Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 28, 2013

အင်တာနက်တွင်ပြန့်နှံ့ သော ခြိမ်းခြောက်စာ/ Chain letters များအကြောင်း

 

အင်တာနက်တွင်ပြန့်နှံ့ သော ခြိမ်းခြောက်စာ/ Chain letters များအကြောင်း

အစွဲအလမ်းမှန်ရင် ဘယ်အစွဲအလမ်းမှ မကောင်းပါဘူး။ တရားစကား ထည့်ပြောရရင် တစ်စုံတစ်ခုကို စွဲစွဲလမ်းလမ်း ဖြစ်တယ်ဆိုတာ တဏှာ သဘောတရား ဖြစ်ပါတယ်။ ဒီလိုပြောလို့ မောင်အောင်ခမ်း တရားဟော မယ်လို့ မယူဆစေလိုပါ။ Facebook , G-talk ထဲမှာ အစွဲအလမ်းကြီးသူများ အကြောင်းကို အတင်းချဖို့ ဖြစ်ပါတယ်။ ဒီမှာ စွဲလမ်းမှုက မှားယွင်းစာ ယုံကြည်မှုလို့ပြောရင် ပိုမှ...န်မယ်ထင်ပါတယ်။ တစ်နေ့ အင်တာနက် သုံးနေ ရင်း Facebook သုံးနေရင်း ချက်တင်ဘောက်စ်ထဲမှာ ဒီလိုစာလေး ရောက်လာပါတယ်။


FB က . . .Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . .ဖျက်ပစ်မယ် . . .အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .Activate User 25 ယောက်ကို . . . ပို့ပေးရမယ် . . .ဒါကို ကူးပြီးတော့ . . .မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . .အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . ဒီနေ့ ည ဘက်က Last Date . . .Chat Conversation End -Chat Conversation End-Chat Conversation End-Chat Conversation End.

ဘုရား၊ဘုရား လို့တောင် တရမလိုဖြစ်နေတယ်။ ဒီလိုစာမျိုးကို မောင်အောင်ခမ်း တင်မကပဲ စာဖတ်သူတို့လည်း အင်တာနက် သုံးနေစဉ်၊ ဂျီတော့ ချက်နေစဉ်၊ ဖေ့စ်ဘွတ်သုံးနေစဉ် ရရှိဖူးမယ်ထင်တယ်။ တစ်ခါခါကျရင် ဒီလိုစာတောင် ရောက်တတ်ပါတယ်။ “ယခုပို့လိုက်သော စာကို အနည်းဆုံး လူ ၃ ဦးထံ ဆက်လက်မျှဝေပါ။ ကံကောင်းခြင်း များရောက်လာပါမည်။ အကယ်၍ မမျှဝေပါက ၇ ရက်အတွင်း ဆိုးကျိုး၊ ဒုက္ခများ ခံစားရမည်” အစရှိသဖြင့် စာများ ရောက်တတ်ပါတယ်။ ဘာရယ်လို့တော့မဟုတ်ဘူး။ နိုင်ငံရေး၊ လူမူရေး၊ ပညာရေး အစရှိသဖြင့် ဘာမှမသေချာတဲ့ စာတွေကို အဟုတ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပို့ကြပါတယ်။ ပို့ပြီးတော့လဲ ကံကောင်းချင်သူ၊ ကံမဆိုးချင်သူတို့ကလဲ တစ်ဆင့်ထပ်ရှဲပါတယ်။ ဒီတော့ ဆက်စပ်ပြီးတော့ တစ်နေရာက တစ်နေရာ ပျံ့ ပါလေရော။

ဒီမှာ ပြောစရာ အကြောင်း နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ဒါက အပျော်သဘော ပျော်စရာဖြစ်အောင် စနှောက်ခြင်း ဖြစ်ပါတယ်။ နောက် တစ်မျိုး ကတော့ အရေမရ အဖတ်မရ အားနေလို့ လက်ကလိခြင်း ဖြစ် ပါတယ်။ ဒီမှာ လက်ခံတဲ့သူများက ခပ်ပျော်ပျော်ပဲ ရှဲကြ၊ မျှဝေကြ၊လက်ဆင့် ကမ်းကြပါတယ်။ ဒီမှာ ဝမ်းသာစရာ ရနိုင်ပါတယ်။ သို့သော် ဆုံးရှံးမှုတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။

