Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 27, 2014

ရုပ်ချောတာ ဘာမှ သုံးစားလို့မရဘူး ဆိုတဲ့ စကားကြားဖူးတယ်မှတ်လား (ဂျေမီ ပြောကြားချက်မှ)


J-Me ဆိုတဲ့ စကားလုံးကို မြင်လိုက်ရတာနဲ့ တပြိုင်နက် Rap စာသားတွေကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ပိုင်ပိုင်နိုင်နိုင် ရွတ်ဆိုနိုင်တဲ့ လူကောင်ခပ်ထွားထွား၊ ဘုဆတ်ဆတ် မျက်နှာပေးနဲ့ ခင်မင်စရာကောင်းတဲ့ အဆိုတော်တစ်ယောက်ကို မျက်လုံးထဲ မြင်ယောင်မိကြမှာပါ။
J-Me ရဲ့ သီချင်းစာသားတွေထဲမှာ ...
အမှန်တရားတွေပါတယ်
ဘ၀အကြောင်းတွေပါတယ်
လူတွေ အကြောင်းပါတယ်
ဒဿနတွေပါတယ်
တွေးစရာလေးတွေပါတယ်
စကားလုံးတွေ လေးနက်မှုရှိတယ်
နုနုရွရွလေးတွေနည်းတယ်
J-Me ရဲ့ တီထွင်ဖန်တီးမှုတွေက ဆန်းသစ်တယ်။ အခုနောက်ပိုင်းတော့ J-Me အသံတိတ်နေသလို ခံစားရတယ်။ ပရိသတ်နဲ့ နည်းနည်းလေး အဆက်ပြတ်နေသလို ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် IDEA Magazine မှာ J-Me နဲ့ ပတ်သက်တဲ့ Interview လေး တစ်ခု ဖတ်လိုက်ရတယ်။ ဒါကြောင့် SSFS ရဲ့ J-Me ပရိသတ်တွေ အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ 

T.G.I.F ပါ 

ခင်သော မင်သော
စကော်ပီယံများ
(ငကင်း)

=================================
ရုပ်ချောတာ ဘာမှ သုံးစားလို့မရဘူး ဆိုတဲ့ စကားကြားဖူးတယ်မှတ်လား (ဂျေမီ ပြောကြားချက်မှ)
- - - -
အဖေရိုက်တဲ့ ကြော်ငြာတွေမှာ ပါဝင်ခဲ့သူ J-Me က ဘ၀နဲ့ နီးစပ်တဲ့ သီချင်းတွေကိုလည်း ရေးစပ်သီဆိုတဲ့သူ ဖြစ်ပါတယ်။ J-Me နဲ့ သီချင်းတွေ ပူးတွဲနေတာ မြင်တွေ့ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တာ နှစ်ပေါင်းများစွာ ဖြစ်ပေမယ့် ဒီနှစ်ပိုင်းမှာတော့ J-Me တစ်ယောက် သီချင်းတွေနဲ့ ဝေးနေတယ်လို့ ထင်ကြေးပေးချင်ပါတယ်။ အဲဒီ ထင်ကြေး မှန် မမှန်တော့ ကာယကံရှင်ကသာ အသိဆုံး ဖြစ်မှာပါ။ အဲဒါကြောင့် J-Me နဲ့တွေ့ဆုံတဲ့ နေ့တစ်နေ့မှာ သီချင်းတွေနဲ့ J-Me ဘယ်လိုအခြေအနေရှိလဲ လို့ မေးခွန်းထုတ်ရင်း J-Me လက်ရှိဖြတ်သန်းနေတဲ့ နေ့ရက်တွေရဲ့ အဓိပ္ပါယ်ကိုလည်း ပြောပြစေခဲ့ပါတယ်။ J-Me ကအဖေ့ရဲ့ လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ အကြောင်း ပြောပြသွားသလို J-Me က သူ့ခံယူချက် အပြောင်းအလဲကိုလည်း ပြောပြသွားပါတယ်။ အဲဒီ အပြောင်းအလဲက သီချင်းတွေနဲ့ ပတ်သတ်လား အခြားကိစ္စလား ဆိုတာတော့ မကြာခင် သိရတော့မှာပဲ ဖြစ်ပါတယ်။

