Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 16, 2014

လ၀ကရုံးက ဓားပြများ


လ၀ကရုံးက ဓားပြများ ( သတင်းဆောင်းပါး )
ရေးသားသူ - မိမိသန့်

မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းကြသည့် မင်းစိုးရာဇာမဟုတ်သည့်သူ များအနေဖြင့် မဖြစ်မနေသွားရသည့် အစိုးရဌာန၊ တစ်နည်းအားဖြင့် မသွား ချင်လည်းသွားရသည့် အစိုးရဌာနတစ် ခုရှိသည်။ ၎င်းင်းမှာ လ၀ကဌာနပင်ဖြစ် သည်။ ဘဏ်ဖြင့်ပိုက်ဆံလွှဲချင်လျှင် အပြင်ပုဂ္ဂလိကဘဏ်က လွှဲနိုင်သည်။ ဆေးကုသမှုခံယူရန် ငွေရှိလျှင် ပြင်ပ ဆေးရုံတွင်ကုသနိုင်သည်။ အခွန်ဌာန မသွားလိုလျှင် သင်ကိုယ်တိုင်မှီခို လုပ် လိုက်လို့ရသည်။ ရပ်ကွက်ရုံးသို့လည်း အိမ်မှ မိသားစုဝင်တစ်ဦးဦးဖြင့် သွား ခိုင်းလို့ရသည်။ အစိုးရနှင့်မပတ်သက် အောင်နေလို့ရသည်။

သို့သော် အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့်၊ ၄၅ နှစ်ပြည့် မှတ်ပုံတင် များလုပ်လျှင်တော့ ပွဲစားများကို ငွေ ပေးပြီးလုပ်လျှင်တောင် အနည်းဆုံး လ၀ကရုံးသို့ လက်ဗွေနှိပ်ရန်သွားရပေ မည်။

လ၀ကရုံးနှင့် မဖြစ်မနေပတ်သက် ရသူတိုင်း စိတ်ချမ်းသာစွာဖြင့် အမှု ကိစ္စများကို ပြီးမြောက်ခဲ့ခြင်းမဟုတ်ပေ။ အနည်းဆုံး သုံးလေးခေါက်လောက် အသွားအပြန်လုပ်လိုက်ပြီး ငွေစလေး များပေးကမ်းလိုက်မှသာ ကိစ္စပြီးနိုင် သည်။ သို့မဟုတ်ပါက ရောက်လာသူ အပေါင်း မောဟ၊ ဒေါသများဖြင့် စိတ် ဆင်းရဲစေပြီး သင်လိုချင်သည်ကိုလည်း လွယ်လွယ်ရနိုင်မည်မဟုတ်ပေ။

“ကျွန်မ ကလေး ၂ ယောက်အ တွက် သန်းခေါင်စာရင်းထဲကို မွေး/တိုး လုပ်ဖို့သွားပါတယ်။ ၄ ခေါက်သွားရ တယ်။ ပထမကတော့ ဟိုစာရွက်မပါ သေးဘူး၊ ဒီစာရွက်က ဒီလိုမဟုတ်ဘူး။ တစ်ခါတည်းလည်းပြီးအောင်ပြောလိုက် ရင် ယူလာမှာပေါ့။ ရောက်တော့မှ ဟို ဟာလို ဒီဟာလိုတယ်လို့ ပြန်ပြန်ယူရ တာ။ ကိုယ့်အလုပ်လည်း ပျက်လိုက်ရ တယ်။ အဲဒါကြောင့် ကျွန်မ လ၀က နဲ့ပတ်သက်ရမယ်ဆိုရင် ကျားဖင်သာ ပြေးနှိုက်လိုက်ချင်တယ်” ဟု ရန်ကုန်ရှိ မြို့နယ်တစ်ခုက အိမ်သန်းခေါင်စာရင်း ထဲသို့ သူမ၏ ကလေးနှစ်ယောက်ကို မွေး/တိုးထည့်သည့် ဒေါ်သူဇာ(အမည် လွှဲ) က သူ့တွေ့ကြုံခဲ့ရသည်များကို ပြောပြသည်။

