ပြန်ဝန်ကြီးဆိုတာ
=========
(၁)
အာဏာရှင် အီရတ် သမ္မတ ဆက်ဒမ်ဟူဆိန်ရဲ့
ပြန်ကြားရေးဝန်ကြီး Muhammed Saeed al-Sahaf
ရဲ့ အကြောင်းကို လေ့လာခဲ့ဖူးတယ်..၊၊
အမေရိကန်ဟာ
အီရတ်ကို စတင်တိုက်ခိုက်တဲ့အချိန်
အမေရိကန်တပ်တွေ အီရတ်ခံစစ်ကို
စတင် ကျော်ဖြတ်ခဲ့တဲ့အချိန်မှာ..
အဲဒီပြန်ဝန်ကြီးဟာ..
အမေရိကန်တပ်တွေဟာ..
အီရတ်နိုင်ငံရဲ့ ရီပတ်ပလင်ကင် အစောင့်တပ်တွေကို
မနိုင်လို့ ပြန်လည်ဆုတ်ခွါတဲ့အကြောင်း
ရွှန်းရွှန်းဝေအောင်ကြေငြာခဲ့ တယ်..၊
သူဟာ..အမေရိကန်နဲ့ နိုင်ငံစုံတပ်တွေ
အီရတ်ကို ၀င်တိုက်တဲ့အချိန်မှာ..
အီရတ်စစ်တပ်တွေ ဘယ်လောက်
အနိုင်ရရှိခဲ့ကြောင်း၊ ရန်သူတွေကိုဘယ်လောက်
ချေမှုန်းနိုင်ကြောင်း မကြာခဏသတင်းစာရှင်းလင်းပွဲေ တွ
လုပ်ခဲ့ပြီး အီရတ်ပြည်သူတွေကိုပါ နိုင်ငံခြားသတင်းတွေ
အမှောင်ချပြီး သူ့သတင်းတွေကိုပဲထုတ်ပြန်ကာ ..
ပေါက်ကရ ၀ါဒဖြန့်ချီရေးလုပ်ခဲ့တဲ့အတွက်...
အီရတ်ပြည်သူအများစုဟာ..
အမေရိကန်တပ်တွေ ဘဂ္ဂဒက်မြို့ထဲဝင်လာမှ
သူတို့ပြန်ကြားရေးဝန်ကြီးဟာ ..
လူလိမ်တစ်ယောက်ပဲ ဆိုတာကို
သိကြလေတော့တယ်..၊
အဲဒီကမှ အမေရိကန်မရိမ်းတပ်တွေဟာ..
ဘဂ္ဂဒက်မြို့လေဆိပ်ကို သိမ်းပိုက်နေချိန်မှာ..
အီရတ်ပြန်ဝန်ဟာ..နိုင်ငံတကာ သတင်းထောက်တွေကို
အမေရိကန် ရှေ့ပြေးတပ်တွေဟာ ဘဂ္ဂဒက်မြို့တော်အနား
မိုင်(၁၀၀)အတွင်းကိုတောင်သီ လိုမရကြောင်း..
ခပ်တည်တည်ပြောပြီး.
ကမ္ဘာကို လိမ်ညာပြောဆိုခဲ့တယ်..၊
တကယ်ဆိုရင် အမေရိကန်တပ်တွေရဲ့
စစ်ချီတဲ့ လမ်းတစ်လျှောက်မှာ..
သတင်းထောက်တွေကိုယ်တိုင်လို က်ပါပြီး
ကမ္ဘာကို Live လွှင့်နေတဲ့အတွက်..
တကမ္ဘာလုံးက အဲဒီစစ်ပွဲသတင်းကို..
အချိန်နဲ့တစ်ပြေးညီ သိနေတာကို
သူမသိရှာဘူးလေ..။
သူလိမ်တာကိုသိတဲ့
သတင်းထောက်တွေက
ပြန်ထောက်ပြတော့လဲ..
သူဟာ..မရှက်ဘူး..တဲ့..၊
ခပ်တည်တည်နဲ့ အရေထူထူနဲ့
ဆက်ပြီး ရွှီးနေတယ်လို့ လေ့လာရဖူးတယ်၊
အဲဒီလိုအရွှီးကောင်းပြီး..
