သူခိုးကြီးတစုကြီးစိုးရာ အမွေခံနိုင်ငံရေးဓလေ့
ဆောင်းပါးရှင် - ငြိမ်းချမ်းအေး
အရှေ့ယဉ်ကျေးမှုမှာ မင်းဘယ်သူလဲ ဆိုတာထက် မင်းအဖေ ဘယ်သူလဲက ပိုအရေးပါတယ်လို့ ဆိုလေ့ရှိကြတယ်။ လူမှုဓလေ့ထုံးအရ မိသားစုနောက်ခံဟာ လူ့အသိုင်းအ ၀န်းက လူမှုစီးပွားရေးရာများမှာ သက်ရောက် တာကြောင့်ပါ။ ဒီသဘောဟာ နိုင်ငံရေးဓ လေ့ကိုပါ လာထိတယ်။ ဒါကြောင့် ရှေးသက်ဦး ဆံပိုင်ပဒေသရာဇ်စနစ်မှာ ကျင့်သုံးခဲ့ တဲ့ သားစဉ်မြေးဆက် နန်းမွေလွှဲ “Hereditary Monarchy”စနစ်လိုပဲ နိုင်ငံရေးအာ ဏာကို မိသားစုဝင်အစဉ်အဆက် လွှဲပြောင်း ရယူနေနိုင်မှုဟာ မျက်မှောက်ခေတ်မှာလည်း အာရှရဲ့ အာဏာရှင်၊ ဒီမိုကရေစီနိုင်ငံစနစ် နှစ်မျိုးစလုံးမှာ တိုက်ရိုက် သို့မဟုတ် သွယ် ၀ိုက်တွေ့နိုင်တယ်။
အာဏာရှင်စနစ်မှာတော့ အာဏာနဲ့ တိုက်ရိုက်လွှဲတယ်။ ရွေးကောက်ပွဲတွေ၊ နိုင် ငံရေးပါတီတွေ၊ လွှတ်တော်တွေရှိတဲ့ ပါလီ မန် ဒီမိုကရေစီစနစ်မှာကျ မျိုးရိုးစဉ်ဆက် တည်လာခဲ့တဲ့ သြဇာ၊ အာဏာ၊ ဓနအင် အားကို အသုံးချသွယ်ဝိုက်တဲ့နည်းနဲ့ အုပ် ချုပ်ရေး၊ နိုင်ငံရေးမှာ အမြဲလွှမ်းမိုးနေနိုင် တယ်။
မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဘင်္ဂ လားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တရုတ်၊ ဂျပန် အစရှိတဲ့ မတူညီတဲ့ နိုင်ငံရေး စနစ်တွေကျင့်သုံးတဲ့ အာရှနိုင်ငံများမှာ တူညီတဲ့ အမွေခံမင်းဆက် နိုင်ငံရေး “Political Dynasty” ဓလေ့ တည်ရှိတယ်။ အာဏာကို အမြဲလိုလိုဆုပ်ကိုင်ထားနိုင်စွမ်းသူများဟာ အစဉ်လာရှိခဲ့တဲ့ သြဇာရှိမိသားစု ၀င်နဲ့ ဆက်စပ်သူ လူတစုသာများတယ်။
မြောက်ကိုရီးယားမှာ အာဏာရှင်စနစ် ဖြစ်လို့ ကင်အီဆွန်းမျိုးဆက်တွေ အာဏာ ကို အဆက်ဆက်ချုပ်ကိုင်ထားနိုင်တာပေါ့ လို့ဆိုရင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ကြီးဖြစ်တဲ့ အိန္ဒိယမှာလည်း ဘာထူးသလဲ နေရူးမျိုးဆက်ကပဲ နှစ်ပေါင်း ၆၀ အုပ်ချုပ် ခဲ့တာမဟုတ်လား ပြန်ဆိုနိုင်ပါမယ်။ (စကား ချပ် - အခုနောက်ဆုံး ရွေးကောက်ပွဲမှာတော့ ကမ္ဘာအရပ်ရပ်မှာ အမျိုးသားရေးဝါဒ ပြန် လည်ဦးမော့လာချိန်ဖြစ်တာရယ် ၊ တိုးတက် သင့်သလောက် မတိုးတက်ဘဲဖြစ်နေတဲ့ လူမှုစီးပွား အခြေအနေနဲ့ နိုင်ငံရေးအာဏာ ကို အမွေခံမင်းဆက်ကချည်း အမြဲဆုပ်ကိုင် ထားခြင်းကို အိန္ဒိယမျိုးဆက်သစ်က စိတ် ကုန်နေတာရယ်ကြောင့် နေရူးမျိုးဆက်ဟာ အစဉ်အလာအတိုင်း အာဏာအမွေမခံနိုင် တော့ပါဘူး။)
