Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 30, 2014

ဦးလှဆွေရဲ့ ဆီဒိုနားဟိုတယ် သွား တောလား


လွှတ်တော်အမတ် ဦးလှဆွေ (ဓာတ်ပုံ – ဦးလှဆွေ/ )

လွှတ်တော် မင်းသားကြီး အမတ်မင်း ဦးလှဆွေရဲ့ ဆီဒိုနား ဟိုတယ်ကို ပထမဆုံး တက်ရောက်ခဲ့ဖူးတဲ့ အတွေ့အကြုံလေးပါ။ ပြောရရင် ဆီဒိုနား သွား တောလားပေါ့။

အပတ်စဉ် မရိုးရအောင် အတိတ်က အတွေ့အကြုံတွေနဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်တာတွေကို ရဲရဲတင်း တင်း ဖေ့စ်ဘုတ်စာမျက်နှာကနေ ပုံမှန်လို ရေးပြတတ်တဲ့ ဦးလှဆွေရဲ့ အရေးအသားနဲ့ တင်ပြမှုလေး ကို ဧရာဝတီပရိသတ်လည်း ခံစားနိုင်ဖို့ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

ကြာတော့ ကြာပါပြီ - - - - 



(ဒါဆို တခုခုတော့ပြောဘို့ ပျိုးနေပြီဆိုတဲ့သဘောပေါ့ ) 

လွှတ်တော် ခေါ်ကာစ အချိန် ။

လူကြီး သား တယောက် မင်္ဂလာဆောင်တယ်။ ဆီဒိုးနားမှာပါ ။ တသက်နဲ့တကိုယ် တခါမှ မရောက်ဘူးပါ ဘူး။ အမတ်ဖြစ် မှ ဆီဒိုးနားတက်ဘူးတာပါ။ကျနော်နဲ့ဇနီး ဘာဝတ်သွားမလဲ တိုင်ပင်တယ်။

လူကြီးသားဆိုတော့ သူဌေးတွေ လာမှာ ။ ခပ်ညံ့ညံ့ ဝတ်ဖို့ မသင့်ဘူးပေါ့။ 

သူကလှည်းတန်း စိန်ဂေဟာ လှေ ကား ထစ် အတက် ဘယ်ဘက်ဘေးက လက်ဝတ်ရတနာအတုတွေ သွားဝယ်ပါတယ်။ ကျနော်က ယောင်္ကျား ဆိုတော့ ဘာမှ မလိုပါဘူး။

အမတ်မဖြစ်ခင်က ပဲစိုက်နှမ်းစိုက်လယ်ထွန် လုပ်ရင်းနဲ့ စိုက်ပျိုးရေးဆေးရောင်းတဲ့ မြန်မာ့သြဘာ ကုမ္ပဏီ နဲ့ ချိတ်မိရင်း ကိုယ်လဲ သုံး ။ သူများလဲ ရောင်း။ ယောက်ဖ ဝမ်းကွဲကလဲ ကိုယ်စားလှယ်လုပ်နေတော့ ကျနော်လဲ စိုက်ပျိုးရေးဆေး ကိုယ်စားလှယ်ဖြစ်လာပြီး သိန်း ၁၀၀ ရောင်းအား သုံးအားရှိလို့ နိုင်ငံခြား အလည်အပါတ် ဆိုပြီးသွား ရပါတယ်။  (ကြံ့ခိုင်ရေးပါတီက သူများတွေ အထပ်ထပ်သွားနေရပေမဲ့ တခါမှမလွှတ်သေး)။

နောက် ထပ်သိန်း ၁၀၀ ဘိုးထပ်ယူတော့ ကိုယ်တိုင်လဲ လွှတ်တော်တက်နေလို့ မရောင်းနိုင်တော့ ဘဲ သတ်မှတ်ချိန်ပြည့်တဲ့အခါ မကုန်တော့ ရှိတဲ့ ရွှေအကုန်ရောင်း ဆပ်ရပါတယ်။ 