သူ့အာဏာရှင် ဆက်ဒမ်ဟူဆိန်ကို..
ကာကွယ်ဖေးမတဲ့အလုပ်ကိုလုပ်သွားတဲ့
အီရတ်ပြန်ဝန်ရဲ့ လုပ်ရပ်ဟာ..တကမ္ဘာလုံးမှာ
အခုထက်ထိလှောင်ပြောင်သရော်စ ရာအဖြစ်
ရှိနေဆဲပဲဖြစ်တယ်
ဒါဟာ..အာဏာရှင်တွေလက်သပ်မွေးထားတဲ့..
ပြန်ကြားရေးဝန်ကြီးတွေရဲ့ အနေအထားပဲဖြစ်ပါတယ်၊
-------------------
(၂)
ကျွန်တော်တို့ဆီမှာလဲ..
ပြန်ဝန်တွေရဲ့အနေအထားနဲ့
အတွေးအခေါ်ခံယူချက်ဟာ..
အာဏာရှင်အစိုးရကို ဖင်ပိတ်ကာကွယ်တာ..
အာခေါင်ခြစ် ငြင်းဆန်တာ..
မျက်နှာပြောင်တိုက်ပြီး ဖါထေး ဖုံးဖိ တာကလွဲရင်
ဘာမှမလုပ်တတ်တာကိုတွေ့ရမြှာ ဖစ်ပါတယ်..၊
မြန်မာနိုင်ငံရဲ့...ရုပ်ရှင် ၊ သဘင် ၊ ဂီတ အဆင့်အတန်းတွေ
နိုင်ငံတကာအဆင့်မှီအောင်လုပ်ဖို့စိတ်မ၀င်စားတဲ့အပြင်၊
အိမ်နီးချင်းနိုင်ငံတွေဟာ.. ၊သူတို့ရဲ့တိုးတက်မှုတွေကို
မီဒီယာလုပ်ငန်းတွေ၊ ရုပ်ရှင် ၊ ဂီတ စတာတွေနဲ့
ကမ္ဘာကို ၀င်ရောက်ထိုးဖေါက်ပြီး လုပ်နေတဲ့အချိန်မှာ..၊
ကျွန်တော်တို့နိုင်ငံရဲ့ ပြန်ကြားရေးဌာနဟာ..၊
အာဏာရှင်နဲ့ အစိုးရကို ကာကွယ်ဖါထေးတဲ့သူမျိုးကိုသာ
အရည်အချင်းရှိတယ်လို့ သတ်မှတ်နေကြတာကို
တွေ့ရတယ်..၊
ဒါဟာလဲ တိုင်းပြည်မတိုးတက်တဲ့
အဓိကအချက်တစ်ချက်ဖြစ်ပါတယ်၊
ထိုင်းနိုင်ငံ အစိုးရဟာ..
သူတို့ရဲ့ရာဇ၀င်ကသူရဲကောင်း ဘုရင်တစ်ပါးဖြစ်တဲ့
နရဲစွမ်(ဖရနရေ့) ဘုရင်အကြောင်းကို
( King Naresuan) ဆိုပြီး
မြန်မာပြည်ရဲ့ဟံသာဝတီနေပြည် တော် နဲ့
ဘုရင့်နောင်မင်းတရားကြီးရဲ့ အနေအထားနဲ့တကွ
အဆင့်မြင့်မြင့်ဇတ်အိမ်တည်ရိုက်ကူးပြီး
ကမ္ဘာကို သူတို့ဘုရင်တွေဘယ်လောက်ခမ်း နားကြောင်း၊
မြန်မာဘုရင်တွေဘယ်လို ဆိုးကြောင်း..
ငွေအကုန်ခံပြီးရိုက်ကူး ပြသနိုင်ခဲ့လို့
အမှန်တကယ်ခန်းနားခဲ့တဲ့
မြန်မာနိုင်ငံရဲ့ဟံသာဝတီရာဇ ၀င်ဟာ
ကမ္ဘာမှာ...မှေးမှန်ခဲ့ရပြီး ဖြစ်တယ်..၊
ဖုံးဖိဖါ လုပ်ဖို့ပဲသိတဲ့..
