မာန်
ဟိုနေ့က Train To Busan ဇာတ်ကားကြည့်ဖို့ လက်မှတ်သွားဝယ်ပါတယ်။ ကြည့်သူတွေ တအားများတာမို့ တန်းစီစောင့်ဆိုင်းဝယ်ခဲ့ရတ ယ်။ နာမည်ကြီးဇာတ်ကားတွေ၊ မြန်မာအသင်းဘောလုံးပွဲတွေမှာ
Demand သိပ်များတဲ့အခါ ဖြစ်တတ်တဲ့အတိုင်းပဲ ၀ယ်ပြီးပြန်ရောင်းဖို့
လာဝယ်ကြသူတွေလည်း ရှိတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့
ပုံမှန်လာဝယ်သူတွေကြားထဲမှာ သူတို့ရဲ့အသွင်အပြင်က နည်းနည်းတော့ ကွဲထွက်နေတယ်။ ကွမ်းတွေဝါးနေတယ်၊ စကားကို အော်ကြီးဟစ်ကျယ် ပြောတယ်၊ အ၀တ်အစားကလည်း ခပ်နွမ်းနွမ်းပေါ့။
သူတို့တွေကို မရောင်းလို့ကလည်း အခက်၊ ရောင်းပြန်ရင်လည်း တကယ်ကြည့်ချင်သူတွေ လက်မှတ်ဈေး မတန်တဆပေး ကြည့်ရမှာစိုးတော့ ရုံဘက်က ဒီလိုလုပ်လိုက်တယ်။ အဲဒီလိုလူတွေ လာဝယ်ရင် တစ်ထောင်တန်းပဲကျန်တယ် ဆိုပြီး ပြောတယ်၊ လက်မှတ်ကို အကန့်အသတ်နဲ့ ပေးတယ်။ တကယ်က လက်မှတ်တွေ ကျန်သေးတယ်။ ရောင်းလို့လည်းမဖြစ် မရောင်းလို့လည်းမကောင်း ဆိုတော့ ဒီလိုလုပ်လိုက်တာ။ ပုံမှန်ဝယ်တဲ့လူတွေဆိုရင်တော့ ဘယ်နေရာမဆို ရတယ်။ ဘယ်နှစောင်ယူယူ ပေးတယ်။
ဖြစ်ချင်တော့ ကျွန်တော်တန်းစီစောင့်နေတဲ့ အချိန်
နှစ်ယောက်ကျော်လောက်မှာ ကလေးလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်
လက်မှတ်ဝယ်နေတယ်။ အ၀တ်အစားက ခပ်နွမ်းနွမ်းပဲ။ သူတို့ကို မြင်တာနဲ့
ရောင်းသူက ခုနကလို တစ်ထောင်တန်းပဲရမယ်၊ နှစ်စောင်ပဲကျန်တယ် ဆိုပြီး
ပြောရော။ ကောင်မလေးကတော့ ဒါတွေသိရှာပုံမရဘူး၊ ရသလောက်ပဲယူမယ်ဆိုပြီး
ဝယ်သွားလေရဲ့။ ၀ယ်ပြီးသွားတော့ သူတို့နှစ်ယောက် အပြင်မှာ ပြောနေကြတာလေးတွေ
နားထောင်ရသလောက် ပြန်ရောင်းဖို့ လာဝယ်ကြတာ ဖြစ်ဟန်မတူဘူး။
ကျွန်တော့်အထင်ပေါ့လေ။ ထားပါ။
အဲဒါနဲ့ ကျွန်တော် စဉ်းစားကြည့်မိတယ်။ တကယ်လို့ပေါ့နော်၊ ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းထဲက ကောင်မလေးတစ်ယောက် အ၀တ်အစားခပ်နွမ်းနွမ်းနဲ့ လာဝယ်မယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ တချို့တွေဆိုလည်း အ၀တ်အစားကြည့်လိုက်ရင် ချမ်းသာတယ်လို့ မထင်ရလောက်အောင်ကို ၀တ်တတ်စားတတ်သူတွေ ရှိတာကိုး။ သူတို့ဆိုရင်ရော ဒီလိုပဲ အထင်သေးမိကြမှာလား။
ကျွန်တော့်တစ်ယောက်တည်းအမြင်အရတော့ အ၀တ်အစားချင်းတူနေလည်း အထင်မသေးရဲလောက်ဘူး။
ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတဲ့ ဟန်ကြောင့်ပဲ။
အ၀တ်အစားကသာ ခပ်နွမ်းနွမ်းဖြစ်နေပေမယ့် သူတို့အနေအထား သူတို့သိတာကိုး။ သူတို့ရဲ့ ဟန်ပန်၊ မျက်လုံးအကြည့်၊ မေးခွန်းမေးတဲ့အသံ၊ ဒါတွေမှာကိုက မာန်ပါနေတယ်။ ယုံကြည်မှုရှိနေတယ်။ ခုနက ကောင်မလေးလို ညှိုးညှိုးငယ်ငယ်လေး ဖြစ်မနေဘူး။
KFC ဖွင့်စက ဓါတ်ပုံလေးတစ်ပုံ ခေတ်စားသွားဖူးတယ်။ ကလေးမလေးတစ်ယောက်က ပိုက်ဆံအကြွေတွေကို လက်ထဲဆုပ်ထားပြီး ဆိုင်ဝင်ပေါက်ကို ငေးကြည့်နေတဲ့ပုံလေး။
စဉ်းစားကြည့်ပါ၊ တကယ်လို့ပေါ့နော်၊ တစ်ယောက်ယောက်က အဲဒီကလေးလေးကို ‘သမီး စားချင်ရင် သွားစား၊ ရော့ ပိုက်ဆံ’ ဆိုပြီး ပေးလိုက်ရင်ရော အဲဒီကလေးမလေး အထဲဝင်သွားပြီး စားရဲမလား ဆိုတာ။ ဖြစ်နိုင်ချေနည်းပါတယ်။ ဘာလို့ဆိုတော့ ဆင်းရဲခြင်းကနေ ရိုက်ထည့်ပေးလိုက်တဲ့ အငုံ့စိတ်ကြောင့်ပဲ။ မသွားရဲ မလာရဲ မမေးရဲ မမြန်းရဲနဲ့ ကြောက်ကြောက်လန့်လန့် ဖြစ်နေလိမ့်မယ်။
အခမ်းအနားတချို့ သွားဖူးတယ်၊ ဟောပြောပွဲတွေ တက်ဖူးတယ်၊ ဂုဏ်ပြုအခမ်းအနားတွေကို ရုပ်သံတွေမှာ ကြည့်ဖူးတယ်။ အဲဒီမှာ ဘာသတိထားမိလဲဆိုတော့ ဟောပြောသူတချို့၊ ဂုဏ်ပြုခံရသူတချို့ဟာ အ၀တ်အစားကို သာမန်လောက်ပဲ ၀တ်စားလာကြတာ တွေ့ရတယ်။ သိပ်ပြီး တခမ်းတနား ပြင်ဆင်မလာဘူး။ အ၀တ်အစားဖက်ရှင်က လူကို ယုံကြည်မှုရှိစေတာတော့ မှန်တယ်။ သူတို့ကျတော့ ယုံကြည်မှုကို အ၀တ်အစားကနေ ပံ့ပိုးပေးစရာ မလိုတော့ဘူး။ သူတို့မှာ ခိုင်မာတဲ့ရပ်တည်ချက်တွေ ရှိတယ်။ လေးစားလောက်စရာ ဖြတ်သန်းမှုတွေ ရှိတယ်။ ဂုဏ်ယူစရာမှတ်ကျောက်တွေ တင်ထားတယ်။ ပညာရဲရင့် ပွဲလယ်တင့်တယ်။ အဲဒါတွေက သူတို့ကို ပါဝါထည့်ပေးလိုက်တယ်။ သူတို့မျက်လုံးတွေကို သွားကြည့်၊ ညှိုးငယ်မနေဘူး၊ ယုံကြည်မှုအပြည့်ရှိတယ်။ အသံတွေကို နားထောင်ကြည့်၊ တုန်ယင်မနေဘူး။ အားမာန်အပြည့်ပဲ။
အရင်စစ်အစိုးရခေတ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တွေရဲ့
အသံတွေကို ရေဒီယိုကနေ နားထောင်ဖူးတယ်။ တကယ့်ကို ရဲရဲတောက်၊
ပြတ်ပြတ်သားသားတွေချည်းပဲ။ ပြင်းထန်လိုက်တဲ့ စိတ်ဓါတ်တွေ၊ ခိုင်မာလိုက်တဲ့
ယုံကြည်ချက်တွေဆိုတာ။ ကိုယ်တွေမှာ တခါတခါ နားထောင်ရင်း ကြက်သီးတောင်ထရတယ်။
