Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 29, 2014

လယ်ယာမြေသိမ်းကိစ္စ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ပြည်ခိုင်ဖြိုးအမတ်မင်း


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာသည့် ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်နာမည်အပြည့်အစုံက လယ်မြေ၊ ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုအပေါ် တောင်သူ များမနစ်နာရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်ပြီး ထိုအဖွဲ့ထဲတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇ဝ ပါဝင်သည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းခဲ့သမျှသော ကော်မရှင်၊ ကော်မတီတို့ထဲတွင် လူဦးရေ အများဆုံးဖြင့် ဖွဲ့ခဲ့သောစံချိန်တင်ကော်မရှင်တစ်ခုဖြစ်ပြီး၊ နစ်နာသူ မြေသိမ်း ခံရသူတို့အတွက် ဖြစ်သောကြောင့် ကော်မရှင်ကို တောင်သူအားလုံးက တစ်ခဲနက်ကြိုဆိုခဲ့ကြကာ နစ်နာမှုတို့ကို တင်ပြခဲ့ကြသည်။
သို့သော်လည်း ကော်မရှင်ထံတင်ပြမှုအား  ပြည်ထောင်စုအစိုးရအဖွဲ့၏ ဖြေရှင်းမှုကို တောင်သူတို့က မကျေမနပ်ဖြစ်နေကြသည်။ ကော်မရှင်ရှိနေပြီး လက်ရှိအချိန်အထိ   မြေပြန်ပေးဖို့ ဆန္ဒများပြနေကြရသည်။
ထိုသို့ဆိုလျှင် ကော်မရှင်က အလုပ်မလုပ်လို့လား။ အစိုးရအဖွဲ့ကအလုပ်မလုပ်လို့လားဆိုသောမေးခွန်းတို့က ထွက်လာနေသည်။ တောင်သူ ၇ဝ ရာခိုင်နှုန်းနှင့်ဖွဲ့ထားေ သာနိုင်ငံတွင်အစိုးရက နစ်နာတောင်သူအရေးကို မျက်ကွယ်ပြုနေလျှင် နိုင်ငံ၏ ရှေ့တိုးတက်မှုကို အဖြေထုတ်နိုင်သည်။
ထိုအဖြေကို ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ ပြည်ထောင်စုဝန်ကြီးအချို့ကို လွှတ်တော်ထဲ မာမာတင်းတင်း ပြောလေ့ရှိသူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးမင်းဆွေ (ဒိုက်ဦး)နှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။
သူတစ်ပါးက ပြောခြင်းထက် ကိုယ့်ပါတီမှ ကိုယ့်အစိုးရအဖွဲ့အား ပြန်ပြော ဝေဖန်သောမှတ်ချက်သည် တခြားက ထောက်ပြသည်ထက်ပို၍ အကောင်းဆုံးဖြစ်ပေလိမ့် မည်ဟုယူဆကာ ပြောကြားချက်ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
