အမေရိကပြည်ထောင်စု နယူးယောက်မြို့ ကို ရောက်ရှိလာတဲ့  -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့  ကိုကိုကြီးတို့ ဟာ မေလ-၂၅-၂၀၁၃-ခုနှစ်မှာ နယူးယောက်တက္ကသိုလ်ခန်းမ၌ မြန်မာမိသားစုများနဲ့  လူထုတွေ့ ဆုံပွဲကို ကျင်းပခဲ့ ပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ဟောပြောပွဲအပြီး မေးမြန်းခန်းကို စတင်ရာမှာ မူဆလင်ဘာသာဝင်တဦးက အိမ်ရှင်ဆိုတဲ့  စကား ဧည့်သည်ဆိုတဲ့ စကာ...းကို စတင်မေးမြန်းပြီး နိုင်ငံသားဖြစ်သူများအကြောင
မင်းကိုနိုင် ။။။။။။။။။။။။။။
ကမ္ဘာ့ဟင်းလေးအိုးကြီးလို့ ခေါ်တဲ့ တကမ္ဘာလုံးမှာရှိတဲ့  ယဉ်ကျေးမှုတွေ အကုန်လုံးကို ရောကြိုချက်ပြီးတော့ မြိန်မြိန်ယှက်ယှက် အရာသာရှိရှိ စားသုံးနေတဲ့  အမေရိကပြည်ထောင်စုမှာတောင်မ
အဲဒီလိုဆိုတော့ နိုင်ငံသားဖြစ်မှုဆိုတဲ့  ကိစ္စ ပေါ့ပေါ့တန်တန် ပြီးစစလွယ် မဟုတ်တော့ဘူး။ ကျွန်တော်တို့  အများကြီး စီစစ်ဖို့ လိုပါတယ် ။ ဘယ်တုံးကစပြီးတော့ နေခဲ့ တာလဲ ။ မနေ့ တနေ့ ကမှ ခိုးဝင်လို့  ပိုက်ဆံပေးပြီး ကဒ်တွေဖြစ်နေတာလား ။ ဘိုးဘွားလက်ထက်ကတည်းက နေလာပြီးတော့ ဒီမြေဒီရေပေါ်မှာ အေးအတူ ပူအမျှ နေလာခဲ့ တာလား။ အဲဒီအချက်က တကယ်အရေးကြီးပါတယ် ။ အဲဒီတော့ ကျွန်တော်တို့  မြင်ရတဲ့ အခါမှာ အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင် မိတ္ထီလာမှာ တယောက်က ကျွန်တော့်ကို ထပြီးမေးတယ် ။ မိတ္ထိလာကိစ္စမဖြစ်ခင် အိန္ဒိယဘက်က အိန္ဒိယဘက်က ဖြစ်ရင်ဖြစ်မယ်- ပါကစ္စတန်ဘက်ကဖြစ်ရင်ဖြစ်မယ်
ကောင်းပါပြီ ။ တစ်အချက် -နိုင်ငံသား ဖြစ်တယ်ဆိုတာ သေချာပါသလား ။ ဗမာစကားပြောတတ်ရုံနဲ့  တိုင်းရင်းသားဘာသာစကားတစ်ခု
အဲဒီသို့ သော်ရဲ့  နောက်မှာ ပိုပြီး အရေးကြီးတဲ့  အချက်ရှိပါတယ် ။
အခွင့်အရေး ယူချင်တယ် ဆိုရင် တာဝန်ယူမှု ရှိရပါမယ် ။ ( လက်ခုပ်သံများ )
အဓိကကတော့ ဘယ်ကိစ္စ မဆိုပါ ။ ဒီမိုကရေစီလိုချင်ရင် အခွင့်အရေးလိုချင်ရင် တာဝန်ယူမှု ရှိရမယ် ။ တာဝန်ယူမှုဟာ ကိုယ်တာဝန်ကျ နိုင်သမျှအားနဲ့  ၀င်ရောက်ရုန်းကန်ပြီးတော့ လှုပ်ရှားရမယ် ။ ရှေ့ကတာဝန်ကျသူက ပဲ့ ကိုင်တဲ့ သူက ကိုင်-ကြိုးဆွဲသူကဆွဲနဲ့  ဒါကို လုပ်ကို လုပ်ရပါ့မယ် ။ အဲဒီတော့ ကျွန်တော်တို့  ပြည်သူတွေကို ခုပြောချင်တာက ဒီမိုကရေစီနဲ့ ပတ်သက်လာရင် နိုင်ငံသားအခွင့်အရေးတွေ ဒါ ဘာသာရေးမျိုးကို ခွဲ ခြားမှာ မဟုတ်ဘူး။ ကျွန်တော် မွန်လူမျိုးတယောက်ဘဲ ။
ဗမာတွေအတွက်ကော အားလုံးလိုလို ပြည်ထောင်စုသားတိုင်း နိုင်ငံသားတိုင်းမှာ ကျတဲ့  အခွင့်အရေးအတွက် ဟောပြောစည်းရုံးပြီး ကျွန်တော်ဒါတွေကို အားလုံးအကုန်လုံးပြောတယ် ။ ပြီးတဲ့ အခါကျရင် တာဝန်ယူမှု တွဲရင် အခွင့်အရေးနဲ့ တာဝန်ယူမှုဟာ တွဲကို တွဲနေရမယ် ။ ကျွန်တော်အစကနဦးက ပြောပြသွားပြီးပြီ ။
အဲဒီတော့ တာဝန်ယူမှုဆိုတဲ့  နေရာမှာ ထပ်ပြီးတော့ တိကျအောင်ပြောမယ် ဆိုရင် ဟောဒီနိုင်ငံသားအဖြစ်နဲ့  အခွင့်အရေးအပြည့်ကို လိုချင်တယ်ဆိုရင် ဟောဒီနိုင်ငံနဲ့  အခြားတိုင်းတပါး နိုင်ငံနဲ့  အကျိုးစီးပွါး ယှဉ်လာပြီဆိုရင် သို့ မဟုတ် စစ်တိုက်ရတာမျိုး ဖြစ်ဖြစ်ပေါ့- ရင်ဆိုင်ရပြီဆိုရင် ပြည်တွင်းကနေပြီးတော့ သူခိုးဒါးရိုးကမ်း မဖြစ်ဘဲနဲ့  ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး တိုက်မယ်- ( လက်ခုပ်သံများ ) -- အဲဒီစိတ်ဓါတ်မျိုး ရှိတယ်ဆိုရင် ကျွန်တော်တို့ ဟာ ခင်ဗျားတို့ ရဲ့  နိုင်ငံသားစစ်စစ်နဲ့  ဘ၀-လူ့ အခွင့်အရေး -လူ့ ဂုဏ်သိက္ခာနဲ့  ခင်ဗျားရှေ့က ကျွန်တော်တက်ပြီးတော့ ရပ်ပါ့မယ်လို့  ဂတိပြုပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။