စင်္ကာပူမှာ လီကွမ်းယူ၊ လီရှန်လွန်း၊ လီ မျိုးဆက်နဲ့ သူတို့စိတ်ကြိုက် ရွေးချယ်ထားသူ များသာ တိုင်းပြည်ထူထောင်စဉ်ကစလို့ လက်ရှိတိုင် အာဏာကိုချုပ်ကိုင်ထားတယ်။ အလားတူပဲ ပါကစ္စတန်မှာ ဘူတိုများ၊ ဇာဒါ ယီများ၊ ရှရစ်ဖ်များ၊ ဖိလစ်ပိုင်မှာ အကွီနိုများ၊ မားကိုးစ်များ ကြီးစိုးခဲ့တယ်။ ဘင်္ဂလာဒေ့ရှ်မှာ ရှိတ်ခ်ဟာစီနာ (တိုင်းပြည်တည်ထောင်သူ။ ပထမဆုံးသမ္မတရဲ့ သမီးကြီး)နဲ့ ခါလီဒါဇိုင် ယာ (လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ဗိုလ်ချုပ်။ သမ္မတဟောင်းရဲ့ဇနီး) အမျိုးသမီးနှစ်ဦးပဲ သြဇာရှိ နိုင်ငံရေးအာဏာစိုးမိုးနေတာ ဆယ် စုနှစ်တွေချီနေပြီ။
ပပလွှားလွှား နေလေ့မရှိဘူးလို့ နာမည် ကျော်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကိုအိဇုမိ ဆို ဘိုးဘေးထဲက နိုင်ငံရေးသြဇာရှိလာခဲ့တဲ့ မိသားစုက လာသူပါ။ လက်ရှိ ဂျပန်ဝန်ကြီး ချုပ် ရှင်ဆိုအာဘေးလည်း အဖေ၊ အမေ နှစ်ဖက်စလုံး သြဇာကြီးနိုင်ငံရေးမိသားစု မျိုး ရိုးပါပဲ။
ကွန်မြူနစ် တရုတ်ပြည်ရဲ့ နိုင်ငံရေးမှာ လည်း လက်ဝဲတော်လှန်ရေး ဦးဆောင်ခဲ့သူ ပါတီလူကြီးများရဲ့ သားသမီးများသာ နေရာ ကောင်းရတာ များတယ်။ မနှစ်က အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရုံး တင်ခံရတဲ့ပါတီ ပေါ်လစ်ဗျူရို ထိပ်သီးဘိုဇီ လိုင်ဟာ ရာသန်ပန် ပါတီခေါင်းဆောင် ၈ ဦး ဂိုဏ်းဝင် တစ်ဦးရဲ့သားပါ။ ဒီလို တော်လှန် ရေးခေါင်းဆောင်ကြီးတွေရဲ့ မျိုးဆက်သွေး တွေဟာ တရုတ်ပြည်မှာ သရဖူဆောင်းမယ့် အိမ်ရှေ့မင်းသားလေးများအဖြစ် အမြဲရှေ့ တန်းတင်အရာ ပေးခြင်းခံရတယ်။ လက်ရှိ သမ္မတ ဇီကျင်ပင်း ကိုယ်တိုင်လည်း ဒီအိမ် ရှေ့မင်းသားထဲက တစ်ပါး၊ တော်လှန်ရေး ခေါင်းဆောင်ကြီးတစ်ဦးရဲ့ သားပါပဲ။
ဗမာ့ဓလေ့မှာလည်း အလားတူပဲ အမျိုး၊ အနွယ်က စကားအများကြီးပြောတယ်။ ဒါ ကြောင့် သာမန်အများဟာ နိုင်ငံရေးမှာ မူဝါဒ စွဲထက် လူစွဲပိုရှိကြတယ်။ ပုဂ္ဂိုလ်ခင်မှ တ ရားမင်ကြတာများတယ်။ ကိုလိုနီခေတ်တုန်း က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင် တဲ့ ကျေးရွာတွေမှာ ဒို့ဗမာအစည်းအရုံး အ တွက် နိုင်ငံရေးတရားတွေ လိုက်ဟောတာ အစောပိုင်း လူစိတ်ဝင်စားမှု