ဟော ရုပ်မြင်ရလို့ ကြည့်လိုက်တော့ အသက်တွေက ခပ်ငယ်ငယ်၊ လူပုံက
ပိန်ပိန်ပါးပါး၊ အ၀တ်အစားကျလည်း နွမ်းနွမ်းဖတ်ဖတ်။
အတ္ထုပတ္တိစာအုပ်တွေ ဖတ်ဖူးတယ်။ အဲဒီမှာ အတွေ့ရများတာတစ်ခုက ဘာလဲဆိုတော့ အောင်မြင်သူတွေ၊ လေးစားလောက်သူတွေဟာ ငယ်ငယ်ကတည်းက တောက်မည့်မီးခဲ တရဲရဲ ဆိုသလို ဖြစ်နေတတ်ကြတာပဲ။ ဥပမာဆိုပါတော့၊ ခုချိန်မှာ မတရားမှုတစ်ခုကို တွန်းလှန်နိုင်ခဲ့လို့ လူအများဂုဏ်ပြုခြင်းကို ခံနေရတဲ့သူဟာ ခပ်ငယ်ငယ် ဆင်းရဲတဲ့ကလေးလေးဘ၀ကတည်းက မတရားခံရတိုင်းမှာ တခြားကလေးတွေလို ငြိမ်မနေတတ်ဘူး၊ ရသလောက် တုံ့ပြန်တယ်၊ ကလေးဆိုတော့လည်း ဘယ်အနိုင်ရမလဲ၊ ဒါပေမယ့် အဲဒီအရွယ်ကတည်းက သူ့ရဲ့ဗီဇကို ပြနေတာ ဖြစ်တယ်။ လူနေခြုံကြား စိတ်နေဘုံဖျား ဆိုသလိုပဲ၊ လူကတော့ ခုချိန်မှာ သာမန်အလုပ်သမား ဖြစ်ချင်ဖြစ်နေမယ်၊ သူ့စိတ်ထဲမှာတော့ တစ်နေ့သူဘာဖြစ်ရမယ်ဆိုတာကို
ရှင်းရှင်းလင်းလင်း ပုံဖော်ထားတယ်။ ဒီအခါမှာ ဆင်းရဲပေမယ့်၊
သာမန်အလုပ်သမားလေးပဲ ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတယ်။
ကြောက်လန့်မနေဘူး၊ အားငယ်မနေဘူး၊ ပြောတယ်ဆိုတယ် လုပ်တယ်ကိုင်တယ်။
ခုချိန်မှာတော့ ကိုယ်ဟာ ကြောင်လေးပေါ့။ ဒါပေမယ့် မျက်စိထဲမှာတော့
ကိုယ့်ကိုယ်ကိုယ် ခြင်္သေ့လို့ မြင်ထားတယ်။ အဲဒီစိတ်ကပဲ အဲဒီဆင်းရဲသားလေး၊
နိမ့်ကျသူလေးကို တခြားရွယ်တူ၊ ဘ၀တူတွေကြားထဲမှာ သီးသန့်ခွဲထုတ်ပေးလိုက်တယ်။
ပိုက်ဆံဆင်းရဲခြင်းက အငုံ့စိတ်ကို ဖြစ်စေနိုင်တာမှန်တယ်။ ဒါပေမယ့် စိတ်ဓါတ်နဲ့ ပညာချမ်းသာခြင်းက အဲဒီအငုံ့စိတ်ကို ကျော်လွှားပစ်နိုင်တယ်။ လူတစ်ယောက်ကို ယုံကြည်မှုရှိစေတယ်။ သူ့မျက်လုံး၊ သူ့အသံ၊ သူ့ဟန်ပန်တွေထဲကို ‘မာန်’ ထည့်ပေးလိုက်တယ်။ ဒီအခါမှာ တွေ့ရ၊ မြင်ရ၊ ဆက်ဆံရသူတိုင်းဟာ မလေးစားရင် နေမယ်၊ အထင်တော့မသေးရဲတော့ဘူး။
သိပ်လှပတဲ့ အ၀တ်အစားတစ်စုံ၊ သိပ်အဖိုးတန်တဲ့ လက်ဝတ်ရတနာတွေထက် အဲဒီခံယူချက်၊ စိတ်ဓါတ်၊ ပညာနဲ့ လုပ်ရပ်တွေက လူတစ်ယောက်ရဲ့ Personality တက်ဖို့ကို ပိုပြီး အထောက်အကူပေးပါတယ်။
ဒေါက်တာဖြိုးသီဟ
၅.၉.၂၀၁၆
ဖတ်မိရင် မဖတ်ရသေးတဲ့ မင်းသူငယ်ချင်းအတွက် ပြန်ရှယ်ပေးလိုက်ပါ.... https:// salai7cho.blogspot.com/
ဟိုနေ့က Train To Busan ဇာတ်ကားကြည့်ဖို့ လက်မှတ်သွားဝယ်ပါတယ်။ ကြည့်သူတွေ တအားများတာမို့ တန်းစီစောင့်ဆိုင်းဝယ်ခဲ့ရတ
