သူခိုး ဓားပြနဲ့စတင်ဖွဲ့စည်းခဲ့တဲ့ သြစတြေးလျ နိုင်ငံ ဘာကြောင့်ဒီလောက်အောင်မြင်သလဲ။
သြစတြေးလျက အင်္ဂလန်နိုင်ငံကနေလာပို့ထားတဲ့ သူခိုး ဓားပြ ထောင်ကျခံနေရသူတွေ အားလုံးပေါင်း တစ်သိန်း ခြောက်သောင်းလောက်ရှိတယ်၊ ဒီလူတွေနဲ့တည်ထောင်ခဲ့တဲ့နိုင်ငံဘာကြောင့် ဒီလောက်အောင်မြင်သလဲ။
ကောင်းမွန်တဲ့စနစ်ကြောင့်ပါ ။
ဥပမာ တခုပြောပြမယ်။ လူ ၇ ယောက်ကအတူတကွနေထိုင်ပြီး ထမင်းအိုးတအိုးထဲက ထမင်းကို ခွဲစားကြတယ်။ ပထမစနစ်အရ ထမင်းကို ၇ ယောက်က တလှည့်စီခွဲဝေပေးပြီး ၊ ခွဲဝေပေးတဲ့သူက များများပိုယူတယ်။ ဒါပေမယ့် သူခွဲဝေပေးတဲ့ရက်မှာပဲပိုစားရပြီး ကျန်တဲ့ ၆ ရက်မှာ မဝမလင်စားရတယ်။
ဒုတိယစနစ်အရ အဲဒီ ၇ ယောက်ထဲက ကောင်းမယ်လို့ထင်တဲ့သူတယောက်ကိုရွေးချယ်ကြပြီး ခွဲဝေစေတယ်။ ထမင်းပိုစားချင်တဲ့အတွက် အဲဒီလူကို ချဉ်းကပ်ပြီး အခွင့်အရေးပိုရအောင် ဖားပေါင်းကြတယ်။
တတိယစနစ်အရ သူတို့က ၃ ယောက် ၄ ယောက်ခွဲပြီး ကော်မတီဖွဲ့တယ်။ ကော်မတီကဆုံးဖြတ်ပြီး ခွဲဝေတယ်။ ဒီစနစ်မှာဆိုရင် ဒီကော်မတီထဲက သူတွေကအမြဲရန်ဖြစ်ပြီး နောက်ဆုံးမှာ လူတိုင်းက အေးစက်စက်ထမင်းကိုပဲစားကြရတယ်။
အကောင်းဆုံးဖြစ်တဲ့ နောက်ဆုံးစနစ်အရ အဲဒီထမင်းကို လူ ၇ယောက်စာအချိုးကျခွဲဝေပြီး ခွဲဝေပေးတဲ့သူကအရင်မယူပဲ ကျန် ၆ ယောက်ကို အရင်ယူခွင့်ပေးလိုက်တာဖြစ်တယ်။ ဒါမှသာ ခွဲပေးတဲ့သူက အားလုံးမျှမျှတတခွဲဝေထားပေးမှာဖြစ်တယ်။
အခုကျွန်တော်တို့နိုင်ငံမအောင်မြင်ရတဲ့ အဓိကအကြောင်းအရင်းက လူတိုင်းက အပြောကောင်းအောင်ကြိုးစားကြပြီး စေတနာနဲ့မေတ္တာနဲ့ တည်ထောင်ဖို့ကြိုးစားကြတယ်။ တကယ်တမ်းမှာတော့ လူက တကိုယ်ကောင်းဆန်ကြတယ်။ ကောင်းတဲ့စနစ်ကိုမရှာဖွေဘူး ၊ ကိုယ့်ကိုယ်ကို ဆိုးတယ်ဆိုတာလည်း လက်မခံချင်ဘူး ၊ ဒီလိုမျိုးနဲ့ လူကောင်းချည်းပဲ ဖွဲ့စည်းထားတဲ့နိုင်ငံက မတိုးတက်ဘူးဖြစ်သွားတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။