မရခဲ့ပါဘူးတဲ့။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး၊ ကိုယ်တော်မှိုင်းကြီး “လေ”အတိုင်းဆို “ခွေးမသား ထိပ်တင်ကိုယ် တော်ကြီး”ခေါ် ရှေ့ကထိုင်ခိုင်းပြီး ဟောတော့ မှ “ဒို့ရှင်ဘုရင်မျိုးဆက် ကိုယ်တော်ကိုယ်တိုင် ကြလာသဟေ့”ဆိုကာ လူအများ ဖင်ထောင် အောင် ကုန်းကန်တော့ဖို့ တရားပွဲလာကြလို့ နိုင်ငံရေးတရားပွဲတွေ ခြိမ့်ခြိမ့်သဲ စဖြစ်ခဲ့ပါသ တဲ့။
လွတ်လပ်ပြီးခေတ် ဗမာ့နိုင်ငံရေး သမိုင်း မှာလည်း အမွေခံနိုင်ငံရေးသာ ကြီးစိုးခဲ့တယ်။ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့အောင် မျိုးစေ့ချနိုင်ခဲ့တာ၊ စစ်တပ် ရဲ့ တော်လှန်ရေးကောင်စီ အဦးပိုင်းကာလ လူထောက်ခံမှု အထိုက်အလျောက် ရခဲ့တာ တွေဟာ စစ်ခေါင်းဆောင် ဗိုလ်နေ၀င်းက လွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်တည် ထောင်သူထဲကတစ်ဦးဖြစ်တယ်ဆို တဲ့ နောက် ခံ အမှတ်သင်္ကေတ နာမည်တံဆိပ်က အဓိက တစ်ချက်ပါတယ်။
ရှစ်လေးလုံးနောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှုကိုကြည့်ရင်လည်း လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်အပေါ်သာ လုံးလုံးမှီခိုသလိုဖြစ်ရတယ် ။ သူဟာ အငြင်းပွားဖွယ်မရှိ မွေးရာပါ ခေါင်းဆောင် “Natural Born Leader” ဖြစ်တယ်၊ ပင်ကိုယ်အရည်အချင်းရှိ၊ သဘာဝအလျောက် သြဇာစူး မျက်နှာပွင့် ခရစ်စမား ဗီဇဓာတ်ခံရှိတယ်ဆိုတာ မှန်သည့်တိုင် သူ့ ရဲ့ စတင် သြဇာတည်ဆောက်မှုကာလ၊ အောင်မြင်မှုခြေလှမ်းအစဟာ လူသာမန်အများစုရဲ့ စိတ်အခံမှာ တွယ်ငြိနေတဲ့ “ငါဒို့ အမျိုးသားခေါင်းဆောင် ကြီးရဲ့ သမီးလေးဟေ့”ဆိုတဲ့ အချက်ကသာ အခရာကျခဲ့တာ ငြင်းမရပါ။ အခု နိုင်ငံရေးပါတီတွေ ထောင် ကြရမှာလည်း သမိုင်းမှာ အရေးပါအရာရောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မျိုးဆက်တွေပဲဆိုတာ တွေ့နိုင် တယ်။
ဗမာ့နိုင်ငံရေးမှာ အမွေခံဓလေ့ အဆိုးဝါးဆုံးဖြစ်ထွန်းခဲ့တာ ကတော့ စစ်အာဏာရှင်များအဆက်ဆက် စစ်အုပ်စု အကျိုးစီးပွားအတွက် အစဉ်အဆက် စစ်အာဏာရှင်စနစ်ကို အမွေလွှဲပေးခဲ့ခြင်းပါ။ ဒီဖြစ်စဉ်မှာ စစ်ခေါင်း ဆောင်အချင်းချင်း ဖြုတ်ထုတ်သတ် သမိုင်းတွေရှိခဲ့ပေမယ့် စစ်အုပ်စု ဘုံအကျိုးစီးပွား စစ်အာဏာရှင်စနစ် အမွေရယူဆက်ခံခြင်းကတော့ မပြောင်းမလဲတည်ရှိလာခဲ့တာ လက်ရှိတိုင်ပါပဲ။