ယနေ့မြေသိမ်းခံတောင်သူတို့အတွက် ပြည်ထောင်စုလွှတ်တော်ကဖွဲ့ခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် လက်တွေ့အခြေအနေ ကွာဟနေမှုအပေါ် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမင်းဆွေ(ဒိုက်ဦး)နှင့် တွေ့ဆုံခြင်း
►ဖျက်သိမ်းရတော့ပေမယ့် လိုအပ်သေး တာကြောင့် ဆက်လက်ထားရှိထားတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများကြောင့် ပြည်သူများ နစ် နာမှု မရှိေ စရေး စုံစမ်းရေးကော်မရှင်ရဲ့ တင်ပြမှုအပေါ် ပြည်ထောင်စုအစိုးရအ ဖွဲ့အနေနဲ့ ဖြေရှင်းနေမှုကိုမှတ်ချက်ပြု ပေးပါဦး။
ကော်မရှင်ကို ၂ဝ၁၂ ခုနှစ် သြဂုတ် လမှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း အတည်ပြုပြီး တောင်သူတွေရဲ့ တိုင် ကြားစာပေါင်း ၂၆ဝဝဝ ကျော်ကို လက် ခံရရှိခဲ့တယ်။ တပ်မတော်တပ်ရင်းတွေရဲ့ လိုအပ်ချက်အရဆိုပြီး သိမ်းထားတာ တွေ၊ မြို့ပြနဲ့ စက်မှုဇုန်၊ နိုင်ငံတော် စီမံ ကိန်း၊ စိုက်ပျိုးမွေးမြူရေး၊ ရထားလမ်း၊ ကားလမ်းစတာတွေတည်ေ ဆာက်ဖို့၊ နိုင်ငံ တော်နဲ့ကုမ္ပဏီတွေက သိမ်းထားတာတွေ စသဖြင့် စေ့စေ့စပ်စပ်လုပ်ကြပါတယ်။ အကြံပြုချက်တွေကတော့ လိုအပ်သ လောက်ပဲသိမ်းပါ၊ သိမ်းရင်လည်း   လျော် ကြေးပေးပါ။ မလုပ်ရင် ပြန်ပေးပါဆိုတဲ့ မှတ်ချက်နဲ့ပါ။ ဒါကို နိုင်ငံတော်သမ္မတ အဖွဲ့က ဖြေရှင်းဆောင်ရွက်တယ်။ ရှင်း ရှင်းပြောရင် နှေးတယ်။
ကျွန်တော်တို့က နှေးတယ်လို့ဝေဖန်တော့ ဒုတိယသမ္မတ ၂ ခေါင်းဆောင်တဲ့အဖွဲ့ကို သမ္မတက ထပ်ဖွဲ့ပေးတယ်။ ဆက်ပြီး နှေးနေသေး ပြန်တယ်။ ဒီအတိုင်းပဲဖြစ်နေတာ ပဲလေ။
►ပြည်ထောင်စုလွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက  ကော်မရှင်ဘက် ကတော့ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများတို့ရဲ့ တိုင်ကြားစာတွေ ကိုစုံစမ်း စစ်ဆေးခြင်းဆိုတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ပြီးစီးပြီ ဖြစ်တယ်လို့ ပြောခဲ့ တယ်။ အဲဒီလို ပြောရာမှာလည်းအစိုးရ အဖွဲ့က အောက်ခြေအဆင့်တွင် ထိ ရောက်စွာ မဖြေရှင်းေ ပးနိုင်ဘူးဆိုပြီး ထည့်ပြောခဲ့သေးတယ်နော်။ ဒါတောင်မှ ဒါက အခုအချိန်အထိ ဖြစ်နေတုန်းပဲ လား။
ကျွန်တော့်အဖြေက အခုအချိန်ကို ဖြေပေးနေတာပါ။ အရင်ကနဲ့အခု အတူ တူပဲလို့ပြောရင် ရပါတယ်။
