Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 19, 2014

လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ


လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ
*~*~*~*~*~*~*~*~*~*~*~*

၁။ အချို့က ကြိုးစားတယ်။ သူများ တစ်ရက် ၈ နာရီ လုပ်ရင် သူက ၁၆ နာရီ လုပ်ချင်လုပ်တတ်တယ်။ ဒါပေမယ့် ငွေကြေး ကြွယ်ဝချမ်းသာတဲ့ အနေအထား တစ်ခုကို မရောက်ဘူး။ ယင်းဟာ ဥာဏ်အထောက်အပံ့ လိုနေသေးလို့ ဖြစ်ပါလိမ့်မယ်။ အလုပ်ဆိုတာ ကြိုးစားတိုင်းလည်း မရပါဘူး။ ဥာဏ်ကိုလွှာပြီးသုံးဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ ရာထူးတစ်ခုမှာပဲ ပေးအပ်တဲ့တာဝန်သာ ကြေအောင် လုပ်နေတာထက် ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်နိုင်တဲ့ အရည်အချင်းတွေသာ ထုတ်ပြနိုင်မယ်ဆိုရင် ဒါဟာ ဥာဏ်ရဲ့ ထောက်ပံ့မှု ဖြစ်ပါတယ်။

၂။ အချို့က ဥာဏ်ကောင်းတယ်။ ဒီခေတ်စကားအရဆိုရင် ဂျီးနယက်စ် ဆိုပြီးတော့ ခေါ်ကြတယ်။ နောက်ကျမှအိပ်ချင်အိပ်မယ်။ စောစောအိပ်ချင်အိပ်တယ်။ ရုံးကို သွားချင်မှလည်း သွားတယ်။ အလုပ်ကိုလည်း လုပ်ချင်မှလည်း လုပ်တယ်။ ဒါပေမယ့် သူ့ရဲ့ ဥဏ်ပညာ ထက်မြတ်မှုက သိသာနေတော့ လူတွေ သတိထားမိတယ်။ ဒါပေမယ့် သူလည်း အဲ့ဒီ အခြေအနေ ကနေ နောက်တစ်ဆင့်ကို မရောက်ဘူး။ ဟုတ်ကဲ့။ ကြိုးစားချင်စိတ်။ ဝီရိယ အားနည်းနေသူ ဖြစ်ပါတယ်။ ဥာဏ်ဘယ်လောက် ကောင်းကောင်း ဝီရိယ မရှိရင် မကြီးပွားပါဘူး။

၃။ အချို့က ဥာဏ်လည်း မကောင်းဘူး၊ ကြိုးလည်းမကြိုးစားဘူး။ ဒါပေမယ့် စည်းစိမ်ဟာ သာမန် လူတွေထက်ပိုပြီး ချမ်းသာလို့ နေတတ်ပါတယ်။ ကိုယ်တိုင် ကံကောင်းလို့သည် ဖြစ်စေ၊ မိဘ အမွေခံပင် ဖြစ်စေ ချမ်းသာနေတတ်ပြီး ဒါဟာ အတိတ်ဘဝက ပြုခဲ့သော ကောင်းမှု ကုသိုလ်ကံများက ထောက်ပံ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ဘဝမှာပဲ ကုန်အောင် သုံးမသွား ပါဘူး။ ဆွေမျိုး ၇ ဆက်အတွက် စားလို့လောက်နေရင်တောင် ပိုနေတာကို သင်ဘာလုပ်မှာလဲ။ ရလေ လိုလေ၊ ထပ်၍ မရရအောင် မသမာနည်းနဲ့ ရှာနေလဲ ကံထောက်ပံ့မှု ရှိနေသေးလျှင် ကြိမ်းသေ ဆက်၍ ရပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ ဘဝစဉ်ဆက် ရှာထားသည်များကို တစ်ဘဝတည်းတွင် ကုန်အောင် သုံးနေခြင်း သဘောပါပဲ။ နောင်အနာဂတ် အတွက် မကောင်းပါဘူး။ ရှိသည်များကို ဒါနပြုခြင်းနှင့် ပညာဖြင့် လွှာ၍ သုံးရန် လိုအပ်သည်။ ဥပမာ ဥာဏ်ရင့်သန်ရန် ပညာဒါန ပြုခြင်း၊ ဝီရိယ အတွက် ကိုယ်တိုင် လုပ်ယူ ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။

