Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 27, 2014

Kurt Cobain ရဲ့  နောက်ဆုံး နာကျင်ခြင်းတွေ


Kurt Cobain ရဲ့  နောက်ဆုံး နာကျင်ခြင်းတွေ
=========================

၁၉၉၄ ခုနှစ်၊ ၁ လပိုင်း ၃၀ ရက် တခုသော တနင်္ဂနွေမှာ ကာဒ့်ဟာ ဆီယက်တဲလ်မြို့ မြောက်ပိုင်းမှာရှိတဲ့ Robert Lang စတူဒီယိုကို 
သီချင်းသွင်းဖို့ရောက်လာခဲ့တယ်။ အဲဒီအချိန်တွေဟာ Nirvana နဲ့ ကာဒ့်တို့ရဲ့ နောက်ဆုံးကာလတွေဖြစ်သွားခဲ့မယ်ဆိုတာ ဘယ်သူကြို သိနိုင်မလဲ။ Krist နဲ့ Dave တို့ဟာ အဲ့ဒီ စတူဒီယိုမှာ ၂ ရက်တိုင်အောင် ဒေ့ဗ်သီချင်းအချို့ ကို စမ်းတီးကျရင်း ကာဒ့်ကို စောင့်နေပေမယ့်လည်း ပေါ်မလာခဲ့ပါဘူး။ ၃ ရက်မြောက်တဲ့ နေ့ကျမှ ကာဒ့်ရောက်လာပြီးတော့ ဘာမှအထွေအထူး ပြောမနေတော့ပဲ ခုသီချင်းလေးကို စသွင်းခဲ့ကျတယ်။

၁၉၉၃ ခုနှစ် ဆောင်းဦးကာလ ချီကာဂို ကပွဲရုံတခုမှာ လုပ်တဲ့ လိုက်ဗ်ရှိုးပွဲမှာတော့ ဒီသီချင်းလေးကို Nirvana တို့ ရှားရှားပါးပါး
တကြိမ်သာ ဖျော်ဖြေဘူးတယ်။ တရားမဝင်လိုက်ဗ်ဗားရှင်းအနေနဲ့ ထွက်ခဲ့ပြီးတော့ သီချင်းခေါင်းစဉ်ကလည်း "Autopilot" လိုလို "On A Mountain" လိုလိုနဲ့ သိပ်မသဲကွဲခဲ့ပါဘူး။ အဲဒီပွဲမှာ Dave Grohl က ကာဒ့် ဒီသီချင်းလေး အင်ထရိုဝင်တာကို သတိမထားမိပဲနဲ့ပရိတ်သတ်တွေကို ငါတို့ရဲ့ နောက်ဆုံး သီချင်းတပုဒ်ဖြစ်တဲ့ "All Apologies" ပါလို့ ပြောပြီးတော့ တကယ်တန်းကျ "You know You're Right" ဖြစ်နေတယ်ဆိုပြီးတော့ ကောလဟာလတွေလည်း ထွက်ခဲ့တယ်။ အဲ့ဒီပွဲပြီးလို့ ၂ ညမြောက်မှာ Kurt က ထူးဆန်းစွာပဲသီချင်းရေးဖို့ကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။ "ငါ့မှာ ခု ဘာသီချင်းအသစ်မှမရှိဘူး။ စိတ်ထဲမှာ လုံးလုံးဘာမှကို မကျန်တော့ဘူး။
ပထမဆုံး သီချင်းရေးတုန်းကလို အစကနေပြန်စရမလိုဖြစ်နေပြီ။ ငါတို့ ဘာဆက်လုပ်ကျမလဲ ငါလည်းမသိတော့ဘူး။ " 

