စိတ်လေနေချိန်တွေ_စိတ်ညစ်နေချိန်တွေမှာဖတ်ဖို့မှတ်ဖို့စာစု။
တစ်ပွင့်တည်းလည်း
✏
✏
✏
✏
✏
ကမ္ဘာ ပေါ်မှာ ကံအဆိုးဆုံးသူအဖြစ်
ကိုယ့်ကိုယ်ကို သတ်မှတ်ဖူးခဲ့တယ်
အရာရာကိုမျက်လွှာလေးချ
ပစ်ပယ်ခံနေ့စွဲတွေလို့ထင်မှတ်ပြီး
ပြန်မရတဲ့အချိန်တွေကို ဖြုန်းတီးမိခဲ့တယ်။
ပေးဆပ်မှုမရှိရင်ဘာမှရယူဖို့မစဉ်းစားနဲ့တဲ့
အားငယ်တတ်တာမဟုတ်ပေမယ့်
လဲကျခြင်းတွေကြားထဲမှာထူသူကိုမျှော်နေမိရင်း
အားငယ်တတ်သွားတာပါ။
ရင်ထဲမှာထင်ကျန်ခဲ့တဲ့နားမလည်ခြင်းတွေရှိတယ်
အမှည့်ခြွေသလိုဖဲ့ကြွေသွားတဲ့ ခံစားမှုတွေထဲမှာ
ငါဟာ အလကားပါဆိုပြီးအဝေးဆုံးပြေးထွက်ဖို့ထိ
တွေးတော့ဖူးတယ်။
အိပ်မပျော်တဲ့ညကို အိပ်ဖို့မကြိုးစားပဲ
လမင်းကြီးကိုအသာငေးကြည့်မိတော့
ရပ်စောင့်တတ်ခြင်းမရှိတဲ့အချိန်တရားက
နံနက်ခင်းရောင်နီကိုတဖြည်းဖြည်းသန်းရောင်ပြတော့မှ
ဘဝဆိုတာ ညဥ့်နက်လိုခြောက်ခမ်းနေလည်း
ခိုင်မာစွာရင်ဆိုင်ရဲသူအတွက်
ရောင်နီဦးဆိုတာ မြင်ခွင့်ရရှိမှာပဲလေ။
အလုပ်လုပ်ချင်သူအတွက်ပိတ်ရက်ဆိုတာမရှိဘူး
တိကျသေချာတဲ့ရည်မှန်းချက်ရှိသူအတွက်
အခက်ခဲဆိုတာမရှိဘူး။
ဘယ်လောက်လှတဲ့လှေဖြစ်ဖြစ်
လိုရာကိုလှော်ခတ်နိုင်မှရောက်တာ။
ဘဝဆိုတာ ရည်မှန်းချက်ရှိမှ လိုရာရတာ။
အဓိပ္ပါယ် ဆိုတာ ကိုယ်လုပ်ချင်ရာကို
အကောင်အထည်ဖော်နေရရင်ပြည့်စုံနေပြီပဲ။
အနားမှာဘယ်သူမှရှိမနေလည်း
တန်းတူညီတူဆက်ဆံတတ်တဲ့လေတွေရှိတယ်။
နာကျင်နေသူကိုလည်းအောက်စီဂျင်ပေးတယ်။
ပျော်ရွင်နေသူကိုလည်းအောက်စီဂျင်ပေးတယ်။
ရိုးသားသူကိုလည်းရှင်သန်စေတယ်
မရိုးသားသူကိုလည်းရှင်သန်စေတယ်။
မသန့်ရှင်းတဲ့ခွက်တောင်သေချာဆေးကြောသုံးရင်
သောက်ရေခွက်ဖြစ်နိုင်းသေးတာ
အားကျနေတဲ့စိတ်ကိုမောင်းထုတ်ပြီး
ဘဝစိုပြေစေဖို့ အထီးကျန်ခြင်းကိုရင်ဆိုင်လိုက်တယ်။
အားလုံးကိုစွန့်ပစ်လိုက်တာမဟုတ်ဘူး
အစကတည်းကမရှိခဲ့တဲ့နွေးထွေးမှုတွေရယူဖို့
ခြောက်သွေ့ခြင်းကစရတယ်။
ထက်မြက်တဲ့ဓားတစ်လက်ဖြစ်ဖို့
သံတုန်းက စရတယ်။
လှပတဲ့ပန်းတစ်ပွင့်ဖြစ်ဖို့
မကောင်းတဲ့အနံ့အသက်ကြားကထိုးထွက်ရတယ်။