ဒေါ်သူဇာ၏ သန်းခေါင်စာရင်းမှာ မြောက်ဘက်ရပ်ကွက်တွင် နေထိုင်ခဲ့ စဉ်က ပြုလုပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် တောင်ဘက် ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူမ၏ကလေးများသည် အသက် ၁၀ နှစ်ကျော်နေသည်အထိ သန်းခေါင်စာ ရင်းသို့ မသွင်းရပေ။ ထိုသို့ကလေးများ ကို သန်းခေါင်စာရင်းသို့ မသွင်းရသေး သည့် အကြောင်းရင်းကတော့ အစိုးရ ရုံးများနှင့်ပတ်သက်ရမည်ကိုကြောက်၍ဖြစ်ကြောင်း ဒေါ်သူဇာကဆိုသည်။

“သူတို့ဆီက ၃ ရစ်နဲ့တစ်ပွင့်ဝတ် ထားတဲ့ အမျိုးသမီးက ကျွန်မကိုပြော တယ်။ ကျွန်မကလေးတွေက ၁၀ နှစ် အထိ သန်းခေါင်စာရင်းထဲမသွင်းတာ ပြဿနာရှိတယ်။ ၅ နှစ်အတွင်းမှ သန်း ခေါင်စာရင်းထဲသွင်းရမယ်။ အခု ၁၀ နှစ်ရောက်မှ သန်းခေါင်စာရင်းထဲသွင်း လို့ ခရိုင်ရုံးထိ ဖြေရှင်းချက်ပေးရမယ်။ လွယ်လွယ်ကူကူမပြီးဆုံးနိုင်ဘူးလို့ပြော တယ်” ဟု ဒေါ်သူဇာက လ၀ကရုံးတွင် ကြုံတွေ့ရသည်များ ပြန်ပြောပြသည်။

“ကျွန်မကလေးတွေကိုလည်း ဘယ် သန်းခေါင်စာရင်းထဲမှ သွင်းမထားဘူး။ ကျွန်မကလေးတွေဟာ အခုလက်ရှိမှာ ကျွန်မနဲ့ရင်အုပ်မကွာ အတူရှိနေတယ် ဆိုတာ သက်သေပြနိုင်ဖို့ ကျွန်မရဲ့သန်း ခေါင်စာရင်းပြုလုပ်ထားတဲ့ ရပ်ကွက် က အိမ်နီးချင်း ၂ ယောက်ကိုခေါ်လာ ခဲ့ပြီး သူ့ရှေ့မှာ ထောက်ခံချက်ရေးပေး ရမယ် ပြောတယ်။ ကျွန်မက အဲဒီရပ် ကွက်မှာ မနေတာကြာတော့ ဘယ်သူ နဲ့မှ အသိမရှိဘူး။ သိတဲ့လူကလည်း ရုံးပြင်ကနားကို လိုက်သက်သေခံပေးဖို့ ဆိုတာ လုပ်ချင်မှာမဟုတ်ဘူး။ ကလေး တွေ ကျောင်းတက်နေတဲ့ကျောင်း သားကတ်ပြပါမယ်ဆိုတော့လည်း အဲ ဒီဝန်ထမ်းက မရဘူးလို့ပြောတယ်”ဟု ဒေါ်သူဇာကဆိုသည်။

တစ်နေရာတွင် သန်းခေါင်စာရင်း ပြုလုပ်ထားလျှင် နောက်တစ်နေရာ ပြောင်းလျှင် သန်းခေါင်စာရင်းပါလိုက် မပြောင်းခြင်းက ဒေါ်သူဇာအတွက် အားနည်းချက်ဖြစ်သည်။ ယခုရပ်ကွက်တွင်မူ ဒေါ်သူဇာနှင့် သူ့မိသားစုမှာ ယာယီသန်းခေါင်စာရင်းဖြင့်နေထိုင် သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ ဒေအရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း မျိုးနွယ်စုကြီးရှစ်ခု (ရှမ်း၊ ကချင်၊ က ယား၊ ကရင်၊ ချင်း၊ ဗာ၊ မွန်၊ ရခိုင်) တို့မှ ပေါက်ဖွားလာသည့်သူများသည် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိသည်။ မွေး ရာပါ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွား လာသူများသည်လည်း နိုင်ငံသားမှတ် ပုံတင် ကိုင်ဆောင်နိုင်သည်။ သန်း ခေါင်စာရင်းတွင် ထည့်သွင်းနိုင်သည်။ မိုးပွင့်စီမံကိန်းသည် မွေးရာပါနိုင်ငံသား များအတွက် လုပ်ပေးသောစနစ်ဖြစ် သည်။

