shared by ThiThi on 10/09/17 - apannpyay.com - Other
အညတရ ဆရာမလေးမှ နိုဗဲလ်ဆုရှင် မာလာလာထံသို့ ပေးစာ
အသက်ငယ်ဆုံး နိုဗဲ ( လ် )ဆုရှင်
မာလာလာယူဆွန်ဇိုင်း (ဗ် )ကပြောတယ်။
ကျွန်မတို့နိုင်ငံမှာဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုက
ကျွန်မတို့မြန်မာနိုင်ငံကိုယ်တိုင်
ရိုဟင်ဂျာ ဆိုတာအသိအမှတ်ပြုမှ
ဖြစ်မယ် ။အသိအမှတ်လည်းပြုသင့်တယ်။
အတူနေထိုင်တာချင်းအတူတူ မြန်မာ
အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က
လူသားချင်းမစာနာဘဲ မတရား နှိပ်ကွပ်နေသတဲ့
တရားရေး လူ့အခွင့်အရေးကို မေ့ထားကြသတဲ့။
ဒီမှာ …မာလာလာ
ကျွန်မကမြေဖြူကိုင်ပြီး အနာဂတ်မျိုးဆက်သစ်
တွေကိုပျိုးထောင်ပေးနေတဲ့ မြန်မာနိုင်ငံမှ
အညတရဆရာမလေးတစ်ယောက်ပါရှင်။
လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်သူမို့
ဒီစာလေးရေးလိုက်ရတာပါ။
မာလာလာဆိုတာ အဲ့ဒီအစွန်းရောက်တွေ
အကြမ်းဖက်ခံရပြီး အသက်ပြင်းတာမို့
သေကံမရောက် သက်မပျောက်ခဲ့တာပါ။
မိန်းကလေးလည်းဖြစ်ပြန် အသက်ကလည်း
ငယ်ရွယ်တော့ တစ်ကမ္ဘာလုံးရဲ့ ကရုဏာသက်
ခဲ့ကြတာပေါ့။ ဒီအထဲမှာမှ မြန်မာနိုင်ငံသူ/ သားများ
ကပိုလိမ့်မယ်လို့ ကျွန်မရဲရဲကြီးပြောဝံ့ပါတယ်။
မာလာလာကို မေးခွန်းလေးမေးပါရစေဦးလား။
မာလာလာကိုပေးအပ်ခဲ့တဲ့ဆုက ဘာဆုလဲ ?
အဲ့ဒီဆုရဲ့သမိုင်းကဘာလဲ ?
ဘာ့အတွက်ပေးတာလဲ ?
ဘာကြောင့်ရခဲ့တာလဲ ?
ဒီလိုဆုရသူက ဒီလိုစကားမျိုးတွေပြောလာတာ
ပထမအံ့သြမိပြီး နောက်တော့စိတ်မကောင်း
ဖြစ်မိတယ်။ စိတ်ပါပျက်မိတယ်ရှင်။
မာလာလာနဲ့ အသက်အများကြီး ကြီးတဲ့
ဆုပိုင်ရှင် မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က
မာလာလာလောက်တောင်မတွေးတတ်ဘူးများ ထင်နေသလားရှင်။
မာလာလာက အမျိုးချစ်သလို ကျွန်မကလည်းအမျိုး ကိုမြတ်နိုးသူမို့ပြောပါရစေဦး။
ဒီမှာ မာလာလာ…
လူတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်းမှာ ခိုင်မာတဲ့သမိုင်း
ရှိကြတယ်။ မာလာလာကိုယ်တိုင်လည်း ကောင်း
တဲ့သမိုင်းရှိပြီးသားမဟုတ်လား။
ဒီတော့ တစ်ခြားနိုင်ငံရဲ့ သမိုင်းကိုစေ့ငုအောင်
အရင်လေ့လာပါ ပြီးမှဝေဖန်ပါ။ ဖိအားပေးပါ။
ငါက နိုဗဲ ( လ်)ဆုရှင်ပဲ ငါ့ပြောတာတရားတယ်လို့
တွေးပြီး တရားလက်လွတ် ငှက်တောင်ကျွတ်ဆိုသ
လိုမျိုး ငါ့စကားနွားရမပြောစေချင်ပါဘူး။
လူသားချင်းစာနာတတ်တာ ကောင်းပေမယ့်
ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ပြီး မိစ္ဆာအယူရှိသူ
တွေကိုတော့ လူလို့မသတ်မှတ်စေချင်သလို
လူသားချင်းစာနာစရာမလိုတာ ကျွန်မ စာ
သင်ကြားပြနေရတဲ့ ကလေးတွေတောင် သိကြပါတယ်။
အခုကျွန်မတို့နိုင်ငံမှာဖြစ်နေတဲ့ အရေးကိစ္စက
လူသားချင်းစာနာမှုနဲ့ သိပ်မဆိုင်ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာပိုင်နယ်မြေကို
လုယက်မှု အကြီိးစားဓားပြမှုကြီးပါ။
ခေါင်းရှိတဲ့သူတိုင်း သိပါတယ်လေ။
မာလာလာအနေနဲ့ မတွေးတတ်သေးဘူးဆိုရင်
ယုံကြည်မှုမရှိသေးဘူးဆိုရင် မျက်မြင်မှလို့ဆိုရင်
ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာလှည့်ပါ
လို့ ဖိတ်ခေါ်ပါတယ်မာလာလာ။
ပူးတွဲရယူထားရတဲ့ ကရုဏာကြောင့် ရယူထား
နိုင်တဲ့ အသက်နဲ့ရင်းပြီး ရယူထားရတဲ့
ဆုရဲ့မျက်နှာကိုပြန်ပြီးငဲ့လို့ သိက္ခာရှိစွာနဲ့
ရပ်တည်ပါလားမာလာလာ။
ဟုတ်ကဲ့: ကျွန်မမြသားသွင်ပါရှင်။
Credit: http://www.apannpyay.com/?p=2504
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။