Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 29, 2017

အာဏာရှင်ဟုခေါ်တွင်ခဲ့သော ဦးသန်းရွှေ၏ဘ၀ကောက်ကြောင်း(၈)

 
 
အာဏာရှင်ဟုခေါ်တွင်ခဲ့သော
ဦးသန်းရွှေ၏ဘ၀ကောက်ကြောင်း(၈)

ဗိုလ်ချုပ်ခင်ညွန့်သည် ဇာတ်တူသား စားခဲ့ရုံမျှမက မိမိအား ကြည့်ရှုစောင့်ရှောက် မြေတောင် မြှောက်ပေးခဲ့သော ဦးနေ၀င်းကို အေဒီလမ်း (ခေမာလမ်း) နေအိမ်မှ ဖယ်ရှားခိုင်းခြင်း၊ ဦးနေ၀င်း၏ အနီးကပ် လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများအား လုံးကို သက်ဆိုင်ရာ တပ်ဖွဲ့များသို့ ဖြန့်ပို့ခိုင်းခြင်း၊ GSM မိုဘိုင်းတယ် လီဖုန်း တင်သွင်းရောင်းချခွင့် လိုင်စင် ကို တစ်ဦးတည်းမူပိုင် ရောင်းချခွင့် အား ဒေါ်ခင်စန်္ဒာဝင်းအား ချထား ပေးမှု ကိုလည်း ပြန်လည်ပိတ်ပင် ခြင်း၊ ဦးနေ၀င်း၏သမက် ဦးအေး ဇော်ဝင်းနှင့် မြေးသုံးယောက်ဖြစ် သည့် အေးနေ၀င်း၊ ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့ကို နိုင်ငံတော် အာဏာ သိမ်းရန် ကြံစည်မှု၊ နိုင်ငံတော် လုပ်ကြံမှုနှင့် ၂၀၀၂ ခုနှစ် မတ်လ ၇ ရက်တွင် ဖမ်းဆီးအရေးယူမှု၊ ဦးနေ၀င်းနှင့် သမီးဖြစ်သူ ဒေါ်ခင် စန်္ဒာဝင်းတို့ကို နေအိမ်အကျယ်ချုပ် ချထားမှု စသည့်ကိစ်္စများကို မိမိ၏ အာဏာနှင့်ရာထူးကို ထိခိုက်မည်စိုး ၍ တစ်လုံးတစ်ပါဒမှ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေကို ပြန်မပြောရဲသည့် အပြင် ၎င်းင်းလုပ်ရပ်မှန်သမျှ ခေါင်း ညိတ် လုပ်ကိုင်ပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၅၈ စက်တင်ဘာလက အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် ထမ်းရွက်စဉ်က ဗိုလ်ကြီးအဆင့်မျှသာ ရှိသေးသည်။ သူသည် ထိုစဉ်က ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်မှူးရုံး (ကက/ပြည်)၏ စိတ်ဓာတ်စစ်ဆင် ရေးဌာန၌ တာဝန် ပေးအပ်ခြင်းခံခဲ့ ရသည်။
ထိုအချိန်မှစ၍ ဗိုလ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီးနေ၀င်း ၏ စစ်အာဏာရှင်စနစ် ထူထောင် ရေး မဟာစီမံကိန်းကြီး၌ အရေးပါ သည့် အခန်းကဏ္ဍမှစ၍ စတင်ပါ ၀င် လာခဲ့သည်ဟု ဆိုနိုင်သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် အိမ်စောင့် အစိုးရ၏ ၀န်ကြီးချုပ်အ ဖြစ်နှင့် အခိုက်အတန့် အာဏာရရှိ ခဲ့သည့် ကာလတို အတွင်း မကြာခင် သူ အကောင်အထည် ဖော်တော့မည့် စစ်အာဏာရှင်များအတွက် ရေခံ မြေခံများကို စနစ်တကျ စတင်ပြင် ဆင်သည့်အနေဖြင့် နိုင်ငံရေး၊ စီး ပွားရေး၊ ၀ါဒဖြန့်ချိရေး စသည့် နယ်ပယ်အသီးသီးတို့၌ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ပြင်ဆင်တည် ဆောက်သည့်အထဲ၌ ““နိုင်ငံတော် ကြံ့ခိုင်ရေးအသင်း”” တစ်ခု လည်း ပါဝင်ခဲ့သည်။ ပါတီနိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်မှု လုံးဝမရှိသည့် သာမန်လူမှုရေးအသင်းအဖွဲ့တစ်ခုဟု သာ ၀ါဒဖြန့်၍ အစိုးရ၀န်ထမ်းများ ကို အတင်း အကျပ် ၎င်းင်းအသင်းသို့ ၀င်ရောက်စေ ခဲ့သည်။ အသင်းကြီး ၏ ဗဟိုကောင်စီ ဒုဥက်္ကဋ္ဌနေရာကို သူ့ညာလက်ရုံး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးကိုလည်းကောင်း၊ အတွင်း ရေးမှူးနေရာကို သူ၏ ဘယ်လက် ရုံး ဗိုလ်မှူးချုပ်မောင်မောင် (နောင် ဗြိတိသျှ သံအမတ်)ကိုလည်းကောင်း ကိုင်တွယ်စေ ခဲ့သည်။
များမကြာမီမှာပင် ၎င်းင်း အသင်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း ၏ နိုင်ငံရေး ခါးပိုက်ဆောင် တပ် အင်အားစုတစ်ခုအဖြစ် လူတိုင်းက သိရှိခဲ့ကြသည်။ ဗိုလ်ကြီးသန်းရွှေ သည် အဆိုပါ ကြံ့ခိုင်ရေးအသင်း ကြီး ဖွဲ့စည်းထူထောင်ရာ၌ အစအဆုံး ပါဝင်ခဲ့သည်။
သူကိုယ်တိုင် စစ်အာဏာရှင် ဖြစ်လာ သော အခါ စစ်တပ်လက် ကိုင်တုတ် နိုင်ငံရေး အင်အားစု အဖြစ် အသုံးချနိုင်စေရန် ၁၉၉၃ စက်တင် ဘာလ ၁၅ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တည်ထောင်ကာ လူမှုရေးအသင်း တစ်ခု အဖြစ် ပြည်ထဲရေးဌာနတွင် မှတ်ပုံတင်လျက် စတင်စည်းရုံး လှုပ်ရှားခဲ့သည်။ အသင်းကြီး စတင် ဖွဲ့စည်းစဉ်က ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု မပြိုကွဲရေး၊ နိုင်ငံတော်အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေး ကို ရှေးရှုလျက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ဆောင်ရွက် ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး နှင့် အေးချမ်းသာယာသော ခေတ်မီ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးဟူ သည့် ရည်ရွယ်ချက် ၅ ရပ်ဖြင့် ဖွဲ့ စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါအဖွဲ့သည် လူမှုရေး အသင်းမှ နိုင်ငံရေးပါတီသို့ ပြောင်းလဲ ဖွဲ့စည်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ရွေး ကောက်ပွဲ ၀င်ရောက်လိုသည့် နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်လျှောက် ထားခဲ့ရာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ရရှိသည့်ပါတီ ၄၂ ပါတီ၌ ပါဝင်ခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲ ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အခြားနိုင်ငံ ရေးပါတီ ၃၆ ပါတီတို့နှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် နေရာတို့၌ စုစုပေါင်း ၈၈၂ နေရာ ဖြင့် အနိုင်ရရှိသွားခဲ့သည်။
