သူငယ်ချင်း...
ဥက္ကဌကြီးက လွှတ်တော်ကို ဝေဖန်ပါ.. အကြံပြုပါ လို့ ဆဌမအကြိမ်အစည်းအဝေးအပိတ် မိန့်ခွန်းမှာ ပြောလိုက်တော့ ကျနော့်မှာ “ခွေး” ဘုရားပွဲတွေ့သလို ခံစားရတယ်...။ ကျနော်က လွှတ်တော်ချန်နယ်ရဲ့ အမာခံပရိတ်သတ်ဗျ...။ Live သာလွှင့်လို့ကတော့ လွှတ်တော်ထဲမှာ အပ်ကျတာကအစ သိတယ်ဗျ..။ လွှတ်တော်အမတ်များ ငုတ်တုတ်အိပ်ငိုက်နေတာ..၊ ကင်မရာမင်းတွေကို တ၀ါးဝါးသမ်းပြနေတာ..၊ တချို့ နှာခေါင်းပေါက်ကို နှိုက်နေတာ...၊ တချို့နားကို ...ကလိနေတာ..၊ တချို့အစား စားနေတာ...၊ တချို့ကလည်းအောက်ငုံ့ပြီး ဟိုရှာဒီရှာ ရှာနေတာ.. နဲ့ ပြောစရာတွေ စုံနေတာပဲ...။
ဒါနဲ့စကားမစပ် ခဗျာင်္းကိုမေးရဦးမယ်...။ ဥက္ကဌ ရှေ့ကတိုက်ပုံ နဲ့ ခေါင်းပေါင်း နဲ့ လူတစ်ယောက် ထမ်းထမ်းပြီးဝင်လာတာ ဘာကြီးလဲ...။ ဟယ်ရီပေါ်တာ ကားထဲက မှော်တံမြတ်စည်းလိုလို... RPG ပုခုံးထမ်းလောင်ချာလိုလို.. .၊ အဲ့ဒါကြီးက ရွှေအစစ်နဲ့လုပ်ထားတာလားဗျ.. .။ အဲ့ဒီလူက တစ်နေကုန် ဒါကြီးထမ်းပြီးသယ်လာရတယ်... ၊ ပြီးရင် ထမ်းပြီးပြန်သွားရတယ်...။ အဲ့ဒီဟာကြီးထိပ်မှာ အသံဖမ်းစက်တွေ ဘာတွေ ပါသလား...။ အဲ့ဒါကြီးမပါရင် လွှတ်တော် ကျင်းပလို့မရဘူးလား...။ အဲ့ဒါကြီးက တိုင်းပြည်ကို ဘယ်လိုအကျိုးပြုသလဲ...။
ဥက္ကဌကြီးကိုလည်း အားတော့နာပါတယ်...။ သူဝတ်ထားတဲ့ ၀တ်ရုံကြီးက သူကြိုက်လို့ချုပ်ထားတာတော့ မဟုတ်လောက်ပါဘူး...။ လွှတ်တော်ထဲမှာ ဒီလိုပုံစံဝတ်စားပြီး ဥပဒေပြုမှ ဥပဒေတွေ အာဏာတည်မယ်လို့ ဘယ်သူကများ ကျပ် သွားမှန်းမှ မသိတာ...။ သေချာတာကတော့ အစည်းအဝေးလုပ်နေချိန်မှာ ချွေးတွေ တဒီးဒီးကျနေမှာ သေချာတယ်....။
လွှတ်တော်ထဲမှာ သာတူညီမျှ အခွင့်အရေးတန်းတူပေးတယ် ဆိုတာလည်း မဟုတ်ဘူးလို့ပြောရင် ခဗျာင်္း ဘယ်လိုငြင်းမလဲ...။ ကျနော်ပြောပြမယ်...။ တပ်မတော်သား ကိုယ်စားလှယ်တွေ ခေါင်းမှာ ဘာမှမရှိဘူး....။ ဥာဏ်မရှိဘူး... ပြည်သူ့အတွက် ဘာမှမစဉ်းစားဘူးလို့ပြောတာမ ဟုတ်ပါဘူး...။ အရပ်သား အမတ်တွေ ခေါင်းပေါင်းစွပ်ပြီး စိတ်အိုက် လူအိုက်ဖြစ်နေချိန်မှာ စစ်သားအမတ်တွေကတော့ အေးအေးဆေးဆေးပဲ...၊ ဦးထုပ်လေးချွတ်ပြီး ဇိမ်နဲ့နေနိုင်တယ်....။ အရပ်သားအမတ်တွေကလည်း မထူးတော့ပါဘူးဆိုပြီး ခေါင်းပေါင်း ရောင်စုံ ၀ယ်ဆောင်းလိုက်တယ်...။ လွှတ်တော်ထဲမှာ အကြံဥာဏ်ကောင်း မထွက်ရင် ခေါင်းပေါင်းကို လက်ညှိုးထိုး လွှဲချလိုက်တယ်....။
