Nine Nine Sanay @ နိုင်းနိုင်းစနေ
ဟင်းရည်တကူးတက မချက်ချင်သူတွေအတွက် စွန်ထန်ဟင်းရည်က လုပ်ရပြုရတာ အလွယ်ဆုံးနဲ့ အမြန်ဆန်ဆုံးပဲ။ စွန်ထန်ခြောက်က (ကျွန်မတို့ရွာအခေါ် မုန်ညင်းချဉ်ခြောက်) ကျွန်မတို့အိမ်မ...ှာ ၁၂ ရာသီပတ်လုံးရှိတာမို့ စားချင်တဲ့အချိန်၊ နေ့လယ်နေ့ခင်း ထမင်းကြမ်းစားတဲ့အခါ ဟင်းရည်သောက်ချင်ရင် အလွယ်တကူ ရေပူနဲ့ကောက်ဖျောထည့်လိုက်ရုံပဲ ။ မြန်မာပြည်ပြန်တဲ့လူကို စွန်ထန်ခြောက်ပါအောင် သယ်ခဲ့နော်လို့ အတင်းပူဆာခဲ့လို့ စွန်ထန်ခြောက်ထုပ်ကြီးတစ်ထုပ် ပါလာခဲ့တယ်။ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူချက်ချင်တဲ့ ကျွန်မရဲ့အကြိုက်ပေါ့။ စွန်ထန်ဟင်းရည်ကို ချဉ်ချဉ်လေးမို့ကြိုက်တဲ့အပြင် သောက်တဲ့အချိန် မုန်ညင်းခြောက်နံ့ရတတ်တာမို့လည်း ကြိုက်တယ်။ စွန်ထန်ကို ကျွန်မတို့က ဒီလိုချက်စားကြတယ်။
(၁) ဟင်းရည်ခွက်တစ်လုံးထဲ စွန်ထန်ခြောက်ထည့်၊ ကြက်သွန်နီအကွင်းကွင်းလှီးထည့်၊ ငရုတ်သီးစိမ်းလှီးထည့်၊ ဂျင်း၊ ဆားထည့်၊ နံနံပင် ဒါမှမဟုတ် ကြက်သွန်မြိတ်ရှိရင်ထည့်၊ ရေပူပူလောင်းထည့်.. ပြီးရင် ပန်းကန်ပြားတစ်ချပ်နဲ့ ဟင်းရည်ခွက်ကို အုပ်ထား၊ ငါးမိနစ်နေရင် ချဉ်ချဉ်စပ်စပ် စွန်ထန်ဟင်းရည်ကို သောက်လို့ရပြီ။ (မီးပေါ်တင်ကျိုလည်းရတယ်)
(၂) ပဲပြင်း ဒါမှမဟုတ် ပဲခေါင်းလောင်း ဒါမှမဟုတ် ကုလားပဲ ဒါမှမဟုတ် ပိန်းဥ ဒါမှမဟုတ် အားလူးနဲ့ ဝက်ရိုးပြုတ်တဲ့ဟင်းရည်ထဲ စွန်ထန်ခြောက်နည်းနည်းခပ်ထည့်
(၃) စွန်ထန်ကို ရေကျက်အေးနည်းနည်းလေးရော၊ ငရုတ်သီးစိမ်းလှီးထည့်၊ ဂျင်းမျှင်မျှင်လှီးထည့်၊ ကြက်သွန်ဖြူလှီးထည့်၊ ဆား၊ ငံပြာရည်ထည့်ပြီး တို့စရာအချဉ်ရည်အဖြစ် လုပ်သေးတယ်
*** စွန်ထန်ခြောက်မရှိတဲ့အခါ ချဉ်စော်ခါးသီးအခြောက်ကိုလည်း စွန်ထန်အစား သုံးလို့ရပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။