Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 29, 2013

ရေးသူနှင့်ဖတ်သူ

 
ကို စိန်သန်း
ရေးသူနှင့်ဖတ်သူ
( The Hot News )

စာကိုစွဲပြီးမရေးတာ ၃ နှစ်လောက် ရှိသွားပါပြီ။ လိုအပ်လို့လာတောင်းမှ တစ်ပုဒ်စ၊ နှစ်ပုဒ်စရေးတာ ဒီသုံးနှစ် လောက်အတွင်း ၁၀ ပုဒ်ထက်မများဘူး ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော် တုန်းကလည်း ဒီလိုပဲ စာမရေးဖြစ်ခဲ့တာ။ ဒီတော့ သတင်းစာတိုက်ကတဆင့် စာ ဖတ်သူတစ်ဦးထံက စာတစ်စောင်ရောက် လာပါတယ်။ ခါတိုင်းလို စာမရေးတာ- အင်းစိန်တောရရောက်နေလို့လား၊ ရေး ခွင့်ပိတ်ထားလို့လားလို့ စာဖတ်သူတစ်ဦး က မေးတဲ့စာပါ။
စာဖတ်သူတွေက ဒီလောက်ကို စာရေးသူကိုစိတ်ဝင်စားကြတာကိုးလို့ တွေးမိပြီး စာတွေပြန်ရေးပါတယ်။ ကနောင်၊ ရောင်ပြန်၊ သူရဇ္ဇ၊ သီလ၀၊ ဓမ္မသာလာ စတဲ့လစဉ်ထုတ်တွေအပြင် နယ်ကဆရာတော်ဘုရားကြီးများရဲ့ မွေး နေ့စာစောင်၊ ကျောင်းတိုက်နှစ်ပတ်လည် စတဲ့စာစောင်တွေမှာလည်း တောင်းလာ ရင်ရေးပေးတာပါပဲ။
ခုတစ်လောHot News မှာ သတင်း ထောက်ဘ၀ အယ်ဒီတာဘ၀ဖြတ်သန်း ခဲ့တာတွေ မှန်မိသလောက်ရေးမိပါတယ်။ ကျွန်မတို့ခေတ်တုန်းက ခုခေတ်လို ကင် မရာလဲမပါ။ အသံဖမ်းစက်ဆိုတာဝေး မေးတာကိုကိုယ့်ပါးစပ်ကမေး၊ ဖြေသူ့ပါး စပ်ကဖြေ။ ကျွန်မတို့ကလက်နဲ့ အပြေး လိုက်မှတ်ရတာပါ။ တစ်ခါတစ်လေ ကိုယ့်မှတ်စုကိုယ်ပြန်မဖတ်တတ်အောင် စာတွေကရှုပ်နေတတ်တဲ့အထိပါပဲ။ ခု ခေတ်တော့ ဖြေတဲ့သူရှေ့နား စက်က လေးချထားလိုက်ရုံပါပဲ။ ရေးခါမှ စက်ဖွင့် ပြန်ရေး၊ အယ်ဒီတာစာပွဲသို့ သိပ်လွယ် သွားတာပါ။
Hot Newsက ကျွန်မဆောင်းပါး ကိုဖတ်မိတဲ့သူတစ်ယောက်က-
““ခင်ဗျားတို့ရေးတာမှားတဲ့အခါမရှိ ဘူးလား၊ စောဒကတတ်တာ မှားလို့ အမှားပြင်ခိုင်းတာမျိုးမရှိခဲ့ဘူးလား””လို့ မေးပါတယ်။
ရှိသလိုပေါ့ရှင် မှားတာလဲပါလို့ ရှင်းခိုင်းတာ၊ ကိုယ်ကဒီသဘောရေးပေမဲ့ သူတို့က ဆန့်ကျင်ဘက်အဓိပ္ပာယ် ကောက်ပြီး အသံလွှင့်လို့ စိတ်ညစ်ရတာ တွေလဲရှိခဲ့တာပဲလို့ ပြန်ပြောလိုက်မိပါ တယ်။ ဒီလိုမေးလာတော့ အဲဒီတုန်းက အကြောင်းတွေသတိရမိပြီး မေးတဲ့စာ ဖတ်သူကို ပြောပြပါဦးမယ်။