Q. J-Me သီချင်းတွေနဲ့ ဝေးနေသလိုပဲ .. အဆတ်ပြတ်နေတာလား .. ။
A. Studio ကို မရောက်ဖြစ်တာပါ။ Studio က ဝေးလို့လေ။ ရုံးမှာ သီချင်းသွင်းမယ် စဉ်းစားပေမယ့် မသွင်းဖြစ်ဘူး။ အလုပ်က မအားဘူးလေ။ တစ်ချိန်တည်း ငါးမျိုးလောက် လုပ်သလို ဖြစ်နေတယ်။ ထုတ်လုပ်ရေးမှူး ဖြစ်ချင်တော့လည်း စာကပြန်ကျက်ရတယ်။ ဦးအောင်ကိုလတ် ရဲ့ ပီအေ ဖြစ်နေတော့လည်း သူ့အလုပ်တွေ အကုန်လုပ်ပေးရ။ သီချင်းတွေ ရှိပေမယ့် အသံမသွင်းဖြစ်ဘူး။ ဒါပေမဲ့ အခုမေးတဲ့ မေးခွန်းကို နားမလည်ဘူး။ စတေ့ခ်ျရှိုးကို ပြောတာလား ခွေ တွေကိုပြောတာလား။

Q. အစစအရာရာပေါ့။ J-Me တို့က သီချင်းတွေကို တက်တက်ကြွကြွ လုပ်ခဲ့ပြီး ခုတော့ ... ။
A. အရင်းရှင်ဆန်တဲ့ Culture တစ်ခုကို သွားပြီးတော့ အန်တုပြီး ဖိုက်ဖို့ဆိုတာ ကိုယ်က အားနေမှ ရမယ်။ ကိုယ်က မအားဘူး။ ဒါကြောင့် လွှတ်ထားလိုက်တယ်။ ကျွန်တော့မှာ သီချင်းတွေ ရှိတယ်။ ဘယ်သူမှ သီချင်းလာမတောင်းဘူး။ သီချင်းတောင်းရင် ကျွန်တော့်ကို စတိတ်ခ်ျရှိုး ငှားရမယ်။ သီချင်းတွေ ထွက်လာရင် စတိတ်ခ်ျရှိုး ငှားရမယ်။ ကျွန်တော်ကလည်း ငှားရင် ဘယ်ဈေးရမှ အဲဒီလိုမျိုး မရှိဘူး။ ကျွန်တော်ကလည်း အများကြီး မတောင်းဘူး။ တောင်းနေကြ အတိုင်းပဲ တောင်းတယ်။ ခေတ်ကလည်း မကောင်းတော့ .. သူတို့ တွက်ချေကိုက်အောင် စဉ်းစားရမှာပေါ့။ အဲဒါကြောင့် စတိတ်ခ်ျရှိုးတွေမှာ ကျွန်တော့် သီချင်းတွေ နည်းသွားတယ်။ အဲဒါကို ကျွန်တော်က ပျော်တယ်။ ဒါမျိုးက ခြုံခိုတိုက်ခိုက်ဖို့ ကောင်းတယ်။ ကိုယ့်ကို တကယ်တောင့်တနေတဲ့ ပရိသတ်တွေ ကို အကောင်းစား ချကျွေးလို့ရတဲ့ အနေအထားမှာ ရှိတယ်။

Q. J-Me သီချင်းကို နားထောင်ချင်နေကြတဲ့ ပရိသတ်တွေကိုတော့ ပရဟိတ ရှိုးတွေမှာ .. တချို့သော ရှိုးတွေမှာ ...
A. အဲဒီနေရာတွေမှာ တွေ့ချင်လည်း တွေ့မယ်။ တွေ့ချင်မှလည်း တွေ့မယ်။ ဘာလို့လဲဆိုတော့ .. တစ်ခါတလေ လှည့်ကြည့်ချင်မှလည်း ကြည့်မယ်။ ခုလည်း အဆင်ပြေနေတာပဲလေ။ ကျွန်တော့်ကို လုံးဝ အားပေးနေတဲ့ ပရိသတ်တွေလည်း ရှိတယ်။ သူတို့အတွက် အစီအစဉ်တစ်ခု ကျွန်တော် လုပ်ပေးရင်လည်း ပေးမယ်။

