Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 19, 2014

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________

(၁၁) ပဲရစ်မြို့

အဲဒီနောက် နှစ်ပေါင်း၃ဝအတွင်း The Dukeနဲ့ Duchessတို့ဟာ ပဲရစ်မြို့မှာပဲနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ မိတ်ဆုံစားပွဲအမျိုးမျိုးပြုလုပ်ကျင်းပပြီး ကမ္ဘာအနှံ့ခရီးသွားခဲ့ပါတယ်။ ဒါပေမယ့် Buckinghamနန်းတော်ဆီ
ခြေဦးလုံးဝမလှည့်ခဲ့ပါဘူး။

၁၉၅၂ခုနှစ်မှာ ဘုရင်Georgeနတ်ရွာစံချိန်နဲ့ ၁၉၆၁ခုနှစ်မှာ မိဖုရားMary နတ်ရွာစံချိန်လောက်မှာပဲ Edwardဟာ ဝင်ဆာရဲတိုက်ဆီပြန်ပြီး ခဏတာနေခဲ့ပါတယ်။ Wallis ကတော့ ပြင်သစ်မှာပဲ နေခဲ့ပါတယ်။

“အဲတာက သူ့မိသားစုပါ.. ကျွန်မရဲ့မိသားစု မဟုတ်ဘူး”လို့ Wallis က ပြောခဲ့ပါတယ်။

အဲဒီနောက် ၁၉၆၆ခုနှစ်မှာ The Duke နဲ့ The Duchessတို့ဟာ လန်ဒန်ကမိတ်ဆုံစားပွဲလေးတစ်ခုမှာ ဘုရင်မ Elizabeth (Georgeဘုရင်ရဲ့ သမီးတော်) နဲ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ပေါင်း ၃ဝကြာခဲ့ပြီ၊ အတိတ်ကိုမေ့ပစ်ချိန်တန်ပါပြီ။ ဘုရင်မအယ်လီဇဘက်က Wallisရဲ့လက်မောင်းကိုထိပြီး Edward ဖက်လှည့်ပြောပါတယ်။

“Wallis အရမ်းလှတယ် ဦးရီတော်.. ဦးရီတော် သိပ်ကံကောင်းတယ်လို့ ကျွန်မထင်တယ်” 

“အဲဒီနေ့က အယ်လီဇဘက် ကျွန်တော့်တို့အပေါ် ကြင်နာဖော်ရွေလိုက်တာ၊ ဒါပေမယ့် မယ်တော်နဲ့ ညီတော်က ဘာဖြစ်လို့ ဒီလိုစကားမျိုး ကျွန်တော့်ကိုမပြောနိုင်ခဲ့တာလဲ” ” လို့ Edward က ရေးသားခဲ့ပါတယ်။

၁၉၆၉ခုနှစ်မှာ BBCရုပ်မြင်သံကြားအသံလွှင့်ဌာနက The Dukeနဲ့ The Duchessတို့ရဲ့ အိမ်ထောင်ရေးဘဝကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

“အရှင်တို့ စကားများကြလား”လို့ တစ်ယောက်ယောက်က သူတို့ကိုမေးခဲ့ပါတယ်။

“မများဘူး.. မများတတ်ဘူး။ ဒါပေမယ့် ကျွန်မခင်ပွန်းကို ကျွန်မမနှစ်သက်တာရှိတယ်။ သူက အမြဲနောက်ကျတယ်။ ဘုရင်မကို သွားရောက်ဂါရဝပြုဖို့ပဲဖြစ်ဖြစ်၊ သမ္မတကို သွားတွေ့ဖို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တွေကို သွားတွေ့ဖို့ပဲဖြစ်ဖြစ် သူဟာ အချိန်မတိကျဘူး။ ဘာဖြစ်မှန်း ကျွန်မ မသိဘူး။ သူ့ကို ကျွန်မပြောင်းလဲကြည့်သေးတယ်။ ဒါပေမယ့် မရခဲ့ဘူး” လို့ The Duchessက ပြန်ဖြေခဲ့ပါတယ်။