ကျွန်မရဲ့အထက်မှာ အယ်ဒီတာ ချုပ်ဆိုတဲ့သူတစ်ဦးရှိပါတယ်။ သူက ကျွန်မပေါ်မှာ သဘောထားမကောင်း ဘူးလို့ ကျွန်မကမှတ်ထားပါတယ်။ အတွေ့အကြုံတွေအရ ကျွန်မမှတ်ထား သလို ကျွန်မအနားက အဖော်တွေက လည်း သိနေကြတာပါ။ အဲဒီအယ်ဒီတာ ချုပ်က နေ့စဉ်ထုတ်သတင်းစာတွေမှာ ကျွန်မဆောင်းပါးရေးနေတာကို မရေးရ ဘူးလို့ နှုတ်မိန့်နဲ့ အမိန့်ထုတ်ပါတယ်။ အဲဒီတုန်းက သတင်းစာမှာဆောင်းပါး တစ်စောင်ရေးမှ ၂၅ ကျပ်ရတာပါ။ ဒီ ငွေလဲ ငွေသွားထုတ်ရင် သတင်းစားတိုက် ကအယ်ဒီတာတို့၊ လက်ထောက်အယ်ဒီ တာတို့ ကြုံတဲ့သူတွေနဲ့ထိုင်ပြီး လက်ဘက် ရည်သောက်ကြတာပါပဲ။ အမျိုးသားတွေ ဆိုတော့ လက်ဘက်ရည်တစ်ခွက်၊ စီးက ရက်တစ်လိပ်-ဒါလောက်ပဲစားကြသောက် ကြတာ၊ လက်ဘက်ရည်တစ်ခွက်မှ ပြား ငါးဆယ်၊ ကျွန်မတို့အလှည့်ကျလဲ ကျွေးလိုက်၊ သူတို့က ကြုံလဲတိုက်လိုက်နဲ့ ပျော်လို့နေကြတာ၊ ဘာမှများများရတာ မဟုတ်တာကို ထိုဆရာကြီးက မလိုတို ရှည်ဖြစ်နေပါလေရော။
တစ်နေ့ကျတော့ ကျွန်မတာဝန်ကျ တဲ့ဆောင်းပါးတစ်ပုဒ်အတွက် နယ်ကစာ တစ်စောင်ရောက်လာပါတယ်။ အထဲမှာ ဒီဆောင်းပါးမှာရေးထားတဲ့ကိန်းဂဏန်း ဟာ ယခင်ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းနဲ့ မတူ-ကွဲနေပါတယ်။ ဘယ်ဟာအမှန်ဆို တာကို စာပြန်ပေးပါ။ ကျွန်တော်၏ ဘွဲ့ ယူစာတမ်းတွင် ဤစာစောင်ကို မှီငြမ်း ပြုရသည့်အတွက် အမြန်ပြန်ပေးပါလို့ ရေးထားပါလို့ ရေးထားပါတယ်။ စာက အယ်ဒီတာချုပ်လက်ထဲရောက်သွားတယ်။ သူဖတ်ပြီး ကျွန်မကိုခေါ်တယ်။ ရှင်းခိုင်း တယ်။ ကျွန်မကိုယ်တိုင်လဲ ဒီဂဏန်းလား၊ ဟိုဂဏန်းလား မမှတ်မိတော့ပါဘူး။ မှတ်စုမှာ ကျွန်မမှတ်ထားတဲ့ ကိန်းဂဏန်း ကလဲ စာစောင်မှာပုံနှိပ်ထားတဲ့ဂဏန်းနဲ့ မတူပါဘူး။ ကျွန်မစိတ်ရှုပ်လေ၊ အယ်ဒီ တာချုပ်ကြီးကပြုံးလေပေါ့။ ကျွန်မအမှား ကို သူကထောက်ပြမယ်။ ကျွန်မကိုတစ် နည်းနည်းနဲ့ အရေးယူမယ်ပေါ့။ ဒီလို တွေးနေမှာပေါ့လေ။ စာတွေရှာလိုက်ရ တာ၊ နောက်ပိတ်ဆုံး ကျွန်မရေးတဲ့လက် ရေးမူကို ပြန်ကြည့်ရတဲ့အဆင့်ရောက် သွားပါတယ်။ ကျွန်မတို့ဌာနမှာက စာရေး၊ ဒီစာကိုလက်နှိပ်စက်ရိုက်၊ မိတ္ထူတွေပွား၊ အစည်းအဝေးတင်၊ အစည်းအဝေးမှာ အယ်ဒီတာတစ်ဖွဲ့လုံးရော၊ ပါတီရေးရာ ကော်မတီတွေက ကိုယ်စားလှယ်တွေပါ တက်ရတယ်။ အဲဒီမှာဖတ် သဘောတူမှ ရိုက်မိန့်ပေးပြီး ပုံနှိပ်စက်ကိုပို့ရတာပါ။ လက်နှိပ်စက်မရိုက်မီ အယ်ဒီတာချုပ်က ဒီစာမူကို အရင်ဖတ်တာ၊ အဲဒီခေတ်က လက်နှိပ်စက်ခေတ်လေ။