တချို့တိုင်းရင်းသား အမတ်တွေက စကားမပီဘူး...။ သူ စာဖတ်ခါနီး အကြိုနှုတ်ဆက်လိုက်ရင် ကျနော် တခွိခွိ နဲ့ ရယ်ချင်မိတယ်...။ ဥက္ကဌကြီးကတော့ နားရွက်တွေ ဆံပင်တွေ ထောင်ထောင်လာမယ် ထင်ပါတယ်...။ သူ နှုတ်ဆက်လိုက်ပုံက “ချစ်ခင်လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ခင်ဗျား....” ဆိုပေမယ့် သူခမျာ စကားမပီရှာတော့ လေးစား ဆိုတဲ့ အသံမှာ (--ီး)စား ဆိုပြီး ပါးစပ်က ထွက်လာတော့ ကျနော့်မှာ သူ့အစား အားနာလိုက်တာဗျာ...။ ပြီးတော့ အဲ့ဒီ နှုတ်ဆက်စကားကလည်း ခဏခဏ ပါနေတော့ သူ့အလှည့်မပြီးမချင်း ဥက္ကဌတော့ ရင်ထဲမှာ ဆို့နေမှာပဲ......။
လွှတ်တော်ရုံးဝန်ထမ်းတစ်ယောက်က အပြင်မှာလျှောက်ကြွားနေတယ်. ..။ လူထုခေါင်းဆောင် ဒေါ်စုတောင် သူ့စကားကို မလွန်ဆန်ရဲဘူးတဲ့...။ လွှတ်တော်ထဲမှာ သူကထိုင်ဆိုမှ ထိုင်ရဲတယ်...။ ထ ဆိုမှ ထရဲတယ် တဲ့...။ သေချာကြည့်တော့မှ သူ့အလုပ်က “အားလုံထိုင်နိုင်ကြပါပြီခဗျာင်္း...” “အားလုံးမတ်တပ်ရပ်ပေးကြပါခဗျာင်္း....” လို့အော်အော်နေတဲ့ သူကိုးဗျ....။ လွှတ်တော်ထဲမှာ ဥက္ကဌကြီး ထိုင်ခုံကို အမြဲ ချောင်းနေတဲ့သူကရှိသေး...။ လွှတ်တော် ဥက္ကဌ ရာထူးကိုမက်လို့တော့ မဟုတ်ပါဘူး...။ ဥက္ကဌကြီး ထချင်လို့ မျက်ရိပ်ပြလိုက်ရင် ပြေးပြီးထိုင်ခုံလေး ရွှေ့ပေးရတယ်...။ ထိုင်ခုံက ဥက္ကဌ ကိုယ်တိုင်ရွှေ့လို့မရအောင် လေးလွန်းနေလို့ ဖြစ်မှာပါ...။ ဒီတစ်ခါ ဥရောပသွားရင် ဆုံလည် ကုလားထိုင်းကောင်းကောင်း ၀ယ်ရင်ကောင်းမယ်ထင်ပါတယ်... ။
ဥက္ကဌကြီးကလည်း လောကီသားပေမို့ စိတ်ရှုပ်နေတာတွေ..၊ စိတ်ကျဉ်းကျပ်နေတာတွေအတွက် တစ်ခါ တစ်ခါ ထိုင်ခုံရှေ့က တူ ကြီးကိုပဲ ပန်းပဲ မောင်တင့်တယ် စတိုင်လ် နဲ့ အားကုန်ထုပြီး စိတ်ဖြေလျှော့တာ နေမှာပေါ့နော်.....။ :))))
အရမ်းသန်းညွှန့်
ကာတွန်း>> အဂ္ဂ