အဲ့ဒီနေ့ တနင်္ဂနွေဟာ ၉၃ ကထုတ်ခဲ့တဲ့ In Utero အယ်လ်ဘမ်ပြီးတော့ ၁ နှစ်လောက်နီးပါးကြာသွားပြီးပထမဆုံး Nirvana တို့ သမရိုးကျ ရီကောဒင်း ဒိတ်ယူပြီး သီချင်းစသွင်းတဲ့နေ့လည်းဖြစ်တယ်။ တနေကုန် ဒီသီချင်း တပုဒ်ထဲ နဲ့တင် အဆုံးသတ်ခဲ့ရတယ်။ Live Show ပွဲမှာ တခါသာ ဆိုဘူးတဲ့ ဒီသီချင်းလေး "You know You're Right" ကို စိတ်ချင်းဆက်နေတဲ့ Nirvana တို့ဟာ 
သေသေသပ်သပ်နဲ့ အပီကိုဆွဲဖြဲခဲ့ကျတယ်။ ကာဒ့်က ဗိုကယ်လ် track အနည်းငယ်နဲ့ ဂစ်တာအတီးပိုင်းအချို့ ထည့်ပြီးတော့ ဘာမှထပ်မလိုတော့ အောင်ကို ပြီးပြည့်စုံခဲ့ပါတယ်။ မုန်တိုင်းတစ်ခု ရောက်မလာခင်ကြိုတင် နိမိတ်ပုံတွေ ပြတတ်သလိုပဲ ဒီသီချင်းဟာ ကာဒ့်အတွက် နိမိတ်ပုံတစ်ခုဆိုရင်ဖြင့် ....

အေးချမ်းမှုနဲ့ စတင်ခဲ့တဲ့ ကာဒ့်ရဲ့  ဆုတောင်း ခေါင်းလောင်းထိုးသံ ...
ရဲဖော်ရဲဖက် Krist ရဲ့  တရိပ်ရိပ် စစ်ချီသလို ချီတက်လာနေတဲ့ ဘေ့စ်ဂစ်တာသံတွေ ...
ဖွဲမီးတွေလို ခံစားမှုအပြည့်နဲ့ အက်ကွဲနာကျင်နေတဲ့ Kurt ရဲ့ အော်သံတွေ ... 
စွဲစွဲငင်ငင်စူးရှနာကျင်နေတဲ့ Kurt ရဲ့ ဂစ်တာသံတွေ ...
ဒရမ်နဲ့ သူတပြန် ကိုယ်တပြန် အသေသတ်နေတဲ့ Dave ရဲ့  ရိုက်ချက်တွေ ....
နားထောင်မိတိုင်း နာကျင်ရတဲ့ ....

"You Know You're Right"
--------------------------

I will never bother you
I will never promise to
I will never follow you
I will never bother you

Never speak a word again
I will crawl away for good
I will move away from here
You won't be afraid of fear
No thought was put into this
I always knew it would come to this
Things have never been so swell
I have never failed to feel

ငါ မင်းကို ဘယ်တော့မှ မနှောက်ယှက်တော့ဘူး
ငါ ဘယ်တော့မှ ကတိပေးမှာ မဟုတ်ဘူး
ငါ ဘယ်တော့မှ မင်းပြောသလို မလုပ်ဘူး
ငါ မင်းကို ဘယ်တော့မှ မနှောက်ယှက်တော့ဘူး

စကားတလုံးမှ ထပ်မပြောနဲ့
ငါ အဝေးကိုထွက်သွားတာ ပိုကောင်းမယ်
ငါ ဒီကနေ ထွက်သွားမိလိမ့်မယ်
မင်းကတော့ တုန်လှုပ်မယ့် ပုံမပေါ်ဘူး
ဘာမှ ထပ်စဉ်းစားစရာ မလိုတော့ဘူး
ဒီလိုဖြစ်လာမယ်လို့ ငါသိနေတယ်
ဘာမှ ပိုကောင်းလာစရာ အကြောင်းမရှိတော့ဘူး
ငါ ဘာမှ ခံစားနေစရာ အကြောင်းမရှိဘူး

Pain
Pain
Pain
You know you're right
You know you're right
You know you're right

နာကျင်ခြင်းတွေ
နာကျင်ခြင်းတွေ
နာကျင်ရတာတွေ
မင်းသိလား မင်းမှန်တယ်
ဟုတ်တယ် မင်းပဲမှန်တယ်
ဟုတ်တယ် မင်းမှန်တယ်

I'm so warm and calm inside
I no longer have to hide
Let's talk about someone else
Steaming soup begins to melt
Nothing really bothers her
She just wants to love herself
I will move away from here
You won't be afraid of fear
No thought was put into this
I always knew to come like this

