Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 18, 2017

ဆားငန်ရေသောက်မိ၍ ဒုက္ခရောက်ကြသူများ

 
 
ဆားငန်ရေသောက်မိ၍ ဒုက္ခရောက်ကြသူများ
■■■■■■■■■■■■■■■■■■■

ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးညာတိ ချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ ၊ မိတ်ဆွေချင်း ချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကိုလမ်း ပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ် ၊ ငတ်သည့်အတွက် ထပ်၍သောက် ၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ်အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြ ရလေတော့သည်။

အချစ် အချစ် ၊ ချစ်တိုင်းချစ်၍ ၊
ချစ်လေချစ်လေ ၊ ချစ်မပြေတည်း၊
ဆားငန်ရေနောက် ၊ ငတ်တိုင်းသောက်က ၊
သောက်လေ သောက်လေ ၊ ငတ်မပြေသို့၊
ပေမအရာ ၊ တဏှာဖွဲ့ရစ် ၊ ထိုအချစ်လည်း ၊
အပြစ်မမြင် ၊ မဆင်ခြင်ဘဲ ၊ ချစ်လျှင်ပျော်နိုး ၊
ချစ်စပျိုးသည် ၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း၊(ရှေးပညာရှိပျို့)

ကျွန်တော်သတိထားမိသလောက်တော့ ချစ်သူစုံတွဲ တော်တော်များများ ရန်ဖြစ် လိုက် ပြန်ချစ်လိုက်ကြနဲ့ပဲ လုံးချာလည်လိုက်နေကြပါတယ်။

တကယ်ချစ်ကြပါသည် ဆိုသော အတွဲများပင် စိတ်ညစ်ရလောက်အောင် ပြဿနာတွေ ဖြစ်တတ်သေးသည်။ဒါကလည်း သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲဟု ဆိုရပေမည်။သို့သော်လည်း အတတ်နိုင်ဆုံး ပြဿနာ မဖြစ်ချင်သော စုံတွဲများအဖို့ အဆင်ပြေစေသော နည်းလမ်းများလည်း ရှိပါသည်။ နည်းလမ်းဆိုလို့ တခြားတော့မဟုတ်။ ဓမ္မနဲ့ အညီနေထိုင်ခြင်းပင်။ နှစ်ယောက်စလုံး လိုက်နာမှသာ စိတ်တူကိုယ်တူမှုတွေ များလာပြီး တစ်ယောက်ကို တစ်ယောက် အကောင်းဆုံးနာလည်လာပါမည်။ တစ်ယောက်ယောက်က မလိုက်နာလျှင်တော့ အကျိုးထူးမည် မဟုတ်ပါ။ တရားသဘောလေးတွေ လေ့လာနေခြင်းဖြင့် ရရှိလာမဲ့ အကျိုးကတော့ တစ်ယောက်အပေါ် တစ်ယောက် သစ္စာဖောက်လို စိတ်မရှိတော့ခြင်း၊ သံသယစိတ်များ မရှိခြင်း၊ နားလည်မှု ပိုမိုရှိလာခြင်း စသဖြင့် အများကြီးပါပဲ။
အနာဂါမ်မဖြစ်သရွေ့ သံယောဇဉ် (ခ) အချစ်သည် ကင်းပြတ်နိုင်အုံးမည် မဟုတ်ပေ။အချစ်နဲ့မ ကင်းသေးသော ဓမ္မမိတ်ဆွေတို့ကို လက်ဆောင်လေးတစ်ခု ပေးချင်ပါတယ်။

ကိုယ်ချစ်ရသောနဲ့ ဘ၀တိုင်းတွေ့ဆုံချင်ပါသလား…တွေ့ဆုံချင်တယ်ဆိုရင်တော့ အောက်ပါလေးချက်နဲ့ ပြည့်စုံရပါမယ်

သဒ္ဓါ၊ သီလ ၊ စာဂ ၊ ပညာ လေးချက်နဲ့ ပြည့်စုံရပါမယ်။ တူညီသော ယုံကြည်မှုရှိခြင်း၊ တူညီသော
ကိုယ်ကျင့်တရား ရှိခြင်း၊ တူညီသောပေးကမ်းစွန့်ကြဲမှု ရှိခြင်း၊ တူညီသော ပညာတရားရှိခြင်း ဆိုတဲ့ အချက် လေးချက်နှင့် ပြည့်စုံရပါမည်။