ဒီသဘောမှာ တချို့အာဏာရှင် တိုင်းပြည်တွေလို မိသားစုဝင်သွေးအပေါ် မူတည်အာဏာအမွေလွှဲပေးခြင်းမျိုး မဟုတ်သော်ငြားလည်း အုပ်စုအကျိုးစီးပွားတူခြင်း ၊ သြဇာခံနာခံတော်ဖြစ်ခြင်းကြောင့် စနစ်တကျ ကြိုတင်စီစဉ် အမွေစားအမွေခံ ရာထူးလွှဲပေးခဲ့ကြတယ်။ ဥပမာ - ရှစ်လေးလုံးအရေးတော်ပုံကြီး ကြောင့် အရူးမီးဝိုင်းနေတဲ့ ဗိုလ်နေ၀င်း ဟာ သူ့သြဇာခံမယ့်၊ သူ့စီးပွားနဲ့ စစ်အုပ်စု အကျိုးကို ရည်မှန်းချက်တူထမ်းရွက်မယ့် ဗိုလ်စောမောင်ကို အာဏာအမွေလွှဲပေးခဲ့ တယ်။ အခု စစ်အစိုးရကနေ အရပ်သား အစိုးရနာမည်ခံ အရေခွံလဲတဲ့ဖြစ်စဉ်မှာလည်း ဗိုလ်သန်းရွှေဟာ အရပ်ဖက်နဲ့ စစ်တပ်အုပ် ချုပ်ရေးအတွက် ဗိုလ်သိန်းစိန်၊ ဗိုလ်မင်း အောင်လှိုင်တို့ကို စိတ်တိုင်းကျ ခေါင်းခေါက် ရွေးခဲ့တယ်။
ဒီဖြစ်စဉ်အားလုံးရဲ့ အရင်းခံသဘောမှာ တော့ နိုင်ငံရေးအာဏာ၊ သြဇာနဲ့ လုပ်ပိုင်ခွင့် စီးပွားဟာ အမွေခံလူတစု “စစ်အုပ်စုနဲ့ အ ပေါင်းအပါ”လက်ထဲမှာသာ အလုံးစုံ တည်တံ့ နေခြင်းပါပဲ။
ဆွေးနွေးခဲ့သမျှဟာ အာရှရဲ့ နိုင်ငံရေး အာဏာ အမွေခံဓလေ့ပါ။
အနောက်ရဲ့ နိုင်ငံရေးယဉ်ကျေးမှု သ မိုင်းကို ပြန်ကြည့်ပြန်ရင်လည်း ဘာများကွာ လို့လဲ ဆိုနိုင်တယ်။ လူမှု၊ စီးပွား၊ ပညာ မှာ ကိုယ်တော်ရင်တော်သလောက် ထိပ် ရောက်နိုင်တဲ့၊ နိုင်ငံရေးမှာလည်း သစ်လုံးတဲ အိမ်ငယ်ကနေ အိမ်ဖြူတော်ကို ရောက်နိုင် စွမ်းတဲ့၊ လူနည်းစု လူမျိုးစုဝင်က တိုင်းပြည် တက် အုပ်ချုပ်ခွင့်ရနေတဲ့ အမေရိကားမှာ ကနေဒီတွေ၊ ဘွတ်ရှ်တွေ မိသားစုစဉ်ဆက် နိုင်ငံရေးအာဏာကြီးစိုးခဲ့တဲ့ ဖြစ်စဉ်ရှိတယ်။ လွှတ်တော်အမတ်၊ ကွန်ဂရက် အမတ်မင်း ပေါင်းမြောက်မြားစွာ သားစဉ်မြေးဆက် နိုင် ငံရေးအာဏာ ရယူထားနိုင်တယ်၊ တိုင်းပြည် မှာ သြဇာ၊ အာဏာ၊ ဓန စူးရှကျယ်ပြန့် ခိုင် မာတည်ရှိနေတယ်။
အထက်မှာ ဥပမာပြုခဲ့တဲ့ ပုဂ္ဂိုလ်တိုင်း၊ ဖြစ်စဉ်တိုင်း အလိုအလျောက်ရလာတဲ့ အမွေခံသြဇာနဲ့ အာဏာကို အလွဲသုံးစားလုပ်၊ ကိုယ်ကျိုးရှာကြတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါ။ နိုင်ငံရေးအာဏာဟာ ဘယ်နိုင်ငံစနစ်မျိုး မှာမဆို ယေဘုယျသဘောအားဖြင့် လူတန်းစားတစုကသာ ရယူထားတယ်၊ လူနည်းစု လက်ဝယ်အာဏာ တည်တဲ့ Oligarchy သဘောသာဖြစ်နေတယ်ဆိုတာကို ပုံဖော်ချင်တာပါ။
