Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 26, 2014

သာမန်လေ ပျော်ရွှင်လေ


သာမန်လေ ပျော်ရွှင်လေ

တစ်ခါက စာကလေးတစ်ကောင်ဟာ သူ့ရဲ့ဘာမှထူးခြားမှုမရှိတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်ပျက်ညည်းတွားနေခဲ့တယ်။ တစ်ညမှာ စာကလေးဟာ သူ့ကိုယ်သူ ရောင်စုံအမွေးအတောင်နဲ့ လှပတဲ့ဒေါင်းတစ်ကောင်ဖြစ်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူဟာ လှပတဲ့အမွေးအတောင်ကို ဖြန့်ကားပြီး သတ္တဝါတိုင်းကို ကြွားဝါနေခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကလာတဲ့ ဟိန်းဟောက်သံကို ကြားလိုက်တယ်။ တခြားသတ္တဝါငယ်လေးတွေလိုပဲ အမြင့်ကိုပျံဖို့၊ အမြင့်ကိုခုန်တက်ဖို့ သူကြိုးစားခဲ့ပေမယ့် လေးလံတဲ့ ခန္ဓာကိုယ်နဲ့အတောင်ကြောင့် အမြင့်ကိုသူမပျံနိုင်ခဲ့ဘူး။ သားရိုင်းတွေကလည်း နီးသထက်နီးလာခဲ့တယ်။ ရုန်းဆန်ရင်း ကယ်တင်ဖို့ အသံကုန်သူအော်ဟစ်ချိန်မှာ အိပ်မက်ဆိုးကနေ သူလန့်နိုးလာခဲ့တယ်။ အိပ်မက်ကနိုးလာပြီး သေးငယ်တဲ့ကိုယ့်ခန္ဓာကို စိတ်ပျက်လက်ပျက် သူကြည့်လိုက်မိပြန်တယ်။

ဒုတိယညမှာ စာကလေးဟာ သူ့ကိုယ်သူသိမ်းငှက်ဖြစ်သွားတယ်လို့ အိပ်မက်မက်ပြန်တယ်။ သူ့ရဲ့သန်မာတဲ့အတောင်ကို ဂုဏ်ယူစွင့်ကားပြီး ကောင်းကင်အမြင့်မှာ ပျံဝဲနေလိုက်တယ်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ အမြင့်ကကြည့်ရင် ပိုလှကြောင်း သူသတိထားလိုက်မိတယ်။ လှပတဲ့ရှုခင်းအကြောင်း တစ်ခြားသတ္တဝါလေးတွေကို ပြောပြဖို့ မြေပြင်ကို သူဆင်းခဲ့တယ်။ ဒါပေမယ့် သတ္တဝါလေးတွေက သိမ်းငှက်အသွင်နဲ့ သူ့ကိုမြင်တော့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်။ သူ့အနားမှာ စကားပြောဖော် တစ်ကောင်မှ ကျန်မနေခဲ့ဘူး။

အိပ်မက်ကနိုးလာတော့ စာကလေးဟာ သေးငယ်တဲ့၊ ဘာမှထူးခြားမှုမရှိတဲ့ သူ့ခန္ဓာကိုယ်ကို ညည်းတွားမနေတော့ဘူး။ လှပတဲ့အမွေးအတောင်နဲ့ ဒေါင်းဟာ သားရိုင်းတွေနဲ့ကြုံတဲ့အခါ မပြေးလွှားနိုင်ခဲ့ဘူး၊ အမြင့်ကို မပျံသန်းနိုင်ခဲ့ဘူး။ သန်မာပြီး သူ့ကိုယ်သူ အမြင့်ဆုံးပျံနိုင်တယ်ဆိုပြီး ဂုဏ်မောက်ခဲ့တဲ့ သိမ်းငှက်မှာလည်း ချစ်ခင်သူတွေမရှိခဲ့ဘူး။ ထူးခြားမှုမရှိတာလည်း တစ်မျိုးကောင်းတယ်၊ ရိုးစင်းနေလည်း ပျော်ရွှင်ဖို့ကအဓိက၊ ချစ်ခင်သူတွေပေါများဖို့ရာ အဓိကဆိုတာကို သူနားလည်လိုက်တယ်။

ပုံပြင်ထဲက စာကလေးလိုပဲ လူတချို့က နာမည်ကြီးသူ၊ ချမ်းသာကြွယ်ဝသူတွေကို အားကျကြတယ်။ ကိုယ်တိုင်လည်း ကြိုးစားနေပါရက်နဲ့ ဘာကြောင့်သူတို့လို မဖြစ်တာလဲလို့ စိတ်ပျက်အားငယ်တတ်ကြတယ်။ ချမ်းသာကြွယ်ဝတိုင်း၊ အောင်မြင်တိုင်း သူတို့ဘဝဟာ ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ လူတွေမသိကြတဲ့၊ မမြင်နိုင်တဲ့ အခက်အခဲ၊ ထုတ်ဖော်မပြောဝံ့ကြတဲ့ အခက်အခဲတွေလည်း သူတို့မှာရှိကြတယ်။ သူတို့ရဲ့ စိတ်ဖိအား၊ အဖက်ဖက်က ဖိစီးမှုတွေက ဘာမှမထူးခြားတဲ့ လူတွေထက် နှစ်ဆရှိနိုင်ပါတယ်။ ဘာမှမက်မောမှုမရှိတဲ့ ဘဝကမှ ဖိစီးမှုကင်းပြီး ပျော်ရွှင်ရတယ်။

“ဘာမှမထူးခြားဘူး၊ သာမန်ပဲ” ဆိုတာတွေဟာ ဘုရားသခင်ကကိုယ့်ကိုပေးတဲ့ မထည်ဝါတဲ့ အရာတွေဖြစ်ပေမယ့် တန်ဖိုးအရှိဆုံးဖြစ်တယ်။ ဘာမှထူးခြားမှုမရှိတဲ့ ကိုယ့်ကိုယ့်ကိုကြည့်ပြီး စိတ်ပျက်အားငယ်မနေကြပါနဲ့။

ပျံသန်းနိုင်တဲ့အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့
အိပ်မက်မက်နိုင်ချိန်မှာ အိပ်မက်တွေကို လက်မလွှတ်ပါနဲ့
ချစ်နိုင်တဲ့အချိန်မှာ အချစ်ကိုလက်မလွှတ်ပါနဲ့
ပျော်ရွှင်ခြင်းလာချိန်မှာ ပျော်ရွှင်ခြင်းတွေကို အမိအရဖမ်းဆုပ်လိုက်ပါ...

နိုင်းနိုင်းစနေ (Friday, June 06, 2008)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။