သက်သေသာဓက အနေနဲ့ကတော့ ဘုရားရှင်နှင့် ယသော်ဓရာမိဖုရား၊ နကုလပိတာ နှင့် နကုလမာတာ ၊ မဟာကဿပကိုယ်တော်မြတ်ကြီးနှင့် မယ်ဘဒ္ဒါ ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာ စသဖြင့် အများကြီး ပဲ ရှိခဲ့ကြပါတယ်။အင်မတန်မှ အတုယူအားကျစရာပါ။

အဆင်မပြေဖြစ်နေသူများ၊အသဲကွဲသူများအတွက်လည်း လက်ဆောင်ပေးချင်ပါသေးတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက တရားထဲမှာ မှတ်သားဖူးပါတယ်။

အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါ။

စိတ်မညစ်ချင်ရင် ၊ သိပ်မချစ်ပါနဲ့ ၊ သိပ်ချစ်ရင် ၊စိတ်ညစ်ရပါမယ်။ အသည်း မကျွမ်းချင်ရင် ၊မစွဲလမ်းပါနဲ့ ၊ စွဲလမ်းရင် အသည်းကျွမ်းရမယ်၊ ချစ်စရာတစ်ခုရှိရင် ၊သောက တစ်ခုရှိမယ် ၊ချစ်စရာဆယ်ခုရှိရင်တော့ သောက ဆယ်ခုရှိမှာပါ။ သောကအားလုံးရဲ့ မြစ်ဖျားခံရာ ဟာ အချစ်မှတစ်ပါး အခြားမရှိပါ။ တကယ်တော့ သေချာတွေးကြည့်လေ မှန်လေဆိုတာ သိရမှာ ပါ။ ဘာပဲလိုချင် လိုချင် ဆင်းရဲရတာပါပဲ။ လိုချင်လျှင် ဆင်းရဲသည် ၊ မလိုချင်လျှင် ချမ်းသာသည်။ အလိုမြဲတော့ အမြဲလို ၊ အလိုမမြဲ(ကင်း)တော့ အမြဲပို နေတော့တာပါပဲ။ တကယ်တော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းက သူတစ်ပါးအပေါ် သွားမှီခိုနေလို့ အခုလို ဖြစ်ရတာပါ။ ပိုင်တယ်ထင်လို့ တောင့်တနေပါ၊ ဆိုင်တယ်ထင်လို့ ကြောင့်ကြနေတာပါ။ မပိုင်ဘူးထင်ရင် မတောင့်တပါဘူး၊ မဆိုင်ဘူးထင်ရင် မကြောင့်ကြပါဘူး။ ကိုယ့်ကိုယ်တောင်မှ မပိုင်တာ သူများကို သွားပိုင်ချင်ဖို့ ကြိုးစားနေတော့ စစ်မှန်သော ပိုင်ဆိုင်မှု့ မျိုး ရမှာမဟုတ်ပါဘူး။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ကြည်နူးသလောက် ကိုယ်ပြန်ခံစားရတာပါ။

အလိုတွေ ရှိနေသမျှ
အလိုက ပြည့်လိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုက ပြည့်လိမ့်မည်။
အလိုတွေ ရှိနေသမျှ
အလိုက ကျလိမ့်မည်မဟုတ်။
အလိုမရှိတော့မှသာ
အလိုကကျလိမ့်မည်။
စိတ်ရှိနေသမျှ
စိတ်တိုင်းကျလိမ့်မည်မဟုတ်
စိတ်မရှိတော့မှသာ
စိတ်တိုင်းကျလိမ့်မည်။

အနှစ်ပြန်ချုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ လူ့ဘ၀ကို အလည်လာတဲ့ ဧည့်သည် တွေပါပဲ။ လူ့ဘ၀ဆိုတာ ရေပွက်ပမာ ဘာမှမကြာပါဘူး။ အဲ့ဒီလို ခဏတာအချိန်လေးအတွင်းမှာ လူလာဖြစ်ရတဲ့အတွက် အကျိုးရှိအောင် အသုံးချစေချင်ပါတယ်။

ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။
(မနာပဒါယီ အရှင်ဝိစိတ္တ)

ဆားငန်ရေကိုသောက်မိ၍
ဒုက္ခရောက်ခြင်းဘေးမှ ကင်းဝေးကြပါစေ

မေတ္တာများစွာဖြင့်

သုံးဆယ်သား
အင်တာနက်မှကူးပါသည်
M3

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B