ဒီသဘောမှာ နောက်ခံအခြေခံနိုင်ငံရေး စနစ် ကွဲပြားမှုအပေါ်မူတည်ပြီး တိုင်းပြည်နစ် နာမှု အတိုင်းအတာကွာပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာတော့ ပြည်သူ့အာဏာ၊ လုပ်ပိုင်ခွင့်ဟာ လူထုအများထံမှာ အတိုင်းအတာတခုအထိရှိနေတာကြောင့် ထီးမွေနန်းမွေခံသြဇာရှိ နိုင်ငံရေးမိသားစုဝင်များဟာ ထင်တိုင်းမကြဲ နိုင်ပါဘူး။ ဒါပေမယ့် “ဒီမိုကရေစီ” ပုံပျက်ပြီး သြဇာ၊ အာဏာ၊ ငွေကြေးကြီးမားသူ သူကြွယ်ကြီးများ ချုပ်ကိုင်ကြီးစိုးရာ “Plutocracy” စနစ်ဆန်ဆန်တော့ ဖြစ်သွားတတ်ပါတယ်။ ဥပမာ - စီးပွားအုပ်စု ကော်ပိုရေးရှင်းကြီးများ နဲ့ သူတို့ရဲ့ စီးပွားဖက် နိုင်ငံရေးသမားများကြီး ရဲ့ ဓနဖြန့်ဖြူးမှု မညီမျှဖြစ်နေတဲ့ အမေရိ ကား။
အာဏာရှင်နိုင်ငံတွေမှာကျတော့  ဒီအ မွေခံနိုင်ငံရေးဟာ တိုင်းပြည်ကို မွဲပြာကျစေတဲ့ သူခိုးကြီးတစုကြီးစိုးရာ “Kleptocracy” နိုင်ငံဖြစ်သွားပါတော့တယ်။ ဥပမာ - အင်ဒိုနီးရှား - လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲ ကောင်းတစ်ဦး၊ နောက်ပိုင်းမှာ စစ်အာဏာရှင် ဖြစ်သွားတဲ့ ဆူဟာတို ၃၁ နှစ်တာအတွင်း ခိုးခဲ့တဲ့ ပြည်သူ့ဘဏ္ဍာဟာ နိုင်ငံတကာက လေ့လာမှုမှတ်တမ်းတွေအရ အမေရိကန် ဒေါ်လာ ၁၅ ဘီလျံကနေ ၃၀ ဘီလျံကြားမှာ ရှိနိုင်ပါတယ်တဲ့။ ဖိလစ်ပိုင်မှာ မားကိုစ့်က ၁၀ ဘီလျံပါ။ ဗမာပြည်ကအမွေခံ စစ်အာ ဏာရှင်အဆက်ဆက်အတွက်တော့ သုတေ သနပြု မှတ်တမ်းတင်မှုမျိုးများ နောင်မှာ စနစ်တကျလုပ်နိုင်ရင် ကမ္ဘာ့စံချိန်အားလုံး ကျိုးနိုင်ကြောင်းကို “စိန်စီသောည” မျက်ဝါး ထင်ထင်မြင်ဖူးတဲ့ပြည်သူများ အသိဆုံးပါပဲ။
နိဂုံးချုပ်ရရင် လူတန်းစားအုပ်စု တစ်ခု၊ လူမလိုင် အခွင့်ထူးခံ အလူတစုသာ အာဏာ ကိုအမွေခံကာ အလိုအလျောက်ရနေခြင်း၊ ရေရှည်သြဇာတည်နေခြင်းဟာ ဘယ်စနစ် မျိုးမှာမဆို အကောင်းထက် အဆိုးကိုသာ ဦးတည်ပါတယ်။ ဒီထဲမှာ စစ်အာဏာရှင်စနစ် အမွေခံကာ စစ်အုပ်စုနဲ့ ခရိုနီတသိုက် နိုင်ငံ ရေးအာဏာကို အမြဲယူထားနိုင်ခြင်း၊ အကျိုး စီးပွားကို တည်ဆောက်ခွင့်ရှိနေခြင်းဟာ အ ဆိုးဆုံးပါပဲ။ ဒီဓလေ့ ဗမာပြည်မှာ ထွန်းကား ခဲ့တာ ရာစုဝက်ကျော်ပါပြီ။ အခု စစ်လွှတ် တော် နိုင်ငံရေး၊ ၂၀၀၈ စစ်ဖွဲ့စည်းပုံ လမ်း ကြောင်းအတိုင်းဆိုရင် အနာဂတ်မှာလည်း ဆက်လက်ထွန်းကားဦးမှာပါ။ စစ်ဗိုလ်ရယ်၊ ပြည်တွင်းခရိုနီရယ်၊ ပြည်ပအရင်းရှင်ရယ်၊ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားရယ် ပေါင်း ထောင်းမှုကြောင့် ပြည်သူ့ဘ၀ ပိုလို့ခံရဖွယ် ရှိနေတယ်။