ဒေါ်သူဇာတို့လင်မယားနှစ်ယောက် လုံး မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင် ဆောင်ထားသည့် ဗမာလူမျိုး၊ ဗုဒ္ဓဘာ သာဝင်များဖြစ်ကြသည်။ ဒေါ်သူဇာ၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိသည့် က လေး ၂ ဦး သန်းခေါင်စာရင်းထဲထည့် ရေးတွင် လ၀က က သက်သေထွက် ချက်များဖြင့် အချက်အလက်ခိုင်လုံ အောင် တောင်းဆိုနေခြင်းသည် ဒေါ် သူဇာနေထိုင်ရာ မြို့နယ်လ၀ကရုံးက မိုးမပွင့်သည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

ဒေါ်သူဇာသည် ယခင်သူမနေထိုင် ခဲ့ရာ ရပ်ကွက်မှ အိမ်နီးချင်းများကို သက်သေအဖြစ် မခေါ်လိုသဖြင့် မြန် မာကျပ်ငွေ သုံးသောင်းဖြင့် လ၀က၀န် ထမ်းကို ရေလောင်းခဲ့သည်ဟုဆိုသည်။

လာဘ်ပေးလာဘ်ယူ တို့ရန်သူဆို သော အုပ်ချုပ်သူအစိုးရ အဂတိကင်း စင်ရေးဆောင်ပုဒ်သည် လာဘ်ပေးသူ ကိုရော လာဘ်ယူသူပါ အစိုးရ၏ရန်သူ အဖြစ် သတ်မှတ်ရာရောက်သော်လည်း ဒေါ်သူဇာကတော့ အစိုးရ၏ရန်သူသာ ဖြစ်လိုပြီး လ၀က၏ရန်သူတော မဖြစ် လိုပေ။

ဒေါ်သူဇာကဲ့သို့ပင် အစိုးရအဖွဲ့အ စည်းမဟုတ်သည့် သာမန်ပြည်သူတိုင်း တွင် လ၀ကနှင့်ပတ်သက်သည့် စိတ် အနှောင့်ယှက်ဖြစ်စရာ အကြောင်းရာ တစ်ခုခုတော့ ရှိစမြဲပင်ဖြစ်ကြောင်း လွန် ခဲ့သော ၅ နှစ်ခန့်က လှိုင်မြို့နယ်လ၀က ရုံးတွင် ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲလှယ် ပြုလုပ်ခဲ့သူ မသီရိကပြောသည်။