ဥက္ကဌကြီးက လွှတ်တော်ကို ဝေဖန်ပါ.. အကြံပြုပါ လို့ ဆဌမအကြိမ်အစည်းအဝေးအပိတ် မိန့်ခွန်းမှာ ပြောလိုက်တော့ ကျနော့်မှာ “ခွေး” ဘုရားပွဲတွေ့သလို ခံစားရတယ်...။ ကျနော်က လွှတ်တော်ချန်နယ်ရဲ့ အမာခံပရိတ်သတ်ဗျ...။ Live သာလွှင့်လို့ကတော့ လွှတ်တော်ထဲမှာ အပ်ကျတာကအစ သိတယ်ဗျ..။ လွှတ်တော်အမတ်များ ငုတ်တုတ်အိပ်ငိုက်နေတာ..၊ ကင်မရာမင်းတွေကို တ၀ါးဝါးသမ်းပြနေတာ..၊ တချို့ နှာခေါင်းပေါက်ကို နှိုက်နေတာ...၊ တချို့နားကို ...ကလိနေတာ..၊ တချို့အစား စားနေတာ...၊ တချို့ကလည်းအောက်ငုံ့ပြီး ဟိုရှာဒီရှာ ရှာနေတာ.. နဲ့ ပြောစရာတွေ စုံနေတာပဲ...။
ဒါနဲ့စကားမစပ် ခဗျာင်္းကိုမေးရဦးမယ်...။ ဥက္ကဌ ရှေ့ကတိုက်ပုံ နဲ့ ခေါင်းပေါင်း နဲ့ လူတစ်ယောက် ထမ်းထမ်းပြီးဝင်လာတာ ဘာကြီးလဲ...။ ဟယ်ရီပေါ်တာ ကားထဲက မှော်တံမြတ်စည်းလိုလို... RPG ပုခုံးထမ်းလောင်ချာလိုလို..
ဥက္ကဌကြီးကိုလည်း အားတော့နာပါတယ်...။ သူဝတ်ထားတဲ့ ၀တ်ရုံကြီးက သူကြိုက်လို့ချုပ်ထားတာတော့
လွှတ်တော်ထဲမှာ သာတူညီမျှ အခွင့်အရေးတန်းတူပေးတယ် ဆိုတာလည်း မဟုတ်ဘူးလို့ပြောရင် ခဗျာင်္း ဘယ်လိုငြင်းမလဲ...။ ကျနော်ပြောပြမယ်...။ တပ်မတော်သား ကိုယ်စားလှယ်တွေ ခေါင်းမှာ ဘာမှမရှိဘူး....။ ဥာဏ်မရှိဘူး... ပြည်သူ့အတွက် ဘာမှမစဉ်းစားဘူးလို့ပြောတာမ
တချို့တိုင်းရင်းသား အမတ်တွေက စကားမပီဘူး...။ သူ စာဖတ်ခါနီး အကြိုနှုတ်ဆက်လိုက်ရင် ကျနော် တခွိခွိ နဲ့ ရယ်ချင်မိတယ်...။ ဥက္ကဌကြီးကတော့ နားရွက်တွေ ဆံပင်တွေ ထောင်ထောင်လာမယ် ထင်ပါတယ်...။ သူ နှုတ်ဆက်လိုက်ပုံက “ချစ်ခင်လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ခင်ဗျား....” ဆိုပေမယ့် သူခမျာ စကားမပီရှာတော့ လေးစား ဆိုတဲ့ အသံမှာ (--ီး)စား ဆိုပြီး ပါးစပ်က ထွက်လာတော့ ကျနော့်မှာ သူ့အစား အားနာလိုက်တာဗျာ...။ ပြီးတော့ အဲ့ဒီ နှုတ်ဆက်စကားကလည်း ခဏခဏ ပါနေတော့ သူ့အလှည့်မပြီးမချင်း ဥက္ကဌတော့ ရင်ထဲမှာ ဆို့နေမှာပဲ......။
လွှတ်တော်ရုံးဝန်ထမ်းတစ်ယောက
ဥက္ကဌကြီးကလည်း လောကီသားပေမို့ စိတ်ရှုပ်နေတာတွေ..၊ စိတ်ကျဉ်းကျပ်နေတာတွေအတွက် တစ်ခါ တစ်ခါ ထိုင်ခုံရှေ့က တူ ကြီးကိုပဲ ပန်းပဲ မောင်တင့်တယ် စတိုင်လ် နဲ့ အားကုန်ထုပြီး စိတ်ဖြေလျှော့တာ နေမှာပေါ့နော်.....။ :))))
အရမ်းသန်းညွှန့်
ကာတွန်း>> အဂ္ဂ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။