Things have never been so swell
I have never failed to feel

ငါ သွေးတွေဆူလာပြီး မနဲစိတ်လျှော့ထားရတယ်
သည်းခံလို့ မရတော့ဘူး
တခြားတစ်ယောက်အကြောင်းပြောကျစို့
တဖြေးဖြေးနဲ့ ငါ ပေါက်ကွဲမိတော့မယ်
တကယ်ကို သူမနဲ့ မပတ်သက်ချင်တော့ဘူး
ကိုယ့်ဟာကိုယ်ပဲ ချစ်နေတဲ့ မိန်းမ
ငါ ဒီကနေ ထွက်သွားမိတော့မယ်
မင်းကတော့ တုန်လှုပ်မယ့် ပုံမပေါ်ဘူး
ဘာမှ ထပ်စဉ်းစားစရာ မလိုတော့ဘူး
ဒီလိုဖြစ်လာမယ်လို့ ငါသိနေတယ်

ဘာာာာာာမှ ပိုကောင်းလာစရာ အကြောင်းမရှိတော့ဘူးးးးး
ဘာာာာာာာာမှ ခံစားနေစရာ အကြောင်းမရှိတော့ဘူးးးးး

Pain
Pain
Pain
Pain
Pain

နာကျင်ခြင်းတွေ
နာကျင်ခြင်းတွေ
နာကျင်ရတာတွေ
နာကျင်ရတာတွေ
နာကျင်ရတာတွေ

You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right
You know you're right

Pain .....

pw : ssfs

" You Know You're Right " ဆိုတဲ့ သီချင်းလေးကို နာဗားနားတို့ ဥရောပကို ရှိုးပွဲသွားမလုပ်ခင်မှာ ဆီယက်တယ်လ်မှာရှိတဲ့ Robert Lang စတူဒီယိုမှာ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးရက်လောက်မှာ သွင်းခဲ့ကျတယ်။ အေပလယ် ၈ ရက်မှာ ကာဒ့်ကိုဘိန်းဟာ သူ့ကိုယ်သူ သတ်သေခဲ့တဲ့အတွက် ဒီသီချင်းလေးဟာ နာဗားနားတို့ရဲ့  နောက်ဆုံး သွင်းခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ခဲ့ရတယ်။ 
တခုသော အားလပ်ရက်လေးရဲ့  အချိန်ပိုလေးမှာ သွင်းခဲ့ကျပြီးတော့ ဘယ်အယ်လ်ဘမ်ထဲမှာတော့ ထည့်ကျမယ်ဆိုပြီးတော့ရည်ရွယ်ပြီးသွင်းခဲ့တာ မျိုးတော့ မဟုတ်ခဲ့ပါဘူး။ နောက် ကိုဘိန်း သေတော့ မထုတ်ဖြစ်ခဲ့တော့ဘူးပေါ့။ 

တော်တော်များများထင်ကြတာကတော့ ဇနီးဖြစ်သူ Courtney Love နဲ့ အကြီးအကျယ် ပဋိပက္ခဖြစ်ထားချိန်က တော်တော်လေးတင်းပြီးရေးထား ခဲ့တယ်လို့ ထင်ကြပါတယ်။ ဘာလို့လည်းဆိုတော့ သီချင်းခေါင်းစဉ်နဲ့ စာသားတွေမှာ အတော်လေးကို သိသာစေတဲ့ စကားလုံးမျိုးတွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ ဘယ်သူနဲ့ ပတ်သက်ပြီး ဘာနဲ့ပတ်သက်ပြီး ရေးခဲ့တယ်ဆိုတာကိုကတော့ သီအိုရီပေါင်းများစွာ ထွက်လာပေမယ့် ကာဒ့်မှတပါး တခြားဘယ်သူမှ မသိနိုင်ပါဘူး။ 