►အဖွဲ့ ၁၁ ဖွဲ့ လူ ၇ဝ နဲ့ ဆောင်ရွက်နိုင်ခဲ့ တာတောင် အစိုးရက ဘာလို့ ပြီးပြတ် အောင် မလုပ်နိုင်တာလဲ။ သုံးသပ်ပေး ပါဦး။
သမ္မတကြီးက ၂ဝ၁၄ ဖေဖော်ဝါ ရီလထဲမှာ ပြည်ထောင်စုလွှတ်တော်ကို ဒါနဲ့ ပတ်သက်ပြီး သဝဏ်လွှာပေးပို့ ထားတာရှိတယ်။ မြို့နယ်တွေမှာ လွှတ် တော်ကိုယ်စား လှယ်တွေက ပူးပေါင်းပါ ဝင်ပြီးဆောင်ရွက်ရင် ပိုပြီးအောင်မြင် မယ်လို့ဆိုပြီးတော့ပါ။ ဒါပေမဲ့ သဝဏ် လွှာကစာသာရှိပြီး အစိုးရပိုင်းက မလုပ် တော့ ပြီးပြတ်မှုက ကြန့်ကြာေ နတယ်လို့ သုံးသပ်လို့ရပါတယ်။ အောက်ခြေ အာ ဏာပိုင်တွေက ကိုယ်စားလှယ်တွေကို မဖိတ်ကြားတော့ အောက်ခြေက ဘာ တွေလုပ်နေမှန်းမသိ၊ အပြန်အလှန် ပူး
ပေါင်းဆောင်ရွက်မှုအားနည်းတော့ ဒီလို တွေ ဖြစ်နေတော့တာပါပဲ။
►တပ်မတော်၊ အစိုးရ၊ ကုမ္ပဏီနဲ့ အခြား ဒီလိုတွေရဲ့ ဖြေရှင်းမှုတွေထဲမှာ ဘယ် အပိုင်းတွေက အနှေးဆုံး ဖြစ်နေတာ ကို တွေ့နေရလဲ။
စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် တောင်သူတွေ အသိမ်းခံထားရတဲ့အပိုင်း မှာ အနှေးဆုံးဖြစ်နေတာကို တွေ့ရပါ တယ်။ ဒုတိယလိုက်တာက တပ်သိမ်း မြေတွေပေါ့ဗျာ။ ကျန်တာတွေကတော့ အစဉ်လိုက်ပါပဲ။ ကုမ္ပဏီဘက်ကို ပြော ရရင် ပြန်မပေးချင်ဘူး၊၊ရသလောက် ညစ်ထားတယ်။  လိုက်နာမှုမရှိဘူး၊ လိုက်မလုပ်ဘူး၊ ဥပဒေအရကို ကျွန် တော်ပြောတာနော်။ ဟုတ်ပြီ၊ သူတို့တွေ မလိုက်နာဘူး၊ လိုက်နာအောင်လည်း သက်ဆိုင်ရာဝန်ကြီးချုပ်တွေကလည်း မပြောဘူး၊ မလုပ်ဘူး။ ပဲခူးတိုင်းဒေသ ကြီးမှာကို တွေ့နေရတယ်။
ဒါကို အ လွတ်ပြောတာမဟုတ်ဘူး။ ကော်မရှင်က ကုမ္ပဏီ-အစိုးရအပိုင်းကို လွှတ်တော်မှာ အစီရင်ခံစာနဲ့ တင်သွင်းမှာ။ နောက် တပ်မတော်။ မြေယာတွေကို စွန့်လွှတ်   ကြောင်း ကြေညာတယ်။ ဒီမြေတွေက ပြည်ထဲရေးဝန်ကြီးဌာန လက်ထဲရောက် တယ်။ ပြန်ပေးနေပြီလား။ တကယ့်လက် တွေ့မှာ တောင်သူတွေ ဘာပြောနေလဲ ။မေးကြည့်သိတာပဲ။
►လွှတ်တော်ထဲမှာ ပြည်ထောင်စုအစိုးရ အဖွဲ့က သိမ်းဆည်းလယ်ယာကိစ္စနဲ့ပတ် သက်ပြီး သူတို့ရဲ့ဖြေရှင်းပေးမှုတွေကို လာရှင်းပြတိုင်း လွှတ်တော်ထဲက ကိုယ်စား လှယ်တွေကြားထဲမှာ တော်တော်ဆူ ညံသွားတယ်။ အထူးသဖြင့် တိုင်းရင်းသားအမတ်တွေနဲ့NLDအမတ်တွေပဲ။ ဒါပေမဲ့ ထူးတာက ပြည်ခိုင်ဖြိုးအမတ် တွေတောင် မကျေမနပ်နဲ့ ထပြောတာ တွေရှိနေတော့။ ဘာကြောင့်လဲဗျ။