မြန်မာနိုင်ငံကပြန်ဝန်တွေအပါအ၀င်
ဖွတ်လော်ဘီတွေဟာ...
ဒါကိုလဲ နာရကောင်းမှန်းမသိတဲ့အပြင်
အမှန်တကယ် ကမ္ဘာမှာထင်ရှားပြီး..
လေးစားခံရတဲ့ ဒေါ်စုလိုပုဂ္ဂိုလ် ကို
ကမ္ဘာက ချီးမြှောက်ဂုဏ်ပြုတာတွေကို ..
မြန်မာနိုင်ငံသားတွေ ဂုဏ်ရှိအောင်
မျက်နှာရအောင် အစိုးရမီဒီယာတွေမှာ..
ပြသင့်သလောက် ပြသပေးရမဲ့အစား ..
မသိချင်ယောင်ဆောင်နေတာဟာလဲ
သူတို့တွေရဲ့ ဇာတိရုပ်ကို ဖေါ်ပြနေတာပါပဲ..၊
------------------------
(၃)
အဲဒီတော့...
မြန်မာပြည်ရဲ့ပြန်ဝန်တွေနဲ့ ..
ဖွတ်လော်ဘီတွေကို..ပြောချင် တာက.။
အာဏာရှင်နဲ့ အစိုးရကို..
ဖုံးဖိဖါ လုပ်ဖို့ ပြည်သူကလစာပေးထားတာမဟုတ်ပါဘူး၊
ဘဘဘောကို အပီအပြင် မ..လို့ကောင်းအောင်အတွက်
ပြည်သူက လစာပေးထားတာမဟုတ်ပါဘူး၊
တဖြည်းဖြည်းနဲ့ အီရတ်ပြန်ကြားရေးဝန်ကြီးလို မျိုး
ဘ၀ကို ရောက်မှန်းမသိရောက် လာတဲ့အတွက်
တစ်ချိန်မှာ အီရတ်ပြန်ဝန်လိုမျိုး ..
ကမ္ဘာ့အလှောင်ပြောင်ခံ ငပေါ.ဘ၀ကို
ရောက်သွားနိုင်တယ်ဆိုတဲ့အြေ ကာင်း ပြောလိုပါတယ်..၊
( Pa Yit)
=========
(၁)
အာဏာရှင် အီရတ် သမ္မတ ဆက်ဒမ်ဟူဆိန်ရဲ့
ပြန်ကြားရေးဝန်ကြီး Muhammed Saeed al-Sahaf
ရဲ့ အကြောင်းကို လေ့လာခဲ့ဖူးတယ်..၊၊
အမေရိကန်ဟာ
အီရတ်ကို စတင်တိုက်ခိုက်တဲ့အချိန်
အမေရိကန်တပ်တွေ အီရတ်ခံစစ်ကို
စတင် ကျော်ဖြတ်ခဲ့တဲ့အချိန်မှာ..
အဲဒီပြန်ဝန်ကြီးဟာ..
အမေရိကန်တပ်တွေဟာ..
အီရတ်နိုင်ငံရဲ့ ရီပတ်ပလင်ကင် အစောင့်တပ်တွေကို
မနိုင်လို့ ပြန်လည်ဆုတ်ခွါတဲ့အကြောင်း
ရွှန်းရွှန်းဝေအောင်ကြေငြာခဲ့
သူဟာ..အမေရိကန်နဲ့ နိုင်ငံစုံတပ်တွေ
အီရတ်ကို ၀င်တိုက်တဲ့အချိန်မှာ..