“ကျွန်မ ၁၀ နှစ်ပြည့်တုန်းက အ မေပဲ မှတ်ပုံတင်လုပ်ပေးတော့ လ၀က အကြောင်းမသိဘူးပေါ့။ ၁၈ နှစ်ပြည့် မှတ်ပုံတင်ကို ကိုယ်တိုင်လုပ်တော့ သူ တို့က ဟဲ့ကောင်မလေး လက်ဖက်ရည် ဖိုးပေးသွားလို့ပြောတယ်။ ကျွန်မက ပါလာတဲ့ပိုက်ဆံ နှစ်ထောင်ပေးလိုက် တာ၊ အဲဒီ့ရုံးက အစ်မကြီးက အမယ် လေး ဒီနေ့တစ်နေ့လုံး ရွှေပြည်စိုးတွေ နဲ့ချည်း တွေ့နေပါလား။ ဒီလောက်နဲ့ ဘာလုပ်လို့ရမှာလဲလို့ အော်လိုက်တာ အကျယ်ကြီး။ ကျွန်မရှက်လွန်းလို့ အိမ် ကိုငိုပြန်သွားပြီး ပိုက်ဆံ ၁၅,၀၀၀ လာ ပြန်ပေးမှ မှတ်ပုံတင်ထုတ်ပေးတော့ တယ်။ ကျွန်မတော့ စိတ်နာလွန်းလို့” ဟု သူမက မျက်နှာမဲ့ကာ ပြန်ပြောပြ သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံသားများ အတွက် အခမဲ့ သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေးသည့် မိုးပွင့်စီမံကိန်းအဆင့် ၁ ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးခဲ့ပြီး အဆင့် ၆ ဆင့် ရောက်သည်အထိ မြန်မာနိုင်ငံအနှံ့အ ပြား တောရောမြို့ပေါ်ပါမကျန် ဆောင် ရွက်ပေးနေသည်။ သို့သော် ရန်ကုန်ကဲ့ သို့ မြို့ကြီးပြကြီး လ၀ကရုံးဆိုက်ရာနေ ရာများတွင်တော့ မိုးမပွင့်ပါ။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး တွင် လောက်ကိုင်မဲဆန္ဒနယ်မှ ဦးကျော် နီနိုင်က လ၀ကအနေဖြင့် ပြည်သူများ ကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲမိုးပွင့်စီမံကိန်းမဟုတ်ဘဲနှင့် ရုံးတွင်း လာရောက်သူ တိုင်းရင်းသားပြည်သူ များကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးနိုင်ပါသလားဆိုသည့် မေးခွန်းကို ဦးကျော်ကျော်နိုင်၊ ဒုတိယ ၀န်ကြီး လ၀က က ပြန်လည်ဖြေကြား ရာတွင် မိမိတို့ဝန်ထမ်းများ ငွေပိုယူ သည်ဟု မကြားမိပါကြောင်း၊ လ၀က ၏ နှုန်းထားများသည် သုံးကျပ်၊ ၆ ကျပ် ဖြစ်နေသည့်အတွက် ပြည်သူများ က ပိုမိုထည့်ဝင်ပေးသွားခြင်းများသာ ရှိကြောင်း ရုံးတွင်းလာရောက်လုပ်ရာ တွင်လည်းကောင်း သတ်မှတ်နှုန်းထား မှာ တစ်ပြေးညီပင်ဖြစ်ကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

လွှတ်တော်အတွင်းက ဒုဝန်ကြီး၏ ဖြေရှင်းချက်နှင့် ပြင်ပလ၀က ရုံးများ ၏ လုပ်ဆောင်ချက်များ လွဲနေဆဲဖြစ် ကြောင်း တောင်ဥက္ကလာပတွင် မှတ် ပုံတင်ပြုလုပ်ခဲ့သူ ဦးခိုင်စိုးကဆိုသည်။

“လ၀ကရုံးကိုမသွားချင်လို့ပေါ့ဗျာ။ ကျွန်တော့်ကလေးနှစ်ယောက်ကို ၁၆ နှစ်ပြည့် ၁၀ တန်းအောင်မှပဲ မှတ်ပုံ တင်လုပ်ဖြစ်ပါတယ်။ မှတ်ပုံတင်လုပ် ဖို့ သန်းခေါင်စာရင်းထဲပင် အရင်သွင်း ရမယ်လို့ပြောတယ်။ ကျွန်တော့်မြို့နယ် သန်းခေါင်စာရင်းထဲသွင်းမယ်ဆိုရင် ကျွန်တော့အဖေ အိမ်ထောင်ဦးစီးရဲ့ ထောက်ခံချက်တောင်းတယ်။ ကျွန် တော့အဖေက ဆုံးပြီဆိုတော့ သေဆုံး စာရင်းတင်ရမယ်ဖြစ်ရော။ အဖေက နယ်မှာဆုံးတာဆိုတော့ ဘာအထောက် အထားမှ မရှိဖြစ်ပြန်ရော။ နယ်ကိုပြန် တောင်းဖို့ပြောတယ်။ ဒါပေမဲ့ အဲဒီ လောက်အလုပ်ရှုပ်တာ မလုပ်နိုင်တော့ ဘူး။ ကိုယ်ရောက်နေတဲ့ မြို့နယ်မှာပဲ သန်းခေါင်စာရင်းကို အသစ်လုပ်လိုက် တယ်။ အဖေ့ကိုလည်း သေစာရင်းထဲ ကလည်း မထုတ်တော့ဘူး။ သူတို့သတ် မှတ်သလို မှတ်ပုံတင်တစ်ခုအတွက် ၁၀ိ/- မကျော်တဲ့ပိုက်ဆံ မကပါဘူး ဗျာ။ ပိုက်ဆံတော်တော်သုံးလိုက်မှပဲ အဆင်ပြေပြေဖြစ်သွားတော့တယ်”ဟု ဆိုသည်။ ဦးခိုင်စိုးထည့်ဝင်လိုက်သည့် မှတ်ပုံတင်ကြေး ၆ ကျပ်ထက် အဆ ၅၀၀ ကျော်ပိုနေပြီး သဒ္ဓါလွန်းလို့စိတ် လိုလက်ရထည့်သည့်ငွေမဟုတ်ဟု ၎င်းင်း ကဆိုသည်။