ကိုဘိန်းသေတော့ Nirvana သီချင်းတွေရဲ့  လုပ်ပိုင်ခွင့်တွေကို ကျန်ခဲ့တဲ့ ဇနီးဖြစ်သူ Courtney Love နဲ့ နာဗားနား အဖွဲ့ ဝင်တွေဖြစ်ကျတဲ့
Dave Grohl နဲ့ Krist တို့ ၃ ယောက်လုံး ခွင့်ပြုချက်မရပဲ လုပ်ချင်ရာ လုပ်ခွင့် မရှိပါဘူး။ အဲဒီမှာ ဘာဖစ်သလဲဆိုတော့ Dave နဲ့ Krist တို့က ဒီသီချင်းလေးကို Nirvana ရဲ့ အတော်ကြာပြီး မထုတ်ဖစ်တဲ့ ရှားပါးသီချင်းတွေ စုပြီးထုတ်တဲ့ box set ထဲမှာ ထည့်ပြီးထုတ်ဖို့ ဆန္ဒရှိပေမယ့် Love က ဘီလ်တယ်တို့ထုတ်ခဲ့သလို မျိုး စင်ကယ်ဓာတ်ပြားတွေစုပြီး ထုတ်တဲ့ The Beatle's 1 လို အယ်လ်ဘမ်မျိုး 
ထုတ်ချင်တဲ့အတွက် တားခဲ့တာမှာ ၈ နှစ်နီးပါးလောက် ကြန့်ကြာခဲ့ရပြီး နှစ်ဖက်အဆင်ပြေသွားတော့မှ ဒီသီချင်းလေးဟာ နဲဗားနား ပရိတ်သတ် တွေအတွက် ၂၀၀၂ ခုနှစ်ကျမှ တရားဝင် ပရိုမိုရှင်း စင်ကယ်လ်အနေနဲ့ အရင်ဦးဆုံးထွက်ခဲ့ပြီးမှ Nirvana ရဲ့  Greatest Hits Album အနေနဲ့နားထောင် ခွင့်ရခဲ့တာပါ။ Dave ဆိုရင် သွင်းပြီးသား ဒီသီချင်းကို Greatest Hits အယ်လ်ဘမ်မထွက်ခင်အချိန်ထိကို နှစ်တွေအတော်ကြာအောင် နားမထောင် ခဲ့ရတဲ့အပြင် ဒီသီချင်းနဲ့ပတ်သက်တဲ့ ကော်ပီတောင် သူ့မှာမရှိခဲ့ပါဘူး။

ဒီအယ်လ်ဘမ် မထုတ်ခင် ကာဗာအနေနဲ့တော့ ဇနီးဖြစ်သူ Courtney Love က ၉၅ လောက်က MTV Unplugged Show ပွဲမှာ သူမရဲ့  

ဘန်အဟောင်းဖြစ်ခဲ့တဲ့ Hole Band နဲ့အတူ "You've Got No Right" ဆိုတဲ့ နာမည်နဲ့အကူးစတစ်ဗားရှင်းလေးဖျော်ဖြေဖူးတယ်။ Pain လို့ဆိုတဲ့နေရာမှာ Hey လို့ ပြောင်းဆိုခဲ့တယ်။ ပြီးတော့ ' ဒီသီချင်းလေးကို Kurt နောက်ဆုံးရေးခဲ့တာပါ။ ငါတို့ နဲနဲတော့ပြောင်းထားတယ်အရမ်းကောင်း အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒီနေ့ဟာ ချစ်သူများနေ့ဖြစ်ပြီးတော့ Kurt ကြားနိုင်ပါလိမ့်မယ်။ ပြီးတော့ မင်းငါ့သီချင်းကို ဖျက်စီးပြန်ပြီ ဟုတ်လား Courtney ? ဘယ်တော့မှမကြိုးစားနဲ့ လို့ သူပြောပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ငါ့ယောက္ခမအတွက် ရည်ရွယ်ပြီးဆိုတာပါ' လို့ Courtney ကပြောသွားပါတယ်။ တောင်အမေရိကက post-grunge နဲ့ အော်လ်တာနေးတစ် မက်တယ်လ်ဘမ်
တခုဖြစ်တဲ့ Seether တို့ကလည်း ရှိုးပွဲတခုမှာ ကာဗာဆိုဖူးပါတယ်။ 
သီချင်းလည်းဆုံးကော Shaun Morgan ကြီးကဂစ်တာပလပ်ကောက်ဖြုတ်ပြီး ဒိုးသွားတယ်။ Nirvana ဖန်တွေကတော့ ကာဒ့်ရဲ့ အသံမျိုးလိုက်တုတယ် ဆိုပြီးတော့ ပြောကျတယ်။ 

Nirvana Album ကိုတကမ္ဘာလုံး အယ်လ်ဘမ်အချပ်ရေ ၇ သန်းလောက် လက်ရှိမှာရောင်းထားပြီး အမေရိကားမှာတင် ၂.၂ သန်းနဲ့ 

ဥရောပဘက်မှာ ၂ သန်းနီးပါးလောက်ရောင်းခဲ့ရတယ်။

by kc. \m/
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။