မိမိကိုယ့်ကိုယ်လည်း မယုံတော့သလို၊ မိမိပတ်ဝန်းကျင်ကိုပါ ယုံကြည်မှု နည်းစေပါတယ်။ ဥပမာ- အဲ့ဒီလို ခြိမ်းခြောက်စာ တစ်စောင်ရောက် လာတယ်ဆိုပါတော့။ စာရောက်လာတော့ ကာယကံရှင်က အကြောက်တွေ လွန်ပြီး ပြန်ပြီးတော့ ရှဲပြန်ပါတယ်။ ဒီမှာ တစ်ချက်ချို့ သွားပါပြီ။ မိမိကိုယ်ကိုယ် ယုံကြည်ချက် ကျရှုံးစေခြင်း ဖြစ်ပါတယ်။ စာတစ်စောင်ရောက်လာလို့ ဖတ်လိုက်တယ်။ သူက သတင်း အဖြစ်ပေးပြီး ပြန်ရှဲခိုင်းပါတယ်။ ကိုယ့်မှာလည်း ဦးနှောက်ရှိနေတဲ့အတွက် ဒါဟာ မှန်မမှန်စဉ်းစားချင့်ချိန်တတ်ရန် လိုအပ်ပါတယ်။ ဒီစာ ဆက်မမျှဝေ ရင် ၇ ရက်အတွင်းဒုက္ခရောက်မယ်ဆိုပါတယ်။ ကိုယ့်ကံကြမ္မာ ကိုယ်ပဲ ဖန်တီးနေချိန်မှာ ယင်းစာက ဘာမှမလုပ်နိုင်ပါဘူး။ မမျော်လင့်ပဲရောက် လာတဲ့စာကို အရမ်းကြီး ကြောက်လှန့်ပြီး မျှဝေလိုက်ခြင်းကမှသာ တကယ် မှားယွင်းတာ ဖြစ်ပါတယ်။ ဒီမှာ ဘယ်ကောလဟာလ လာလာ ကိုယ်ပိုင် ခံယူချက်က ပျက်ဆီးနေပါပြီ။

ဒီတော့ စာဖတ်သူတို့က ပြောပါမယ်။ “တို့ဘာတို့ ပျော်ချင်လို့ ဒီလိုစာတွေ မျှဝေတာ၊ နင့်အပူ ပါပေ သကောလား” ။ စာရေးသူ အပူတော့မပါပါ။ သို့ပေမယ့် အားလုံးနဲ့ သက်ဆိုင်နေလို့ ဖြစ်ပါတယ်။ စာရေးသူ နားထောင်ခဲ့ဖူးသော ပုံပြင်ပြောပြပါမယ်။ ၁၀ တန်းကျောင်းသားဘဝ က မြန်မာစာဆရာ ပြောပြသော ပုံပြင်ဖြစ်ပါတယ်။ ပုံပြင်မဟုတ်ပါ။ မြန့်မာ့ သမိုင်းကြောင်း ဖြစ်ပါတယ်။ သမိုင်းပညာလေ့လာထားသူ များ ပိုသိမယ် ထင်ပါတယ်။ စာရေးသူကတော့ သိပ်မမှတ်မိတော့လို့ အပေါ်ယံကြောလေး သာ မျှဝေလိုပါတယ်။

ပျူခေတ် ------ ပျူခေတ် ကုန်ဆုံးရပုံ၊ ပျက်ဆီးရပုံကို စာရေးသူ တို့ မြန်မာဆရာက ရယ်စရာလေး နှောပြီးတော့ ပြောပြပါ တယ်။ ဈေးသည် တစ်ဦး ရွာထဲပြန်အဝင် သူ့ဘမ်းကြီး လွတ်ကျတော့ “ငါ့ စကောကြီး၊ ငါ့ စကောကြီး” လို့ အော်ပြီး လိုက်ကောက် ပါတယ်။ ကုန်းအဆင်း လဲဖြစ် လေလဲတိုက်နေတော့ ဘမ်းကြီးခမျာ ရွာ အဝင်ကနေ ရွာတစ်ဖက်အထိ ပြေးမယ့်ပုံပေါက်ပါတယ်။ အိမ်အတွင်းမှ မြင်နေ၊ ကြားနေရသူများက အကြားတွေမှားပြီး တိုင်းပြင် ပျက်တယ်အထင်နဲ့ လိုက်ပြေးကြပါတယ်။ အဝတ်တွေ၊ ပစ္စည်းတွေ ထမ်းလို့ အားလုံး လှန့်ပြေးလို့ ပျူမြို့ ကြီး တိတ်ဆိတ်သွားရပါတယ် တဲ့လေ။

ပုဂံခေတ် ---------- ပုဂံခေတ်ပျက်ပုံက ပိုဆိုးပါတယ်။ ပုဂံရဲ့ အဓိက အချက်အချာကျရာ နေရာက ခြေင်္သေ့ရုပ်မှာ စတာ ဖြစ်ပါ တယ်။ ဖြတ်သွားဖြတ်လာအရူးတစ်ယောက်က ပါးစပ်သယမ်းပြီး ခြေင်္သေ့ မျက်လုံးတစ်ဖက်ကို ကွမ်းတံတွေး ထွေးပြီး ထွက်သွားပါ တယ်။ ဖြတ် သွားဖြတ်လာ လူတစ်ချို့ ကျ ခြေင်္သေ့ မျက်လုံးမှာ အနီရဲရဲပေနေ တာ မြင်တော့ သွေးထက်တယ်အလား ထင်ပြီး နိမိတ်ဆိုးပြတယ် အမှတ်နဲ့ လှန့်ပြေးကြပါတယ်။ တိုင်းပြည်ပျက်ဖို့ နိမိတ် ပြပြီဆိုပြီး လှန့်ပြေးလိုက်ကြ တာ ပုဂံဆိုတာ တိတ်ဆိတ် သွားရပါတယ်။