၎။ အချို့က ဥာဏ်လည်း ကောင်းတယ်။ ကြိုးလည်း ကြိုးစားတယ်။ ဒါပေမယ့် ပူပင်ကြောင့်ကြစရာ မရှိဘူး ဆိုတဲ့ အနေအထား တစ်ခုကို သူမရောက်နိုင်ဘူး။ တစ်ခါတစ်လေ ဆိုရင်တောင် ဆင်းရဲ နေတတ်ပါသေးတယ်။ ဒါဟာ ကံ အကျိုး မပေးသေးလို့ ဖြစ်ပါတယ်။ ရှေးဘဝ ပြုခဲ့တဲ့ ဒါန နည်း၍လည်း ဖြစ်တတ်ပါတယ်။ နောင်ဘဝ ယခုလို မဖြစ်အောင် ယခုတွင်ပင် ရှိသလောက် လှူနိုင်ရန် ကြိုးစားပါ။ ပါရမီ ဖြည့်သွားပါ။

၅။ အချို့က ဥာဏ်ကောင်းတယ်။ ဝီရိယ ကောင်းတယ်။ ကံကလည်း ထောက်ပံ့တယ်။ ချမ်းသာပါတယ်။ ဒါဟာ ဘဝမှာ တကယ် ပြည့်စုံတဲ့ လူသား တစ်ယောက်ပါပဲ။ ဘဝကို အကျိုးရှိရှိ အသုံးချပါ။ တစ်ဘဝစာ အကုန်မသုံး လိုက်ပါနှင့်။ နိဗ္ဗာန်မရောက်ခင် ဘဝဆက်ကြား ပါရမီ ဆက်တိုက် ဖြည့်သွားပါ။

မှတ်သားရန် - ကံဆိုတာ ယုံကြည်ဖို့ (အားကိုးရန် မဟုတ်ပါ၊ အပြစ်တင်ရန် မဟုတ်ပါ၊ စောင့်ဆိုင်းရန် မဟုတ်ပါ။)၊ ဥာဏ်ဆိုတာ အသုံးချဖို့၊ ဝီရိယ ဆိုတာ ဆိုက်ထုတ်ဖို့ ဖြစ်ပါတယ်။

ဆင်းရဲတယ်လို့ ဆိုတဲ့နေရာမှာ ခန္ဓာကိုယ် ပူပင် ဆင်းရဲမှုထက် စိတ်ပူပင်ဆင်းရဲမှုက လူတွေကိုပိုလို့ ဆင်းရဲနေစေခြင်း ဖြစ်ပါတယ်။ တစ်နေ့သုံးနှပ် စားရန်လောက်ပြီး၊ ကျောခင်း၊ အိပ်စရာ ရှိသ၍၊ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်မှု မများသေးသ၍ သင်ဟာ မဆင်းရဲ ပါဘူး။ ငွေပုံကြီးပေါ် ထိုင်လို့ စိတ်သောက ဝေဒနာများကြောင့် ဆင်းရဲနေသူများကို သင်လွယ် တကူ မြင်တွေ့ နိုင်ပါ တယ်။ ခန္ဓာက ပင်ပန်းဆင်းရဲရသည့်ကြားထဲ ယင်း ဆင်းရဲအတွက် စိတ်ပါ လိုက်လံ ပူပင်သောကရောက်လျှင် စိတ်ရော၊ ကိုယ်ပါ ဆင်းရဲမှုကြောင့် နှစ်ခါနာ၍ ပိုလို့ ဆင်းရဲရသည်။ လောဘ၊ ဒေါသ များပြီး အမှန်မမြင်နိုင်သည့် မောဟစိတ် ဖုံးလွမ်းခံနေရသူဟာ စင်စစ် ဆင်းရဲသူ ဖြစ်သည်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။