ပြန်ယူပါလို့ တောင်းတောင်းပန်ပန် ပြောလဲ မြန်မာ့သြဘာက ခပ်တည်တည်ပါဘဲ။

ဒါနဲ့ အဲ့တုန်းက ဝယ်ထားတဲ့ europian SUIT လေးက တခါဘဲ ဝတ်ရသေးတော့ ဆီဒိုးနားလဲ တခါမှ မရောက်ဘူးတော့ တန်အောင်လို့ လူကြီးသား မင်္ဂလာဆောင်၊ ဒါဘဲဝတ်မယ်ကွာ ဆိုပြီး ချ ဝတ်လိုက်ပါ တယ်။

အိမ်က ဒဂုန်ဂျစ်နဲ့ အချိန် ကွက်တိသွားတော့ ကားရပ်ရမယ့်နေရာ အတော်ရှာ ရ ပါတယ်။

အထဲရောက်တော့ သတိုးသား အဖေ လူကြီးက သားနားနေတဲ့ ကျနော့်ကို "လှဆွေ ဘယ်နိုင်ငံက
ပြန် လာ တာလဲ " လို့ ရင်းရင်းနှီးနှီး မေးပါတယ် ။ 

ကျနော်က " ဂန့်ဂေါရီးယား ကလာတာပါ " လို့ ဖြေလိုက်တော့ ရယ် ပါတယ်။ 

ဒါနဲ့သတိုးသားအဖေ လူကြီးနဲ့လည်း ရင်းနှီးစွာ စကားပြောနေတယ်၊ လာတဲ့နိုင်ငံ ကလည်း ဂန့်ဂေါရီး ယား ဝတ်စားထားတာကလဲ europian ရုပ်ကလဲ အသန့် ။

ဇနီး ကလည်း ပြိုးပြိုးပျက်ပျက် တွေနဲ့ ဆိုတော့ နေရာချပေးတဲ့ စာပွဲထိုးခေါင်းဆောင် က ဆရာလာပါ ဆိုပြီးခေါ်သွားပါတယ်။

ပြီးတော့ VIP 2 ဆိုတဲ့ စာပွဲမှာနေရာချထားပါလေရော ။ ခပ်တည်တည်နဲ့ ထိုင်တာပေါ့ ။

အဲ့မှာ ကြိုတင်ရောက်နေတဲ့ အမတ် ဦးရှု့မောင်တို့က ဟိုးနောက်ခပ်ဝေးဝေးမှာ ထိုင်ရတာတွေ့ပါတယ်။ သူတို့ကနုတ်ဆက်ပေမဲ့ ကျနော်က နေရာကောင်းမှာထိုင်ရတော့ ခပ်တည်တည်လုပ်နေလိုက်ပါတယ်။ 

VIP 2 မှာဘယ်သူတွေ လဲ သိပါဘူး ဒါပေမဲ့ အားလုံးက တိုက်ပုံတွေ နဲ့ ပါ ကျနော်တယောက်ဘဲ Euro နဲ့ပါ။ 

အဲ့မှာ ရွှေတောင် ဆောက်လုပ်ရေးက အောင်ဇော်နိုင်ကိုတော့သိတယ် ။ သူကမြန်မာ့ အသံ ကို ဦးကျော်ဆန်းနဲ့ ပူးပေါင်းဆောက်ခဲ့တာကိုး။

မကြာခဏ ကျင်းပပေးတဲ့ ဂေါက်ပွဲ တခုမှာ ဒုတိယ ရတော့သူက ဆုပေးလို့ ဆုံဘူးတာပါ။ ၁၄" TV ပါ။ သူနဲ့ သူ့ အဖွဲ့ ကိုအောင်သန်း ကလွဲပြီး ကျန်တဲ့သူတွေ တယောက်မှမသိပါဘူး။

ကျနော် က အေးဆေးဖြစ်ပေမဲ့ ကျန်တဲ့ လူတွေက လူစိမ်း ဖြစ်နေတော့ နေမထိထိုင်မသာ ဖြစ်နေ ပုံရ ပါတယ်။ ပုံစံ ကလည်း သားနားနေတော့ဘယ်ကလုပ်ငန်းရှင်လဲ သိခြင်ပုံရ တာလဲပါမှာပေါ့ ။

ဒါနဲ့ တရုတ်ပုံ တယောက်က မနေသာတော့ဘဲ "ဒီဝိုင်းမှာ အားလုံးကတော့ သိပြီးသားပေါ့နော် '"ဆိုပြီး ကျနော့်ကိုဘဲ မိတ်ဆက်ပေးတာက 