အာဏာအမွေခံသက်ဆိုးရှည် သူခိုးကြီး များ အစဉ်တစိုက်ကြီးစိုးခဲ့မှုကြောင့် တိုင်း ပြည်လည်း နာလှပါပြီ။ အောက်ခြေနင်း ပြားလူထုလည်း ဖြူခါပြာခါကျနေပါပြီ။ အ ပေါ်ယံအပြောင်းအလဲ လူတစ်စု ကောင်းစား ရေးပဲဖြစ်နေတာကို လူထုအောင်ပွဲကြီးအ လား၊ ပြည်သူ့ဒီမိုကရေစီပန်းတိုင် ခရီးနီးနေ သည့်အလား ထင်ယောင်မှားနေမှု ရပ်တန်း က ရပ်သင့်ပါပြီ။ ဒါကြောင့် စစ်အာဏာရှင် စနစ်၊ စစ်ယူနီဖောင်း အခွံအကာ ခွာချရုံ လောက်နဲ့မပြီးဘဲ လူတစုသာ အမွေခံနိုင်ငံ ရေး အာဏာအစဉ် ရယူခွင့်ရှိနေခြင်း၊ အမြဲ ရနေခြင်း ဓလေ့ကို အလုံးစုံပျက်အောင် မဖြစ်မနေဖျက်ဖို့ပါလိုကြောင်း ဆွေးနွေးတင်ပြလိုက်ရကြောင်း ပါခင်ဗျား။
The Ladies News Journal
ဆောင်းပါးရှင် - ငြိမ်းချမ်းအေး
အရှေ့ယဉ်ကျေးမှုမှာ မင်းဘယ်သူလဲ ဆိုတာထက် မင်းအဖေ ဘယ်သူလဲက ပိုအရေးပါတယ်လို့ ဆိုလေ့ရှိကြတယ်။ လူမှုဓလေ့ထုံးအရ မိသားစုနောက်ခံဟာ လူ့အသိုင်းအ ၀န်းက လူမှုစီးပွားရေးရာများမှာ သက်ရောက် တာကြောင့်ပါ။ ဒီသဘောဟာ နိုင်ငံရေးဓ လေ့ကိုပါ လာထိတယ်။ ဒါကြောင့် ရှေးသက်ဦး ဆံပိုင်ပဒေသရာဇ်စနစ်မှာ ကျင့်သုံးခဲ့ တဲ့ သားစဉ်မြေးဆက် နန်းမွေလွှဲ “Hereditary Monarchy”စနစ်လိုပဲ နိုင်ငံရေးအာ ဏာကို မိသားစုဝင်အစဉ်အဆက် လွှဲပြောင်း ရယူနေနိုင်မှုဟာ မျက်မှောက်ခေတ်မှာလည်း အာရှရဲ့ အာဏာရှင်၊ ဒီမိုကရေစီနိုင်ငံစနစ် နှစ်မျိုးစလုံးမှာ တိုက်ရိုက် သို့မဟုတ် သွယ် ၀ိုက်တွေ့နိုင်တယ်။
အာဏာရှင်စနစ်မှာတော့ အာဏာနဲ့ တိုက်ရိုက်လွှဲတယ်။ ရွေးကောက်ပွဲတွေ၊ နိုင် ငံရေးပါတီတွေ၊ လွှတ်တော်တွေရှိတဲ့ ပါလီ မန် ဒီမိုကရေစီစနစ်မှာကျ မျိုးရိုးစဉ်ဆက် တည်လာခဲ့တဲ့ သြဇာ၊ အာဏာ၊ ဓနအင် အားကို အသုံးချသွယ်ဝိုက်တဲ့နည်းနဲ့
မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဘင်္ဂ လားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တရုတ်၊ ဂျပန် အစရှိတဲ့ မတူညီတဲ့ နိုင်ငံရေး စနစ်တွေကျင့်သုံးတဲ့ အာရှနိုင်ငံများမှာ တူညီတဲ့ အမွေခံမင်းဆက် နိုင်ငံရေး “Political Dynasty” ဓလေ့ တည်ရှိတယ်။ အာဏာကို အမြဲလိုလိုဆုပ်ကိုင်ထားနိုင
မြောက်ကိုရီးယားမှာ အာဏာရှင်စနစ် ဖြစ်လို့ ကင်အီဆွန်းမျိုးဆက်တွေ အာဏာ ကို အဆက်ဆက်ချုပ်ကိုင်ထားနိုင်တ
