Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 27, 2013

အောင်မြင်တဲ့ကျောင်းသားတွေရဲ့ စာကျက်ခြင်း အလေ့အထ (၁၀)ခု

 
ရေးမိရေးရာလေးများ
အောင်မြင်တဲ့ကျောင်းသားတွေရဲ့ စာကျက်ခြင်း အလေ့အထ (၁၀)ခု

၁) တကြိမ်ထဲမှာ စာကိုအများကြီးဖတ်တာမျိုး မလုပ်ပါနဲ့။

တကြိမ်ထဲမှာ စာကိုအများကြီး(ဆက်တိုက်) ဖတ်တာမျိုးလုပ်ရင် ပင်ပန်းပြီး စာကျက်တာလည်း ထိ ရောက်တော့မှာမဟုတ်ပါဘူး။ ကိုယ်လုပ်ရမယ့်စာတွေကို အချိန်တိုလေးတွေခွဲခွဲပြီးလုပ်ပါ။အားလပ်ချိန် တိုလေးတွေယူပေးတာဟာ စိတ်စွမ်းရည်ကို ပြန်ပြီးပြည့်ဝစေပါတယ်။ (အားလပ်ချိန်က ၁နာရီ စာကြည့်ချိန် က ၁၅ မိနစ်တော့ မလုပ်ကြနဲ့ပေါ့နော် )

၂) စာဖတ်ဖို့ တိကျတဲ့အချိန် သတ်မှတ်ထားပါ။

စာဖတ်ချိန်ဆိုတာ ကျောင်းစာနဲ့ပတ်သက်တာ တစ်ခုခုလုပ်နေတဲ့ အချိန်တိုင်းကို ခေါ်ပါတယ်။ ဖတ်ရမယ့်စာတွေ ဖတ်ပြီးတာမျိုး ဒါမှမဟုတ် Project (သို့) စာတမ်းတစ်ခုခုလုပ်နေတာမျိုး ဒါမှမဟုတ် စာမေးပွဲအတွက် စာကျက်တာမျိုး ဖြစ်နိုင်ပါတယ်။ တပတ်လုံးမှာ ကိုယ်စာဖတ်ရမယ့်အချိန်ကို တိတိကျကျ အချိန်ဇယားဆွဲထားပါ။

၃) နေ့စဉ်နေ့တိုင်း အချိန်တစ်ချိန်ထဲမှာပဲ စာကြည့်ဖြစ်အောင် ကြိုးစားပါ။

နေ့တိုင်း အချိန်တချိန်ထဲမှာပဲ စာကြည့်တာဟာ ကိုယ့်အတွက် ထုံးစံတစ်ခုဖြစ်သွားစေပြီး အိပ်တာတို့ စားတာတို့လို နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် စာကြည့်တဲ့အချိန်ရောက်လာရင် ကိုယ့်စိတ်က စာကြည့်ဖို့ အသင့်အနေအထား ဖြစ်နေပါလိမ့်မယ်။

၎) စာကြည့်ချိန်တိုင်းအတွက် တိကျတဲ့ ရည်မှန်းချက်တစ်ခုထားပါ။

ရည်မှန်းချက်ထားခြင်းဖြင့် ကိုယ့်ကိုအာရုံပိုစူးစိုက်စေပြီးကိုယ့်ရဲ့တိုးတက်မှုကိုစောင့်ကြည့်နိုင်ဖို့အတွက် လည်း အထောက်အကူဖြစ်စေပါတယ်။စာဖတ်ဖို့ ဒီအတိုင်းထိုင်တာကအကျိုးနည်းနည်းပဲရှိပါလိမ့်မယ်။ ကိုယ့်ရဲ့စာကျက်ချိန်မှာ ဘာတွေပြီးစီးချင်လည်း ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်ပါတယ်။

၅) အစီအစဉ်ချထားတဲ့အချိန်မှာ စာဖတ်ပါ။

ကိုယ်လုပ်ရမယ့် Assignment ကို စိတ်မ၀င်စားလို့ပဲဖြစ်ဖြစ် သိပ်ခက်တယ်ထင်နေလို့ပဲဖြစ်ဖြစ် စလုပ်ဖို့ နှောင့်နှေးနေတတ်ပါတယ်။ အဲဒါကို အချိန်ဆွဲခြင်း (Procrastination) လို့ ခေါ်ပါတယ်။ အကြောင်းတစုံတရာကြောင့် အချိန်ဆွဲခဲ့ရင် တကယ်တမ်း အားလုံးပြီးရမယ့်အချိန်ကျတော့ ပြီးအောင်လုပ်နိုင်ဖို့ သိပ်ခက်သွားတာ ကြုံရပါလိမ့်မယ်။ စလုပ်ဖို့အချိန်ဆွဲတုန်းက ဖြုန်းတီးမိခဲ့တဲ့အချိန်တွေကို ကာမိအောင် ကပျာကယာလုပ်ရတာမို့ ဂရုမစိုက်နိုင်ဘဲ လုပ်မိတာတွေ အမှားတွေ လုပ်မိခြင်းနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ (ကျွန်မလည်း အင်မတန် အချိန်ဆွဲတတ်သူမို့ အခုချိန်ထိ အဲဒီအကျင့်ကြီးကို ကြိုးစားဖျောက်ရတုန်းပါ။ မောင်လေး ညီမလေးတို့လည်း အဲဒီအကျင့် ကိုယ့်ဆီကို လုံးဝအရောက်မခံဖို့၊ ရှိနေခဲ့ရင်လည်း တသက်လုံးစာမကောင်းတဲ့ အဲဒီအကျင့်ကြီးကို အမြန်ဆုံး ဖျောက်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်တော့ အရာရာဟာ အလေ့အကျင့်ပါပဲ။)