သူတို့တွေကို မရောင်းလို့ကလည်း အခက်၊ ရောင်းပြန်ရင်လည်း တကယ်ကြည့်ချင်သူတွေ လက်မှတ်ဈေး မတန်တဆပေး ကြည့်ရမှာစိုးတော့ ရုံဘက်က ဒီလိုလုပ်လိုက်တယ်။ အဲဒီလိုလူတွေ လာဝယ်ရင် တစ်ထောင်တန်းပဲကျန်တယ် ဆိုပြီး ပြောတယ်၊ လက်မှတ်ကို အကန့်အသတ်နဲ့ ပေးတယ်။ တကယ်က လက်မှတ်တွေ ကျန်သေးတယ်။ ရောင်းလို့လည်းမဖြစ် မရောင်းလို့လည်းမကောင်း ဆိုတော့ ဒီလိုလုပ်လိုက်တာ။ ပုံမှန်ဝယ်တဲ့လူတွေဆိုရင်တေ
ဖြစ်ချင်တော့ ကျွန်တော်တန်းစီစောင့်နေတဲ့
အဲဒါနဲ့ ကျွန်တော် စဉ်းစားကြည့်မိတယ်။ တကယ်လို့ပေါ့နော်၊ ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းထဲက ကောင်မလေးတစ်ယောက် အ၀တ်အစားခပ်နွမ်းနွမ်းနဲ့ လာဝယ်မယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ တချို့တွေဆိုလည်း အ၀တ်အစားကြည့်လိုက်ရင် ချမ်းသာတယ်လို့ မထင်ရလောက်အောင်ကို ၀တ်တတ်စားတတ်သူတွေ ရှိတာကိုး။ သူတို့ဆိုရင်ရော ဒီလိုပဲ အထင်သေးမိကြမှာလား။
ကျွန်တော့်တစ်ယောက်တည်းအမြင
ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရ
အ၀တ်အစားကသာ ခပ်နွမ်းနွမ်းဖြစ်နေပေမယ့် သူတို့အနေအထား သူတို့သိတာကိုး။ သူတို့ရဲ့ ဟန်ပန်၊ မျက်လုံးအကြည့်၊ မေးခွန်းမေးတဲ့အသံ၊ ဒါတွေမှာကိုက မာန်ပါနေတယ်။ ယုံကြည်မှုရှိနေတယ်။ ခုနက ကောင်မလေးလို ညှိုးညှိုးငယ်ငယ်လေး ဖြစ်မနေဘူး။
KFC ဖွင့်စက ဓါတ်ပုံလေးတစ်ပုံ ခေတ်စားသွားဖူးတယ်။ ကလေးမလေးတစ်ယောက်က ပိုက်ဆံအကြွေတွေကို လက်ထဲဆုပ်ထားပြီး ဆိုင်ဝင်ပေါက်ကို ငေးကြည့်နေတဲ့ပုံလေး။
စဉ်းစားကြည့်ပါ၊ တကယ်လို့ပေါ့နော်၊ တစ်ယောက်ယောက်က အဲဒီကလေးလေးကို ‘သမီး စားချင်ရင် သွားစား၊ ရော့ ပိုက်ဆံ’ ဆိုပြီး ပေးလိုက်ရင်ရော အဲဒီကလေးမလေး အထဲဝင်သွားပြီး စားရဲမလား ဆိုတာ။ ဖြစ်နိုင်ချေနည်းပါတယ်။ ဘာလို့ဆိုတော့ ဆင်းရဲခြင်းကနေ ရိုက်ထည့်ပေးလိုက်တဲ့ အငုံ့စိတ်ကြောင့်ပဲ။ မသွားရဲ မလာရဲ မမေးရဲ မမြန်းရဲနဲ့ ကြောက်ကြောက်လန့်လန့် ဖြစ်နေလိမ့်မယ်။