ထိုစဉ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် နအဖ အစိုးရက ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်း ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက် လက်ရပ်တည် တည်ထောင်လို ကြောင်း ထပ်မံမလျှောက်ထားသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရနိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ခြင်းခံရသောကြောင့် ၀င် ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။ NLD မှ ခွဲထွက်၍ ၀င်ရောက် ယှဉ်ပြိုင်သော အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီသာ စုစုပေါင်း ၁၆ နေရာ အနိုင်ရရှိခဲ့သည်။
၁၉၆၂ မတ်လ ၂ တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင် သော တော်လှန်ရေး ကောင်စီက နိုင်ငံတော်အာဏာကို အပြီးအပိုင် သိမ်းပိုက်ခဲ့စဉ်က ဗိုလ်ကြီး သန်းရွှေ သည် တပ်မဟာ (၁) စိတ်ဓာတ်စစ် ဆင်ရေးဌာန၌ အရာရှိအဖြစ် ထမ်း ဆောင် နေချိန်ဖြစ်သည်။
ဝန်ကြီးချုပ်ဦးနု ဦးဆောင် သော ပါလီမန်ဒီမိုကရေစီ ပထစ အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းပြီး နောက် မြန်မာ့ဆိုရှယ်လစ်ဝါဒကို ဗန်းပြပြီး မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ အမည်ခံ တစ်ပါတီ အာဏာရှင်စနစ်ကို တည်ထောင်နိုင် ရန်အတွက် ဦးဘငြိမ်း၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြံ) တို့ကို ဆရာတင် ပြီး ၁၉၆၃ ဇူလိုင်လ ၁ ရက်တွင် ရန်ကုန်မြို့ ချော်တွင်းကုန်း၌ စတင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါကျောင်း၌ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အခြေခံနိုင်ငံရေးသင်တန်း အမှတ်စဉ် (၁) ကို စတင်ဖွင့်လှစ်သင်ကြား ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ ကျောင်းကို တက်္ကသိုလ်အဆင့်သို့ တိုးမြှင့်၍ မင်္ဂလာဒုံမြို့နယ်သို့ ပြောင်း ရွှေ့ခဲ့သည်။ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိအဖြစ် နှစ်အတန်ကြာ အတွေ့ အကြုံရှိနေပြီ ဖြစ်သည့် ဗိုလ်ကြီးသန်း ရွှေကို ယင်းကျောင်း၌ နည်းပြဆရာ အဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့သည်။
စစ်အာဏာရှင်ဖခင်ကြီး ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ဗိုလ်ကြီး သန်းရွှေတို့သည် ထိုအချိန်မှစ၍ ရင်းနှီးလာခဲ့သည်ဟု ဆိုရပေမည်။ လူပေါ်လူဇော် လုပ်နည်း ကျမ်းကို အပိုင်ကျက်ထား၍ လူ့မနောကို နောကျေနေသောသူ့အဖို့ အထက် အရာရှိကြီးများ အာရုံစိုက်မှုကို ရရှိ အောင် နည်းအမျိုးမျိုးဖြင့် ကြိုးစား အားထုတ်ပြသ နိုင်ခဲ့သည်။