၆) ကိုယ့်အတွက် အခက်ဆုံးဖြစ်တဲ့ Assignment ကို စလုပ်ပါ။

ကိုယ့်ရဲ့အခက်ဆုံး Assignment အတွက် အားစိုက်ထုတ်မှုအများဆုံး လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်အင်အားအပြည့်ဆုံးအချိန်မှာ အခက်ဆုံး Assignment ကို စလုပ်ပါ။

၇) Assignment ကိုမစခင် သက်ဆိုင်ရာ မှတ်စုတွေကို အရင်ပြန်ကြည့်ပါ။

မှတ်စုတွေပြန်ကြည့်ခြင်းဖြင့် ကိုယ်ဟာ Assignment ကို မှန်မှန်ကန်ကန် လုပ်နေရဲ့လားဆိုတာ ပြန်စစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့် Assignment ပြည့်ပြည့်စုံစုံ ပြီးစီးနိုင်ဖို့အတွက် အထောက်အကူပြုမယ့် အချက်အလက်တွေလည်း မှတ်စုတွေက ရနိုင်ပါသေးတယ်။

၈) သူငယ်ချင်းတွေကို စာကြည့်ချိန်မှာ ကိုယ့်ဆီကို ဖုန်းမဆက်ကြဖို့ ပြောထားပါ။

(ဒဲ့တိုးကြီးပြောရင်တော့ သူငယ်ချင်းတွေ နားလည်မှုလွဲပြီး စိတ်ဆိုးကြမယ် ထင်တယ်နော်...) စာကြည့်နေချိန်မှာ သူငယ်ချင်းက ဖုန်းဆက်တာကြောင့် ပြဿနာနှစ်မျိုးပေါ်နိုင်ပါတယ်။ ပထမဆုံး ကိုယ်ဖတ်နေတဲ့စာကနေ အဆက်ပြတ်သွားပါတယ်။ အဲဒီအခါ လုပ်လက်စအလုပ် (ဖတ်လက်စစာ)ကို ပြန်ပြီးဆက်လုပ်ဖို့ သိပ်မလွယ်တော့ပါဘူး။ ဒုတိယအနေနဲ့ သူငယ်ချင်းတွေက ကိုယ်လုပ်ရမယ့်စာကနေ အာရုံပြောင်းစေတာတွေ ပြောနိုင်ပါတယ်။ ရိုးရှင်းတဲ့အကြံလေးကတော့ ကိုယ့်ရဲ့ Mobile Phone ကို စာကြည့်ချိန်မှာ ပိတ်ထားပါ (Mobile Phone မသုံးတဲ့မောင်ငယ် ညီမငယ်လေးတွေလည်း ဖုန်းနဲ့ဝေးဝေးနေလိုက်ပေါ့နော်။ ဖုန်းတင်မကပါဘူး ကိုယ့်ကို အာရုံပြောင်းစေမယ့် TV တို့ ကက်ဆက်တို့ MP3 Player တို့ iPod တို့ဆီကနေပါ ဝေးဝေးနေနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်း)

၉) Assignment နဲ့ပတ်သက်ပြီး အခက်အခဲတစ်ခုခုရှိရှင် တခြားကျောင်းသားတွေကို ဖုန်းဆက်မေးပါ။

ခေါင်းနှစ်လုံးက တစ်လုံးထက်ပိုကောင်းတယ်ဆိုတာ အခုလိုနေရာမျိုးကို ပြောတာပေါ့။

၁၀) စနေတနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ကျောင်းစာတွေကို ပြန်ဖတ်ပါ။

ဟုတ်တာပေါ့။ စနေတနင်္ဂနွေ ဆိုတာ အပန်းဖြေဖို့ပျော်စရာအချိန်တွေ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် စာနည်းနည်းပြန်ဖတ်ဖို့အချိန်လေးတွေလည်းနည်းနည်းရှိဦးမှာပါ။ဒီလိုလုပ်ခြင်းအားဖြင့်နောက်လာမယ့် အပတ်မှာကျောင်းတက်ဖို့ တနင်္လာနေ့မနက်အတွက် ကိုယ့်ကို ပိုပြီးအဆင်သင့်ဖြစ်စေပါတယ်။

 ရွှေပြည်သူ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။