Myawady News
ထို့ကြောင့် ဒုတိယ ဘုရားသခင်ဟု ခေါ်သည်
============================== ===
ဖခင် စစ်သား ကို သူတစ်ပါး လုပ်ကြံခံရလို့ မိခင်မုဆိုးမကြီးနဲ့ အတူနေပြီး အနီးကပ်စောင့်ရှောက်ပေးရမယ့် သမီးတစ်ယောက်ဖြစ်ပေမယ့် ပြည်ပမှာ အခြေချဖို့ ဆုံးဖြတ်ရဲတဲ့ သတ္တိမျိုး တော်ရုံလူ ရှိဖို့ မလွယ်ပါဘူး။
ကျန်စစ်သားမင်းကြီးနဲ့ သမီးတော် ရွှေအိမ်စည် အကြောင်းကို မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ ခေါင်းထဲ ထည့်ပြီး စဉ်းစားဖို့ မတွေးခဲ့တဲ့ သတ္တိမျိုးလည်း တော်ရုံ မရှိနိုင်ပါဘူး။
ပါတော်မူ သီပေါမင်း အမျိုးအဆွေတွေကို ကြည့်ပြီး ဇာတိသွေးတွေ ထက်သန်လို့ ငါ့ အလှည့် ဒါမျိုး မဖြစ်စေရ ဘူးဆိုတဲ့ အတွေးမျိုး မတွေးဖို့ကလည်း မလွယ်ကူပါဘူး။
...
==============================

သူငယ်ချင်းတွေ ၀ိုင်းတား၊ အမေက သဘောမတူ၊ ဘာသာလူမျိုး လုံးဝ မတူတဲ့ ပါကစ္စတန်သားကို ကြင်သူ အဖြစ် စဉ်းစားဝံ့တဲ့ သတ္တိမျိုးကလည်း မလွယ်ကူပါဘူး။
ပါကစ္စတန်သား ပြီးတဲ့နောက် အင်္ဂလိပ်လူမျိုး တစ်ယောက်ကို လက်ထပ်ဖို့ နိုင်ငံ့ပုံရိပ် စစ်သားကြီး တစ်ဦးရဲ့ သမီး အနေနဲ့ ဆုံးဖြတ်ဖို့ သတ္တိမျိုးက အာဇာနည် ခေါင်းဆောင်ရဲ့ သားသမီး ၁၀၀ မှာ ၁ ယောက်ရှိဖို့ မဖြစ်နိုင်ပါဘူး။
နိုင်ငံခြားသားနဲ့ယူပြီး သား၂ ယောက် ရကာမှ မြန်မာ့နိုင်ငံရေးထဲဝင်ပြီး အာဇာနည်ခေါင်းဆောင် စစ်သားကြီးရဲ့ သမီးတစ်ယောက် အဖြစ် ပြန်လာဖို့ သတ္တိမျိုးလည်း တော်ရုံရှိဖို့ မလွယ်ကူပါဘူး။
မှန်တယ်လို့ ဆုံးဖြတ်ပြီး ယူခဲ့တဲ့ ယောက်ျား သေတာတောင် သွားမတွေ့လောက်အောင် အာဏာတွေ မက်မော တဲ့ သတ္တိမျိုးဆိုတာကတော့ အချစ်ကိုတန်ဖိုးထားသူတွေ အကြား လုံးဝ(လုံးဝ) မရှိနိုင်ပါဘူး။
ယက်တောလို အမေရိကန်ကို အိမ်ထဲသွင်း၊ အိုဘားမားလို သမ္မတကို လူမြင်ကွင်းမှာ အနမ်းခံ၊ တူးတူးလို အာဖရိကန်ကို ဒူး ထောက်ဖို့ မြန်မာနိုင်ငံတွင်း နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ သတ္တိမျိုးကတော့ နောင် အနှစ် ၁၀၀ မှာ မပေါ်နိုင်ပါဘူး။
တိုင်းရင်းသားတွေ စစ်ဖြစ်နေချိန်မှာ အသံတိတ်၊ ပြည်တွင်းမွတ်တွေ ထိခိုက်ခံစားရပြီ ဆိုရင် တုန့်ပြန်မှု မြန်လွန်း တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ဖို့ သတ္တိမျိုးကတော့ မလွယ်ကူဆုံး အလုပ်ပါပဲ။
နောက်ဆုံး ပြောရရင် အသက် ၆၀ ကျော် ၇၀ နားကပ်ချိန်ထိ ဘုရားတရားကို သတိမရဘဲ အာဏာဆိုတဲ့ စကားလုံးကို ထပ်တလဲလဲ သုံးပြီး ကမ္ဘာလှည့် အတင်းပြောတာမျိုးကိုတော့ သူမှသူ ဘယ်သူမှ မလုပ်နိုင်တဲ့ သတ္တိမျိုး ရှိသူမှပဲ ရပါလိမ့် မယ်။
ကဲ..ဒါတွေ..ဒါတွေကြောင့် ဆိုတာ ပြောရင်လဲ စိတ်ဆိုး၊ ပြောလည်း မပြောရဲတဲ့ သူတွေကတော့ .ဒုတိယ ဘုရားသခင်ဆိုပြီး လမ်းမပေါ် ဒူးထောက်လို့ ထိုင်ကန်တော့ကြပါတော့တယ်။
Ref:::Opposite Eye

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။