တက္ကသိုလ်ကျောင်းသူဘ၀မှာကတည်းက
အရှေ့တိုင်း ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု
သမိုင်းကို စာတမ်းပြုစုခဲ့တယ်..
အရှေ့တိုင်း ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု
သမိုင်းကို စာတမ်းပြုစုခဲ့တယ်..
ဘာသာစကား ၄ မျိုးတတ်တယ်..
အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ် ရေးတတ်တယ်.. သူမ ရေးတဲ့ စာအုပ်တွေ ကမ္ဘာကျော်တယ်..
ပြင်သစ်သတင်းဌာနနဲ့ အမေးအဖြေလုပ်တော့ စကားပြန်မလိုဘဲ အမေးအဖြေ လုပ်ခဲ့တယ်..
ဂျပန်လိုလည်း တတ်တယ်.. ဂျပန်မှာ တက္ကသိုလ်တက်တော့ ထမီလေးနဲ့ စက်ဘီးစီးပြီး ကျောင်းသွားတက်တတ်သတဲ့..
မြန်မာစကားကို မြန်မာပြည်သူတွေ နားလည်လွယ်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလည်း ပြောတတ်တယ်.. ဝေ့လည်ကြောင်ပတ် မပြောတတ်ဘူး..
စန္ဒယားတီးတတ်တယ်.. ပန်းချီဆွဲတတ်တယ်.. စာရေးတယ်.. ဒီလို အနုပညာရပ်တွေလုပ်ဖို့ဆိုတာ လူတွေကို ကြင်နာတဲ့ နှလုံးသားရှိမှ, လူသားဆန်မှ, လုပ်လို့ရတဲ့ အရာမျိုးတွေ..
နိုဘဲလ်ငြိမ်းချမ်းရေးဆုကရတဲ့ ဒေါ်လာ ၁ သန်းလုံးကို မြန်မာလူငယ်တွေ ပညာသင်ကြားရေးနဲ့ မြန်မာပြည်သူတွေ ကျန်းမာရေးအတွက် foundation တွေ မတည်ပေးခဲ့တယ်..
ဒီ အမျိုးသမီးကြီး ဒီ နိုင်ငံမှာ သမ္မတလုပ်ပေးချင်တာ ငါတို့ ပြည်သူတွေက ကျေးဇူးတင်ရမှာ.. ဂုဏ်ယူရမှာ..
သူမ သမ္မတမလုပ်ရလို့ သူမအတွက် ဘာမှ အကျိုးမဲ့ မသွားဘူး..
သူမ သမ္မတဖြစ်ချင်တယ်ဆိုတာ ငါတို့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ စနစ်တခုကို မျိုးစေ့ချ ပေးချင်လို့ဆိုတာတောင် တချို့လူတွေ ခုချိန်ထိ မမြင်နိုင်သေးရင် ခင်ဗျားတို့နဲ့ တန်တဲ့ ဖွတ် အစိုးရပဲ ခင်ဗျားတို့ ရလိမ့်မယ်..
**(ပြည်သူတွေကတော့ သိလို့ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် မဲပေးခဲ့တယ်.. အခု နောက်ဆုံး ကြားဖြတ် ရွေးကောက်ပွဲမှာလည်း NLD ၀င်ပြိုင်လိုက်တာနဲ့ အပြတ်အသတ်နိုင်တာပဲ.. ပြည်သူတွေက သူတို့ ခေါင်းဆောင်ကို သူတို့သိတယ်.. မသိချင်ယောင်ဆောင်နေတာက လူတစုပါပဲ..)
.
Moe Thout
=======
=======
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။