အီရတ်စစ်တပ်တွေ ဘယ်လောက်
အနိုင်ရရှိခဲ့ကြောင်း၊ ရန်သူတွေကိုဘယ်လောက်
ချေမှုန်းနိုင်ကြောင်း မကြာခဏသတင်းစာရှင်းလင်းပွဲေ
လုပ်ခဲ့ပြီး အီရတ်ပြည်သူတွေကိုပါ နိုင်ငံခြားသတင်းတွေ
အမှောင်ချပြီး သူ့သတင်းတွေကိုပဲထုတ်ပြန်ကာ
ပေါက်ကရ ၀ါဒဖြန့်ချီရေးလုပ်ခဲ့တဲ့အတ
အီရတ်ပြည်သူအများစုဟာ..
အမေရိကန်တပ်တွေ ဘဂ္ဂဒက်မြို့ထဲဝင်လာမှ
သူတို့ပြန်ကြားရေးဝန်ကြီးဟာ
လူလိမ်တစ်ယောက်ပဲ ဆိုတာကို
သိကြလေတော့တယ်..၊
အဲဒီကမှ အမေရိကန်မရိမ်းတပ်တွေဟာ..
ဘဂ္ဂဒက်မြို့လေဆိပ်ကို သိမ်းပိုက်နေချိန်မှာ..
အီရတ်ပြန်ဝန်ဟာ..နိုင်ငံတကာ
အမေရိကန် ရှေ့ပြေးတပ်တွေဟာ ဘဂ္ဂဒက်မြို့တော်အနား
မိုင်(၁၀၀)အတွင်းကိုတောင်သီ
ခပ်တည်တည်ပြောပြီး.
ကမ္ဘာကို လိမ်ညာပြောဆိုခဲ့တယ်..၊
တကယ်ဆိုရင် အမေရိကန်တပ်တွေရဲ့
စစ်ချီတဲ့ လမ်းတစ်လျှောက်မှာ..
သတင်းထောက်တွေကိုယ်တိုင်လို
ကမ္ဘာကို Live လွှင့်နေတဲ့အတွက်..
တကမ္ဘာလုံးက အဲဒီစစ်ပွဲသတင်းကို..
အချိန်နဲ့တစ်ပြေးညီ သိနေတာကို
သူမသိရှာဘူးလေ..။
သူလိမ်တာကိုသိတဲ့
သတင်းထောက်တွေက
ပြန်ထောက်ပြတော့လဲ..
သူဟာ..မရှက်ဘူး..တဲ့..၊
ခပ်တည်တည်နဲ့ အရေထူထူနဲ့
ဆက်ပြီး ရွှီးနေတယ်လို့ လေ့လာရဖူးတယ်၊
အဲဒီလိုအရွှီးကောင်းပြီး..
သူ့အာဏာရှင် ဆက်ဒမ်ဟူဆိန်ကို..
ကာကွယ်ဖေးမတဲ့အလုပ်ကိုလုပ်သ
အီရတ်ပြန်ဝန်ရဲ့ လုပ်ရပ်ဟာ..တကမ္ဘာလုံးမှာ
အခုထက်ထိလှောင်ပြောင်သရော်စ
ရှိနေဆဲပဲဖြစ်တယ်
ဒါဟာ..အာဏာရှင်တွေလက်သပ်မွေ
ပြန်ကြားရေးဝန်ကြီးတွေရဲ့ အနေအထားပဲဖြစ်ပါတယ်၊
-------------------
(၂)
ကျွန်တော်တို့ဆီမှာလဲ..
ပြန်ဝန်တွေရဲ့အနေအထားနဲ့
အတွေးအခေါ်ခံယူချက်ဟာ..
အာဏာရှင်အစိုးရကို ဖင်ပိတ်ကာကွယ်တာ..
အာခေါင်ခြစ် ငြင်းဆန်တာ..
မျက်နှာပြောင်တိုက်ပြီး ဖါထေး ဖုံးဖိ တာကလွဲရင်
ဘာမှမလုပ်တတ်တာကိုတွေ့ရမြှာ
မြန်မာနိုင်ငံရဲ့...ရုပ်ရှင
နိုင်ငံတကာအဆင့်မှီအောင်လုပ
အိမ်နီးချင်းနိုင်ငံတွေဟာ..