စာရင်းတွေ ကွာဟနေလို့ပဲဗျို့။  အောက်က လိမ်တင်တာကို အဟုတ် မှတ်ပြီး လာတင်တော့ ပွဲဆူကုန်တာပေါ့။ ဒါက အစိုးရယန္တရားရဲ့ လက်တွေ့အခြေ အနေတစ်ခုပဲ။ လွှတ်တော်ကိုယ်စား လှယ်တွေဆိုတာက ကိုယ့်နယ်က ပြည် သူတွေအကြောင်းသူတို့ထက် ပိုသိတာ ပေါ့ဗျာ။ ပွဲဆူတယ်ဆိုတာက မြေပြင် အခြေအနေနဲ့ ကွာဟနေလို့ ပေါ့ဗျာ။
►ကိုယ့်ပါတီကနေ အစိုးရ အကြီးအကဲ ဖြစ်သွားကြတာကို ဘာလို့ ဒီလောက်အ ထိပြောရတာလဲ။ ခု အကြီးအကဲဖြစ်နေ သူတွေက သူတို့ရဲ့အောက်ခြေကိုမ ထိန်း နိုင်ကြ ဘူးလား။
ဗျူရိုကရေစီ ယန္တရားရဲ့ရုံးလုပ်ငန်း စနစ်မှာ အတွင်းဝန်က ထိန်းပြီးလုပ် တယ်။ နောက်ပိုင်းမှာ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနကဝင်လာတော့ အရင် နဲ့ ခါးဆက်ပြတ် သွားရော။ ဥပမာပြော ရရင် မြို့နယ်၊ ခရိုင်မှာလည်း သူတို့တွေ က အုပ်ချုပ်ရေးကို ကိုင်တယ်။ သူ့ အောက်မှာမှ ကျန်တာတွေရှိတာလေ။  တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရ အဖွဲ့ ထဲမှာတောင် သူတို့တွေက အခုဆိုရင် အတွင်းရေးမှူးနေရာကို ယူထားနိုင် တယ်။ ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်မှာဆိုတော့ ရွေးချယ်ခံစရာမလို ဘူး။
သူတို့ကြောက်တာက အထက်လူ ကြီးပဲ။ သူတို့တွေပဲ ဖြုတ်နိုင်တာကိုးဗျ။ ဒါကြောင့် သူတို့အထက်လူကြီးကလွဲပြီး ကျန်တာဂရုမစိုက်ဘူး။ လူကြီးဆိုတာ တွေက အဆင့် ဆင့်ရှိတော့ အကြီးအကဲ ဆိုသူတွေကလည်း မနိုင်ဘူး ဖြစ်နေတာ ပေါ့ဗျာ။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ကတောင် ပြောင်းလဲကြဖို့ဆိုပြီး ပြော ပြောနေရတုန်းပဲလေ။
►၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၁ ပြဋ္ဌာန်းချက်အရဆိုရင် ပြည် ထောင်စုလွှတ်တော်က ပြည်ထောင်စု အစိုးရအဖွဲ့ကို အခါအားလျော်စွာ လို အပ်ရင်ညွှန်ကြားနိုင် တယ်။ ဒါကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့က  လိုက်နာ ရမယ်။ ဒီလိုတွေ ပြဋ္ဌာန်းထားတာတွေ ရှိပေမယ့်လိုက်မလုပ်ဘူးဆိုရင် ဒါအခြေ ခံဥပဒေကိုချိုးဖောက်တာပဲ။ အခု အစိုး ရက ဒီလိုချိုးဖောက်နေပုံပေါက်နေလား။