ရှင်သန်ဖို့ မြေဆီ မြေနှစ်တွေပြည့်စုံနေပြီးပဲ
တစ်ပွင့်တည်းဆိုလည်းမွှေးပျံ့ရဲတယ်။ြ
ရေသောက်မြစ်က စွမ်းအင်ကိုစုပ်ယူတယ်
စိတ်ခွန်အားက မိုးအမြင့်ကိုတွန်းတင်ပေးတယ်။
Credit << ဘာမထီဘွား >>
Sharing << နီနီအောင် >>
တစ်ပွင့်တည်းလည်း





ကမ္ဘာ ပေါ်မှာ ကံအဆိုးဆုံးသူအဖြစ်
ကိုယ့်ကိုယ်ကို သတ်မှတ်ဖူးခဲ့တယ်
အရာရာကိုမျက်လွှာလေးချ
ပစ်ပယ်ခံနေ့စွဲတွေလို့ထ
ပြန်မရတဲ့အချိန်တွေကို ဖြုန်းတီးမိခဲ့တယ်။
ပေးဆပ်မှုမရှိရင်ဘာမှရယူဖ
အားငယ်တတ်တာမဟုတ်ပေမယ်
လဲကျခြင်းတွေကြားထဲမှာထူသ
အားငယ်တတ်သွားတာပါ။
ရင်ထဲမှာထင်ကျန်ခဲ့တဲ့နာ
အမှည့်ခြွေသလိုဖဲ့ကြွေသွ
ငါဟာ အလကားပါဆိုပြီးအဝေးဆုံြးေ
တွေးတော့ဖူးတယ်။
အိပ်မပျော်တဲ့ညကို အိပ်ဖို့မကြိုးစားပဲ
လမင်းကြီးကိုအသာငေးကြည့်
ရပ်စောင့်တတ်ခြင်းမရှိ
နံနက်ခင်းရောင်နီကိုတဖြ
ဘဝဆိုတာ ညဥ့်နက်လိုခြောက်ခမ်းေ
ခိုင်မာစွာရင်ဆိုင်ရဲသူ
ရောင်နီဦးဆိုတာ မြင်ခွင့်ရရှိမှာပဲလေ။
အလုပ်လုပ်ချင်သူအတွက်ပိ
တိကျသေချာတဲ့ရည်မှန်းချက
အခက်ခဲဆိုတာမရှိဘူး။
ဘယ်လောက်လှတဲ့လှေဖြစ်
လိုရာကိုလှော်ခတ်နိုင်မ
ဘဝဆိုတာ ရည်မှန်းချက်ရှိမှ လိုရာရတာ။
အဓိပ္ပါယ် ဆိုတာ ကိုယ်လုပ်ချင်ရာကို
အကောင်အထည်ဖော်နေရရင်
အနားမှာဘယ်သူမှရှိမနေလည်
တန်းတူညီတူဆက်ဆံတတ်တဲ့ေ
နာကျင်နေသူကိုလည်းအောက်
ပျော်ရွင်နေသူကိုလည်း
ရိုးသားသူကိုလည်းရှင်သန်
မရိုးသားသူကိုလည်းရှင်သန်
မသန့်ရှင်းတဲ့ခွက်တောင်
သောက်ရေခွက်ဖြစ်နိုင်
အားကျနေတဲ့စိတ်ကိုမောင်
ဘဝစိုပြေစေဖို့ အထီးကျန်ခြင်းကိုရင်ဆိုင
အားလုံးကိုစွန့်ပစ်လိုက်
အစကတည်းကမရှိခဲ့တဲ့နွေးေ
ခြောက်သွေ့ခြင်းကစရတယ်
ထက်မြက်တဲ့ဓားတစ်လက်ဖြစ
သံတုန်းက စရတယ်။
လှပတဲ့ပန်းတစ်ပွင့်ဖြစ်
မကောင်းတဲ့အနံ့အသက်ကြားက
ရှင်သန်ဖို့ မြေဆီ မြေနှစ်တွေပြည့်စုံနြေ
တစ်ပွင့်တည်းဆိုလည်းမေ
ရေသောက်မြစ်က စွမ်းအင်ကိုစုပ်ယူတယ်
စိတ်ခွန်အားက မိုးအမြင့်ကိုတွန်းတင်ေ
Credit << ဘာမထီဘွား >>
Sharing << နီနီအောင် >>
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။