Yati Magazine
Yati Beauty လှပစိုပြည် ရတီမေ
အသီးမှာ သရက်တဲ့။ ဒါပေမဲ့ စားဖို့ သက်သက် အရသာရှိရုံ ကောင်းတာ မဟုတ်ပါဘူး။ လူကို ကျန်းမာရေး အရ အကျိုးပြုတဲ့ အာဟာရ တွေ အများကြီး ပါဝင်တဲ့ အသီးဖြစ်ပါတယ်။ ဒီလောက်ကောင်းတဲ့ အသီးကို အလှအပ အတွက် ဆေးတစ်လက် အဖြစ်ရော အသုံးချဖူးပါရဲ့လား။ မသုံးဖြစ်သေးရင် သရက်သီး မှည့်တွေပေါ်ချိန်မှာ စမ်းသုံးကြည့်လိုက်နော်။ သရက်သီးမှည့်က မျက်နှာကစလို့ တစ်ကိုယ်လုံး အလှအတွက် သုံး တတ်ရင် Beauty Kit လို့တောင် ပြောလို့ရပါတယ်။ ကံကောင်းတာက ကျွန်မတို့နိုင်ငံက သရက်သီးမျိုးစုံ လှိုင်လှိုင် ထွက်တဲ့နိုင်ငံ ဖြစ်နေခြင်း ပါပဲ။
"အိမ်မှာလုပ်လို့ရတဲ့ Mango Face Mask"
အခွံခွာပြီးသား လတ်ဆတ်တဲ့ သရက်သီး မှည့်အစိတ်လေးတွေ လိုသလောက်ကိုယူ ပျားရည်တစ်ဇွန်းနဲ့ရောေ...ချပြီး မျက်နှာနဲ့လည်ပင်း တစ်ဝိုက်ကို လိမ်းပါ။ သင်ဆန္ဒရှိရင် ခြေနဲ့လက် တွေကိုပါ လိမ်းနိုင်ပါတယ်။ နာရီဝက်လောက် အခြောက် ခံပြီးရင်တော့ ရေနွေးနွေးလေး နဲ့တစ်ခါ ၊ ရေအေးနဲ့ တစ်ခါဆေးပြီး ရေသုတ်ပါ။ ထူးခြားမှု ကိုတော့ သင်ကိုယ်တိုင် ရှာဖွေနိုင်ပါလိမ့်မယ်။

"ကျန်းမာရေးနှင့် အလှအပ အတွက် သရက်သီးရဲ့ အခြားကောင်းကျိုးများ"
ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုအား ကောင်းမွန်ပြီး ကင်ဆာဖြစ်နိုင်ချေ ကို လျော့ချ ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးရဲ့ အမြင်အာရုံ ပိုကောင်း မွန်စေလို့ မုန်လာဥနီလိုပဲ စားသုံးသင့် ပါတယ်။ သွေးထဲက သကြားဓာတ်ကို ထိန်းညှိ ပေးပြီး အဝလွန်ခြင်းကို ကာကွယ်ပေးတယ်။ ဗီတာမင် K ကြွယ်ဝတဲ့ အတွက် အရိုး အက်/ကျိုး ထားသူတွေ အတွက် သက်သာပျောက်ကင်း မှု မြန်ဆန်စေတယ်။ သန္ဓေအောင်မှုကို အားပေးပြီး စိတ်ဖိစီးမှုကို လျော့ ကျစေတယ်။ ဗီတာမင် A, E နဲ့ ဆီလီနီယမ်တွေ ပါဝင်လို့ နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးတိုး နဲ့ ကော်လက်စရောကို ထိန်းညှိပေးနိုင်တယ်။
ဒါကြောင့် သရက်သီးမှည့် နဲ့ ကျွန်မတို့ရဲ့ အလှအပနဲ့ ကျန်းမာရေးကောင်းခြင်းတွေ ကို လက်ကမ်းကြိုကြည့်ရအောင်လား။
ဇင်မြင့်စံ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။