ့ ဒီဇာတ်ဝင်ခန်းကို သူတို့ နောက်တစ်ခေါက် ပြန်ကြည့်တဲ့အခါ ဒီလိုမျိုး မဟုတ်ပါလားဆိုတာ သိတယ်။ အခုကိစ္စက တစ်ရက်နှစ်ရက်ဆိုရင် ပျောက်သွားပြီ။ အခုဆိုရင် ဘာမှ မဟုတ်တော့ဘူး။ အမှန်တရားကို သိသွားတဲ့အတွက် အရင်ဆုံး ဖွတဲ့သူက အလိုလိုကို မြောင်းထဲရောက်သွားတာပါ။

အင်တာဗျူးနောက်ဆုံး အနေနဲ့ ရွှေမှုံရတီချစ်တဲ့ ပရိသတ်ကို ပြောချင်တဲ့ စကားလေးနဲ့ နှုတ်ဆက်ပေးပါဦး။

ရွှေမှုံကို ဘယ်လိုပဲပြောပြော ရွှေမှုံဘက်ကနေ အခိုင်အမာ ရပ်တည်ပေးကြတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ရွှေမှုံ အမှန်ပဲ လုပ်တယ်။ အေးအေးဆေးဆေး ဖြူဖြူစင်စင်ပဲနေတယ် ဆိုတာကို ပရိသတ်တွေ သိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း အဲဒီလိုမျိုး နေသွားမှာပါ။ ရွှေမှုံ မှားတာရှိရင်လည်း ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်။ နောက်ပြီး အပြစ်မတင်သင့်တဲ့ လူတွေကို အပြစ်မတင်မိကြပါစေနဲ့လို့ ရွှေမှုံပြောချင်ပါတယ်။

ထွန်းမြင့်ဇော်
By 8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။