FOOD Magazine
Korea Daikon Radish Kimchee
.............................. .............
လုပ်ရတာလည်း လွယ်ကူပြီး
အရိုးရှင်းဆုံးနဲ့အကူဟင်းပွဲလေး ပါ။
တို့စရာအဖြစ်လည်းသုံးလို့ ရသလို ဟင်းချို၊ခေါက်ဆွဲ၊
ထမင်းသုပ်၊ ဟင်းသုပ်တွေထဲမှာလည်း
ပါဝင်ဖြည့်ဆည်းပေးနိုင်တဲ့ ကိုရီးယား မုန်လာဥဖြူ ကင်ချီလေးကို
အခု အချိန်ရာသီနဲ့ သိပ်လိုက်ဖက်တာကြောင့်
...များများလုပ်စား ကြည့်နော် ။
..............................
လုပ်ရတာလည်း လွယ်ကူပြီး
အရိုးရှင်းဆုံးနဲ့အကူဟင်းပွဲလေး
တို့စရာအဖြစ်လည်းသုံးလို့ ရသလို ဟင်းချို၊ခေါက်ဆွဲ၊
ထမင်းသုပ်၊ ဟင်းသုပ်တွေထဲမှာလည်း
ပါဝင်ဖြည့်ဆည်းပေးနိုင်တဲ့ ကိုရီးယား မုန်လာဥဖြူ ကင်ချီလေးကို
အခု အချိန်ရာသီနဲ့ သိပ်လိုက်ဖက်တာကြောင့်
...များများလုပ်စား ကြည့်နော် ။
ပါဝင်ပစ္စည်း
.............
၁။ ချင်း -၅ ကျပ်သား
၂။ ကြက်သွန်ဖြူ -၅ ကျပ်သား
၃။ သကြား- စားပွဲဇွန်း၅ ဇွန်း
၎။ ဆားကြမ်း -၂ ကျပ်သား
၅။ ဆားနု -လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ ငရုတ်သီးမှုန့် -၅ ကျပ်သား
၇။ ငရုတ်သီးအနှစ် -စားပွဲဇွန်း ၅ ဇွန်း
၈။ ကိုရီးယားငံပြာရည် -စားပွဲဇွန်း ၅ ဇွန်း
၉။ ကြက်သွန်မြိတ် -၁ စည်း
ပြုလုပ်နည်း
..............
၁။ မုန်လာဥကို အပင်များနှင့် အတူ အရင်ဆုံး
ရေစင်အောင်ဆေးပါ။ ပြီးလျှင် လက်တစ်ဆစ်လောက်
အရွယ်အတုံးလေးတွေ တုံးပါ။ အပေါ်အပင်ကိုတော့
အပင်အတိုင်း ထားပါ။
၂။ ဇလုံအကြီးထဲတွင် ဆားကြမ်းဖြူးပြီး
အပေါ်အောက်သမအောင်မွှေပါ။ ပြီးလျှင်
မုန်လာဥတုံးလေးများနှင့် အပင်များကိုရေမြုပ်တဲ့အထိ
မိနစ်၂၀ (သို့) ၃၀ လောက်အထိ စိမ်ပေးပါ။
ပြီးလျှင် ရေသွန်ပြီး ရေစစ်ထားပါ။
မုန်လာဥဖြူဟာ တစ်ခါ တလေ ခါးတတ်ပါတယ်။
အဲဒီလိုခါးရင် ရေပြန်ဆေးပေးပါ။
၃။ ချင်း၊ ကြက်သွန်ဖြူ ကိုညက်အောင်ထောင်းပါ။
ကြက်သွန်မြိတ်ကိုလည်း ရေစင်အောင်ဆေးပြီး
ရှည်ရှည်လေးတွေ ဖြတ်ပါ။
၎။ ဇလုံအကြီးထဲကို ထောင်းထားသော ချင်း၊
ကြက်သွန်ဖြူနှင့် ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊
သကြား၊ ကိုရီးယားငံပြာရည်နှင့် လှီးထားသော
ကြက်သွန်မြိတ်တို့ကို သေချာနယ်ပေးပါ။
လက်အိတ်ဝတ်လုပ်လျှင် ပိုကောင်းပါသည်။
၅။ နယ်ထား သော အနှစ်များကို
မုန်လာဥအတုံးနှင့် အရွက်များကို သေချာနယ်ပေးပါ။
၆။ မုန်လာဥများကို လေလုံသော(Lock & Lock)
ဗူးကြီးထဲသို့ ထည့်ပြီး အပြင်အပူရှိန်နှင့်
နေမထိုးသောနေရာမှာထားလျှင် မြန်မြန်ချဉ်လို့
၂ ရက် ၃ ရက် လောက် ဆို စားလို့ရပါတယ်။
ဒါမှမဟုတ် အလျင်မလိုဘူးဆိုရင် တော့
Fridge ထဲမှာပဲ ၅ - ၇ ရက်လောက်ထားရင်လည်းချဉ်ပါတယ်။
မှတ်ချက်
............
စားဖို့လောက်ပဲ ဇွန်းအသန့်နဲ့ခပ်ပါ။
ကျန်တာကို Fridge ထဲမှာ
လနဲ့ချီ သိမ်းထားလို့ရပါတယ်။
ကျန်းမာရေး နှင့် ညီညွတ်စွာ စားချင်ရင်တော့
သကြားအညိုကိုသုံးပါ။
ကျန်ပါဝင် ပစ္စည်းများကို နည်းနည်းလျှော့ပါ။
• Syi Foodsgarden

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။