"ကျနော်က ထွန်းမြင့်နိုင်ပါ (လော်စစ်ဟန် သား)သူက ဦးနေအောင်တို့ ဇနီးမောင်နှံပါ(ဦးအောင်သောင်း သား နေအောင်) သူက အောင်ဇော်နိုင်ပါ (ဦးအိုက်ထွန်းသား) အကိုကြီးက ဘယ်ကလည်း "ဆိုပြီး မေးပါ
လေ ရော။ 

ကျနော်က "ဂန့်ဂေါ က ဦးလှဆွေ ပါ'"ဆိုတော့ နေအောင်က "ဘာအလုပ်လုပ်သလဲ" လို့ မေးပါတယ် ။ 

ကျနော်က "လယ်ယာ လုပ်ငန်း လုပ်ပါတယ် လက်ရှိတော့ အမတ်ပါ " လို့ ဆိုတော့ အားလုံး ငြိမ်သွား ကြပါတယ် ။

ဘာမှ အထင်ကြီးစရာမရှိတဲ့ ကျနော်ဟာ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေပြီလို့ ယူဆသွားဟန်ရှိပါတယ် ။

အဲ့ချိန်မှာ သတိုးသား/သမီး တွေ ဘာညာဘာညာ လုပ်ပြီး အစောကတည်းက မကျေမချမ်း ဖြစ်နေ တဲ့ နေအောင်က  " နေပါဦး ခင်ဗျားတို့ အမတ်တွေ လွှတ်တော်ချိန် မဟုတ်ရင် ဘာတွေလုပ်ကြသလဲ။ လွှတ်တော်ထဲမှာရော ဘာတွေလုပ်နိုင်လို့ လဲ ရှင်းပြစမ်းပါ " လို့ ပေ၊ တင်ကြီး ညှော်ပါလေရောဗျာ။

သူ့မိန်းမ က မျက်နှာပျက် သွားပေမဲ့ ရယ် နေပါတယ် ။ သူ့ မိန်းမ နားကတ် လောက်ကြီးတဲ့ စိန် နာကပ်ကြီး မျိုးပန်ထားတဲ့ ကျနော့်ဇနီးက သိသိသာသာမျက်နှာပျက်သွားပါတယ် ။

တော်တန်ရုံ လူဆိုရင်တော့ ဘာပြောရမှန်းသိမယ်မထင်ဘူး ။ ကျနော်ကတော့ စားစရာရှိတာစား ။ စားပွဲထိုး ဆီက ရေတခွက်တောင်း အာလုပ်တွေဘာတွေ ကျင်းပြီးမှ

 " အောင်ဇော်နိုင်တို့ အခုလုပ်နေတဲ့ ဘီလူးချောင်း ၃ စီမံကိန်းကို အဲ့မှာရပ်ပေးပါ ။ ဂန့်ဂေါက မြစ်သာ တမံ ကို ဦးစားပေးပါလို့လွှတ်တော်မှာ ကျနော်ပြောခွင့်ရှိတယ် ။ အဲ့ အဆိုကို မဲခွဲခွင့်လည်းရှိတယ်" လို့ပြောလိုက်တော့ -----

 အောင်ဇော်နိုင်ရဲ့ ပါတနာ ကိုအောင်သန်း က "ဟာ ဦးလှဆွေ အဲ လိုမလုပ်ပါနဲ့၊ ညစာ ဘယ်မှာစီစဉ်ပေး ရမလဲ" လို့ နောက်ပါတယ်။ 

ဒီစကား သိပ်မယုံ ကြပါဘူး။

နောက် လ အနည်းငယ်ကြာတော့ ဒါထက်ကြီးတဲ့ မြစ်ဆုံးကြီးပါ ရပ်ပြစ်လိုက် ပါလေ ရော။ 

တနေ့ အောင်ဇော်နိုင်နဲ့ ပြန်တွေ့ပါတယ်။ 

"ကိုလှဆွေ ခင်ဗျားဆီက သင်ယူစရာတွေ ရှိနေတယ်ဗျာ " လို့ ပြောပါတယ်။ကျန်လူတွေ မတွေ့ဖြစ်ပါဘူး။    အေးဆေးပါ။ 

(လှဆွေ)   ~

blog.irrawaddy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။