ဦးခိုင်စိုးဖခင်သည် နယ်သို့သွား ရောက်ဆေးကုရင်း သေဆုံးခဲ့ရသည်။ သေဆုံးသူကို သန်းခေါင်စာရင်းမှဖယ် ထုတ်ရန် သက်ဆိုင်ရာ ရပ်ကွက်Ωုံးကထောက်ခံ ချက်ကို လွယ်လွယ်ကူကူတောင်းခံပယ် ဖျက်နိုင်သည်။ လ၀က က ဦးခိုင်စိုးကို ယင်းအကြံဉာဏ်မပေးလိုက်သောကြောင့် သန်းခေါင်စာရင်းလူဦးရေတွင် သေသူ က လျော့မသွားပေ။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိခဲ့သည်ဟု လ၀ကကဖော်ပြခဲ့သည် မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း မ ကောက်မီကအထိဖြစ်သည်။ ၎င်းင်းမှာ ဦးခိုင်စိုးတွေ့ကြုံခဲ့ရသည့် လ၀ကနှင့် ဦးခိုင်စိုးတို့လို အလုပ်ရှုပ်မခံလိုသူများ ကြောင့် မြန်မာ့လူဦးရေစာရင်းသည် သေလူများဖြင့် ဖောင်းပွနေခဲ့သည်။

သေသူများကိုပါ ထည့်ဝင်ရေတွက် ထားသည့် သန်း ၆၀ ကျော် လူဦးရေ သန်းခေါင်စာရင်းများဖြင့် မြန်မာနိုင်ငံ ၏ ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲတွင် အခြေခံဥပဒေကိုအောင်မြင် စွာ ထောက်ခံအတည်ပြုနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံတွင် လူဦးရေ ၅၀ သန်းသာရှိကြောင်း လ၀ကက ကြေ ညာခဲ့သည်။ သန်းခေါင်စာရင်းများတွင် သေလူများကို မဖယ်ထုတ်နိုင်သေးသ ၍ ၂၀၁၅ ရွေးကောက်ပွဲရလဒ်လည်း ပြည်သူ့လိုအင်ဆန္ဒပြည့်မည်မဟုတ်ပေ။

မြန်မာပြည်သူများသည် ကိုယ့်မိဘများ သေဆုံးခဲ့ကြသည်ကို မုသား သုံးလိမ်လည်ထွက်ဆိုကြမည်မဟုတ် သော်လည်း မိဘသေဆုံးသွားကြောင်း လိမ်လည်တင်ပြခိုင်းသည်မှာလည်း လ၀ကပင်ဖြစ်ကြောင်း ထီးတန်းဈေးမှ ဈေးသည် သားအမိကိစ္စက သက်သေ ဖြစ်သည်။

ဈေးသည်အမျိုးသမီးသည် နိုင်ငံ သားမှတ်ပုံတင်မရှိသည့် အိန္ဒိယနွယ် ဖွား ယောက်ျားကို လက်ထပ်ထားပြီး သားတစ်ဦးထွန်းကားခဲ့သည်။ သားအ တွက်မှတ်ပုံတင်ရရှိရေးတွင် ဖခင်သေ ဆုံးထားကြောင်းတင်ပြရန် လ၀ကက အကြံပြုသည်ဟု ၎င်းင်းက၀န်ခံပြောဆို သည်။ ထိုကိစ္စအတွက် လ၀ကကို ပိုက် ဆံပေးရကြောင်းလည်း ပြောသည်။

