သန်လျင်မြို့၊ ထမလုံ၊ လက် ယက်စမ်း ကျေးရွာရှိ အဂ္ဂပေမေတ္တာ လူငယ် ဖွံ့ဖြိုးရေးဂေဟာ က Iron CROSS တီးဝိုင်းရဲ့ ဂစ်တာသမား ချစ် စမ်းမောင် တို့ ဇနီးမောင်နှံ က ဦးစီး ဦးဆောင်ပြုကာ ထောက်ပံ့ လှူဒါန်းနေတဲ့ ဂေဟာ တစ်ခု ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုး ကလေးငယ် ၁၄ဝ ဦးခန့် ကို စောင့်ရှောက်ပေးနေ တဲ့ ဒီကျောင်းမှာ ဂစ်တာသမား ချစ်စမ်း မောင်ရဲ့ သမီးအငယ်ဆုံး ငယ်လေးကလည်း အသက် ၁၅နှစ်သာ ရှိသေးပေမယ့် ကလေးငယ်တွေ ကို အင်္ဂလိပ်စာ သင်ပေး သလို၊ ဂီတနဲ့ ပတ်သက်ပြီးလည်း တတ်နိုင်သလောက် သင်ကြား ပေးနေကြောင်း သိရပါတယ်။
ဒီဂေဟာမှာ ကလေးငယ်တွေ ကို လာရောက် သင်ကြားပေး ဖြစ်ပုံကို ငယ်လေးက “ညီမတို့ အဘွားက မိဘ မရှိတဲ့ ကလေးတွေကို လမ်း မှာတွေ့တော့ သူ့အိမ် မှာခေါ် ထားတယ်။ သံယောဇဉ် တွယ်ပြီး လူတွေ အများကြီး ခေါ်နေရင်းနဲ့ အိမ်မှာ ထားဖို့ အဆင် မပြေတော့ဘူး။ ဆုတောင်းနေရင်း နဲ့ ဒီခြံ အလှူရှင် ရလာတယ်။ အဲဒီ ကတည်း က စလာတာ အခုဆို ကလေးတွေ ၁၄ဝလောက် ရှိသွားပြီ။ ညီမအဖေ က အလှူရှင် မရှိတဲ့ အချိန်ကျရင် ကလေးတွေကို ထောက်ပံ့ပေးတယ်။ ကျောင်း ထားပေးတယ်။ အခု ဆိုရင် ဘွဲ့ရပြီး နိုင်ငံခြားမှာ ကျောင်းသွား တက်တဲ့သူတွေ လည်းရှိပါတယ်။ ညီမက အင်္ဂလိပ်စာ အပိုင်းရယ်၊ မြူးဇစ် အပိုင်းရယ်ကို သင် ပေးပါတယ်။ ပရဟိတ လုပ်ရတာ တအားပျော်တယ်။ စိတ်ညစ်စရာ လည်း မရှိတော့ဘူး။ ကျောင်းမှာလည်း သူငယ်ချင်းတွေ ကို ဒီပရဟိတ အကြောင်း ပြောပြတယ်။ ဂုဏ်လည်း ယူမိတယ်” လို့ ပြောပါတယ်။
ငယ်လေးက MIS ကျောင်းမှာ တက် နေပြီး စက်တင်ဘာ ၂၄ရက်နေ့မှာ ၁၅နှစ်ပြည့်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဖခင် ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ အနုပညာ အမွေကို ဆက်ခံပြီး ဖခင်ခြေရာ နင်းမယ့်သူ ဖြစ်ကြောင်းကို ငယ်လေးက “ဂစ်တာ၊ ကီးဘုတ်၊ ဘေ့စ်၊ ဒရမ်အကုန် တီးတတ်ပါတယ်။ ညီမ အဖေက သင်ပေးဖို့ မအားဘူး။ ဒါပေမဲ့ အဖေ ဂစ်တာတီးရင် အမြဲ ကြည့်ဖြစ်တယ်။ ဘယ်သူမှ မသင်ပေးဘူး။ တီးတာတွေ ကို ကြည့်ရင်းနဲ့ ကိုယ့် ဘာသာကိုယ် တီးတတ်လာတာ။ ၃နှစ်လောက် ကတည်းက ဂစ်တာတွေ တီးတတ် လာတယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက် က ဒရမ်တွေ စတီးဖြစ်လာတယ်။ Iron CROSS နဲ့ ရန်ကုန်မှာ လုပ်တဲ့ ပွဲတွေ တော်တော် များများ လိုက်ဖြစ် တယ်။ ပွဲတွေ တော့မတီးသေး ဘူး။ ဒါပေမဲ့ Myanmar Instrumental Show လုပ်တော့ အဲဒီမှာ Girl Band အနေနဲ့ တီးဖြစ်တယ်။ ညီမ အဖေ လို ပဲအောင်မြင်အောင် ကြိုးစားမယ်။ မြန်မာပြည်က လူတွေ အတွက်လည်း ဂုဏ်ရှိအောင် ကြိုးစားပါမယ်”လို့ ပြော ပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
popularmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။