စင်္ကာပူမှာ လီကွမ်းယူ၊ လီရှန်လွန်း၊ လီ မျိုးဆက်နဲ့ သူတို့စိတ်ကြိုက် ရွေးချယ်ထားသူ များသာ တိုင်းပြည်ထူထောင်စဉ်ကစလို့
ပပလွှားလွှား နေလေ့မရှိဘူးလို့ နာမည် ကျော်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကိုအိဇုမိ ဆို ဘိုးဘေးထဲက နိုင်ငံရေးသြဇာရှိလာခဲ့တဲ့ မိသားစုက လာသူပါ။ လက်ရှိ ဂျပန်ဝန်ကြီး ချုပ် ရှင်ဆိုအာဘေးလည်း အဖေ၊ အမေ နှစ်ဖက်စလုံး သြဇာကြီးနိုင်ငံရေးမိသားစု မျိုး ရိုးပါပဲ။
ကွန်မြူနစ် တရုတ်ပြည်ရဲ့ နိုင်ငံရေးမှာ လည်း လက်ဝဲတော်လှန်ရေး ဦးဆောင်ခဲ့သူ ပါတီလူကြီးများရဲ့ သားသမီးများသာ နေရာ ကောင်းရတာ များတယ်။ မနှစ်က အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရုံး တင်ခံရတဲ့ပါတီ ပေါ်လစ်ဗျူရို ထိပ်သီးဘိုဇီ လိုင်ဟာ ရာသန်ပန် ပါတီခေါင်းဆောင် ၈ ဦး ဂိုဏ်းဝင် တစ်ဦးရဲ့သားပါ။ ဒီလို တော်လှန် ရေးခေါင်းဆောင်ကြီးတွေရဲ့ မျိုးဆက်သွေး တွေဟာ တရုတ်ပြည်မှာ သရဖူဆောင်းမယ့် အိမ်ရှေ့မင်းသားလေးများအဖြစ
ဗမာ့ဓလေ့မှာလည်း အလားတူပဲ အမျိုး၊ အနွယ်က စကားအများကြီးပြောတယ်။ ဒါ ကြောင့် သာမန်အများဟာ နိုင်ငံရေးမှာ မူဝါဒ စွဲထက် လူစွဲပိုရှိကြတယ်။ ပုဂ္ဂိုလ်ခင်မှ တ ရားမင်ကြတာများတယ်။ ကိုလိုနီခေတ်တုန်း က ဆရာကြီးသခင်ကိုယ်တော်မှိုင်း
လွတ်လပ်ပြီးခေတ် ဗမာ့နိုင်ငံရေး သမိုင်း မှာလည်း အမွေခံနိုင်ငံရေးသာ ကြီးစိုးခဲ့တယ်။ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့အောင် မျိုးစေ့ချနိုင်ခဲ့တာ၊ စစ်တပ် ရဲ့ တော်လှန်ရေးကောင်စီ အဦးပိုင်းကာလ လူထောက်ခံမှု အထိုက်အလျောက် ရခဲ့တာ တွေဟာ စစ်ခေါင်းဆောင် ဗိုလ်နေ၀င်းက လွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်တည် ထောင်သူထဲကတစ်ဦးဖြစ်တယ်ဆို
ရှစ်လေးလုံးနောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှုကိုကြည့်ရင်လည်း လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်အပေါ်သာ လုံးလုံးမှီခိုသလိုဖြစ်ရတယ်
ဗမာ့နိုင်ငံရေးမှာ အမွေခံဓလေ့ အဆိုးဝါးဆုံးဖြစ်ထွန်းခဲ့တာ
ဒီသဘောမှာ တချို့အာဏာရှင် တိုင်းပြည်တွေလို မိသားစုဝင်သွေးအပေါ် မူတည်အာဏာအမွေလွှဲပေးခြင်းမျ
ဒီဖြစ်စဉ်အားလုံးရဲ့ အရင်းခံသဘောမှာ တော့ နိုင်ငံရေးအာဏာ၊ သြဇာနဲ့ လုပ်ပိုင်ခွင့် စီးပွားဟာ အမွေခံလူတစု “စစ်အုပ်စုနဲ့ အ ပေါင်းအပါ”လက်ထဲမှာသာ အလုံးစုံ တည်တံ့ နေခြင်းပါပဲ။