လ၀ကသည် မှတ်ပုံတင်လုပ်လျှင် ယူလာရမည့်စာရွက်စာတမ်းများ၊ သန်း ခေါင်စာရင်းလုပ်လျှင် လိုအပ်သည့်အ ချက်များ၊ မွေးတိုး၊ သန်းခေါင်စာရင်း ပြောင်း၊ သန်းခေါင်စာရင်းအသစ်လုပ် လျှင် စသဖြင့် လိုအပ်သည့်အချက်အ လက်များကို လ၀ကရုံးရှေ့တွင် ပွင့် လင်းမြင်သာရှိစွာ ဆိုင်းဘုတ်များချိတ် ဆွဲပြီး ရှင်းလင်းပြသထားသော်လည်း ပြထားသည့် ဆိုင်းဘုတ်ထဲကအတိုင်း စုံလင်အောင် ယူသွားနိုင်ပါကလည်း တစ်ခုမဟုတ်တစ်ခု စိတ်အနှောင့်ယှက် ပေးမြဲပင်ဖြစ်ကြောင်း လှိုင်သာယာမြို့ နယ်တွင် မှတ်ပုံတင်ပျောက်ဆုံး ပြန် လျှောက်ခဲ့သည့် မသဲသဲကဆိုသည်။

“ကျွန်မ မှတ်ပုံတင်ရတော့ နံပါတ် က လွဲနေတယ်။ ပြန်ပြင်ပေးဖို့ပြော တော့ ဂဏန်းနေရာကို ဓားနဲ့ခြစ်ပြီး ပြန်ရေးပေးတယ်။ ကျွန်မပတ်စ်ပို့စ် လျှောက်တော့ မှတ်ပုံတင်မှာ ဖျက်ရာ ပါလို့ဆိုပြီး လှိုင်သာယာဘက်ကို ဖုန်း ဆက်မေးနေတာ အကြာကြီးစောင့် လိုက်ရတယ်။ ကျွန်မ ဒါကိုပြန်အသစ် လုပ်မှဖြစ်မယ်ဆိုတာသိပေမဲ့ အဲဒီ့ရုံး သွားရမှာ စိတ်ဆင်းရဲတယ်။ ကျွန်မ မှတ်ပုံတင်လုပ်တုန်းကလည်းသုံးလ ကြာတယ်။ ၃ ခေါက်သွားမေးတယ်။ မရသေးဘူး၊ မရသေးဘူးဆိုပြီး နောက် ဆုံးတစ်ခေါက် ပိုက်ဆံပေးလိုက်မှ အ ဆင်ပြေတော့တယ်” ဟုဆိုသည်။

လ၀ကကကောက်ခံသည့် နိုင်ငံ သားစိစစ်ရေးကတ်ပြားအတွက် ၆ ကျပ် နှင့် ၃ ကျပ်၊ ပျက်စီး/ပျောက်ဆုံး မိတ္တူ လျှောက်ထားခြင်းအတွက် ၁၀ ကျပ် ကောက်ခံခြင်းသည် နည်းလွန်းပြီး ယင်း ငွေအကြွေပိုက်ဆံကို မည်သည့်နေရာမှ ရှာဖွေပေးနိုင်မည်မဟုတ်သည့်အပြင် အစိုးရက အနစ်နာခံလွန်းပြီး ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးသည် ဆိုသော်လည်း ပြည်သူအမှန်တကယ် ပေးလိုက်ရသည့်ငွေသည် ယင်းထက် အဆပေါင်း ရာနှင့်ချီ များစွာကွာဟနေ သဖြင့် လ၀က ၀န်ထမ်းများကို လုပ် ကျွေးပြုစုရာရောက်နေသည်။

သင့်မျက်စေ့ရှေ့တွင်နေသော ခရိုနီမဟုတ်သူ၊ အာဏာပိုင်မဟုတ်သူတစ် ဦးဦးကို မြန်မာနိုင်ငံ၏ လ၀က အကြောင်းမေးကြည့်လိုက်ပါ။ သူ့တို့ဆီက စိတ်မချမ်းမြေ့စရာ အတွေ့အကြုံပေါင်းများစွာကို သင်ကြားရပါလိမ့်မည်။

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။