(ပျူခေတ်နဲ့ ပုဂံခေတ် ပျက်ပုံက အထက်ပါ ဖော်ပြပါလို ရိုးရိုးရှင်းရှင်းတော့ မဟုတ်ရပါ။ အမှန်တော့ ခေတ်ပျက်ချိန်တန်မှာ မင်းစိုးရာဇာတို့ အချင်းချင်း စစ်ဖြတ်ကြပြီး တိုင်းသူပြည်သားတို့ ယုံကြည်ချက်ပျောက်၊ ကြောက်ရွံ့ မှု ဖုံးလွမ်းလို့ တိုင်းပြည်ကွဲကြခြင်း ဖြစ်ပါတယ်။ အချိန်မရွေး ထွက်ပြေးဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပျူပျက်ပြီး ပုဂံဆိုတာလည်း ပျက်ခဲ့တာ ဖြစ်ပါတယ်။ အထက်ပါ ဖော်ပြ ပါလေး ကတော့ မြန်မာစာဆရာက ကလေးများ အတွက် ရယ်စရာ သဘောနှောလို့ အပျော်သဘော ပြောခြင်း ဖြစ်ပါတယ်။ မြန်မာ့ ရာဇဝင် ကို ဝေဖန်ရန် စာရေးသူလည်း မစွမ်းသာသလို ရေးလည်း မရေးဝံ့သေးပါ)

ဒီမှာ စာဖတ်သူတို့ကို ပြောချင်တာ မြန်မာ့သမိုင်း မဟုတ်ပါဘူး။ သံဝေဂ ယူစရာ တစ်ချက်ကတော့ ကောလဟာလ တစ်ခုကြောင့် တိုင်းပြည်ပျက် ရခြင်း ဆိုတာပဲ ဖြစ်ပါတယ်။ အခုလည်း အင်တာနက်ခေတ်ဖြစ် တဲ့အတွက် ကောလဟာလကို အပြင်မှာ လွင့်ရတာတင် အားမရတော့ပဲ ဂျီတော့၊ ဖေ့စ်ဘွတ် တို့လို ဆိုရှယ်ဝဘ်ဆိုဒ် တွေမှာပါ မျှဝေလာတတ်ကြ ပါတယ်။

ယခုလို ကောလဟာလများ ဖြန့်ဝေနေခြင်းက မိမိအတွက်လည်း မကောင်း သလို၊ ခံရတဲ့သူမှာလည်း မကောင်းပါဘူး။ တစ်လောကလည်း ည ၁၀ နာရီကျော်ရင် ဘယ်ဂြိုလ်က ဘာကိုတိုက်လို့ဆိုလားမသိ၊ ဟန်းဖုန်းကို ည ၁၀နာရီမှာ ပိတ်ဖို့ဆိုပြန်ပါတယ်။ သေချာအောင် အင်တာနက်မှာ ရှာကြည့်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကောလဟာလ (Hoax) မျှဝေ ဝဘ်ဆိုဒ် တစ်ခုက လက်ကလိထားခြင်း ဖြစ်ပါတယ်။

သူများက ဒါလုပ်ဆိုလိုက်လုပ်တယ်။ မျှဝေဆိုမျှဝေတယ်။ ပိတ်ဆိုပိတ်တယ်။ ပို့ဆိုပို့တယ်။ ကိုယ်တိုင် လေ့လာခြင်း၊ စူးစမ်းခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်ခြင်း၊ ကိုယ်ပိုင်ခံယူချက်မရှိခြင်းတို့က အင်တာနက်မှာ တင်မကပါ ဘူး။ ချက်တင်မှာတင်မကပါဘူး။ မိမိရဲ့  လူမူဘဝထိပါ အားနည်း ချက် ဖြစ်ပေါ်စေပြီး အောင်မြင်မှု ရရန်ခက်ခဲပါတယ်။ လှပတဲ့အနာဂတ်ကို တက်လမ်းနေတဲ့ မြန်မာပြည်မှာ နိုင်ငံသားအားလုံးသာ မိမိကိုယ်ကို ယုံကြည်ချက် အပြည့်ရှိရင်၊ စူးစမ်းလေ့လာတတ်သေ အသိဥာဏ်များရှိရင် ဘာမဟုတ်တဲ့၊ ကြောက်ရွံ့ ခြင်း ကင်းရင် ဘယ်သူဖျက်ဖျက် ပျက်ဖို့ နည်းမှာ ဖြစ်ပါတယ်။ ကောလဟာလ တိုင်းကိုသာ တုန်လှုပ်နေ ရင်တော့၊ ရောက်လာတဲ့ ခြိမ်းခြောက်စာတိုင်းသာ မျှဝေနေကြမယ်ဆိုရင် အကြောက်တရားနဲ့ ရှင်သန်တဲ့ မျိုးဆက်ပဲ ဆက်လက်ဖြစ်ထွန်းနေမှာ ဖြစ်ပါ တယ်။

စာဖတ်သူတို့ အကြောက်တရားကင်းလို့ မှန်ကန်သောအသိဖြင့် ဆုံးဖြတ်နိုင်ကြပါစေ။
---
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။