Q. အနုပညာလောက ကို J-Me ငယ်စဉ်က မြင်နေသလို ရိုးသားတယ်လို့ မြင်နေသေးလား ။
A. ငယ်ငယ်ကလည်း ရိုးတယ်လို့ မမြင်ခဲ့ဘူး။ အခုလည်း ရိုးတယ်လို့ မမြင်မိဘူး။ တစ်မျိုးတည်းပဲ မြင်ပါတယ်။ ဘယ်သူ့ကိုမှလည်း ယုံစရာ မရှိပါဘူး။

Q. ရယ်စရာကောင်းတဲ့ အခြေအနေတွေရော ရှိလား။
A. အဲလိုတော့ မစဉ်းစားမိပါဘူး။ တခါတလေ ကတ်သီးကတ်သပ် အာရုံနောက်စရာတွေတော့ တွေ့ရတယ်။ ဒီမေးခွန်းအတိုင်း ပြန်ဖြေရရင် ရယ်စရာကောင်းတာထက် ဂွမ်းတာတွေတော့ တွေ့ရတယ်။

Q. ကိုယ့်ကို မပြောပေမယ့် လောကနဲ့ မဆီလျော်တာတွေ ပြောကြရင်ရော ... ဒါက ဘာလဲ ဆိုတာမျိုး မပြောပြချင်တော့ဘူးလား။
A. အဲဒါ ဘ၀က သင်သွားလိမ့်မယ်။ ကိုယ်လည်း ငယ်ငယ်က ကြွယ်ခဲ့ပြီးပြီ။ ကိုယ့်ထက် အစောကြီးတည်းက စွာ ခဲ့တဲ့လူတွေလဲ ရှိတယ်။ အဲလိုလူတွေ များများတွေ့ဖို့ပဲ လိုအပ်ပါတယ်။ တချို့ ဘာလေးတွေမှန်းမသိဘူး။ ဟာသတွေ ဖြစ်လာပြီး အင်တာနက်ပေါ် တက်လာတာမျိုး တွေ့ရတယ်။ ကျွန်တော် မနှိမ်ပါဘူး။ ရယ်လဲ မရယ်ခဲ့ဘူး။ ဒီမှာတွေ့လား ဟာသ ဆိုပြီး Share တာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်က သနားတာ။ ဒီမှာ ကျောင်းလည်း မရှိဘူး။ ဥပဒေ လည်း မရှိဘူး။ စတေ့်ခ်ျရှိုးတွေမှာ စင်နောက်မှာ အဆိုတော်တွေကို ဘယ်လိုထားရမလဲ။ အနုပညာသမားတွေကို စတေ့ခ်ျရှိုး လုပ်တဲ့သူက မဆဲရဘူး။ အဆိုတော်တွေအတွက် လုံခြုံရေးဘယ်လိုထားရမယ် ဆိုတာမရှိဘူး။ ကိုယ်ထင်ထားတဲ့ အနုပညာလောကက ထင်ရက်စရာ မရှိဘူး။ ဒီလိုကြီးလား လို့ကိုဖြစ်သွားတာ။ အဲဒီအချက်ပဲ ကိုယ်စေတနာ ထားသလိုပဲ ဒီလူကြီးက စေတနာထားမယ်လို့ ထင်ခဲ့မိတဲ့ အချိန်မှာ ... အရင်းနည်းနည်း၊ အမြတ်များများ လိုချင်တဲ့လူတွေ နေရာတိုင်းမှာ ရှိတယ်။ အဲဒါတော်တော် အန္တရာယ်ကြီးတယ်။ အမဲလိုက်ကသလိုပဲ။ သားရဲ ဖြစ်နေမှ ရမယ်။ အဲလို မဟုတ်ရင် နှလုံးရောဂါ နဲ့ သေနိုင်တယ်။

Q. အဖေ နဲ့ အလုပ် လုပ်တဲ့အချိန်မှာ မိသားစုလုပ်ငန်း ဖြစ်ပေမယ့် အမြင်မတူတာတွေ စကားများရတာတွေရော ရှိလား။
A. ခဏစကားများလိုက်ရင် ပြီးသွားရော။ ငယ်တဲ့အရွယ်တွေလည်း မဟုတ်ကြဘူးလေ။

