ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________
(၁ဝ) ထိမ်းမြားမင်္ဂလာ
နောက်တစ်နေ့မနက်မှာ Edward က Boulogneကနေ Wallisဆီ ဖုန်းဆက်လိုက်ပါတယ်။
“ကိုယ်ရဲ့အသံလွှင့်စကားကို ကြားပြီးပြီလား”
“ဟုတ်ကဲ့.. ကြားပါတယ်”
“အဲဒီတုန်းက အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းရှိနေခဲ့ ပါတယ်။ အရှင်ရဲ့စကားသံကိုကြားတော့ ကျွန်မအရမ်းဝမ်းနည်းမိတယ်။ မျက်နှာကိုလက်နဲ့အုပ်ပြီး ကျွန်မငိုခဲ့မိတယ်။ ကျွန်မ မအောင့်အီးနိုင်ခဲ့ဘူး။ ကျွန်မအတွက်နဲ့ အရာရာအားလုံးကို ရှင်စွန့်လွှတ်ခဲ့တယ်။ Edward.. ရှင့်ကိုကျွန်မအရမ်းချစ်တယ် ။ ကျွန်မနဲ့အတူနေရင် ရှင်ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးသူဖြစ်လိမ့်မယ်”။
“အခုပဲ ကိုယ်ပျော်ရွှင်နေခဲ့ပါပြီ… မင်းဟာ ကိုယ့်ဘဝရဲ့အရာအားလုံးပါ”
၆လလွန်မြောက်ပြီးနောက် ၁၉၃၇ခုနှစ် ဇွန်လ ၃ရက်နေ့မှာ Edwardနဲ့ Wallisတို့ ထိမ်းမြားခဲ့ကြတယ်။ တော်ဝင်မိသားစုတစ်ဦးတစ်ယော က်မျှ မင်္ဂလာပွဲကို မတက်ရောက်ခဲ့ပါဘူး။ အဲဒီနှစ်မှာ Edward ၄၃နှစ်ဖြစ်ပြီး Wallisက ၄၁နှစ်ဖြစ်ပါတယ်။ အခုချိန် သူတို့မှာ The Duke နဲ့ The Duchess Windsorဆိုတဲ့ နာမည်သစ်တစ်ခု ရနေခဲ့ပါပြီ။
ရက်သတ္တပတ်အတန်ငယ်အကြာမှာ Edward က ညီတော် ဘုရင် George ကို စာတစ်စောင်ရေးပို့ခဲ့ပါတယ်။
“မင်္ဂလာပွဲကို ညီတော်မတက်ရောက်ခဲ့တာ အရမ်းအံ့သြမိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Wallisက ကိုယ့်ရဲ့ဇနီးမယားဖြစ်သွားပါပြီ။ ဘယ်အရာကမှ ဒါကိုပြောင်းလဲလို့ မရနိုင်တော့ပါဘူး။ ပြင်သစ်မှာ ကိုယ်တို့ အိမ်တစ်အိမ်ရှိတာ ညီတော်သိပါတယ်။ ဒါပေမယ့် ပြင်သစ်က ကိုယ့်အိမ်မဟုတ်ပါဘူး။ Wallisနဲ့အတူ ဝင်ဆာရဲတိုက်ဆီ ကိုယ်ပြန်နေချင်ပါတယ်” လို့ သူရေးခဲ့တယ်။
“တောင်းပန်ပါတယ်.. Edward.. အဲဒီအမျိုးသမီးအပေါ် ကျွန်တော့်ရဲ့အမြင်ကို အစ်ကိုသိပါတယ်။ သူ့ကို ကျွန်တော် မနှစ်သက်ပါဘူး။ သူ့ကို ကျွန်တော်ဘယ်တော့မှ နှစ်သက်မှာမဟုတ်ပါဘူး။ ဒီမှာ အစ်ကိုလာတည်းလို့ရပါတယ်။ ဒါပေမယ့် Wallis မရဘူး” လို့ ဘုရင်George က စာပြန်ခဲ့ပါတယ်။
“ကျွန်တော့်ညီတော်က ကျွန်တော့်ကိုခွေးတစ်ကောင်လို ပစ်ပယ်ထားခဲ့ပါတယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တစ်သက်မေ့မှာမဟုတ် ပါဘူး။ အဲဒီနောက်ပိုင်းကစ ကျွန်တော့်မိသားစုကို ကျွန်တော်မလိုအပ်တော့ဘူးလို့  ဆုံးဖြတ်ခဲ့ပါတယ်။ Wallisကို သူတို့လက်မခံခဲ့ဘူး။ ဒါကြောင့် သူတို့ကိုလည်း ကျွန်တော်လက်မခံခဲ့တော့ပါဘူး” လို့ နောက်ပိုင်းမှာ Edward က အဲဒီလိုပြောဆိုခဲ့ပါတယ်။
××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/ doc28773765_231432051?hash= 314b57fea542ed164a&dl=6e90 58f7014fe9e62a
နိုင်းနိုင်းစနေ (Sept. 19. 2014)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။