အခမ်းအနားတချို့ သွားဖူးတယ်၊ ဟောပြောပွဲတွေ တက်ဖူးတယ်၊ ဂုဏ်ပြုအခမ်းအနားတွေကို ရုပ်သံတွေမှာ ကြည့်ဖူးတယ်။ အဲဒီမှာ ဘာသတိထားမိလဲဆိုတော့ ဟောပြောသူတချို့၊ ဂုဏ်ပြုခံရသူတချို့ဟာ အ၀တ်အစားကို သာမန်လောက်ပဲ ၀တ်စားလာကြတာ တွေ့ရတယ်။ သိပ်ပြီး တခမ်းတနား ပြင်ဆင်မလာဘူး။ အ၀တ်အစားဖက်ရှင်က လူကို ယုံကြည်မှုရှိစေတာတော့ မှန်တယ်။ သူတို့ကျတော့ ယုံကြည်မှုကို အ၀တ်အစားကနေ ပံ့ပိုးပေးစရာ မလိုတော့ဘူး။ သူတို့မှာ ခိုင်မာတဲ့ရပ်တည်ချက်တွေ ရှိတယ်။ လေးစားလောက်စရာ ဖြတ်သန်းမှုတွေ ရှိတယ်။ ဂုဏ်ယူစရာမှတ်ကျောက်တွေ တင်ထားတယ်။ ပညာရဲရင့် ပွဲလယ်တင့်တယ်။ အဲဒါတွေက သူတို့ကို ပါဝါထည့်ပေးလိုက်တယ်။ သူတို့မျက်လုံးတွေကို သွားကြည့်၊ ညှိုးငယ်မနေဘူး၊ ယုံကြည်မှုအပြည့်ရှိတယ်။ အသံတွေကို နားထောင်ကြည့်၊ တုန်ယင်မနေဘူး။ အားမာန်အပြည့်ပဲ။
အရင်စစ်အစိုးရခေတ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
အတ္ထုပတ္တိစာအုပ်တွေ ဖတ်ဖူးတယ်။ အဲဒီမှာ အတွေ့ရများတာတစ်ခုက ဘာလဲဆိုတော့ အောင်မြင်သူတွေ၊ လေးစားလောက်သူတွေဟာ ငယ်ငယ်ကတည်းက တောက်မည့်မီးခဲ တရဲရဲ ဆိုသလို ဖြစ်နေတတ်ကြတာပဲ။ ဥပမာဆိုပါတော့၊ ခုချိန်မှာ မတရားမှုတစ်ခုကို တွန်းလှန်နိုင်ခဲ့လို့ လူအများဂုဏ်ပြုခြင်းကို ခံနေရတဲ့သူဟာ ခပ်ငယ်ငယ် ဆင်းရဲတဲ့ကလေးလေးဘ၀ကတည်းက မတရားခံရတိုင်းမှာ တခြားကလေးတွေလို ငြိမ်မနေတတ်ဘူး၊ ရသလောက် တုံ့ပြန်တယ်၊ ကလေးဆိုတော့လည်း ဘယ်အနိုင်ရမလဲ၊ ဒါပေမယ့် အဲဒီအရွယ်ကတည်းက သူ့ရဲ့ဗီဇကို ပြနေတာ ဖြစ်တယ်။ လူနေခြုံကြား စိတ်နေဘုံဖျား ဆိုသလိုပဲ၊ လူကတော့ ခုချိန်မှာ သာမန်အလုပ်သမား ဖြစ်ချင်ဖြစ်နေမယ်၊ သူ့စိတ်ထဲမှာတော့ တစ်နေ့သူဘာဖြစ်ရမယ်ဆိုတာကို
ပိုက်ဆံဆင်းရဲခြင်းက အငုံ့စိတ်ကို ဖြစ်စေနိုင်တာမှန်တယ်။ ဒါပေမယ့် စိတ်ဓါတ်နဲ့ ပညာချမ်းသာခြင်းက အဲဒီအငုံ့စိတ်ကို ကျော်လွှားပစ်နိုင်တယ်။ လူတစ်ယောက်ကို ယုံကြည်မှုရှိစေတယ်။ သူ့မျက်လုံး၊ သူ့အသံ၊ သူ့ဟန်ပန်တွေထဲကို ‘မာန်’ ထည့်ပေးလိုက်တယ်။ ဒီအခါမှာ တွေ့ရ၊ မြင်ရ၊ ဆက်ဆံရသူတိုင်းဟာ မလေးစားရင် နေမယ်၊ အထင်တော့မသေးရဲတော့ဘူး။
သိပ်လှပတဲ့ အ၀တ်အစားတစ်စုံ၊ သိပ်အဖိုးတန်တဲ့ လက်ဝတ်ရတနာတွေထက် အဲဒီခံယူချက်၊ စိတ်ဓါတ်၊ ပညာနဲ့ လုပ်ရပ်တွေက လူတစ်ယောက်ရဲ့ Personality တက်ဖို့ကို ပိုပြီး အထောက်အကူပေးပါတယ်။
ဒေါက်တာဖြိုးသီဟ
၅.၉.၂၀၁၆
ဖတ်မိရင် မဖတ်ရသေးတဲ့ မင်းသူငယ်ချင်းအတွက် ပြန်ရှယ်ပေးလိုက်ပါ.... https://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။