ယင်းနောက် ဗဟိုနိုင်ငံ ရေးတက်္ကသိုလ် နည်းပြဆရာကလေး ဗိုလ်ကြီးသန်းရွှေသည် ၁၉၆၇ သြဂုတ် လ၌ ခမရ (၁၀၁) သို့ ဌာနချုပ်တပ်ခွဲမှူးအဖြစ် ယာယီပြောင်းရွှေ့ ခဲ့ရ သည်။ ထိုမှတစ်ဖန် ၃လအကြာတွင် ဗိုလ်မှူးအဆင့်သို့ တိုးမြှင့်ခံရပြီး စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် ကက/ကြည်းသို့ ခေါ်ယူ တာဝန် ပေးအပ်ခံရသည်။ ဗိုလ်မှူးသန်းရွှေ သည် ကက/ကြည်း၌ တာဝန်ထမ်း ဆောင်နေစဉ်အတွင်း အထက် အရာရှိ ကြီးများ သဘောကျအောင် နေထိုင် လုပ်ကိုင်ပြသနိုင်သည့်အတွက် မကြာမီမှာပင် ခလရ (၁) တပ်ရင်းမှူး၊ စစ်ဦးစီးမှူး (ပထမတန်း)၊ တပ်မဟာ စစ်ဗျူဟာမှူး တပ်မ (၈၈) တပ်မမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် စသည့် စစ်တပ်ထိပ်ပိုင်းဆိုင် ရာ ရာထူးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။
ဒုဗိုလ်ကလေးဘ၀မှ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည့် ကာလအထိ စစ်သက်တစ်လျှောက်လုံး ဗိုလ်ချုပ် ကြီးနေ၀င်း၏ သြဇာလွှမ်းမိုးမှုကို ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် သူ့လက်ထဲ နိုင်ငံတော်အာဏာ များ ရရှိ လာသောအခါ ၁၉၉၂ ခုနှစ် နောက်ပိုင်းမှစ၍ ဦးနေ၀င်း၏ သြဇာ လွှမ်းမိုးမှုအောက် ရုန်းထွက်နိုင်ဖို့ အတွက် အမျိုးမျိုးအဖုံဖုံ ကြိုးပမ်း အားထုတ်လာသည်ကို တွေ့ရလေ သည်။
ဗိုလ်ချုပ်မှူးကြီး၏ မိသား စုကိုလည်း တစ်ချိန်က ဦးနေ၀င်းနှင့် သူ့သားသမီးတို့က မောက်မာစွာ ဆက်ဆံခံခဲ့ရပုံများကို တစ်သက်မမေ့ နိုင်ခဲ့ချေ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပည့်သားချင်း များကလည်း သူ့ စကားကို သံယောင်လိုက်၍ ဦးနေ၀င်းခေါင်းဆောင်သည့် မဆလ အစိုးရ၏ မှားယွင်းသည့်ပေါ်လစီ များနှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် တိုင်းပြည် ချွတ်ခြုံကျခဲ့ရပုံကို ဝေဖန် ပြောဆို လာခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ အဖွဲ့သားများသည် သူတို့၏အာဏာ တည်ဆောက်ရေး ခိုင်မာလာသည် နှင့်အမျှ ဗိုလ်ချုပ်ခင်ညွန့် အပါအ ၀င် ဦးနေ၀င်းမိသားစုနှင့် နွယ်ငင် ဆက်စပ်ပတ်သက်နေသူများ၏ လုပ် ပိုင်ခွင့်များကို တစ်စတစ်စ ထိန်း ချုပ်မှု များကို ပြုလုပ်လာခဲ့သည်။
ဦးနေ၀င်း၏မြေးများ အာဏာသိမ်းရန် ကြံစည်မှုမဖြစ်ပွား ခင် ဒေါက်တာ ခင်စန်္ဒာဝင်း၏ ဆက်သွယ်ရေးဂြိုဟ်တု ဖုန်းကိစ်္စကို မလိုက်လျောခဲ့သည့်အတွက် စန်္ဒာ ၀င်းတို့ မိသားစုက မကျေမနပ်ဖြစ် ခဲ့သည်။ ထို့ပြင် ပြည်သူလူထုထံမှ ဖုန်းတစ်လုံးလျှင် ကြိုတင်ငွေ ၅ သိန်း ကောက်ခံထားသည်ကိုလည်း ပြန်အမ်း ရန်နှင့်လုပ်ပိုင်ခွင့်ကို န၀တ က ရုပ်သိမ်း လိုက်မှုကြောင့် စတင် ပဋိပက်္ခ ဖြစ်ပွား ခဲ့သည်ဟုဆိုသည်။
ယင်းကိစ်္စနှင့်ပတ်သက်၍ နောက်ပိုင်းတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် ၀င်းတင်ကိုလည်း န၀တ အစိုးရက ဖြုတ်ပစ်လိုက်လေသည်။

ဆက်လက်ဖော်ပြပါမည်
သန်းဝင်းလှိုင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။