TechSpace Journal Stuff Myanmar Magazine
တက်တူးတော့ တက်တူး သို့ပေမယ့် စမတ် တက်တူး
အမေရိကန် မိုတိုရိုလာ မိုဘိုင်းက ဖန်တီးလိုက်တာပါ။ ပထမက Concept ပဲ ရှိပါသေးတယ်။ ယခုတော့ အခမ်းအနားနဲ့ကို မိတ်ဆက်ပြသတော့မယ် နည်းပညာ ဖြစ်ပါတယ်။
Smart Pill လို့ အမည်ပေးထားပါတယ်။ ခန္ဓာကိုယ်တစ်နေရာမှာ တက်တူး ထိုးထားရုံပါပဲ။ ဝမ်းဗိုက်ကရတဲ့ အက်ဆစ်ဓာတ်နဲ့ 18 Bits ပါဝါ မရရအောင် ယူပြီး တက်တူးဆီ စွမ်းအင်ပို့ပေးပါမယ်။ သူကနေမှ တစ်ဆင့် အီလက် ထရောနစ် Signal ကိုထုတ်ပေးပြီး မိမိ အသုံးပြုနေတဲ့ စမတ်ဖုန်း ဆီကို အရောက်ပို့ပေးပါတယ်။ ဒီတော့ မိမိခန္ဓာကိုယ်တစ်ခုလုံးရဲ့  ကျန်းမာရေး အခြေအနေကို မြင်တွေ့ရမှာပါ။
ဘာဗီတာမင်ဓာတ် နည်းနေတဲ့အတွက် ဘာစားသင့်တယ်။ ဘယ် လေ့ကျင့် ခန်း ပြုလုပ်သ့်တယ် အစရှိသဖြင့် Sugest လုပ်မှာပါ။ တက်တူးမှာ ပါဝင်တဲ့ အရည်နဲ့ ဓာတုက Bluetooth ချိတ်ဆက်မှု နည်းပညာ ပါရှိပါတယ်။ ကြည့်လိုက်ရင်တော့ သာမန် တက်တူးပါပဲ။ သို့ပေမယ့် နောက်ကွယ်မှာ အီလက်ထရောနစ် လှိုင်းများနဲ့ အလုပ်လုပ် သွားပါတယ်။
နောက်ဆိုရင် ကျန်းမာရေးအတွက်ပါ မဟုတ်တော့ပဲ နေ့စဉ်သုံး နည်းပညာ ပစ္စည်း တစ်ခုလို ဖြစ်လာဖို့တောင် ရည်ရွယ်ထားကြောင်း သိရပါတယ်။
--
Sutff UK
Aung Kham (TSJ team)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။