ကျွန်မရေးတဲ့ဆောင်းပါးရဲ့အဓိက ဦးတည်ချက်က ဆီထွက်သီးနှံတိုးချဲ့စိုက် ပျိုးရေးအကြောင်းပါ။ စိုက်ဧက ဘယ် လောက်မှာ သီးနှံဘယ်လောက်ထွက်ပြီး ဆီဘယ်လောက်ထွက်မယ်။ နိုင်ငံရဲ့လူ ဦးရေ ဆီစားသုံးမှုနှုန်းအရ ယခုနှစ် အတွက် (ထိုစဉ်က လူဦးရေအရ)ဆီတန် ချိန်မည်မျှတိုးတက်ထွက်ရမည်ဖြစ်ကြောင်း ဒါကြောင့် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုံညှင်း၊ ၀ါ စသည်တို့ တိုး ချဲ့စိုက်ပျိုးဖို့ တွန်းအားပေးရေးတာပါ။ ယခင်ရေးဖူးတာက မိုးလေ၀သမှန်ကန်၍ သီးနှံထွက်နှုန်းတိုးတဲ့အကြောင်းရေးရာ မှာ ထိုနှစ်ကသုံးတဲ့ဆီတန်ချိန်ပါသွားတာ ပါ။ ဒါပေမဲ့ ဆီထွက်သီးနှံအထွက်တိုး ရေးက ဒီကိန်းဂဏန်းဟာ အဓိကဖြစ် နေတယ်။ စာရေးမေးတဲ့သူကလည်း စီးပွားရေးတက္ကသိုလ်က မဟာဘွဲ့ယူမှာ၊ ကျွန်မတို့ဌာနကထွက်တဲ့စာတွေဟာ မှန် ကန်မှုရှိတယ်။ အရင်းခံစာရင်းတွေဖြစ် တယ်ဆိုတဲ့ ခံယူချက်နဲ့မေးတာပါ။
ကျွန်မရဲ့လက်ရေးစာမူ မူရင်းလဲရ ရော အယ်ဒီတာချုပ်ကြီးက ဖတ်ပါရော၊ အမယ်လေးကျွန်မရေးထားတဲ့ ကိန်းဂဏန်း ကိုလေ အယ်ဒီတာချုပ်ကြီးက ဖျက်ပြီး မင်နီနဲ့ ကိန်းဂဏန်းတစ်ခုရေးထားတာ တွေ့ရပါလေရော။ ““ဆရာ ဒီဂဏန်း ဘယ်ကရလဲ””လို့ ကျွန်မကမေးတော့ သူက ““ကျွန်တော့်လက်ရေးပဲ၊ ကျွန်တော် ဘယ်ကရလဲမသိဘူးတဲ့လေ””
ကျွန်မက ဒီလိုတွေရေးဖို့ စိုက်ပျိုး ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီး ဌာန၊ ဆီစက်တွေ၊ ဖွဲနုဆီစက်တွေ-ဆီပွဲရုံ တွေသွားလေ့လာလိုက်ရတာလေ။ ပြီး တော့ ဗဟိုစာရင်းအင်းအဖွဲ့လဲမကျန်၊ ခုတော့ ပိုစိတ်ရှုပ်ရပြီ။ ကျွန်မတို့စာစောင် ကိုဖတ်တဲ့ စာရေးသူက ဒီလိုမေးလာရင် ကျွန်မတို့အယ်ဒီတာအဖွဲ့(တာဝန်ကျသူ) က စာရေးမေးသူထံလေးလေးစားစား စာပြန်ရမှာ။ ပြန်ရမှာက ကျွန်မတာဝန် ““ကျွန်မ ဘယ်လိုစာပြန်ရမလဲ””လို့ အယ် ဒီတာချုပ်ကြီးကိုမေးတော့ ““နေပါဦးဗျာ ဒီဂဏန်းဘယ်ကရလဲ ကျွန်တော်စဉ်းစား ဦးမယ်””တဲ့လေ။
ဒါနဲ့ပဲ ၈၈ အရေးအခင်းကြီးပေါ် လာ၊ ကျွန်မတို့ပါတီပျက်၊ ကျွန်မတို့ အလုပ်ပြုတ်၊ ကျွန်မဖြင့်ရေးသူတစ်ဦး အနေနဲ့ စာရေးမေးတဲ့ စာဖတ်သူကို ခုထိအားနာနေတုန်းပါပဲရှင်။

မကြွယ်ကြွယ်

http://www.hotnewsweekly.com/archives/21316

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။