ဆွေးနွေးခဲ့သမျှဟာ အာရှရဲ့ နိုင်ငံရေး အာဏာ အမွေခံဓလေ့ပါ။
အနောက်ရဲ့ နိုင်ငံရေးယဉ်ကျေးမှု သ မိုင်းကို ပြန်ကြည့်ပြန်ရင်လည်း ဘာများကွာ လို့လဲ ဆိုနိုင်တယ်။ လူမှု၊ စီးပွား၊ ပညာ မှာ ကိုယ်တော်ရင်တော်သလောက် ထိပ် ရောက်နိုင်တဲ့၊ နိုင်ငံရေးမှာလည်း သစ်လုံးတဲ အိမ်ငယ်ကနေ အိမ်ဖြူတော်ကို ရောက်နိုင် စွမ်းတဲ့၊ လူနည်းစု လူမျိုးစုဝင်က တိုင်းပြည် တက် အုပ်ချုပ်ခွင့်ရနေတဲ့ အမေရိကားမှာ ကနေဒီတွေ၊ ဘွတ်ရှ်တွေ မိသားစုစဉ်ဆက် နိုင်ငံရေးအာဏာကြီးစိုးခဲ့တ
အထက်မှာ ဥပမာပြုခဲ့တဲ့ ပုဂ္ဂိုလ်တိုင်း၊ ဖြစ်စဉ်တိုင်း အလိုအလျောက်ရလာတဲ့ အမွေခံသြဇာနဲ့ အာဏာကို အလွဲသုံးစားလုပ်၊ ကိုယ်ကျိုးရှာကြတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါ။ နိုင်ငံရေးအာဏာဟာ ဘယ်နိုင်ငံစနစ်မျိုး မှာမဆို ယေဘုယျသဘောအားဖြင့် လူတန်းစားတစုကသာ ရယူထားတယ်၊ လူနည်းစု လက်ဝယ်အာဏာ တည်တဲ့ Oligarchy သဘောသာဖြစ်နေတယ်ဆိုတာကို ပုံဖော်ချင်တာပါ။
ဒီသဘောမှာ နောက်ခံအခြေခံနိုင်ငံရေး စနစ် ကွဲပြားမှုအပေါ်မူတည်ပြီး တိုင်းပြည်နစ် နာမှု အတိုင်းအတာကွာပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့
အာဏာရှင်နိုင်ငံတွေမှာကျတော
နိဂုံးချုပ်ရရင် လူတန်းစားအုပ်စု တစ်ခု၊ လူမလိုင် အခွင့်ထူးခံ အလူတစုသာ အာဏာ ကိုအမွေခံကာ အလိုအလျောက်ရနေခြင်း၊ ရေရှည်သြဇာတည်နေခြင်းဟာ ဘယ်စနစ် မျိုးမှာမဆို အကောင်းထက် အဆိုးကိုသာ ဦးတည်ပါတယ်။ ဒီထဲမှာ စစ်အာဏာရှင်စနစ် အမွေခံကာ စစ်အုပ်စုနဲ့ ခရိုနီတသိုက် နိုင်ငံ ရေးအာဏာကို အမြဲယူထားနိုင်ခြင်း၊ အကျိုး စီးပွားကို တည်ဆောက်ခွင့်ရှိနေခြင်းဟာ အ ဆိုးဆုံးပါပဲ။ ဒီဓလေ့ ဗမာပြည်မှာ ထွန်းကား ခဲ့တာ ရာစုဝက်ကျော်ပါပြီ။ အခု စစ်လွှတ် တော် နိုင်ငံရေး၊ ၂၀၀၈ စစ်ဖွဲ့စည်းပုံ လမ်း ကြောင်းအတိုင်းဆိုရင် အနာဂတ်မှာလည်း ဆက်လက်ထွန်းကားဦးမှာပါ။ စစ်ဗိုလ်ရယ်၊ ပြည်တွင်းခရိုနီရယ်၊ ပြည်ပအရင်းရှင်ရယ်၊ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားရယ် ပေါင်း ထောင်းမှုကြောင့် ပြည်သူ့ဘ၀ ပိုလို့ခံရဖွယ် ရှိနေတယ်။
အာဏာအမွေခံသက်ဆိုးရှည် သူခိုးကြီး များ အစဉ်တစိုက်ကြီးစိုးခဲ့မှုကြေ
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။