The Duke က ပြုံးပြီး သူ့လက်ကိုပုတ်လိုက်ပါတယ်။

“ကိုယ် အမြဲနောက်ကျတတ်မှန်း ကိုယ်သိတယ်။ ဒါပေမယ့် မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ မင်းထက် ကိုယ်မိနစ် ၂ဝစောပြီး ဘုရားကျောင်းကိုရောက်ခဲ့တယ်။ ကိုယ်အစောကြီးရောက်နေခဲ့တယ်။ မင်း နောက်ကျခဲ့တယ်” လို့ ပြောပါတယ်။

“ဟုတ်သားပဲ… ဒါတော့ မှန်တယ်”လို့ The Duchessက ပြောရင်း နှစ်ယောက်သား ရယ်မောခဲ့ကြတယ်။

“သူတို့ရဲ့မျက်လုံးထဲကနေ တကယ့်အချစ်စစ်ကို ခင်ဗျားတွေ့မြင်နိုင်ပါတယ်။ သူတို့ကို တီဗွီအစီအစဉ်မှာ တွေ့ဆုံမေးမြန်ချိန်မှာ သူတို့ဟာ သူတို့ကိုရိုက်ကူးတဲ့ကင်မရာကိုမေ့၊ သူတို့ကိုကြည့်ရှုနေကြတဲ့ ပရိသတ်သိန်းသန်းပေါင်းများစွာကိုမေ့ခဲ့ကြပြီး အချစ်ထဲပျော်ဝင်နေတဲ့ သူတို့နှစ်ဦးပဲရှိခဲ့ပါတယ်”လို့ သတင်းစာတစ်စောင်က အခုလိုရေးသားခဲ့ပါတယ်။

The Duchess က သူရဲ့လက်ဝတ်ရတနာနဲ့ နာမည်ကျော်ကြားသူဖြစ်ပါတယ်။

“ကျွန်မရဲ့ ခင်ပွန်းကလွဲပြီး ဒီလောကမှာ ကျွန်မအနှစ်သက်ဆုံးက လက်ဝတ်ရတနာတွေပဲဖြစ်တယ်”လို့ တစ်ခါက သူပြောခဲ့ပါတယ်။

The Dukeနဲ့၃၅နှစ်တိုင် ဘဝကိုအတူတကွဖြတ်သန်းပြီးနောက် သူ့မှာ ကမ္ဘာ့အရပ်ရပ်က လက်ဝတ်ရတနာတွေကို ရာကျော်စုမိခဲ့ပါတယ်။

“Wallis ထက်လှတဲ့ အမျိုးသမီးကို ကျွန်တော်မမြင်ခဲ့ဖူးဘူး၊ သူ့ကို လက်ဆောင်ပေးရတာ ကျွန်တော်နှစ်သက်တယ်။ သူက ကျွန်တော်ကို ပျော်ရွှင်ခြင်းတွေအများကြီး ပေးခဲ့တယ်။ သူ့ကို ကျွန်တော်လက်ဝတ်ရတနာတွေဝယ်ပေးတာဟာ သူ့ကို ကျေးဇူးတင်လို့ပါပဲ”လို့ Edward က ရေးသားခဲ့ပါတယ်။

၁၉၇၂ခုနှစ်မေလမှာ Edwardနာမကျန်းဖြစ်ခဲ့ပါတယ်။ ဆရာဝန်ရောက်လာပြီးတဲ့နောက် သူနဲ့နှလုံးခုန်ချက်ကို နားထောင်ပြီး “တစ်နေ့ကို စီးကရက်ဘယ်နှလိတ်သောက်ပါသလဲ.. ဆာ” လို့ မေးခဲ့တယ်။

“လေးငါးဆယ်လိတ် ရှိမယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော်ကို ဆေးလိပ်မဖြတ်ခိုင်းပါနဲ့။ ကျွန်တော်ဆေးလိတ်သောက်လာတာ နှစ်၆ဝရှိပါပြီ။ အခုချိန်မှာ ဖြတ်လို့မရတော့ပါဘူး”လို့ Edward က ပြန်ဖြေခဲ့ပါတယ်။