တိုက်တွန်းကြောင်း အဆိုတွေကို လွှတ်တော်က ပြည်ထောင်စုအဖွဲ့ကို ပေးပို့တိုင်း အစိုးရက ဆောင်ရွက်သလို ဆောင်ရွက်ပြီးတိုင်းလည်း လွှတ်တော် က ပြီးစီးကြောင်း ကို အမြဲတင်ပြပါတယ်။ ဒီလိုတွေကြောင့် ဖောက်ဖျက်တယ်လို့ ပြောလို့မရပါဘူး။ ခုလယ်ယာကိစ္စက မလုပ်တာမဟုတ်ဘူး။ နှောင့်နှေးနေ တာ။ ဥပမာ ထပ်ပြောမယ်။ လာဘ်ပေး လာဘ်ယူကိစ္စ။ သမ္မတက နှိမ်နင်းတယ်။ အဖွဲ့ဖွဲ့ပြီးတော့ကို လုပ်တာ။ ရလား။ မနိုင်သေးဘူးလေ။ ကျွန်တော် ပြောမယ် နော်။ ဖဆပလ အစိုးရကိုတော့ ကျွန် တော်မမီဘူး။ တော်လှန်ရေးကောင်စီ ကနေ စမီတယ်ဗျာ။ အစိုးရ အဆက် ဆက် နာမည်ပျက်ရတာ အောက်ခြေ ကြောင့်ဗျ။ အထက်က လိုက်ပြောင်း၊ သူတို့တွေက လိုက်မပြောင်း ကန့်လန့် တွေလုပ်။ သမ္မတနဲ့ ဝန်ကြီးတွေက ဒီ လောက်ပဲလုပ်နိုင်မယ်။ တကယ့်တကယ် လူထုနဲ့ထိတွေ့ရတာက   အောက်ခြေ တွေကဗျ။ ဒီကိစ္စနှော င့်နှေးတာ မြို့နယ် ထွေအုပ်၊ မြေစာရင်း ဒါတွေကြောင့်ပဲ။ ဒါတွေကိုသာ သေသေချာချာ ဖိနိုင်ရင် ၇၅ ရာခိုင်နှုန်းအောင်မြင်ပြီသာ မှတ်ပေ တော့။
►ပြီးခဲ့တဲ့နှစ်က လယ်/ဆည်ဝန်ကြီး ဦးမြင့် လှိုင်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ က မြေစာရင်းဌာန အကြီးအကဲတွေကို လယ်ယာမှတ်ပုံတင်ကတ် ထုတ်ပေးတာ ကြန့်ကြာတယ်ဆိုပြီး နေပြည်တော်ကို ခေါ်သတိပေး။ ဒါတွေ လုပ်ခဲ့တာတွေ့ရ တယ်။ ဒါပေမဲ့ သိမ်းဆည်းခံတွေကိစ္စကို တော့ ဝန်ကြီးက သူ့လူတွေ သူမနိုင်ပုံ ပေါက်နေ တယ်လို့ မထင်ဘူးလား။
ဒါတော့ ကျွန်တော်မပြောချင်ဘူး။
►ကော်မရှင်ကို ခုဆိုတောင်သူတွေအပြင် လွှတ်တော်အမတ်အချို့ကတောင် အ ပြစ်ပြောနေပြီ။ ဘာမှလည်း ထိထိ ရောက်ရောက် မလုပ်ပေးနိုင်ဘူးဆိုပြီး။ နောက်ပြီး ဆန္ဒပြတာတွေကလည်းဆက် တိုက်ဖြစ်နေတယ်။ဘာ ပြောလိုပါသလဲ။
ဆန္ဒပြတိုင်းလည်း တကယ်မဟုတ် ဘူး။ အချို့ဟာတွေက ဘေးက တိုက် တွန်းချက်တွေပါတယ်။ အစိုးရပိုင်းက နှောင့်နှေးအောင် လုပ်ကြတယ်ဆိုရာမှာ အကုန်လုံး မဟုတ်ဘူး။ မြန်မြန်ဆောင် ရွက်တဲ့ မြို့နယ်တွေ၊ မြေစာရင်းတွေ လည်း ရှိပါသေးတယ်။အချို့ကိစ္စတွေမှာ က ရှုပ်ထွေးတယ်။ တစ်ခါတလေဆိုရင် တိုင်တာက မမှန်တာေ တွ့ရတယ်။ ကြား က မြှောက်ပေးတာကို လိုက်လုပ်တာ တွေလေ။ ဒါတွေလည်း ရှိတယ်ဗျ။ ဒီ တော့ အောက်ခြေကရှင်းရတာ ရှုပ်လာ ရော။ တစ်ခါ ပြည်မှာဗျာ။ လူတစ်   ယောက်ဆန္ဒပြတယ်။