Q. ဒီနေ့ဒီအချိန်ထိ J-Me ရဲ့ Hero က အဖေလား။
A. အရင်အတိုင်းပါပဲ။

Q. အဖေ့အောင်မြင်မှုကို အားမလို အားမရ ဖြစ်ခဲ့ရတာတွေရော ရှိလား။
A. ဒါက ဘယ်လို Complaint လုပ်နိုင်မှာလဲ။ ကိုယ့်နိုင်ငံက ပြည့်မှ မပြည့်စုံသေးတာ။ ဘယ်သူ့ကိုမှလည်း ယုံလို့မရသေးတော့ သူတို့ ပေးသလောက်ပဲ ယူရမှာပေါ့။ အရမ်းကြီး လိုချင်လို့မှ မရသေးတာ။

Q. J-Me က အဖေ့အလုပ်ထဲမှာပဲ ဆက်နေသွားတော့မှာပေါ့။ အဲလိုလား။
A. ဒါက ကျွန်တော် Rap မဆိုတော့ပါဘူးလို့ ကြိုက်တဲ့အချိန် ပြောလိုက်လို့ရတယ်။ အဲဒီ တစ်ခုပဲ ကျွန်တော်ပိုင်တယ်။ ဘယ်သူမှ လာအမိန့်ပေးလို့ မရဘူး။ ဒါက ဘုရားပေးထားတဲ့ Power ပဲ။ ကျွန်တော် ဆိုချင်ရင် ဆိုလို့ရတယ်။ စာတွေပဲ ရေးချင်လဲ ရတယ်။ လမ်းကြောင်း ပြောင်းလိုက်လို့လဲရတယ်။ ကိုယ်ပိုင်တယ်ဆိုရင် ပြောင်းလိုက်လို့ရပါတယ်။ ခုတော့ စာပြန်ကျက်နေတယ်။ အသက်ကြီးလာလေလေ ကိုယ့် ကိုယ်ကို ငါဘာမှ မတတ်သေးပါလား လို့ ပိုသိလာတယ်။

Q. စာတွေပြန်ကျက်နေခြင်း က ...
A. ဦးနှောက် အစာကျွေးတာပါ။ လူက အရမ်းချောတယ်။ ဘော်ဒီလည်း မိုက်တယ်။ ဒါပေမယ့် ဥာဏ်ရည်နိမ့်တာတွေ အများကြီးပဲ။ အကျည်းတန်ပေမယ့် အတွင်းက လှနေဖို့ အရေးကြီးတယ်။

Q. ဥာဏ်မရှိတဲ့လူကို မကြိုက်ဘူး ဆိုတဲ့ သဘောလား။
A. ချောတာက ဘာမှလုပ်စားလို့ မရဘူး ဆိုတဲ့စကား ကြားဖူးတယ် မှတ်လား။ အဲဒီ အတိုင်းပဲ။

Q. J-Me က သီချင်းကိစ္စတော့ ကိုယ့်ဘ၀ ကိုယ်ပိုင်တယ်။ ဦးအောင်ကိုလတ် လုပ်ငန်းနဲ့ ပတ်သက်ရင်တော့ ဦးအောင်ကိုလတ်က ပိုင်တယ်လို့ ပြောရမှာလား။
A. ဒါက သူ့ အမိန့် တစ်ခုပဲ။ အဲဒါ ကျွန်တော် မငြင်းဘူး။ ငယ်ငယ်ကတော့ အဲလို မဟုတ်ဘူး။ ခုတော့ ဒီကိစ္စမှာ ငါသွားငြင်းလိုက်ရင် ငါမှားသွားမယ်။ မိဘ စကားနားမထောင်ခဲ့တဲ့ အချိန်တွေ အများကြီးလေ။ အရေးကြီးတဲ့ အချိန်မှာ နားမထောင်မိလို့ ဒုက္ခရောက်သွားရင် အဲဒီ နောင်တက တော်တော် ကြောက်ဖို့ ကောင်းတယ်။

+ သန့်သခင် +
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။