အဲဒီညမှာ Wallis ကို Edward အိပ်ခန်းထဲခေါ်ဝင်ပြီး “ကိုယ် မောလိုက်တာကွာ… ကိုယ်အရမ်းကြောက်မိတယ်။ မင်းကို ကိုယ်ချစ်တယ်။ မင်းနဲ့အတူနေရတာ ကိုယ်အရမ်းပျော်ရွှင်ခဲ့တယ်။ မင်းက ဇနီးကောင်းတစ်ဦးပါ။ ကိုယ်သေသွားတဲ့အခါ ကိုယ့်အလောင်းကို ဝင်ဆာပြန်ပို့ပေးပါ။ ကိုယ့်အတွက် ဒါကို မင်းလုပ်နိုင်မလား”

“ဟုတ်ကဲ့.. လုပ်နိုင်ပါတယ်” Wallis အဲဒီလိုပြောပြီးနောက် နှစ်ယောက်စလုံး ငိုကြွေးခဲ့ကြတယ်။

တစ်နာရီအကြာမှာ The Duke of Windsor ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အနားမှာ Wallis တစ်ချိန်လုံးရှိနေခဲ့ပါတယ်။

၃ရက်မြောက်တဲ့နေ့မှာ အပြာရောင်လေယာဉ်ပျံတစ်စီး ပဲရစ်မြို့ကို ရောက်လာခဲ့ပါတယ်။ Edward ရဲ့ရုပ်ကလာဘ်နဲ့အတူ အင်္ဂလန်ကို Wallisရောက်လာခဲ့ပါတယ်။ ဒါဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် Buckingham နန်းတော်ထဲဝင်ရောက်ခဲ့တာဖြစ်တယ်။

တစ်ပတ်ကြာပြီးတဲ့နောက် ပြင်သစ်ကို Wallisပြန်လာခဲ့ပါတယ်။ အဲဒီနောက် ၁၄နှစ်လုံးလုံး သူတစ်ယောက်တည်း ပဲရစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ သူ့ကိုယ်သူ မှောင်မိုက်တဲ့အိမ်ကြီးထဲမှာ ပိတ်လှောင်ပြီး ဘယ်မှလည်း မသွားခဲ့တော့ပါဘူး။

နေ့လယ်နေ့ခင်းရောက်တိုင်း ထမင်းစားခန်းထဲမှာထိုင်ပြီး Edwardရေးပေးခဲ့ဖူးတဲ့ချစ်သဝဏ်လွှာတွေကို သူဖတ်ခဲ့ပါတယ်။

“စာတွေက အရမ်းလှတယ်.. ကျွန်မ တစ်ကျော့ပြီးတစ်ကျော့ဖတ်ခဲ့ပါတယ်” လို့ သူပြောပါတယ်။

အဲဒီနောက် ၁၉၈၆ခုနှစ်မှာ Wallisနာမကျန်းဖြစ်ခဲ့တယ်။
နေအိမ်နဲ့မနီးမဝေးမှာရှိတဲ့ ဆေးရုံလေးတစ်ရုံမှာ သူတက်ရောက်ခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာပဲ သူကွယ်လွန်သွားခဲ့ပါတယ်။ 

“Edward မရှိတော့.. ကျွန်မရဲ့ဘဝလည်း အဓိပ္ပာယ်ကင်းမဲ့တယ်” လို့ သူရေးသားခဲ့ပါတယ်။

သူ့ကို အင်္ဂလန်ဝင်ဆာရဲတိုက်က ခင်ပွန်းရဲ့ဘေးမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့ပါတယ်။

“ဒါဟာ အရမ်းထူးဆန်းတဲ့အရာပဲ… သူတို့အသက်ရှင်စဉ်တုန်းက အင်္ဂလန်မှာမနေခဲ့ရဘူး။ သေသွားမှပဲ အဲဒီနေရာမှာ အတူတူနေရတော့တယ်”လို့ သတင်းစာတစ်စောင်က ရေးသားခဲ့ပါတယ်။

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 19. 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။