အစိုးရကမြေတွေ သိမ်းပြီး ပြန်မပေးဘူးဆိုပြီးတော့။ ဟုတ် ပြီ၊ ကျွန်တော်ကတွေ့တော့ သွားမေး တယ်။ နစ်နာတယ်ဆိုရင် စာတင်ဗျာ။ ကျွန်တော်ကူညီပေးမယ်။ စာရွက်စာ တမ်းတွေယူလာလို့ ပြောတော့။ ကျွန် တော်က လယ်သမားမဟုတ်ဘူးတဲ့။ ဆိုက်ကားနင်းတဲ့သူပါလို့ပြောတယ်။ မခက်ဘူးလားဗျာ။ အသိမ်းခံရတဲ့သူ၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ် ဒါ တွေနဲ့ မျက်နှာစုံ ရှင်းလိုက်ရင်လည်း ပြီး တာပဲကို မဆိုင်သူတွေကြောင့် ပြဿနာ ဖြစ် ကြန့်ကြာသွားတာတွေလည်း ရှိပါ တယ်။ နောက်တစ်ခုက ကျွန်တော်တို့က ၈၈ နောက်ပိုင်း စစ်ရတာ တချို့ကျတော့ ဟိုးဘက်ခေတ်က ကိစ္စတွေဆိုတော့ ပိုခက်သွားပြန်ရော။ ဒါကိုမကျေနပ် ဆန္ဒပြ၊ ဒါနဲ့  မပြီးတော့ဘူး ဖြစ်နေတယ်။ ဒါက အောက်ခြေမှာတွေ့နေရတဲ့အခက် အခဲတွေပဲ။ ဥပဒေပြင်ပကနေ ရှင်း တော့ ပြဿနာတွေ ရှုပ်ကုန်ပါတယ်။ ကြားကမြှောက်ပေးသူတွေ ရှိနေတော့ တောင်သူတွေ ပဲ ထောင်ထဲရောက်နဲ့ ဒုက္ခများကြရပါတယ်။ နိုင်ငံသားအချင်း ချင်းပဲဗျာ။ ဝိုင်းဝန်းအဖြေရှာရင် ရပါ တယ်။
►ဝိုင်းပြီးအဖြေရှာဖို့ ဘာလိုမယ်လို့ထင်လဲ။
မြေယာပြဿနာတွေ ဖြေရှင်းရာ မှာ အားလုံးပူးပေါင်းရမယ်။ အုပ်ချုပ် ရေးဘက်က တစ်ဦးတည်း လုပ်နေလို့ မရဘူး။ ကိုယ်စားလှယ်က အုပ်ချုပ်ရေး ကို စောင့်ကြည့်မယ်။ ဒီအခါမှာ သူတို့ တွေ အမှားမလုပ်ရဲတော့ဘူး။ နောက် ပြောချင်တာက သမ္မတက လွှတ်တော်ကိုယ်စားလှယ်တွေပါဖို့ကို စာထုတ်ပေး သင့်တယ်။ အပြောထက် စာက ပို ကောင်းတယ်။ လွှတ်တော်ကို ပြောနေ ရုံနဲ့ မပြီးဘူး။
►ကော်မရှင်အနေနဲ့ ရှေ့ ဘာဆက်လုပ် သွားမလဲ။
နစ်နာတောင်သူတွေအတွက် ရပ် တည်ပေးသွားမယ်။ တစ်ခုသိစေချင် တာက မဏ္ဍိုင်သုံးရပ်က အပြန်အလှန် ထိန်းကျောင်းလို့သာ ရပြီး ဝင်စွက်ဖက် လို့မရပါဘူး။ လွှတ်တော်၊ အစိုးရ၊ တရား စီရင်ရေး ဒါတွေက သူ့အလုပ်သူ လုပ်ရ ပါတယ်။ မှားနေရင် ထောက်ပြပါတယ်။ မလုပ်ရင် တိုက်တွန်းပေးပါတယ်။ ဒါ တွေထက်ကျော်ပြီး မလုပ်ပေးနိုင်တာကို တော့ သိစေချင်ပါတယ်။
ကျေးဇူး တင်ပါတယ်။
မင်းသုအောင်ေ တွ့ ဆုံေ မး မြ န်း သ ည်
popularmyanma

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။