မီဒီယာလုပ်ငန်းတွေ၊ ရုပ်ရှင် ၊ ဂီတ စတာတွေနဲ့
ကမ္ဘာကို ၀င်ရောက်ထိုးဖေါက်ပြီး လုပ်နေတဲ့အချိန်မှာ..၊
ကျွန်တော်တို့နိုင်ငံရဲ့ ပြန်ကြားရေးဌာနဟာ..၊
အာဏာရှင်နဲ့ အစိုးရကို ကာကွယ်ဖါထေးတဲ့သူမျိုးကိုသာ
အရည်အချင်းရှိတယ်လို့ သတ်မှတ်နေကြတာကို
တွေ့ရတယ်..၊
ဒါဟာလဲ တိုင်းပြည်မတိုးတက်တဲ့
အဓိကအချက်တစ်ချက်ဖြစ်ပါတယ်၊
ထိုင်းနိုင်ငံ အစိုးရဟာ..
သူတို့ရဲ့ရာဇ၀င်ကသူရဲကောင်း
နရဲစွမ်(ဖရနရေ့) ဘုရင်အကြောင်းကို
( King Naresuan) ဆိုပြီး
မြန်မာပြည်ရဲ့ဟံသာဝတီနေပြည်
ဘုရင့်နောင်မင်းတရားကြီးရဲ့
အဆင့်မြင့်မြင့်ဇတ်အိမ်တည်ရ
ကမ္ဘာကို သူတို့ဘုရင်တွေဘယ်လောက်ခမ်း
မြန်မာဘုရင်တွေဘယ်လို ဆိုးကြောင်း..
ငွေအကုန်ခံပြီးရိုက်ကူး ပြသနိုင်ခဲ့လို့
အမှန်တကယ်ခန်းနားခဲ့တဲ့
မြန်မာနိုင်ငံရဲ့ဟံသာဝတီရာဇ
ကမ္ဘာမှာ...မှေးမှန်ခဲ့ရပြီး
ဖုံးဖိဖါ လုပ်ဖို့ပဲသိတဲ့..
မြန်မာနိုင်ငံကပြန်ဝန်တွေအပ
ဖွတ်လော်ဘီတွေဟာ...
ဒါကိုလဲ နာရကောင်းမှန်းမသိတဲ့အပြင်
အမှန်တကယ် ကမ္ဘာမှာထင်ရှားပြီး..
လေးစားခံရတဲ့ ဒေါ်စုလိုပုဂ္ဂိုလ် ကို
ကမ္ဘာက ချီးမြှောက်ဂုဏ်ပြုတာတွေကို
မြန်မာနိုင်ငံသားတွေ ဂုဏ်ရှိအောင်
မျက်နှာရအောင် အစိုးရမီဒီယာတွေမှာ..
ပြသင့်သလောက် ပြသပေးရမဲ့အစား ..
မသိချင်ယောင်ဆောင်နေတာဟာလဲ
သူတို့တွေရဲ့ ဇာတိရုပ်ကို ဖေါ်ပြနေတာပါပဲ..၊
------------------------
(၃)
အဲဒီတော့...
မြန်မာပြည်ရဲ့ပြန်ဝန်တွေနဲ့
ဖွတ်လော်ဘီတွေကို..ပြောချင်
အာဏာရှင်နဲ့ အစိုးရကို..
ဖုံးဖိဖါ လုပ်ဖို့ ပြည်သူကလစာပေးထားတာမဟုတ်ပါဘ
ဘဘဘောကို အပီအပြင် မ..လို့ကောင်းအောင်အတွက်
ပြည်သူက လစာပေးထားတာမဟုတ်ပါဘူး၊
တဖြည်းဖြည်းနဲ့ အီရတ်ပြန်ကြားရေးဝန်ကြီးလို
ဘ၀ကို ရောက်မှန်းမသိရောက် လာတဲ့အတွက်
တစ်ချိန်မှာ အီရတ်ပြန်ဝန်လိုမျိုး ..
ကမ္ဘာ့အလှောင်ပြောင်ခံ ငပေါ.ဘ၀ကို
ရောက်သွားနိုင်တယ်ဆိုတဲ့အြေ
( Pa Yit)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။